Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 181–200 of 542 words

    ဒ

    ဒိုးဒေါင်

    [dódèàɪ̀ɴ]
    ကကောင်းလျင် ဖြတ်လတ်စွာ
    လျင်မြန် ဖျတ်လတ်စွာ
    active
    ကြိယာဝိသေသန

    ဒိုးဒေါင်ဒုန်း

    [dódèàɪ̀ɴdóʊɴ]
    အယင့်အယင် မရပ်မနား ပြေးသွားဗျာယ်
    အလျင်အမြန် မရပ်မနား ပြေးသွားလျက်
    Non-stop run
    ကြိယာဝိသေသန

    ဒိုးဒေါင်ဒုန်း၂

    [dódèàɪ̀ɴdóʊɴ၂]
    မြည်သော အသံ တမျိုး
    မြည်သော အသံ တစ်မျိုး
    fizzle
    နာမ်

    ဒိုးပစ်

    [dópɪʔ]
    လက်နန့် လှည့်ပတ်ကာ စိုက်ထားရေ ခုံညင်းတန်းကို ပစ်လွှတ်လိုက်ရေ။ အသူ့မောင်သျှေ၊ ဒိုးထိုးရေ၊ ငါရို့မောင်သျှေ။ ဒိုးထိုးရေ၊ အောင်ရာအောင်စီ၊ မယှုံးစီကေ့ (တေး)။ လက်သန်းလက်လယ်၊ လက်သူကြွယ်ကေ။ လက်ညှိုးကေမကြွင်း၊ ဒိုးပစ်ခြင်း (ပတ်ခြင်း)
    လက်ဖြင့် လှည့်ပတ်ကာ စိုက်ထားသော ခုံညင်းတန်းကို ပစ်လွှတ်လိုက်သည်။ အသူ့မောင်သျှေ၊ ဒိုးထိုးရေ၊ ငါရို့မောင်သျှေ။ ဒိုးထိုးရေ၊ အောင်ရာအောင်စီ၊ မရှုံးစီကေ့ (တေး)။ လက်သန်းလက်လယ်၊ လက်သူကြွယ်ကေ။ လက်ညှိုးကေမကြွင်း၊ ဒိုးပစ်ခြင်း (ပတ်ခြင်း)
    none
    ကြိယာ

    ဒိုမ

    [dÒm]
    အရပ်တို၍ နိမ့်သော မမာ့အား ခေါ်သော စကားလုံး
    အရပ်တို၍ နိမ့်သော မိန်းမအား ခေါ်သော စကားလုံး
    dwarfish woman
    နာမ်

    ဒိုမ၂

    [dÒm၂]
    အရပ်တို၍ နိမ့်သော သူ
    အရပ်တို၍ နိမ့်သော သူ
    dwarfish man
    နာမ်

    ဒိုးယိုပေါက်

    [dójÒpaʊʔ]
    တဖက်မှ တဖက်သို့ ဖေါက်ထွင်း ပေါက်ရောက်ဗျာယ်။ တိုးလျိုး။ ထုတ်ချင်း ဟင်းလင်း ပေါက်သနန့်
    တစ်ဖက်မှ တစ်ဖက်သို့ ဖေါက်ထွင်း ပေါက်ရောက်လျက်။ တိုးလျိုး။ ထုတ်ချင်း ဟင်းလင်း ပေါက်သဖြင့်
    door
    ကြိယာဝိသေသန

    ဒိုးရစ်လက်စွပ်

    [dóɹɪʔlɛʔswaʔ]
    ရှီးခေတ် ရခိုင် ရိုးရာ လက်ဝတ် ရတနာ တမျိုး။ သင်္ကြန်ခါ၊ ခဗျာရို့ကို၊ ခတ်စောင်ထည့်မေ၊ ဒိုးရစ်လေ--- ဒိုးရစ်လေ (တေး)
    ရှေးခေတ် ရခိုင် ရိုးရာ လက်ဝတ် ရတနာ တစ်မျိုး။ သင်္ကြန်ခါ၊ ခဗျာရို့ကို၊ ခတ်စောင်ထည့်မေ၊ ဒိုးရစ်လေ--- ဒိုးရစ်လေ (တေး)
    ornament
    နာမ်

    ဒိုးလက်

    [dólɛʔ]
    ၁၊ ဒူးဆစ်၏ အပေါ် ဖက်မာ ခုံညင်း ပိုင် ဝိုင်းဝိုင်း ဟိရေ အရာ။ ၂၊ ခုံညင်းစိ
    ၁၊ ဒူးဆစ်၏ အပေါ် ဖက်တွင် ခုံညင်း ကဲ့သို့ ဝိုင်းဝိုင်း ရှိသော အရာ။ ၂၊ ခုံညင်းစေ့
    patella
    နာမ်

