Dictionary Entries
Showing 301–320 of 542 words
ဒ
ဒူး၂
[dùး၂]
Arakanese:
မလိုလား မကြိုက်၍ အထဲက အပြင်သို့ ထွက်စီရေ။ မောင်းထုတ်ရေ။ (ဒူးဟု ဆို၍ နှင်ထုတ်သည်)
Burmese:
မလိုလား မနှစ်သက်၍ အတွင်းမှ အပြင်သို့ ထွက်စေသည်။ မောင်းထုတ်သည်။ (ဒူးဟု ဆို၍ နှင်ထုတ်သည်)
English:
drive off
Grammar Note:
ကြိယာ
ဒူးခတ်ပေါင်ခတ်
[dùးkʰaʔpèàɪ̀ɴkʰaʔ]
Arakanese:
အားအင် ချိနန့်၍ ကိုယ်ကို မထိန်းနိုင်ပဲ ယိမ်းယိုင် ထိုးဗျာယ်။ လှုပ်နန့်ဗျာယ်
Burmese:
အားအင် ချိနဲ့၍ ကိုယ်ကို မထိန်းနိုင်ပဲ ယိမ်းယိုင် ထိုးလျက်။ လှုပ်နဲ့လျက်
English:
totter
Grammar Note:
ကြိယာဝိသေသန
ဒူးခေါင်း
[dùးkʰèàɪ́ɴ]
Arakanese:
ဒူးဆစ် အထက်ဖက်။ ပုဆစ်
Burmese:
ဒူးဆစ် အထက်ဖက်။ ပုဆစ်
English:
knee
Grammar Note:
နာမ်
ဒူးချွတ်
[dùးɕwaʔ]
Arakanese:
ဒူးဆစ် လွဲချော် လားရေ
Burmese:
ဒူးဆစ် လွဲချော် သွားသည်
English:
break knee joint
Grammar Note:
ကြိယာ
ဒူးဆစ်
[dùးsʰɪʔ]
Arakanese:
ဒူးခေါင်း။ ဒူးဝန်း။ ပုဆစ်
Burmese:
ဒူးခေါင်း။ ဒူးဝန်း။ ပုဆစ်
English:
knee
Grammar Note:
နာမ်
ဒူးဆစ်သီ
[dùးsʰɪʔθí]
Arakanese:
(ခြီထောက်မာ) ဒူးဆစ်မာ အားအင် ကုန်ခန်း၍ မလားနှိုင် မလာနိုင် ဖြစ်တေ
Burmese:
(ခြေထောက်တွင်) ဒူးဆစ်တွင် အားအင် ကုန်ခန်း၍ မသွားနိုင် မလာနိုင် ဖြစ်သည်
English:
none
Grammar Note:
ကြိယာ
ဒူးတိုက်
[dùးtaɪʔ]
Arakanese:
(ဥပစာ) အယှုံးပီး လက်မြောက်ရေ။ အောက်ညံ့ ခံသည်
Burmese:
(ဥပစာ) အရှုံးပေး လက်မြောက်သည်။ အောက်ညံ့ ခံသည်
English:
give in
Grammar Note:
ကြိယာ
ဒူးတိုက်ဆွေးနွေး
[dùးtaɪʔsʰwénwé]
Arakanese:
ပွင့်ပွင့် လင်းလင်း ရင်းရင်း နှီးနှီး စည်းဝေး ညှိနှိုင်း လက်သပ်သည်
Burmese:
ပွင့်ပွင့် လင်းလင်း ရင်းရင်း နှီးနှီး စည်းဝေး ညှိနှိုင်း တိုင်ပင်သည်
English:
confer
Grammar Note:
ကြိယာ
ဒူးတုန်
[dùးtòʊɴ]
Arakanese:
အလွန် ထိတ်လန် တုန်လှုပ်သည်
Burmese:
အလွန် ထိတ်လန် တုန်လှုပ်သည်
English:
a bundle of nerves
Grammar Note:
ကြိယာ
ဒူးတုပ်
[dùးtoʊʔ]
Arakanese:
ဒူးဆစ်ကို ခွေ၍ ထိုင်ရေ။ ပုဆစ် တုပ်ရေ။ ၂။ (ဥပစာ) အယှုံး ပီးရေ
Burmese:
ဒူးဆစ်ကို ခွေ၍ ထိုင်သည်။ ပုဆစ် တုပ်သည်။ ၂။ (ဥပစာ) အရှုံး ပေးသည်
English:
kneel
Grammar Note:
ကြိယာ
ဒူထိုးတမ်း
[dùtʰótáɴ]
Arakanese:
