Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 341–360 of 542 words

    ဒ

    ဒေပိုင်

    [dèpàɪɴ]
    ရှေးရှ ဦးတည်အပ်ရေ ပုဂ္ဂိုလ်၊ ဝတ္တု၊ အရာ၊ ရို့ကို ပြသော စကားလုံး။ ဧချင့်ပိုင်
    ရှေးရှ ဦးတည်အပ်သော ပုဂ္ဂိုလ်၊ ဝတ္တု၊ အရာ၊ တို့ကို ပြသော စကားလုံး။ ဤကဲ့သို့
    likewise
    ဝိသေသန

    ဒေပိုင်စွာ

    [dèpàɪɴswà]
    ရှေးရှ ဦးတည်အပ်ရေ အရာဝတ္တု (ဒေပိုင်စွာ - ဒေပိုင်နန့် ဥစ္စာ) အစဟိစွာရို့ကို ညွန်ပြရေ စကားလုံး
    ရှေးရှ ဦးတည်အပ်သော အရာဝတ္တု (ဒေပိုင်စွာ - ဤကဲ့သို့သော ဥစ္စာ) စသည်တို့ကို ညွန်ပြသော စကားလုံး
    likewise
    နာမ်

    ဒေယောင်ယောင်ထွေယောင်ယောင်

    [dèjàʊɴjàʊɴtʰwèjàʊɴjàʊɴ]
    ဇာပိုင် လုပ်ကိုင် ဆောင်ရွက် ရဖို့ကို ဝီခွဲမရ ဖြစ်ဗျာယ်။ ၂။ တခုခုကို စွဲစိုက် တည်တံ့စွာ မလုပ်ကိုင်ပဲ။ အတည်မကျပဲ။ ရောယောင်ဗျာယ်။ ၃။ ဟိုယောင်ယောင် သည်ယောင်ယောင်
    မည်သို့ လုပ်ကိုင် ဆောင်ရွက် ရမည်ကို ဝေခွဲမရ ဖြစ်လျက်။ ၂။ တစ်စုံ တစ်ရာကို စွဲစိုက် တည်တံ့စွာ မလုပ်ကိုင်ပဲ။ အတည်မကျပဲ။ ရောယောင်လျက်။ ၃။ ဟိုယောင်ယောင် သည်ယောင်ယောင်
    muck around
    ကြိယာဝိသေသန

    ဒေရက်

    [dèɹɛʔ]
    ဧနိ။ ဒေနိ။ ဒေကနိ
    ဒီကနေ့။ ယနေ့။ ယခုနေ့
    today
    နာမ်

    ဒေဝဓမ္မ

    [dèwdʱm̪a̰m̪a̰]
    ဟိရိဩတ္တပ္ပ ရှက်ခြင်း၊ ထိတ်လန့်ခြင်း ဆိုရေ တရား နှစ်ပါး
    ဟိရိဩတ္တပ္ပ ရှက်ခြင်း၊ ထိတ်လန့်ခြင်း ဟူသော တရား နှစ်ပါး
    none
    နာမ်

    ဒေဝန်ကြီး

    [dèwàɴt͡ɕï]
    စစ်ဖက်ဆိုင်ရာ ကာကွယ်ရီး ဝန်ကြီး
    စစ်ဖက်ဆိုင်ရာ ကာကွယ်ရေး ဝန်ကြီး
    minister
    နာမ်

    ဒေဝန်နပါတ်

    [dèwàɴnpàaʔ]
    ဘဏ္ဍာရီး ဝန်ကြီး
    ဘဏ္ဍာရေး ဝန်ကြီး
    treasurer
    နာမ်

    ဒေဝီ

    [dèwí]
    မိဖုရား
    မိဖုရား
    queen consort
    နာမ်

    ဒေဝီ၂

    [dèwí၂]
    ရခိုင် ဒယော အမျိုး အမည်တခု။ ၂။ ပန်းတမျိုး
    ရခိုင် လုံချည် အမျိုး အမည်တစ်ခု။ ၂။ ပန်းတစ်မျိုး
    flower
    နာမ်

