Dictionary Entries
Showing 141–160 of 781 words
ထ
ထမင်းစားရီသောက်
[tʰmɪ́ɴsáɹíθɔ́ɛʔ]
Arakanese:
(ဥပစာ) ၁၊ ပညာရပ် တခုခုကို အနည်းအပါးသာ တက်မြောက်ခြင်း။ ၂၊ သာမညအလုပ်။ ‘အကြီးအကျယ် အလုပ်က မဟောက်၊ ထမင်းစား ရီသောက်လောက်ရာ’။ ၃၊ တမျိုး မျိုးသော ဘာသာ စကားကို တဖဲ့ချေ ပါးပါး တတ်ခြင်း။ မောင်လှက ဟိန္ဒေစကားကို ထမင်းစား ရီသောက် လောက်ရာ တတ်တေ’
Burmese:
(ဥပစာ) ၁၊ ပညာရပ် တစ်ခုခုကို အနည်းအပါးသာ တက်မြောက်ခြင်း။ ၂၊ သာမညအလုပ်။ ‘အကြီးအကျယ် အလုပ်က မဟောက်၊ ထမင်းစား ရီသောက်လောက်ရာ’။ ၃၊ တစ်မျိုး မျိုးသော ဘာသာ စကားကို နည်းနည်း ပါးပါး တတ်ခြင်း။ မောင်လှက ဟိန္ဒီစကားကို ထမင်းစား ရီသောက် လောက်ရာ တတ်တေ’
English:
just enough to get by
Grammar Note:
နာမ်
ထမင်းစားဝမ်းပူ
[tʰmɪ́ɴsáwáɴpù]
Arakanese:
ထမင်း စားသောက် ရရုံနန့်၊ သူ တပါးထံမာ အစီအခိုင်း နိန်ရေ သူ
Burmese:
ထမင်း စားသောက် ရရုံနှင့်၊ သူ တစ်ပါးထံတွင် အစေအခိုင်း နေသော သူ
English:
servant
Grammar Note:
နာမ်
ထမင်းစားဝမ်းပေါင်
[tʰmɪ́ɴsáwáɴpèàɪ̀ɴ]
Arakanese:
ထမင်း စားသောက် ရရုံနှင့်၊ သူ တပါးထံမာ အစီအခိုင်း နိန်ရေ သူ
Burmese:
ထမင်း စားသောက် ရရုံနှင့်၊ သူ တစ်ပါးထံတွင် အစေအခိုင်း နေသော သူ
English:
servant
Grammar Note:
နာမ်
ထမင်းစိခြောက်
[tʰmɪ́ɴsìkʰɹɔ́ɛʔ]
Arakanese:
တောင်ပေါ်၊ အပင်ထက် စရေ အမြင့်မှ အောက်ကို (အနိမ့်သို့) လူးကျပနာ မြင်မက်ခြင်း။ ခွီးရူး၊ လရူး လိုက်ပြီးကေ ပြေးရခြင်း အစဟိစွာအနိန်နန့် ထိတ်လန့် ဖွယ်ရာ အမျိုး မျိုးသော အိပ်မက်ဆိုး ရို့ကို မြင်မက်ခြင်း အစဟိစွာမျိုး
Burmese:
တောင်ပေါ်၊ သစ်ပင်ပေါ် စသည့် အမြင့်မှ အောက်သို့ (အနိမ့်သို့) လိမ့်ကျ၍ မြင်မက်ခြင်း။ ခွေးရူး၊ လူရူး လိုက်၍ ပြေးရခြင်း စသည်ဖြင့် ထိတ်လန့် ဖွယ်ရာ အမျိုး မျိုးသော အိပ်မက်ဆိုး တို့ကို မြင်မက်ခြင်း စသည်မျိုး
English:
nightmare
Grammar Note:
နာမ်
ထမင်းဆာ
[tʰmɪ́ɴsʰà]
Arakanese:
ဝမ်းမာ အစာ အဟာရ မဟိ၍ ထမင်း စားချင်သည်
Burmese:
ဝမ်းတွင် အစာ အဟာရ မရှိ၍ ထမင်း စားချင်သည်
English:
hungry
Grammar Note:
ကြိယာ
ထမင်းညင်
[tʰmɪ́ɴɲɪ̀ɴ]
Arakanese:
ထမင်း ဆာရေ
Burmese:
ထမင်း ဆာသည်
English:
hungry
Grammar Note:
ကြိယာ
ထမင်းတစ်လုံးချက်
[tʰmɪ́ɴtɪʔlóʊɴɕɛʔ]
Arakanese:
ထမင်း တအိုးချက် ခန့်မျှ ကြာသော အချိန်
Burmese:
