Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 101–120 of 781 words

    ထ

    ထန်း

    [tʰáɴ]
    မပျော့လွန်း မမာလွန်း ဖြစ်တေ။ မစိုလွန်း ကျီမသွိ့လွန်း ဖြစ်တေ
    မပျော့လွန်း မမာလွန်း ဖြစ်သည်။ မစိုလွန်း မခြောက်လွန်း ဖြစ်သည်
    not soft not hard
    ကြိယာ

    ထန်၂

    [tʰàɴ၂]
    ဒေါသ မာန်နန့် မျိုးက်ခြောက်ခြောက်ရေ
    ဒေါသ မာန်ဖြင့် ခြိမ်းခြောက်သည်
    threaten
    ကြိယာ

    ထန်း၂

    [tʰáɴ၂]
    ပင်မကြီးမှ အကိုင်းအခက် မထွက်သော အပင်မျိုး
    ပင်စည်မှ အကိုင်းအခက် မထွက်သော အပင်မျိုး
    branch
    နာမ်

    ထန်းတစ်ဖျား

    [tʰáɴtɪʔpʰrá]
    ထန်းပင် တပင်ခန့် အရပ်ဟိရေ အမြင့်ပမာဏ
    ထန်းပင် တစ်ပင်ခန့် အရပ်ရှိသော အမြင့်ပမာဏ
    height of a toddy-palm
    နာမ်

    ထန်မာန်

    [tʰàɴmààɴ]
    (စိတ်ထား စိတ်နီ၊ ကိုယ်နေ ကိုယ်ဟန်၊ အပြော အဆိုအစဟိစွာ) မောက်ကြွား မာန်တင်းဗျာယ်
    (စိတ်ထား စိတ်နေ၊ ကိုယ်နေ ကိုယ်ဟန်၊ အပြော အဆိုစသည်) မောက်ကြွား မာန်တင်းလျက်
    insufferable
    ကြိယာဝိသေသန

    ထန်းမှုတ်ခွက်

    [tʰáɴm̥oʊʔkʰwɛʔ]
    ထန်းစိမှ အဆန် ထုတ်ထားရေ ထန်းစိခွံ
    ထန်းစေ့မှ အဆန် ထုတ်ထားသော ထန်းစေ့ခွံ
    half shell of a palm used as a cup
    နာမ်

    ထန်းလည်ဆစ်ပြတ်

    [tʰáɴlɛ̀sʰɪʔpɹaʔ]
    (ဥပစာ) ပါရာဇိကသို့ ကျရောက်သော ရဟန်း။ ၂။ တစုံ တခု အားကိုးရာမဲ့ ဘဝ။ အညွှန့်တုံးသော ဘဝ
    (ဥပစာ) ပါရာဇိကသို့ ကျရောက်သော ရဟန်း။ ၂။ တစ်စုံ တစ်ခု အားကိုးရာမဲ့ ဘဝ။ အညွှန့်တုံးသော ဘဝ
    the forsake the helpless
    နာမ်

    ထပိန်

    [tʰpèɪɴ]
    မမာ့ဝတ် ဒယော။ ထဘီ။ ထပိန်။ ‘မအပ်မရာ၊ တချို့မာလေ၊ ခါးမာရစ်ပတ်၊ ထပိန်လှန်ပျာ၊ အပြန်ဝတ်လို့’ (ဒွေး)
    မိန်းမဝတ် လုံချည်။ ထဘီ။ ထမီ။ ‘မအပ်မရာ၊ တချို့မှာလေ၊ ခါးမှာရစ်ပတ်၊ ထပိန်လှန်ပျာ၊ အပြန်ဝတ်လို့’ (ဒွေး)
    longyi
    နာမ်

    ထပိန်ကာစောင်း

    [tʰpèɪɴkàsáʊɴ]
    ထပိန်ကို တဖက်စွေ စောင်းစောင်း တွဲလောင်း ချဝတ်ဗျာယ်
    ထမီကို တစ်ဖက်စွေ စောင်းစောင်း တွဲလျား ချဝတ်လျက်
    none
    ကြိယာဝိသေသန

    ထပိန်ကာစောင်း၂

    [tʰpèɪɴkàsáʊɴ၂]
    ထပိန် တဖက်ကို မြင့်စီပနာ နောက်တဖက်ကို စွေစောင်းစောင်း တွဲလောင်း ချဝတ်ရေ
    ထမီ တစ်ဖက်ကို မြင့်စေ၍ နောက်တစ်ဖက်ကို စွေစောင်းစောင်း တွဲလျား ချဝတ်သည်
    none
    ကြိယာ

