Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 61–80 of 781 words

    ထ

    ထင်းနုတ်ကေ

    [tʰɪ́ɴnoʊʔkè]
    ထင်းတို ထင်းစ။ ထင်းချောင်း အစအနများ
    ထင်းတို ထင်းစ။ ထင်းချောင်း အစအနများ
    fire wood
    နာမ်

    ထင်းနုတ်ကေသျှေ

    [tʰɪ́ɴnoʊʔkèʃè]
    ထင်းတို ထင်းစ။ ထင်းချောင်း အစအနများ
    ထင်းတို ထင်းစ။ ထင်းချောင်း အစအနများ
    fire wood
    နာမ်

    ထင်းပေါက်

    [tʰɪ́ɴpaʊʔ]
    ထင်းစ အချေ
    ထင်းစ ကလေး
    fire wood
    နာမ်

    ထင်းပေါက်၂

    [tʰɪ́ɴpaʊʔ၂]
    ထင်းတုံးကို ပေါက်ဆိန်နန့် ပေါက်သည်
    ထင်းတုံးကို ပုဆိန်ဖြင့် ပေါက်သည်
    split firewood
    ကြိယာ

    ထင်ပေါ်

    [tʰɪ̀ɴpɔ̀]
    သိသာ မြင်သာရေ။ ပေါ်လွင် ထင်ရှားသည်
    သိသာ မြင်သာသည်။ ပေါ်လွင် ထင်ရှားသည်
    obviously
    ကြိယာ

    ထင်မိထင်ယောင်

    [tʰɪ̀ɴmìtʰɪ̀ɴjàʊɴ]
    ယုံမား သံသယ ဖြစ်ပနာ မဝီခွဲ မဆုံး ဖြတ်နှိုင်ရေအနိန်နန့်
    ယုံမှား သံသယ ဖြစ်၍ မဝေခွဲ မဆုံး ဖြတ်နိုင်သော အားဖြင့်
    be misled
    ကြိယာဝိသေသန

    ထင်းမုန့်သျှေ

    [tʰɪ́ɴmòʊɴ့ʃè]
    ထင်းတို ထင်းစ။ ထင်းချောင်းအစအနများ
    ထင်းတို ထင်းစ။ ထင်းချောင်းအစအနများ
    fire wood
    နာမ်

    ထင်မြင်

    [tʰɪ̀ɴmɹɪ̀ɴ]
    ၁၊ သဖောပေါက်ရေ။ သဘောပိုက် နားလည်ရေ။ ၂၊ ထင်ရှားစွာ သိသာမြင်သာ လာရေ။ တစုံ တခု တိတ်နိမိတ် ထင်မြင်သော် (ပါရာ)
    ၁၊ သဘော ပေါက်သည်။ သဘောပိုက် နားလည်သည်။ ၂၊ ထင်ရှားစွာ သိသာမြင်သာ လာသည်။ တစ်စုံ တစ်ခု တိတ်နိမိတ် ထင်မြင်သော် (ပါရာ)
    understand
    ကြိယာ

    ထင်မှတ်

    [tʰɪ̀ɴm̥aʔ]
    သဘောပိုက် နားလည်ရေ။ တခုတရီ တွေးခေါ်ပနာ ထင်မြင်ချက် ဖြစ်တေ
    သဘောပိုက် နားလည်သည်။ တစ်စုံတစ်ရာ တွေးတော၍ ထင်မြင်ချက် ဖြစ်သည်
    understand
    ကြိယာ

    ထင်ယောင်မြင်ယောင်

    [tʰɪ̀ɴjàʊɴmɹɪ̀ɴjàʊɴ]
    တခုတရီ စိတ်မာ ထင်မြင်ဗျာယ်
    တစ်စုံတစ်ခု စိတ်တွင် ထင်မြင်လျက်
    believe-think
    ကြိယာဝိသေသန

    ထင်ရာ

    [tʰɪ̀ɴɹà]
    အမျိုးမျိုး အထွီထွီ စိတ်မာ တွေးခေါ် ကြံစည်မှု
    အမျိုးမျိုး အထွေထွေ စိတ်တွင် တွေးတော ကြံစည်မှု
    random think
    နာမ်