ထမင်း တစ်အိုးချက် ခန့်မျှ ကြာသော အချိန်
English:
time of cooking rice
Grammar Note:
နာမ်
ထမင်းတည်
[tʰmɪ́ɴtɛ̀]
Arakanese:
ထမင်း၊ ငါး၊ ဟင်း အစဟိစွာရို့ကို အာဂန္တု ဟိ့မာ ချထားရေ
Burmese:
ထမင်း၊ ငါး၊ ဟင်း စသည်တို့ကို ဧည့်သည် ရှေ့တွင် ချထားသည်
English:
display
Grammar Note:
ကြိယာ
ထမင်းတုပ်
[tʰmɪ́ɴtoʊʔ]
Arakanese:
(ဥပစာ) ထမင်း စားသည်
Burmese:
(ဥပစာ) ထမင်း စားသည်
English:
eat
Grammar Note:
ကြိယာ
ထမင်းထုပ်
[tʰmɪ́ɴtʰoʊʔ]
Arakanese:
ထမင်း၊ ငါး၊ ဟင်း အစဟိစွာရို့ကို ရော၍ တယောက်စာ တစားစာခန့် ထုပ်၍ ထားရေ အထုပ်
Burmese:
ထမင်း၊ ငါး၊ ဟင်း စသည်တို့ကို ရော၍ တစ်ယောက်စာ တစ်စားစာခန့် ထုပ်၍ ထားသော အထုပ်
English:
packet of rice and curry
Grammar Note:
နာမ်
ထမင်းထောင်ပွဲ
[tʰmɪ́ɴtʰàʊɴpwɛ]
Arakanese:
ထမင်းဆုပ် ရို့ကို ကတော့ပုံ တထောင် ပြုလုပ်ပြီးကေ ဘုရားအား ကပ်လှူ ပူဇော်သော ဆွမ်း။ (ဝါကျွတ်လျှင် စုပေါင်း ကပ်လှူရရေ ဘုရားအား သင်ပုတ်ဆွမ်းတင် ပွဲကြီး ဖြစ်တေ။ ရွာတောင်၊ ပြည်ထောင် အလိုက် ပျော်ပွဲ ရွှင်ပွဲဖြင့် ပြုလုပ်ရရေ အလှူပွဲကြီး ဖြစ်တေ။) ‘အသူ ထမင်း ထေ
Burmese:
ထမင်းဆုပ် တို့ကို ကတော့ပုံ တစ်ထောင် ပြုလုပ်ပြီး ဘုရားအား ကပ်လှူ ပူဇော်သော ဆွမ်း။ (ဝါကျွတ်လျှင် စုပေါင်း ကပ်လှူရသော ဘုရားအား သင်ပုတ်ဆွမ်းတင် ပွဲကြီး ဖြစ်သည်။ ရွာတောင်၊ ပြည်ထောင် အလိုက် ပျော်ပွဲ ရွှင်ပွဲဖြင့် ပြုလုပ်ရသည့် အလှူပွဲကြီး ဖြစ်သည်။) ‘အသူ ထမင်း ထေ
English:
none
Grammar Note:
နာမ်
ထမင်းဒုံ
[tʰmɪ́ɴdòʊɴ]
Arakanese:
အဝကျယ်ပနာ စောက်တိမ် ပြီးကေ အထဲကို စောက်တိမ် လားရေ ခွက်၊ ဇရုံ
Burmese:
အဝကျယ်၍ စောက်တိမ် ပြီးလျှင် အတွင်းသို့ စောက်တိမ် သွားသော ခွက်၊ ဇလုံ
English:
bowl
Grammar Note:
နာမ်
ထမင်းနာလိုက်
[tʰmɪ́ɴnàlaɪʔ]
Arakanese:
ထမင်း ထမနာလိုက်ပြီးကေ (မွတ်အားကြီးပြီးကေ) ဖြစ်ပေါ် လာရေ ဝေဒနာကို ခံစားရခြင်း။ ထမင်းမွတ် ပြင်းပြ လှအတွက်နန့် ခံစားရရေ ဝေဒနာ
Burmese:
ထမင်း အဆာလွန်၍ (မွတ်အားကြီး၍) ဖြစ်ပေါ် လာသော ဝေဒနာကို ခံစားရခြင်း။ ထမင်းဆာ ပြင်းပြ လှသောကြောင့် ခံစားရသော ဝေဒနာ
English:
hungry
Grammar Note:
နာမ်
ထမင်းနာလိုက်၂
[tʰmɪ́ɴnàlaɪʔ၂]
Arakanese:
ထမင်း အဆာ လွန်၍ (မွတ်အား ကြီးပြီးကေ) ဖြစ်ပေါ် လာရေ ဝေဒနာကို ခံစားရရေ။ ထမင်းမွတ် ပြင်းပြ လှအတွက်နန့် ခံစားရရေ ဝေဒနာ ဖြစ်ပေါ်လှာရေ