နှစ်ဖက် နှစ်သင်း ခွဲရား အလျင်ထိုးသူ နှုတ်က ဒူဒူဆိုပနာ ရက်ပြတ် ဆိုကာ တဖက်လူကို လိုက်ပြီးကေ ပုတ်ရရေ ဒူးထိုးတမ်း ကစပ် နည်း တမျိုး
Burmese:
နှစ်ဖက် နှစ်သင်း ခွဲပြီး အလျင်ထိုးသူ နှုတ်က ဒူဒူဟူ၍ အဆက်မပြတ် ဆိုကာ တစ်ဖက်လူကို လိုက်၍ ပုတ်ရသော ဒူးထိုးတမ်း ကစား နည်း တစ်မျိုး
English:
none
Grammar Note:
နာမ်
ဒူးထောက်
[dùးtʰɔ́ɛʔ]
Arakanese:
ဒူးကို ကြမ်းပြင်၊ မြီပြင် အစဟိစွာမာ ထောက်ထားရေ။ ၂။ (ဥပစာ) အယှုံး ပီးရေ
Burmese:
ဒူးကို ကြမ်းပြင်၊ မြေပြင် စသည်တွင် ထောက်ထားသည်။ ၂။ (ဥပစာ) အရှုံး ပေးသည်
English:
kneel
Grammar Note:
ကြိယာ
ဒူးထောင်ပေါင်ကား
[dùးtʰàʊɴpèàɪ̀ɴká]
Arakanese:
(အရဲအထိုင်) မကျစ်မလစ်။ ကိုးရိုး ကားရား
Burmese:
(အနေအထိုင်) မကျစ်မလစ်။ ကိုးရိုး ကားရား
English:
bizarre
Grammar Note:
ကြိယာ
ဒူးထောင်ပေါင်ပေါ်
[dùးtʰàʊɴpèàɪ̀ɴpɔ̀]
Arakanese:
(အရဲအထိုင်) မကျစ်မလစ်။ ကိုးရိုး ကားရား
Burmese:
(အနေအထိုင်) မကျစ်မလစ်။ ကိုးရိုး ကားရား
English:
bizarre
Grammar Note:
ကြိယာဝိသေသန
ဒူးထောင်ပေါင်ပြ
[dùးtʰàʊɴpèàɪ̀ɴpɹ]
Arakanese:
(အရဲအထိုင်) မကျစ်မလစ်။ ကိုးရိုးကားရား
Burmese:
(အနေအထိုင်) မကျစ်မလစ်။ ကိုးရိုးကားရား
English:
bizarre
Grammar Note:
ကြိယာဝိသေသန
ဒူးဒူး
[dùးdùး]
Arakanese:
မလိုလား မကြိုက်၍ အထဲက အပြင်သို့ ထွက်စီရေ။ မောင်းထုတ်ရေ။ (ဒူးဟု ဆို၍ နှင်ထုတ်သည်)
Burmese:
မလိုလား မနှစ်သက်၍ အတွင်းမှ အပြင်သို့ ထွက်စေသည်။ မောင်းထုတ်သည်။ (ဒူးဟု ဆို၍ နှင်ထုတ်သည်)
English:
drive off
Grammar Note:
ကြိယာ
ဒူနာ
[dùnà]
Arakanese:
ပွဲ့ဗျာယ်၊ ရီနံဟို့နန့် ရောနှော ထားရေ လောင်းထေးရရေ ဝန်
Burmese:
ပွဲ့လျက်၊ ရေနံဟို့နှင့် ရောနှော ထားသော လှေထေးရသည့် ပစ္စည်း
English:
none
Grammar Note:
နာမ်
ဒူးပေါက်ဆောက်
[dùးpaʊʔsʰɔ́ɛʔ]
Arakanese:
အဂေါင်းကို အောက်ကို စောက်ထိုး ထားပြီးသား တင်သားကို အထက်ကို မြှင့်တင် ထားဗျာယ်
Burmese:
ဦးခေါင်းကို အောက်သို့ စောက်ထိုး ထားပြီး တင်ပါးကို အပေါ်သို့ မြှင့်တင် ထားလျက်
English:
none
Grammar Note:
ကြိယာဝိသေသန
ဒူးပေါက်ဆောက်၂
[dùးpaʊʔsʰɔ́ɛʔ၂]
Arakanese:
(ဥပစာ) ခြေ ဖဝါး အောက်မာ ကျိုးနွံ ခံလာရရေ
Burmese:
(ဥပစာ) ခြေ ဖဝါး အောက်တွင် ကျိုးနွံ ခံလာရသည်
English:
kneel
Grammar Note:
ကြိယာ
ဒူးယား
[dùးjá]
Arakanese:
ခတောင်း။ ဒယော
Burmese:
ပုဆိုး။ လုံချည်
English:
sarong
Grammar Note:
နာမ်