Dictionary Entries
Showing 161–180 of 781 words
ထ
ထမင်းရည်ချောင်းကျ
[tʰmɪ́ɴɹɛ̀ɕáʊɴt͡ɕ]
Arakanese:
ကြီးကြီးကျကျယ် (လှူသည်)
Burmese:
ကြီးကြီးကျယ်ကျယ် (လှူသည်)
English:
bountifully
Grammar Note:
ကြိယာဝိသေသန
ထမင်းရည်ပူလယာလွဲ
[tʰmɪ́ɴɹɛ̀pùljàlwɛ]
Arakanese:
(ဥပစာ) တစုံ တခုသော အကြောင်း တိုက်ဆိုင်လာရေအခါ ဟိဆိုင် မခံရဲပဲ တာဝန်ကို ရှောင်လွဲ နိန်ရေ။ ရှောင်လွဲ၍ (စကား) ပြောဆိုရေ
Burmese:
(ဥပစာ) တစ်စုံ တစ်ခုသော အကြောင်း တိုက်ဆိုင်လာသည့်အခါ ရင်ဆိုင် မခံရဲပဲ တာဝန်ကို ရှောင်လွဲ နေသည်။ ရှောင်လွဲ၍ (စကား) ပြောဆိုသည်
English:
avoid
Grammar Note:
ကြိယာ
ထမင်းလုံး
[tʰmɪ́ɴlóʊɴ]
Arakanese:
ထမင်းစိ
Burmese:
ထမင်းစေ့
English:
rice
Grammar Note:
နာမ်
ထမင်းလုတ်
[tʰmɪ́ɴloʊʔ]
Arakanese:
ခံမားသို့ ထည့်လောက် ရုံမျှ ဖြစ်ရေ လက်ဖျား တဆုပ်စာ ထမင်း ပမာဏ
Burmese:
ခံတွင်းသို့ ထည့်လောက် ရုံမျှ ဖြစ်သော လက်ဖျား တစ်ဆုပ်စာ ထမင်း ပမာဏ
English:
morsel of rice
Grammar Note:
နာမ်
ထမင်းသိုး
[tʰmɪ́ɴθó]
Arakanese:
ချက်ပြုတ် ထားရေ ထမင်း (အစားအစား) တိကို ရှည်ကြာအောင် လောင်းာင် ထားသနန့် နံစော် အနံ့များ ထွက်သော
Burmese:
ချက်ပြုတ် ထားသော ထမင်း (အစားအစား) များကို ရှည်ကြာအောင် သိုလှောင် ထားသဖြင့် နံစော် အနံ့များ ထွက်သော
English:
rotten and smelly
Grammar Note:
နာမဝိသေသန
ထမင်းသိုး၂
[tʰmɪ́ɴθó၂]
Arakanese:
ချက်ပြုတ် ထားရေ ထမင်းတိကို ရှည်ကြာအောင် လောင်းာင် ထားသနန့် အနံများ နံစော်သည်
Burmese:
ချက်ပြုတ် ထားသော ထမင်းများကို ရှည်ကြာအောင် သိုလှောင် ထားသဖြင့် အနံများ နံစော်သည်
English:
turn bad
Grammar Note:
ကြိယာ
ထမင်းသိုး၃
[tʰmɪ́ɴθó၃]
Arakanese:
(ဥပစာ) အသိဉာဏ် ထုံထိုင်း၍ သွက်လက် ချက်ချာခြင်း မဟိသူ။ လူနလူအ
Burmese:
(ဥပစာ) အသိဉာဏ် ထုံထိုင်း၍ သွက်လက် ချက်ချာခြင်း မရှိသူ။ လူနလူအ
English:
blockhead
Grammar Note:
နာမ်
ထမင်းသိုး၄
[tʰmɪ́ɴθó၄]
Arakanese:
ချက်ပြုတ် ထားရေ ထမင်းတိကို ရှည်ကြာအောင် လောင်းာင်ထားသနန့် နံစော်သော အနံ့များ ထွက်သော ထမင်း