Burmese:
ထမင်း အဆာ လွန်၍ (မွတ်အား ကြီး၍) ဖြစ်ပေါ် လာသော ဝေဒနာကို ခံစားရသည်။ ထမင်းဆာ ပြင်းပြ လှသောကြောင့် ခံစားရသော ဝေဒနာ ဖြစ်ပေါ်လာသည်
English:
hungry
Grammar Note:
ကြိယာ
ထမင်းနွယ်
[tʰmɪ́ɴnwɛ̀]
Arakanese:
ပျော့ပျောင်းပြီး မြေမား တွား၍ ပေါက်တတ်သနန့် ကန်စွန်းပွင့် ပိုင် အပွင့်ပွင့်သော နွယ်ပင် တမျိုး။ (ထမင်းခူပေါ်လျှင် ထမင်းနွယ် အရွက်ကို ထမင်းစိ စိကေချေဖြင့် ရောကြိတ်ပြီး ပတ်လူးလျှင် ကောင်း၏။
Burmese:
ပျော့ပျောင်းပြီး မြေတွင်း တွား၍ ပေါက်တတ်သဖြင့် ကန်စွန်းပွင့် ကဲ့သို့ အပွင့်ပွင့်သော နွယ်ပင် တစ်မျိုး။ (ထမင်းခူပေါ်လျှင် ထမင်းနွယ် အရွက်ကို ထမင်းစေ့ အနည်းငယ်ဖြင့် ရောကြိတ်ပြီး ပတ်လိမ်းလျှင် ကောင်း၏။
English:
creeper
Grammar Note:
နာမ်
ထမင်းပျစ်
[tʰmɪ́ɴprɪʔ]
Arakanese:
ထမင်း အရည်ကို မများစီပဲ ပျစ်ချွဲအောင် ကြိုချက် ထားရေ ယာဂု တမျိုး၊ စားဖွယ် တမျိုး
Burmese:
ထမင်း အရည်ကို မများစေပဲ ပျစ်ချွဲအောင် ကြိုချက် ထားသော ယာဂု တစ်မျိုး၊ စားဖွယ် တစ်မျိုး
English:
rice porridge
Grammar Note:
နာမ်
ထမင်းပွဲ
[tʰmɪ́ɴpwɛ]
Arakanese:
ထမင်း ထည့်၍ ထားရေ လောင်ပွန်း
Burmese:
ထမင်း ထည့်၍ ထားသော ပန်းကန်ပြား
English:
plate
Grammar Note:
နာမ်
ထမင်းပွဲလက်ရောက်
[tʰmɪ́ɴpwɛlɛʔɹɔ́ɛʔ]
Arakanese:
(ဥပစာ) အဆင့်သင့်။ အခန့်သင့်
Burmese:
(ဥပစာ) အဆင့်သင့်။ အခန့်သင့်
English:
by a good chance
Grammar Note:
ကြိယာဝိသေသန
ထမင်းဖြူ
[tʰmɪ́ɴpʰɹù]
Arakanese:
ဒန်ပေါက်ထမင်း၊ အုန်းထမင်း၊ ထောပတ်ထမင်း မဟုတ်ရေ ရိုးရိုး ချက်ထားရေ ထမင်း။ ‘ခိုခွက်မာ နပျိုးဖက် ခင်း၍၊ ငါးပြီးယား နှစ်ကောင်၊ ထမင်းဖြူ၊ ပန်းနီ ငါးပွင့် ထည့်ပြီးကေ အနောက်အရပ်သို့ ပစ်လီ’ (တိတ္ထုံ)
Burmese:
ဒန်ပေါက်ထမင်း၊ အုန်းထမင်း၊ ထောပတ်ထမင်း မဟုတ်သော ရိုးရိုး ချက်ထားသော ထမင်း။ ‘ခိုခွက်တွင် နပျိုးဖက် ခင်း၍၊ ငါးပြီးယား နှစ်ကောင်၊ ထမင်းဖြူ၊ ပန်းနီ ငါးပွင့် ထည့်ပြီးလျှင် အနောက်အရပ်သို့ ပစ်လေ’ (တိတ္ထုံ)
English:
plain rice
Grammar Note:
နာမ်
ထမင်းမွှီး
[tʰmɪ́ɴmW̯ï]
Arakanese:
ထမင်း ချက်ရေအခါ အရွက်ကို ထည့်၍ ချက်လျှင် အနံ့မွှီး စီတတ်ရေ အပင်ငယ် တမျိုး
Burmese:
ထမင်း ချက်သောအခါ အရွက်ကို ထည့်၍ ချက်လျှင် အနံ့မွှီး စေတတ်သော အပင်ငယ် တစ်မျိုး
English:
none
Grammar Note:
နာမ်