Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 81–100 of 781 words

    ထ

    ထစ်၂

    [tʰɪʔ၂]
    ၁၊ နှောင်းနှေး ကြန့်ကြာရေ။ ပြေပြေ ပြစ်ပြစ် မဟိ ဖြစ်တေ။ ၂၊ (ဓါး၊ ပေါက်ဆိန် စစွာတိနန့် သစ်သား အစဟိစွာရို့ကို) အရာ ထင်အောင် ခွပ်ရေ။ ၃၊ စကား ပြောရာမာ မပြေ မချော ရပ်ဆိုင်းရပ်ဆိုင်း ဖြစ်တေ
    ၁၊ နှောင်းနှေး ကြန့်ကြာသည်။ ပြေပြေ ပြစ်ပြစ် မရှိ ဖြစ်သည်။ ၂၊ (ဓါး၊ ပုဆိန် စသည်တို့ဖြင့် သစ်သား စသည်တို့ကို) အရာ ထင်အောင် ခုတ်သည်။ ၃၊ စကား ပြောရာတွင် မပြေ မချော ရပ်ဆိုင်းရပ်ဆိုင်း ဖြစ်သည်
    be slow
    ကြိယာ

    ထစ်၃

    [tʰɪʔ၃]
    ၁၊ (လှဂ အထစ်ထစ်) အဆင့် အဆင့် ဖြစ်နီသော အရာ။ ၂၊ အဝီးက ထင်အောင် ခုတ်ထားရေ အရာ
    ၁၊ (လှေကား အထစ်ထစ်) အဆင့် အဆင့် ဖြစ်နေသော အရာ။ ၂၊ အဝေးက ထင်အောင် ခုတ်ထားသော အရာ
    step
    နာမ်

    ထစ်ကရီထစ်ကရစ်

    [tʰɪʔkɹítʰɪʔkɹɪʔ]
    ၁၊ ကြက်ဆင်း ကြက်နင်း။ မညီမညွှတ်သော (မြေ)။ ၂၊ မပြေမပြစ် မချောမောသော (အရာ)
    ၁၊ ကြက်ဆင်း ကြက်နင်း။ မညီမညွှတ်သော (မြေ)။ ၂၊ မပြေမပြစ် မချောမောသော (အရာ)
    angular
    နာမဝိသေသန

    ထစ်ချုန်း

    [tʰɪʔɕóʊɴ]
    (မိုးချုန်းသံ) မြည်ဟည်းရေ။ ထစ်ချုန်းမိုးကြိုး၊ ရွာသွန်းဖြိုး၍ (ရှီးထုံး)။ မိုးကြိုးထစ်ချုန်း၊ မြေဝသုန်းလည်း၊ ကွဲပြိုမတတ် (ရခိုင်ကာ)
    (မိုးချုန်းသံ) မြည်ဟည်းသည်။ ထစ်ချုန်းမိုးကြိုး၊ ရွာသွန်းဖြိုး၍ (ရှေးထုံး)။ မိုးကြိုးထစ်ချုန်း၊ မြေဝသုန်းလည်း၊ ကွဲပြိုမတတ် (ရခိုင်ကာ)
    let off a loud explosive noise
    ကြိယာ

    ထစ်ထီထစ်ထစ်

    [tʰɪʔtʰítʰɪʔtʰɪʔ]
    စကား ပြောဆိုခြင်း၌ ပင်ဖြစ်ဖြစ်၊ တစုံ တခုသော အမှုကို ရွက်ဆောင်ခြင်း အမှု၌ ပင်ဖြစ်ဖြစ်၊ မပြေမပြစ် မချောမမော ၊ ရပ်ဆိုင်းခြင်း ဖြစ်တေ
    စကား ပြောဆိုခြင်း၌ လည်းကောင်း၊ တစ်စုံ တစ်ခုသော အမှုကို ရွက်ဆောင်ခြင်း အမှု၌ လည်းကောင်း၊ မပြေမပြစ် မချောမမော ၊ ရပ်ဆိုင်းခြင်း ဖြစ်သည်
    stammer
    ကြိယာ

    ထစ်အ

    [tʰɪʔʔ]
    ၁၊ စကား ပြောနိုင်စွမ်း မဟိသူ။၂၊ စကား ပြောရေအခါ ရပ်ဆိုင်း ရပ်ဆိုင်း၍ ပြောသောသူ
    ၁၊ စကား ပြောနိုင်စွမ်း မရှိသူ။၂၊ စကား ပြောသည့်အခါ ရပ်ဆိုင်း ရပ်ဆိုင်း၍ ပြောသောသူ
    stamere
    နာမ်

