Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 761–780 of 781 words

    ထ

    ထွေထွေ

    [tʰwètʰwè]
    (ရေ) မပြတ်မလပ်ပဲ (တဒီဒီ) စီးဆင်း နိန်ရေ
    (ရေ) မပြတ်မလပ်ပဲ (တဒီဒီ) စီးဆင်း နေသည်
    flow
    ကြိယာ

    ထွေထွေ၂

    [tʰwètʰwè၂]
    အမျိုးမျိုး အဖုံဖုံ။ နည်းမျိုးစုံနန့် အမျိုးမျိုး အထွီထွီ။ ကွဲပြား ခြားနားသော အမျိုးများစွာ
    အမျိုးမျိုး အဖုံဖုံ။ နည်းမျိုးစုံဖြင့် အမျိုးမျိုး အထွေထွေ။ ကွဲပြား ခြားနားသော အမျိုးများစွာ
    many kinds
    ကြိယာဝိသေသန

    ထွေထွေပြားပြား

    [tʰwètʰwèpɹápɹá]
    အတိနန့် မတူ ထူးထွေ ကွဲပြားရေ။ အမျိုးမျိုး အဖုံဖုံ ဖြစ်တေ။ ထူးခြာရေ
    အများနှင့် မတူ ထူးထွေ ကွဲပြားသည်။ အမျိုးမျိုး အဖုံဖုံ ဖြစ်သည်။ ထူးခြားသည်
    different
    ကြိယာ

    ထွေထွေရာရာ

    [tʰwètʰwèɹàɹà]
    ကွဲပြားခြားနား အမျိုး များစွာ။ နည်းမျိုးစုံနန့်။ အမျိုးမျိုး အထွီထွီ။ များပြားစွာ
    ကွဲပြားခြားနား အမျိုး များစွာ။ နည်းမျိုးစုံဖြင့်။ အမျိုးမျိုး အထွေထွေ။ များပြားစွာ
    different
    ကြိယာဝိသေသန

    ထွေပိုင်

    [tʰwèpàɪɴ]
    ရှေး၌ ပြဆိုခပြီးရေ့ အတိုင်း။ ယင်းပိုင်
    ရှေး၌ ပြဆိုခဲ့ပြီးသည့် အတိုင်း။ ထိုကဲ့သို့
    in the same way
    သမ္ဗန္တ

    ထွေပိုင်ဒေပိုင်

    [tʰwèpàɪɴdèpàɪɴ]
    ဇာဟင့်တခုကိုလေ့ တိကျ စွဲမြဲစွာ ရည်ရွယ် ထားခြင်း မဟိ အလဲအလှယ် အနိန်နန့်။ ထိုဟင့် ဒေဟင့်။ ဟိုပိုင် ရေပိုင် အနိန်နန့်
    မည်သည့် အရာကိုမျှ တိကျ စွဲမြဲစွာ ရည်ရွယ် ထားခြင်း မရှိ အလဲအလှယ် အားဖြင့်။ ဟိုနှယ် သည်နှယ်။ ဟိုလို သည်လို အားဖြင့်
    about
    ကြိယာဝိသေသန

    ထွေပေါ

    [tʰwèpèà]
    များပြားသည်
    များပြားသည်
    many kinds
    ကြိယာ

    ထွေမှာ

    [tʰwèm̥à]
    မလှမ်းမကမ်း နံဖီးအနား၌ ဟိရေ အရာဝတ္တုကို (လက်ညှိုး) ညွန်ပြရေ စကားလုံး
    မလှမ်းမကမ်း အနီးအနား၌ ရှိသော အရာဝတ္တုကို (လက်ညှိုး) ညွန်ပြသော စကားလုံး
    that
    နာမ်စား

    ထွေမှာထော

    [tʰwèm̥àtʰɔ́]
    မလှမ်းမကမ်းဟိ ဝန် တခုတရီကို လက်ညှိုးဖြင့် ညွှန်ပြသော စကားလုံး
    မလှမ်းမကမ်းရှိ ပစ္စည်း တစ်စုံတစ်ရာကို လက်ညှိုးဖြင့် ညွှန်ပြသော စကားလုံး
    that
    နာမ်

    ထွေမှာဒေမှာ

    [tʰwèm̥àdèm̥à]
    ခေါက်တုံ ခေါက်ပြန်။ လူးလာ ဆန်ခတ်
    ခေါက်တုံ ခေါက်ပြန်။ လူးလာ ဆန်ခတ်
    back and forth
    ကြိယာဝိသေသန

    ထွေယောင်ယောင်ဒေယောင်ယောင်

    [tʰwèjàʊɴjàʊɴdèjàʊɴjàʊɴ]
    ရှင်းလင်း တိကျ ပြတ်သား မဟုတ်ဘဲ။ ကွဲပြား သေချာစွာ အတတ် မသိပဲ။ တိကျ သေချာသည် မဟုတ်ဘဲ အနိန်နန့်။ ထိုပိုင်ယှောင် ဒေပိုင်ယှောင်
    ရှင်းလင်း တိကျ ပြတ်သား မဟုတ်ပဲ။ ကွဲပြား သေချာစွာ အတတ် မသိပဲ။ တိကျ သေချာသည် မဟုတ်ပဲ အားဖြင့်။ ဟိုလိုလို သည်လိုလို
    about
    ကြိယာဝိသေသန