    ထပိန်ချုံ

    [tʰpèɪɴɕòʊɴ]
    ယောက်ျားကို နှိမ့်ချပနာ ဆဲရဲ ပြောဆိုရေ စကားလုံး
    ယောက်ျားကို နှိမ့်ချ၍ ဆဲရဲ ပြောဆိုသော စကားလုံး
    none
    နာမ်

    ထံပါး

    [tʰံpàး]
    အပါးနံဖီး အရပ်
    အပါးအနီး အရပ်
    to
    နာမ်

    ထပ်

    [tʰaʔ]
    တခု နောက်ခါ တခု ဆက်ပြီးကေ တည်ဟိရေ။ ၂။ တခု အထက်ကို တခု ဆင့်၍ တင်ရေ။ ၃။ နောက် တခေါက်ပြန်ပနာ ပြုလုပ်ရေ။ ၄။ (စစ်ဖက်ဆိုင်ရာ အင်အား) ဖြည့်တင်းရေ။ ၅။ အကြားအစိမဟိ တခုတည်း ဖြစ်ယောင် လုပ်ရေ
    တစ်ခု နောက်မှ တစ်ခု ဆက်၍ တည်ရှိသည်။ ၂။ တစ်ခု အထက်သို့ တစ်ခု ဆင့်၍ တင်သည်။ ၃။ နောက် တစ်ကြိမ်ပြန်၍ ပြုလုပ်သည်။ ၄။ (စစ်ဖက်ဆိုင်ရာ အင်အား) ဖြည့်တင်းသည်။ ၅။ အကြားအစေ့မရှိ တစ်ခုတည်း ဖြစ်အောင် လုပ်သည်
    repeat
    ကြိယာ

    ထပ်ကာ

    [tʰaʔkà]
    တခုနှင့် တခု တဦးနှင့် တဦး တွဲနိူင်း ပြရေ
    တစ်ခုနှင့် တစ်ခု တစ်ဦးနှင့် တစ်ဦး တွဲယှဉ် ပြသည်
    compare
    ကြိယာ

    ထပ်ကာ၂

    [tʰaʔkà၂]
    တခေါက် ပြန်ပနာ လုပ်ရေ။ ထပ်ကျော လုပ်ရေ
    တစ်ကြိမ် ပြန်၍ လုပ်သည်။ ထပ်ကျော လုပ်သည်
    repeat
    ကြိယာ

    ထပ်ကာထပ်ကာ

    [tʰaʔkàtʰaʔkà]
    အကြိမ်ပေါင်း များစွာ။ အခေါက်ခေါက် အဖန်ဖန်
    အကြိမ်ပေါင်း များစွာ။ အကြိမ်ကြိမ် အဖန်ဖန်
    repeat
    ကြိယာဝိသေသန

    ထပ်ဆင့်

    [tʰaʔsʰɪ̀ɴ့]
    နောက်ထပ် နောက်ထပ် ထပ်မံပနာ (ပြုလုပ်ရေ)
    နောက်ထပ် တဖန် ထပ်မံ၍ (ပြုလုပ်သည်)
    repeat
    ကြိယာဝိသေသန

    ထပ်တရာ

    [tʰaʔtɹà]
    အဖြူရောင် ဟိပြီးကေ အထပ် အလွှာ များစွာ ဟိရေ ပန်းတမျိုး။ အထပ်ထပ် အလွှာလွှာ အဖြူရောင် ပွင့်သော ပန်းတမျိုး
    အဖြူရောင် ရှိ၍ အထပ် အလွှာ များစွာ ရှိသော ပန်းတစ်မျိုး။ အထပ်ထပ် အလွှာလွှာ အဖြူရောင် ပွင့်သော ပန်းတစ်မျိုး
    flower
    နာမ်

    ထပ်တလဲလဲ

    [tʰaʔtlɛlɛ]
    အကြိမ်ပေါင်း များစွာ။ အခေါက်ခေါက် အဖန်ဖန်
    အကြိမ်ပေါင်း များစွာ။ အကြိမ်ကြိမ် အဖန်ဖန်
    repeat
    ကြိယာဝိသေသန

    ထပ်တူ

    [tʰaʔtù]
    တခုနှင့် တခု မကွဲမပြား။ တမျိုး တစားတည်း
    တစ်ခုနှင့် တစ်ခု မကွဲမပြား။ တစ်မျိုး တစ်စားတည်း
    same
    ကြိယာဝိသေသန