    ထဆံထုံး

    [tʰsʰံtʰóʊɴ]
    ထ အက္ခရာ အမည်
    ထ အက္ခရာ အမည်
    th of Arakanese consonant
    နာမ်

    ထည်

    [tʰɛ̀]
    အဝတ် အထည်ကို ရွီတွက် ရာမာ သုံးသော စကားလုံး။ တိမ်မှန်းယေမထင်၊ နက်မှန်းကေမသိ၊ ချောင်းဖလာလေ၊ လဟာချောင်းကို၊ ကူးခီမားလို့၊ ဒယောတထည်စွတ်ခရေ၊ (ဇမ်း)
    အဝတ် အထည်ကို ရေတွက် ရာတွင် သုံးသော စကားလုံး။ တိမ်မှန်းယေမထင်၊ နက်မှန်းကေမသိ၊ ချောင်းဖလာလေ၊ လဟာချောင်းကို၊ ကူးခီမှားလို့၊ ဒယောတစ်ထည်စွတ်ခရေ၊ (ဇမ်း)
    counting cloth
    ပစ္စည်း

    ထည့်

    [tʰɛ̰]
    ၁၊ ရောနှော ပါဝင်ရေ။ ပေါင်းစပ်ရေ။ မြတ်လေးပွင့်သစ်၊ ထည့်လိုက်သမ၊ ဖက်ပြီးမှလျှင်(ပဥ္စဘုတ်)။ ၂၊ တပါးသော သူနန့် လိုက်ပါ စီရေ။ ၃၊ အထဲထဲကို သွင်းရေ။ နံ့သာမျိုး ငါးပါး၊ အခါစိစုံစွာ၊ မားစာထည့်ရာ၏ (ပါရာ)။ ၄၊ (ဆွမ်းကျွေး ရာမာ ငါးဆယ်ကျပ်) ပါဝင်ရေ။ ဆွ
    ၁၊ ရောနှော ပါဝင်သည်။ ပေါင်းစပ်သည်။ မြတ်လေးပွင့်သစ်၊ ထည့်လိုက်သမ၊ ဖက်ပြီးမှလျှင်(ပဥ္စဘုတ်)။ ၂၊ တစ်ပါးသော သူနှင့် လိုက်ပါ စေသည်။ ၃၊ အတွင်းထဲသို့ သွင်းသည်။ နံ့သာမျိုး ငါးပါး၊ အခါစေ့စုံစွာ၊ တွင်းစာထည့်ရာ၏ (ပါရာ)။ ၄၊ (ဆွမ်းကျွေး ရာတွင် ငါးဆယ်ကျပ်) ပါဝင်သည်။ ဆွ
    insert
    ကြိယာ

    ထည့်ဝင်

    [tʰɛ̰wɪ̀ɴ]
    တစုံ တခု အလုပ်လုပ်ဖို့ အရင်းအနှီး ငွီ (ထည့်) ပါဝင်ရေ
    တစ်စုံ တစ်ခု အလုပ်လုပ်ရန် အရင်းအနှီး ငွေ (ထည့်) ပါဝင်သည်
    put in
    ကြိယာ

    ထည့်သွင်း

    [tʰɛ̰θwɪ́ɴ]
    အထဲထဲကို ရောက်စီသည်
    အတွင်းထဲသို့ ရောက်စေသည်
    put in
    ကြိယာ

    ထတ်

    [tʰaʔ]
    စိကေချေ ချွဲပျစ် ကပ်ငြိသည့် သဘောဟိရေ။ ပျော့ပျောင်း စေးထန်းသော။ မပျော့လွန်း မမာလွန်း ဖြစ်ရေ
    အနည်းငယ် ချွဲပျစ် ကပ်ငြိသည့် သဘောရှိသော။ ပျော့ပျောင်း စေးထန်းသော။ မပျော့လွန်း မမာလွန်း ဖြစ်သော
    sticky
    နာမဝိသေသန

    ထတ်၂

    [tʰaʔ၂]
    မပျော့လွန်း မမာလွန်း ဖြစ်ရေ။ ပျော့ပျောင်း စေးထန်းသော သဖောဟိရေ
    မပျော့လွန်း မမာလွန်း ဖြစ်သော။ ပျော့ပျောင်း စေးထန်းသော သဘော ရှိသည်
    sticky
    ကြိယာ

    ထတ်ကျင်

    [tʰaʔt͡ɕɪ̀ɴ]
    မပျော့လွန်း မမာလွန်း ဖြစ်တေ။ မစိုလွန်း ကျီမသွိ့လွန်း ဖြစ်တေ
    မပျော့လွန်း မမာလွန်း ဖြစ်သည်။ မစိုလွန်း မခြောက်လွန်း ဖြစ်သည်
    sticky
    ကြိယာ

