Dictionary Entries
Showing 121–140 of 781 words
ထ
ထပ်တူထပ်မျှ
[tʰaʔtùtʰaʔmr̯]
Arakanese:
ကွဲပြား ခြားနားခြင်း မဟိဘဲ။ သီးသန့်ခြင်း မဟိဘဲ။ တပေါင်းတည်း
Burmese:
ကွဲပြား ခြားနားခြင်း မရှိပဲ။ သီးခြားခြင်း မရှိပဲ။ တစ်ပေါင်းတည်း
English:
same
Grammar Note:
ကြိယာဝိသေသန
ထပ်ထပ်
[tʰaʔtʰaʔ]
Arakanese:
အထပ်ပေါင်း၊ အဆင့်ပေါင်း မြောက်များ စွာသော
Burmese:
အထပ်ပေါင်း၊ အဆင့်ပေါင်း မြောက်များ စွာသော
English:
many
Grammar Note:
နာမဝိသေသန
ထပ်ပျက်
[tʰaʔprɛʔ]
Arakanese:
မပျော့လွန်း မမာလွန်း ဖြစ်တေ။ မစိုလွန်း ကျီမသွိ့လွန်း ဖြစ်တေ
Burmese:
မပျော့လွန်း မမာလွန်း ဖြစ်သည်။ မစိုလွန်း မခြောက်လွန်း ဖြစ်သည်
English:
sticky
Grammar Note:
ကြိယာ
ထပ်ပျော့
[tʰaʔprɔ̰]
Arakanese:
မကျဲ မသွက်သော။ ၂။ မပျော့ မမာသော။ မစို ကျီမသွိ့သော
Burmese:
မကျဲ မသွက်သော။ ၂။ မပျော့ မမာသော။ မစို မခြောက်သော
English:
sticky
Grammar Note:
နာမဝိသေသန
ထပ်မံ
[tʰaʔmံ]
Arakanese:
နောက်ထပ် တခေါက် (ပြုလုပ်ရေ)
Burmese:
နောက်ထပ် တစ်ကြိမ် (ပြုလုပ်သည်)
English:
repeat
Grammar Note:
ကြိယာဝိသေသန
ထပ်မျှ
[tʰaʔmr̯]
Arakanese:
တမျိုး တစားတည်း။ တတတူ
Burmese:
တစ်မျိုး တစ်စားတည်း။ အတူတူ
English:
same
Grammar Note:
ကြိယာဝိသေသန
ထပ်လောင်း
[tʰaʔláʊɴ]
Arakanese:
လိုသည်မာ ထည့်သွင်း လောင်းစွက်ရေ။ ရောနှော ပါဝင်ရေ
Burmese:
လိုသည်တွင် ထည့်သွင်း လောင်းစွက်သည်။ ရောနှော ပါဝင်သည်
English:
add
Grammar Note:
ကြိယာ
ထမင်း
[tʰmɪ́ɴ]
Arakanese:
ကောက်စပါးကို ထောင်ထု၍ ရရေ ဆန်ကို ချက်ထားရေ စားဖွယ်။ ‘ခုနှစ်ရက် စိအောင် နတ်အိမ်မာတင် ထမင်း၊ ဟင်းထည့်ပနာဆုတောင်း’ (ပါရာ)
Burmese:
ကောက်စပါးကို ထောင်ထု၍ ရသော ဆန်ကို ချက်ထားသော စားဖွယ်။ ‘ခုနှစ်ရက် စေ့အောင် နတ်အိမ်တွင်တင် ထမင်း၊ ဟင်းထည့်၍ဆုတောင်း’ (ပါရာ)
English:
cooked rice
Grammar Note:
နာမ်
ထမင်းကျွေး
[tʰmɪ́ɴt͡ɕwé]
Arakanese:
ထမင်း၊ ငါး၊ ဟင်း စစွာကို ပီးပြီးကေ စားစီရေ
Burmese:
ထမင်း၊ ငါး၊ ဟင်း စသည်ကို ပေး၍ စားစေသည်
English:
feed
Grammar Note:
ကြိယာ
ထမင်းခူ
[tʰmɪ́ɴkʰù]
Arakanese:
လက်ဝါးပြင် အရေခွံမာ အဖြူကွက် ကချေတိ ပေါ်စေ တတ်ရေ အနာတမျိုး
Burmese:
လက်ဝါးပြင် အရေခွံတွင် အဖြူကွက် ကလေးများ ပေါ်စေ တတ်သော အနာတစ်မျိုး
English:
injury
Grammar Note:
နာမ်
ထမင်းခူး
[tʰmɪ́ɴkʰùး]
Arakanese:
ထမင်းကို အိုးမှ ယောက်မ၊ ဇွန်း စစွာတိနန့် ပင့်ကောက် ယူရေ။ ထမင်းပွဲ ပြုပျင် သည်
Burmese:
ထမင်းကို အိုးမှ ယောက်မ၊ ဇွန်း စသည်တို့ဖြင့် ပင့်ကောက် ယူသည်။ ထမင်းပွဲ ပြုပြင် သည်
English:
spoon out rice
Grammar Note:
ကြိယာ
ထမင်းချက်
[tʰmɪ́ɴɕɛʔ]
Arakanese:
ထမင်း၊ ဟင်း ချက်တတ်သူ။ ထမင်း၊ ဟင်း ချက်ပြု တတ်ရေ သူ
Burmese:
ထမင်း၊ ဟင်း ချက်တတ်သူ။ ထမင်း၊ ဟင်း ချက်ပြု တတ်သော သူ
English:
cook
Grammar Note:
ကြိယာ
ထမင်းချက်ဆောင်
[tʰmɪ́ɴɕɛʔsʰàʊɴ]
Arakanese:
အိမ်မနန့် တဆက်တည်း ပြုလုပ် ထားရေ မီးဖိုဆောင်။ (တချို့မာ ထမင်း၊ ဟင်းချက်ဖို့ သီးသန့်အဆောင် ဆောက်လုပ် ထားရေ။
Burmese:
အိမ်မနှင့် တစ်ဆက်တည်း ပြုလုပ် ထားသော မီးဖိုဆောင်။ (အချို့မှာ ထမင်း၊ ဟင်းချက်ရန် သီးသန့်အဆောင် ဆောက်လုပ် ထားသည်။
English:
kitchen
Grammar Note:
နာမ်
ထမင်းချက်နီ
[tʰmɪ́ɴɕɛʔní]
Arakanese:
ညဇာ ၄နာရီ လောက်ခန့်က အချိန်
Burmese:
ညနေ ၄နာရီ လောက်ခန့်က အချိန်
English:
o’clock
Grammar Note:
နာမ်
ထမင်းချိုင်း
[tʰmɪ́ɴɕáɪɴ]
Arakanese:
တထပ်အချိန် အခါ လွန်သော၊ အေးသော ထမင်း။ ထမချမ်း။ ‘သူရို့ချက်ရာ၊ ထမင်းချိုင်းလည်း၊ ကျိုင်းလှပါရေ’ (ပဒုမ္မ)။ ‘ဆိတ်ကြိုးတခြွီ၊ ဆိတ်တရွီနန့်၊ ထမင်းချိုင်းတဖဲ့၊ ခွက်အပဲ့နန့်’ (လိပ်ကမ္ဘာ)
Burmese:
တစ်ထပ်အချိန် အခါ လွန်သော၊ အေးသော ထမင်း။ ထမင်းချမ်း။ ‘သူတို့ချက်ရာ၊ ထမင်းချိုင်းလည်း၊ ကျိုင်းလှပါသည်’ (ပဒုမ္မ)။ ‘ဆိတ်ကြိုးတစ်ခြွီ၊ ဆိတ်တရွီနန့်၊ ထမင်းချိုင်းတစ်ဖဲ့၊ ခွက်အပဲ့နန့်’ (လိပ်ကမ္ဘာ)
English:
crust of cooked rice
Grammar Note:
နာမ်
ထမင်းချိုင်းပင်
[tʰmɪ́ɴɕáɪɴpɪ̀ɴ]
Arakanese:
ခြုံပုတ်ပင်ငယ် တမျိုး
Burmese:
ချုံပုတ်ပင်ငယ် တစ်မျိုး
English:
bush
Grammar Note:
နာမ်
ထမင်းခြိုး
[tʰmɪ́ɴkʰɹó]
Arakanese:
အကျက် လွန်၍ အိုးမာ ကပ်နိန်ရေ ထမင်း။ ထမင်းချိုး
Burmese:
အကျက် လွန်၍ အိုးတွင် ကပ်နေသော ထမင်း။ ထမင်းချိုး
English:
crust of cooked rice
Grammar Note:
နာမ်
ထမင်းခြိုင့်
[tʰmɪ́ɴkʰɹa̰ɪɴ]
Arakanese:
ထမင်း၊ ဟင်း၊ စားသောက် ဖွယ်ရာထည့်ရန် ချိုင့်
Burmese:
ထမင်း၊ ဟင်း၊ စားသောက် ဖွယ်ရာထည့်ရန် ချိုင့်
English:
food carrier
Grammar Note:
နာမ်
ထမင်းခြောက်
[tʰmɪ́ɴkʰɹɔ́ɛʔ]
Arakanese:
ဂန်ဒူး လှမ်းထားရေ ထမင်း
Burmese:
အခြောက် လှမ်းထားသော ထမင်း
English:
dried cooked rice
Grammar Note:
နာမ်
ထမင်းစားပွဲ
[tʰmɪ́ɴsápwɛ]
Arakanese:
ဖိတ်ခေါ် ထားရေ အာဂန္တုတော် တိကို ထမင်း ကျွေးမွီးရန် ကျင်းပသော အခမ်းအနား
Burmese:
ဖိတ်ခေါ် ထားသော ဧည့်သည်တော် များကို ထမင်း ကျွေးမွေးရန် ကျင်းပသော အခမ်းအနား
English:
meal of rice and curry
Grammar Note:
နာမ်