Burmese:
ချက်ပြုတ် ထားသော ထမင်းများကို ရှည်ကြာအောင် လှောင်ထားသဖြင့် နံစော်သော အနံ့များ ထွက်သော ထမင်း
English:
rotten and smelly
Grammar Note:
နာမ်
ထမင်းအိုးကွဲ
[tʰmɪ́ɴʔókwɛ]
Arakanese:
ကိုယ့် စီးပွား ပျက်စီး ဆုံးယှုံး လားရေ
Burmese:
မိမိ စီးပွား ပျက်စီး ဆုံးရှုံး သွားသည်
English:
loose
Grammar Note:
ကြိယာ
ထမင်းအိုးခွဲ
[tʰmɪ́ɴʔókʰwɛ]
Arakanese:
(ဥပစာ) လူတိကိုဆင်းရဲ ပျက်စီးအောင် လုပ်ရေ
Burmese:
(ဥပစာ) သူတစ်ပါးကို ဆင်းရဲ ပျက်စီးအောင် လုပ်သည်
English:
destroy
Grammar Note:
ကြိယာ
ထမင်းအုပ်
[tʰmɪ́ɴʔoʊʔ]
Arakanese:
(ဥပစာ) ထမင်း စားသည်
Burmese:
(ဥပစာ) ထမင်း စားသည်
English:
eat
Grammar Note:
ကြိယာ
ထမရာဘွဲ့
[tʰmɹàbʱwé]
Arakanese:
ထမရာ မင်းသား၏ အဖြစ်အပျက် (ဇာတ်လမ်း)ကို ဖွဲ့နွဲ့၍ သီဆို ထားရေ အဖွဲ့အနွဲ့
Burmese:
ထမရာ မင်းသား၏ အဖြစ်အပျက် (ဇာတ်လမ်း)ကို ဖွဲ့နွဲ့၍ သီဆို ထားသော အဖွဲ့အနွဲ့
English:
none
Grammar Note:
နာမ်
ထမ်း
[tʰáɴ]
Arakanese:
(တာဝန် ကိုယ်စီ) ဆောင်ရွက်ရေ။ ၂။ ဝန်ဝန်ကို ပက်ခုံးထက်၌ တင်ဆောင်ဗျာယ် သယ်ယူရေ။ ၃။ (အကောက်) ပေး ဆောင်ရေ။ ၄။ တစုံ တခုသော ဝန်ဝန်ကို ပက်ခုံးနန့် ပင့်ရွက်ရေ
Burmese:
(တာဝန် ကိုယ်စီ) ဆောင်ရွက်သည်။ ၂။ ဝန်ပစ္စည်းကို ပခုံးထက်၌ တင်ဆောင်လျက် သယ်ယူသည်။ ၃။ (အကောက်) ပေး ဆောင်သည်။ ၄။ တစ်စုံ တစ်ခုသော ဝန်ပစ္စည်းကို ပခုံးဖြင့် ပင့်ချီသည်
English:
serve
Grammar Note:
ကြိယာ
ထမ်း၂
[tʰáɴ၂]
Arakanese:
ကုန်သွယ်မှုနန့် ဖြစ်စီ၊ အလုပ်လုပ်မှုနန့် ဖြစ်စီ၊ လောင်ဘော်ပေါက်ပနာ ဖြစ်စီ ငွီကြီး အမြောက်အမြား ရလာခြင်း
Burmese:
ကုန်သွယ်မှုဖြင့် ဖြစ်စေ၊ အလုပ်လုပ်မှုဖြင့် ဖြစ်စေ၊ ထီပေါက်၍ ဖြစ်စေ ငွေကြေး အမြောက်အမြား ရလာခြင်း
English:
being rich
Grammar Note:
နာမ်
ထမ်းစင်
[tʰáɴsɪ̀ɴ]
Arakanese:
ထိုင်စရာ ပြုလုပ် ထားပြီးသား ထမ်းပိုး တဖက် တခုနန့် လူကို ထမ်းယူ သယ်ဆောင် ရရေ ဟိခေတ်သုံး လူထမ်းယာဉ် တမျိုး။ ၂။ အထည်နန့် ဖြစ်စီ၊ ပျိုင်ချပ်ပြားနန့် ဖြစ်စီ ထမ်းပိုး နှစ်ခု တပ်ပြီးကေ လူမမာ တင်ဗျာယ် သယ်ယူရရေ အရာ
