Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 221–240 of 542 words

    ဒ

    ဒုက္ခိတ

    [doʊkʰə́kʰaìt]
    အိုမင်း မစွမ်းဟိသူ။ ကိုယ်အင်္ဂါ ချိုရေသူ စရေ။၂။ ဝန် ဥစ္စာ မပြည့်မစုံ ဆင်းရဲ ပင်ပန်းသော ဒုက္ခသည်
    အိုမင်း မစွမ်းရှိသူ။ ကိုယ်အင်္ဂါ ချိုတဲ့သူ စသည်။၂။ ပစ္စည်း ဥစ္စာ မပြည့်မစုံ ဆင်းရဲ ပင်ပန်းသော ဒုက္ခသည်
    invalid
    နာမ်

    ဒုက်

    [doʊɛʔ]
    နှစ်ခုအပေါင်း
    နှစ်ခုအပေါင်း
    double
    နာမ်

    ဒုကျ

    [doʊt͡ɕ]
    မခြီမငံ ဆန့်ကျင်စွာ ပြောဆိုလေ့ ဟိရေ။ ဖီဆန် ပြောဆိုရေ
    မခြေမငံ ဆန့်ကျင်စွာ ပြောဆိုလေ့ ရှိသည်။ ဖီဆန် ပြောဆိုသည်
    impugn
    ကြိယာ

    ဒုံကျာ

    [dòʊɴt͡ɕà]
    မားနေ ကလန့် အလတ်စား တမျိုး
    တွင်းနေ ဂဏန်းကောင် အလတ်စား တစ်မျိုး
    crab
    နာမ်

    ဒုကြည့်ကြည့်

    [doʊt͡ɕɛ̰t͡ɕɛ̰]
    မကျီနပ်၍ စော်ကားရန် ထောင်လိုရေ အမူအရာနန့် ကြည့်ရေ
    မကျေနပ်၍ စော်ကားရန် ထောင်လိုသော အမူအရာနှင့် ကြည့်သည်
    see
    ကြိယာ

    ဒုံးကြမ်း

    [dóʊɴt͡ɕáɴ]
    ဒရူးဗရူး ကပြရရေ အက တမျိုး
    အကြမ်းပတမ်း ကပြရသော အက တစ်မျိုး
    dance
    နာမ်

    ဒုခံ

    [doʊkʰံ]
    မခြီမငံ ဆန့်ကျင်စွာ ပြောဆိုလေ့ ဟိရေ။ ဖီဆန် ပြောဆိုရေ
    မခြေမငံ ဆန့်ကျင်စွာ ပြောဆိုလေ့ ရှိသည်။ ဖီဆန် ပြောဆိုသည်
    impugn
    ကြိယာ

    ဒုံးခြင်း

    [dóʊɴkʰɹɪ́ɴ]
    သံချပ်ပိုင် သီဆို ရရေ တေးခြင်း တမျိုး။ ၂။ ဘုန်းကြီးပျံ ဒုံးပွဲမာ ဘုန်းကြီး အလောင်းကို ယမ်း မီးကျည်တိနန့် မီးတိုက် ပစ်လွှတ် ရာမာ သီဆိုရရေ တေးခြင်း
    သံချပ်ကဲ့သို့ သီဆို ရသော သီချင်း တစ်မျိုး။ ၂။ ဘုန်းကြီးပျံ ဒုံးပွဲတွင် ဘုန်းကြီး အလောင်းကို ယမ်း မီးကျည်များဖြင့် မီးရှို့ ပစ်လွှတ် ရာတွင် သီဆိုရသော သီချင်း
    song
    နာမ်

    ဒုဂ္ဂတိ

    [doʊɡə́ɡətì]
    မသူတော်ရို့၏ လားရာ ဂတိဖြစ်ရေ အပါယ်လေးဘုံ
    မသူတော်တို့၏ လားရာ ဂတိဖြစ်သော အပါယ်လေးဘုံ
    the four nether worlds
    နာမ်

    ဒုစရိုက်

    [doʊsɹaɪʔ]
    ကိုယ်ဖြင့် ပြုလုပ်ရေ မကောင်းရေ အကျင့်
    ကိုယ်ဖြင့် ပြုလုပ်သော မကောင်းသော အကျင့်
    crime
    နာမ်

    ဒုံစောက်

    [dòʊɴsɔ́ɛʔ]
    အစောက် နက်ရေ မြစ်ကမ်းထောင်း အရပ်။ ၂။ အစောက် နက်ရေ ရီအိုင်
    အစောက် နက်သော မြစ်ကမ်းပါး အရပ်။ ၂။ အစောက် နက်သော ရေအိုင်
    pond
    နာမ်