    ထွေရာ

    [tʰwèɹà]
    အမျိုးမျိုး အဖုံဖုံ။ နည်းမျိုးစုံနန့် အမျိုးမျိုး အထွီထွီ။ ကွဲပြား ခြားနားသော အမျိုး များစွာ
    အမျိုးမျိုး အဖုံဖုံ။ နည်းမျိုးစုံဖြင့် အမျိုးမျိုး အထွေထွေ။ ကွဲပြား ခြားနားသော အမျိုး များစွာ
    different
    ကြိယာဝိသေသန

    ထွေရာကမာ

    [tʰwèɹàkmà]
    အသဲအဖွဲ အမျိုးစုံ
    အသဲအဖွဲ အမျိုးစုံ
    insignificant matter
    ပစ္စည်း

    ထွေရာကမာ၂

    [tʰwèɹàkmà၂]
    ကွဲပြား ခြားနား၍။ အမျိုးများစွာ။ အထွီထွီ အမျိုးမျိုး။ ၂။ စူလီကရာ။ အတိုအတွာ။ ပြည့်ဝ စုံလင်စွာ။ ၃။ လိုလေသေး မဟိ။ ပြည့်ပြည့်စုံစုံ။ အစိအစုံ
    ကွဲပြား ခြားနား၍။ အမျိုးများစွာ။ အထွေထွေ အမျိုးမျိုး။ ၂။ တိုလီမုတ်စ။ အတိုအတွာ။ ပြည့်ဝ စုံလင်စွာ။ ၃။ လိုလေသေး မရှိ။ ပြည့်ပြည့်စုံစုံ။ စုံစုံလင်လင်
    different
    ကြိယာဝိသေသန

    ထွေရာလေးပါး

    [tʰwèɹàlépàး]
    ကွဲပြား ခြားနား၍။ အမျိုးများစွာ။ အထွီထွီ အမျိုးမျိုး။ ၂။ စူလီကရာ။ အတိုအတွာ။ ပြည့်ဝ စုံလင်စွာ။ ၃။ လိုလေသေး မဟိ။ ပြည့်ပြည့်စုံံစုံ။ အစိအစုံ
    ကွဲပြား ခြားနား၍။ အမျိုးများစွာ။ အထွေထွေ အမျိုးမျိုး။ ၂။ တိုလီမုတ်စ။ အတိုအတွာ။ ပြည့်ဝ စုံလင်စွာ။ ၃။ လိုလေသေး မရှိ။ ပြည့်ပြည့်စုံံစုံ။ စုံစုံလင်လင်
    different
    ကြိယာဝိသေသန

    ထွေရေ

    [tʰwèɹè]
    ညွန်ပြရေ့ မလှမ်းမကမ်း နီရာမာ ဟိရေ။ ဟို။ ၂။ အမည် မမှတ်မိ၊ အမည် မဖော်ပြ နှိုင်ရေ အရာကို ပြောသော စကားလုံး
    ညွန်ပြသည့် မလှမ်းမကမ်း နေရာ၌ ရှိသော။ ဟို။ ၂။ အမည် မမှတ်မိ၊ အမည် မဖော်ပြ နိုင်သော အရာကို ပြောသော စကားလုံး
    that
    နာမဝိသေသန

    ထွေရေ၂

    [tʰwèɹè၂]
    နီရာ၊ အရပ်၊ အချိန်အခါ၊ အခိုက်အတန့် အစဟိစွာအားဖြင့် ကွာလှမ်းသည့် အရာဝတ္တုကို ညွန်ပြရေ စကားလုံး
    နေရာ၊ အရပ်၊ အချိန်အခါ၊ အခိုက်အတန့် စသည်အားဖြင့် ကွာလှမ်းသည့် အရာဝတ္တုကို ညွန်ပြသော စကားလုံး
    that
    နာမ်စား

    ထွေရေခါ

    [tʰwèɹèkʰà]
    ယင်းခါ၌ ။ ထိုကာလမာ
    ထိုအခါ၌ ။ ထိုကာလ၌
    that
    သမ္ဗန္တ

    ထွေရေဒေရေ

    [tʰwèɹèdèɹè]
    ထိုထိုဒေဒေ။ ထိုပိုင်ယှောင် ဒေပိုင်ယှောင်။ အထွီထွီ အမျိုးမျိုး။ အဖက်ဖက်။ အရာရာ
    ထိုထိုဤဤ။ ဟိုလိုလို သည်လိုလို။ အထွေထွေ အမျိုးမျိုး။ အဖက်ဖက်။ အရာခပ်သိမ်း
    about
    နာမ်

    ထွေရေအခါ

    [tʰwèɹèʔkʰà]
    ယင်းခါ၌။ ထိုကာလမာ
    ထိုအခါ၌။ ထိုကာလ၌
    that
    သမ္ဗန္တ