    ထင်းရောင်း

    [tʰɪ́ɴɹáʊɴ]
    ခြောက်သွိသော ထင်း
    ခြောက်သွေ့သော ထင်း
    dry wood
    နာမ်

    ထင်းရောင်းခြွီ

    [tʰɪ́ɴɹáʊɴkʰWɹí]
    ခြောက်သွိသော ထင်းကို ရှာဖွီ စုဆောင်းရေ။ ထင်းရောင်းခြွီကာ၊ ဖြားရာကျပြန်၊ ထိုးဝါးကန်ကေ၊ ညံညံသောင်းသောင်း (ရီလား)။ ရှာငြားဖွီဖွီ၊ ထင်းရောင်းခြွီ၍ (ရှီးထုံး)
    ခြောက်သွေ့သော ထင်းကို ရှာဖွေ စုဆောင်းသည်။ ထင်းရောင်းခြွီကာ၊ ဖြားရာကျပြန်၊ ထိုးဝါးကန်ကေ၊ ညံညံသောင်းသောင်း (ရီလား)။ ရှာငြားဖွီဖွီ၊ ထင်းရောင်းခြွီ၍ (ရှေးထုံး)
    gather firewood
    နာမ်

    ထင်ရှား

    [tʰɪ̀ɴʃá]
    သိသာ မြင်သာသည်
    သိသာ မြင်သာသည်
    obvious
    နာမ်

    ထင်ရှား၂

    [tʰɪ̀ɴʃá၂]
    အရွက်ဟိုင်းပိုင် နှစ်ခုဟိရေ အပင်။ (အဖြူ၊ အရဲဆိုပနာ နှစ်မျိုး ဟိရေ။) မဟာ လှဂပန်း ဆိုပနာလည်း ခေါ်ရေ။ စွယ်တော်ပန်း။ ခတ္တရိခတ္တရာ၊ မဟာလောင်းား၊ ပန်းထင်ရှားနန့် (ထွန်းတိ)
    အရွက်ဟိုင်းပိုင် နှစ်ခုရှိသော အပင်။ (အဖြူ၊ အနီဟူ၍ နှစ်မျိုး ရှိသည်။) မဟာ လှေကားပန်း ဟူ၍လည်း ခေါ်သည်။ စွယ်တော်ပန်း။ ခတ္တရိခတ္တရာ၊ မဟာလှေား၊ ပန်းထင်ရှားနှင့် (ထွန်းတိ)
    none
    နာမ်

    ထင်ရှားဟိ

    [tʰɪ̀ɴʃáhì]
    မျက်မှောက် အောက်မာ တည်ဟိ နိန်ရေ
    မျက်မှောက် အောက်တွင် တည်ရှိ နေသည်
    obvious
    ကြိယာ

    ထင်လင်း

    [tʰɪ̀ɴlɪ́ɴ]
    ရှင်းလင်း ထင်ရှားရေ။ ပေါ်လွင် ထင်ရှားသည်
    ရှင်းလင်း ထင်ရှားသည်။ ပေါ်လွင် ထင်ရှားသည်
    obvious
    ကြိယာ

    ထင်သာ

    [tʰɪ̀ɴθà]
    ထင်ရှား ပေါ်လွင်ရေ။ မြင်သာသည်
    ထင်ရှား ပေါ်လွင်သည်။ မြင်သာသည်
    obvious
    ကြိယာ

    ထင်ဟပ်

    [tʰɪ̀ɴhaʔ]
    အရိပ် အရောင် အသွင် လက္ခဏာ ထင်ရှား ဖြစ်ပေါ် လာရေ
    အရိပ် အရောင် အသွင် လက္ခဏာ ထင်ရှား ဖြစ်ပေါ် လာသည်
    obvious
    ကြိယာ

    ထစ်

    [tʰɪʔ]
    ၁၊ မိုဃ်းကြိုးရေ။ ၂။ ပြင်းပြင်း ထန်ထန် (အသံ) မြည်ဟည်းသည်
    ၁၊ မိုးခြိမ်းသည်။ ၂။ ပြင်းပြင်း ထန်ထန် (အသံ) မြည်ဟည်းသည်
    let off a loud explosive noise
    ကြိယာ