Burmese:
ထိုင်စရာ ပြုလုပ် ထားပြီး ထမ်းပိုး တစ်ဖက် တစ်ခုဖြင့် လူကို ထမ်းယူ သယ်ဆောင် ရသော ရှေးခေတ်သုံး လူထမ်းယာဉ် တစ်မျိုး။ ၂။ အထည်ဖြင့် ဖြစ်စေ၊ ပျဉ်ချပ်ပြားဖြင့် ဖြစ်စေ ထမ်းပိုး နှစ်ခု တပ်၍ လူနာ တင်လျက် သယ်ယူရသော အရာ
English:
stretcher
Grammar Note:
နာမ်
ထမ်းဆောင်
[tʰáɴsʰàʊɴ]
Arakanese:
(အလုပ်ကိစ္စကို) လုပ်ကိုင်ရေ။ ၂။ (အကောက်အခွန်) ပီးရေ။ ၃။ ဝန်ဝန် တခုခုကို ပက်ခုံးထက်မာ တင်ပနာ သယ်ယူ သည်
Burmese:
(အလုပ်ကိစ္စကို) လုပ်ကိုင်သည်။ ၂။ (အကောက်အခွန်) ပေးသည်။ ၃။ ဝန်ပစ္စည်း တစ်ခုခုကို ပခုံးထက်တွင် တင်၍ သယ်ယူ သည်
English:
serve
Grammar Note:
ကြိယာ
ထမ်းပိုး
[tʰáɴpó]
Arakanese:
ပက်ခုံးနန့် ဝန်ဝန်ကို သယ်ယူရေ
Burmese:
ပခုံးဖြင့် ဝန်ပစ္စည်းကို သယ်ယူသည်
English:
carry on shoulder
Grammar Note:
ကြိယာ
ထမ်းပိုး၂
[tʰáɴpó၂]
Arakanese:
ထွန်ချရန် ကျွဲ၊ နွားရို့၏ ပက်ခုံးထက်မာ တင်ရရေ သစ်သားတုံး။ ၂။ ဝန်ဝန် ထမ်းဆောင်ရာမာ အသုံးပြုရရေ သစ်သား ချောင်း၊ ဝါးချောင်း
Burmese:
လယ်ထွန်ရန် ကျွဲ၊ နွားတို့၏ ပခုံးထက်တွင် တင်ရသည့် သစ်သားတုံး။ ၂။ ဝန်ပစ္စည်း ထမ်းဆောင်ရာ၌ အသုံးပြုရသော သစ်သား ချောင်း၊ ဝါးချောင်း
English:
yoke
Grammar Note:
နာမ်
ထမ်းပိုးကုံး
[tʰáɴpókóʊɴ]
Arakanese:
ထွန်ချရန် ကျွဲ၊ နွားရို့၏ ပက်ခုံးထက်မာ တင်ရရေ သစ်သားတုံး။ ၂။ ဝန်ဝန် ထမ်းဆောင်ရာမာ အသုံးပြုရရေ သစ်သားချောင်း၊ ဝါးချောင်း
Burmese:
လယ်ထွန်ရန် ကျွဲ၊ နွားတို့၏ ပခုံးထက်တွင် တင်ရသည့် သစ်သားတုံး။ ၂။ ဝန်ပစ္စည်း ထမ်းဆောင်ရာ၌ အသုံးပြုရသော သစ်သားချောင်း၊ ဝါးချောင်း
English:
none
Grammar Note:
နာမ်
ထမ်းပိုးကျဉ်း
[tʰáɴpót͡ɕɪ́ɴ]
Arakanese:
ကျွဲ၊ နွားရို့၏ လိုင်ဖင်းကို မရွေ့မလျားရယောင် ညှပ်ထားရန် ထမ်းပိုး ပေါက်၌ ထိုးပနာ စိုက်ထားရေ တုတ်ချောင်း
Burmese:
ကျွဲ၊ နွားတို့၏ လည်ပင်းကို မရွေ့မလျားရအောင် ညှပ်ထားရန် ထမ်းပိုး ပေါက်၌ ထိုး၍ စိုက်ထားသော တုတ်ချောင်း
English:
none
Grammar Note:
နာမ်