    ဒုဇန

    [doʊzn]
    အမျိုး ယုတ်သော သူ
    အမျိုး ယုတ်သော သူ
    evildoer
    နာမ်

    ဒုံဇာ

    [dòʊɴzà]
    မားနေ ကလန့် အလတ်စား တမျိုး
    တွင်းနေ ဂဏန်းကောင် အလတ်စား တစ်မျိုး
    crab
    နာမ်

    ဒုတက်

    [doʊtɛʔ]
    (အကြိမ် ကြိမ် အထက်ဆင့် သနန့်) အထု ထူလာရေ။ ထုတက်ရေ။ အစုအပုံ ဖြစ်တေ
    (အကြိမ် ကြိမ် ထပ်ဆင့် သဖြင့်) အထု ထူလာသည်။ ထုတက်သည်။ အစုအပုံ ဖြစ်သည်
    bank up
    ကြိယာ

    ဒုတိယ

    [doʊtìj]
    နှစ်ခုမြောက် ဖြစ်ရေ
    နှစ်ခုမြောက် ဖြစ်သော
    second
    နာမဝိသေသန

    ဒုံးတိုက်

    [dóʊɴtaɪʔ]
    ဘုန်းကြီး အလောင်းကောင်ကို လောင်တိုက်ထက်ရို့ တင်ပနာ ဒုံးဟု ခေါ်သော ယမ်း မီးကျည်းနန့် ပစ်လွှတ် သင်္ဂြိုဟ်သည်
    ဘုန်းကြီး အလောင်းကောင်ကို လောင်တိုက်ပေါ်သို့ တင်၍ ဒုံးဟု ခေါ်သော ယမ်း မီးကျည်းဖြင့် ပစ်လွှတ် သင်္ဂြိုဟ်သည်
    none
    ကြိယာ

    ဒုတ္တာ

    [doʊt̪t̪a̰à]
    အစိမ်းမာ အပြာရောင် ရောဟိပြီးး ဆီးဖော်စပ်ရာ၊ အဂ္ဂရိတ် ထိုးရာ အစဟိစွာရို့မာ အသုံးပြုရရေ ဝန် တမျိုး
    အစိမ်းတွင် အပြာရောင် ရောရှိပြီး ဆေးဖော်စပ်ရာ၊ အဂ္ဂရိတ် ထိုးရာ စသည်တို့တွင် အသုံးပြုရသည့် ပစ္စည်း တစ်မျိုး
    none
    နာမ်

    ဒုတ်ကေဒုတ်ကေ

    [doʊʔkèdoʊʔkè]
    စိကေချေ။ နည်းသော အရွီအတွက် ပမာဏ။ မများခြင်း။ စိုးစဉ်း
    အနည်းငယ်။ နည်းသော အရေအတွက် ပမာဏ။ မများခြင်း။ စိုးစဉ်း
    few
    နာမ်

    ဒုတ်ထိုးဖာထမ်း

    [doʊʔtʰópʰàtʰáɴ]
    တခုခုကို စွဲစိုက် တည်တံ့၍ မလုပ်ကိုင်ပဲ။ ရောယောင်ဗျာယ်။ ၃။ ယောင်တိယောင်တောင်။ ၄။ ခြီမဦးတည့်ရာ လားလာ လှည့်လည်ဗျာယ်
    တစ်စုံ တစ်ရာကို စွဲစိုက် တည်တံ့၍ မလုပ်ကိုင်ပဲ။ ရောယောင်လျက်။ ၃။ ယောင်လည်လည်။ ၄။ ခြေမဦးတည့်ရာ သွားလာ လှည့်လည်လျက်
    Work-sky
    ကြိယာဝိသေသန

    ဒုတ်ထိုးဖာထမ်း၂

    [doʊʔtʰópʰàtʰáɴ၂]
    (ဥပစာ) အလုပ်အကိုင် မေမေရရ မဟိသူ။ ၂။ စိတ်နီာက် ကိုယ်ပါ၊ ရပ်တည်ရာ မဟိ လှည့်လည် လားလာနီသူ
    (ဥပစာ) အလုပ်အကိုင် မည်မည်ရရ မရှိသူ။ ၂။ စိတ်နောက် ကိုယ်ပါ၊ ရပ်တည်ရာ မရှိ လှည့်လည် သွားလာနေသူ
    yobbo
    နာမ်