    ဒိုလောင်း

    [dÒláʊɴ]
    အဝတ်ကို ခြေသလုံး ပေါ်ယောင် ဝတ်ရေ။ ထပိန်ဒိုလောင်း- မဝတ်ကောင်း၊ ထပိန်ဒိုလောင်း- မြင်မကောင်း ဟု ဟိးရက္ခိုင် လူကြီးသူမများ ဆိုရိုး ပြုထား ကတ်တေ
    အဝတ်ကို ခြေသလုံး ပေါ်အောင် ဝတ်သည်။ ထပိန်ဒိုလောင်း- မဝတ်ကောင်း၊ ထပိန်ဒိုလောင်း- မြင်မကောင်း ဟု ရှေးရခိုင် လူကြီးသူမများ ဆိုရိုး ပြုထား ကြသည်
    none
    ကြိယာ

    ဒိုလောင်း၂

    [dÒláʊɴ၂]
    အဝတ်ကို ခြေသလုံး ပေါ်ယောင် ဝတ်သော သူ
    အဝတ်ကို ခြေသလုံး ပေါ်အောင် ဝတ်သော သူ
    none
    နာမ်

    ဒိုလောင်းမ

    [dÒláʊɴm]
    ၁၊ အရပ် ပိထိုင်သော မမာ့။ ၂၊ အရပ် ပိထိုင်သော မမာ့အား ခေါ်သော အမည်
    ၁၊ အရပ် ပုတိုသော မိန်းမ။ ၂၊ အရပ် ပုတိုသော မိန်းမအား ခေါ်သော အမည်
    dwarfish woman
    နာမ်

    ဒို့ဟပ်ခ

    [do̰haʔkʰ]
    ဒေကိုဟပ်ပါခ ဟု ဖိတ်ခေါ်သော စကားလုံး။ ဝမ်းခဲဝမ်းနာ၊ မထောင်းသာ၊ တခါလာလတ်၊ စကားချိုကို၊ ရယ်လို့ပြောမည်၊ ဒို့ဟပ်ခ (တေး)
    ဒီကိုလာခဲ့ပါ ဟု ဖိတ်ခေါ်သော စကားလုံး။ ဝမ်းခဲဝမ်းနာ၊ မထောင်းသာ၊ တခါလာလတ်၊ စကားချိုကို၊ ရယ်လို့ပြောမည်၊ ဒို့ဟပ်ခ (တေး)
    welcome
    နာမ်

    ဒိုးဟဲတိုက်

    [dóhɛtaɪʔ]
    မသက်ဆိုင် သူတိလာပြီးကေ မရှုပ်ကျပါနှင့်၊ ရှောင်ကတ်ပါ ရှားကတ်ပါ၊ ဖယ်ကတ်ပါ အစဟိစွာနန့် ကျွီး တားစီးသော အာမေဋိတ် စကား
    မသက်ဆိုင် သူတွေလာ၍ မရှုပ်ကျပါနှင့်၊ ရှောင်ကြပါ ရှားကြပါ၊ ဖယ်ကြပါ စသည်ဖြင့် အော်ဟစ် တားစီးသော အာမေဋိတ် စကား
    none
    ကြိယာ

    ဒီဃ

    [díɡʱ]
    နှစ်မတြာခွဲ ဟိရေ ကာလ
    နှစ်မတြာခွဲ ရှိသော ကာလ
    occasion
    နာမ်

    ဒီဃသရ

    [díɡʱθɹ]
    အာ၊ ဤ၊ ဦ၊ ဧ၊ ဩ
    အာ၊ ဤ၊ ဦ၊ ဧ၊ ဩ
    none
    နာမ်

    ဒီဇင်ဘာ

    [dízɪ̀ɴbʱà]
    အိန်းဂလိချ် တဆယ့်နှစ်လမာ နောက်ဆုံးလ ဖြစ်ရေ လ၏ အမည်
    အင်္ဂလိပ် တစ်ဆယ့်နှစ်လတွင် နောက်ဆုံးလ ဖြစ်သော လ၏ အမည်
    December
    နာမ်

    ဒီဒါရီ

    [dídàɹí]
    အချိန် ကာလ နှောင်းနှေးရေ။ အချိန် ကာလ ကြာညောင်း စီရေ။ ကြာအောင် အချိန်ကို ဆွဲထားရေ
    အချိန် ကာလ နှောင်းနှေးသည်။ အချိန် ကာလ ကြာညောင်း စေသည်။ ကြာအောင် အချိန်ကို ဆွဲထားသည်
    delay
    ကြိယာ

    ဒီရေဒီရေ

    [díɹèdíɹè]
    တစတစနန့် အချိန် ကာလကို ကုန်ဆုံး စီရေ။ ကာလ ကြာအောင် အချိန်ကို ဆွဲထားရေ။ ရှည်မြင့် စီရေ။ နှောင့်နှေး ဖင့်နွဲ့ စီရေ
    တစတစနှင့် အချိန် ကာလကို ကုန်ဆုံး စေသည်။ ကာလ ကြာအောင် အချိန်ကို ဆွဲထားသည်။ ရှည်မြင့် စေသည်။ နှောင့်နှေး ဖင့်နွဲ့ စေသည်
    delay
    ကြိယာ

    ဒု

    [doʊ]
    အထု၊ အမြင့် အစောက် ပမာဏ။ အထု အထည် ပမာဏ
    အထု၊ အမြင့် အစောက် ပမာဏ။ အထု အထည် ပမာဏ
    volume
    နာမ်