    ထတ်ထတ်

    [tʰaʔtʰaʔ]
    အလွန် ပျစ်ချွဲ စေးထန်းသော
    အလွန် ပျစ်ချွဲ စေးထန်းသော
    sticky
    နာမဝိသေသန

    ထတ်ပျော့

    [tʰaʔprɔ̰]
    မပျော့လွန်း မမာလွန်း ဖြစ်တေ။ မစိုလွန်း ကျီမသွိ့လွန်း ဖြစ်တေ
    မပျော့လွန်း မမာလွန်း ဖြစ်သည်။ မစိုလွန်း မခြောက်လွန်း ဖြစ်သည်
    sticky
    ကြိယာ

    ထ့ထ့

    [tʰ့tʰ့]
    ၁၊ ပူဆိပူဆာ။ ယိုးတရုပ်ရွာမာ သူပုန်တိ ထ့ထ့ရာ’။ ၂၊ ဝိရိယဟိစွာ။ဖြတ်ဖြတ် လတ်လတ်။ ‘မောင်ဖြူလည်း ဉာဏ်ထ့ထ့ရာ တနှစ်လည်းမချူပဲ ဆယ်တန်းထိကို အောင်ရေ’။ ၃၊ ရဲရဲတင်းတင်း။ သိတ္တိဟိစွာဖြင့်။ ‘မောင်လှလူပါးမာ တခါလေ့အောက်ကျမခံ၊ လေ့သော့ထ့ထ့ရာနှုန်း’
    ၁၊ ဆူဆူပူပူ။ ယိုးတရုပ်ရွာမှာ သူပုန်တိ ထ့ထ့ရာ’။ ၂၊ ဝိရိယရှိစွာ။ ဖျတ်ဖျတ် လတ်လတ်။ ‘မောင်ဖြူလည်း ဉာဏ်ထ့ထ့ရာ တစ်နှစ်လည်းမချူပဲ ဆယ်တန်းထိကို အောင်ရေ’။ ၃၊ ရဲရဲတင်းတင်း။ သိတ္တိရှိစွာဖြင့်။ ‘မောင်လှလူပါးမှာ တစ်ခါလေ့အောက်ကျမခံ၊ သူလည်းထ့ထ့ရာနှုန်း’
    diligence
    ကြိယာဝိသေသန

    ထထကြွကြွ

    [tʰtʰt͡ɕwt͡ɕw]
    ၁၊ မငြိမ်မသက် ဖြစ်ဗျာယ်။ ၂၊ လုံ့လ ဝိရိယ ဟိစွာ
    ၁၊ မငြိမ်မသက် ဖြစ်လျက်။ ၂၊ လုံ့လ ဝိရိယ ရှိစွာ
    active
    ကြိယာဝိသေသန

    ထံနီး

    [tʰံnï]
    နံဖီးအပါး အရပ်။ ထံပါး
    အနီးအပါး အရပ်။ ထံပါး
    to
    နာမ်

    ထန်

    [tʰàɴ]
    (ဓါး၊ မြှား၊ အချွန် အစဟိစွာရို့) မတုံးသော ပိုင်မြသော ပိုင်ဟိရေ။ ၂။ ထူးခြားသော အစွမ်း၊ ထက်မြက်ရေ စွမ်းရည်၊ ကြီးမားရေ အင်အား ဟိရေ။ ၃။ (စွမ်းအား၊ သတ္တိ၊ တန်ခိုး၊ အဟုန်) ပြင်းသော ။ (စိတ်ထား၊ စိတ်နီ၊ အပြောအဆို) ခက်မာ ကြမ်းတမ်းသော၊ မောက်ကြွား မာန်တင်းသော။ ၄
    (ဓါး၊ မြှား၊ အချွန် စသည်တို့) မတုံးသော အသွားမြသော အသွားရှိသော။ ၂။ ထူးခြားသော အစွမ်း၊ ထက်မြက်သော စွမ်းရည်၊ ကြီးမားသော အင်အား ရှိသော။ ၃။ (စွမ်းအား၊ သတ္တိ၊ တန်ခိုး၊ အဟုန်) ပြင်းသော ။ (စိတ်ထား၊ စိတ်နေ၊ အပြောအဆို) ခက်မာ ကြမ်းတမ်းသော၊ မောက်ကြွား မာန်တင်းသော။ ၄
    violent stern
    နာမဝိသေသန