    ဒေဝါဒေ

    [dèwàdè]
    အကြောင်းရာ တခုခုကို သူ့စွာ မမှန်၊ ငါ့စွာ မှန်ဟု စကားနိုင် လု၍ ပြောကြ ရာမာ မှန်ကန်သော သူက ဒေဝါဒေ (ငါပြောရေဝါ၊ ငါ့စကား မမှန်လား) ဟု ကိုယ့် စကားကို ကိုယ့် ဟုတ်မှန်ကြောင်း ထောက်ခံ၍ ပြောသော စကား
    တစ်စုံ တစ်ခုသော အကြောင်း အရာကို သူ့ဟာ မမှန်၊ ငါ့ဟာ မှန်ဟု စကားနိုင် လု၍ ပြောကြ ရာတွင် မှန်ကန်သော သူက ဒေဝါဒေ (ငါပြောရေဝါ၊ ငါ့စကား မမှန်လား) ဟု မိမိ စကားကို မိမိ ဟုတ်မှန်ကြောင်း ထောက်ခံ၍ ပြောသော စကား
    none
    နာမ်

    ဒေဝါလီကျ

    [dèwàlít͡ɕ]
    ဆင်းရဲ မွဲတေရေ။ ၂။ ငမွီးအဖြစ် သတ်မှတ် ခံရရေ
    ဆင်းရဲ မွဲတေသည်။ ၂။ လူမွဲအဖြစ် သတ်မှတ် ခံရသည်
    indigent
    ကြိယာ

    ဒေသ

    [dèθ]
    အရပ်၊ နီရာ(ပါ)
    အရပ်၊ နေရာ(ပါ)
    district
    နာမ်

    ဒေသခံ

    [dèθkʰံ]
    မူလကပင် ဆိုင်ရာ အရပ်မာ နီထိုင် လာသူ
    မူလကပင် ဆိုင်ရာ အရပ်တွင် နေထိုင် လာသူ
    resident
    နာမ်

    ဒေသစိတ်

    [dèθseɪʔ]
    နယ်မြီ ဒေသ တခု၏ အစိတ်အပိုင်း
    နယ်မြေ ဒေသ တစ်ခု၏ အစိတ်အပိုင်း
    apart
    နာမ်

    ဒေသစွဲ

    [dèθswɛ]
    ကိုယ့် နီရပ် ဒေသကို စွဲလမ်းခြင်း
    မိမိ၏ နေရပ် ဒေသကို စွဲလမ်းခြင်း
    fixity
    နာမ်

    ဒေသနာ

    [dèθnà]
    မြတ်စွာ ဘုရား ဟောကြား တော်မူသော တရားတော်။ ၂။ သုတ္တန် ဒေသနာ။ ဝိနည်း ဒေသနာ။ ၃။ အဘိဓမ္မာ ဒေသနာဟု သုံးမျိုး ပြားသည်
    မြတ်စွာ ဘုရား ဟောကြား တော်မူသော တရားတော်။ ၂။ သုတ္တန် ဒေသနာ။ ဝိနည်း ဒေသနာ။ ၃။ အဘိဓမ္မာ ဒေသနာဟု သုံးမျိုး ပြားသည်
    none
    နာမ်

    ဒေသန္တရ

    [dèθn̪a̰n̪t̪a̰ɹ]
    တပါးသော အရပ်။ အရပ် တပါး
    တစ်ပါးသော အရပ်။ အရပ် တစ်ပါး
    district
    နာမ်

    ဒေသန္တရဗဟုသုတ

    [dèθn̪a̰n̪t̪a̰ɹbhoʊθoʊt]
    အရပ်ရပ် ဒေသနန့် ဆိုင်ရေ အကြားအမြင်။ အသိပညာ
    အရပ်ရပ် ဒေသနှင့် ဆိုင်သော အကြားအမြင်။ အသိပညာ
    knowledge
    နာမ်

    ဒေသန္တရဝေါဟာရ

    [dèθn̪a̰n̪t̪a̰ɹwèàhàɹ]
    န-ဒေသန္တရ ဝေါဟာရ- ရှု
    န-ဒေသန္တရ ဝေါဟာရ- ရှု
    district
    နာမ်

    ဒေသန္တရအုပ်ချုပ်ရေး

    [dèθn̪a̰n̪t̪a̰ɹʔoʊʔɕoʊʔɹé]
    တခုခုသော အရပ် ဒေသနှင့်သာ သက်ဆိုင်ရေ အုပ်ချုပ်ရီး
    တစ်ခုခုသော အရပ် ဒေသနှင့်သာ သက်ဆိုင်သော အုပ်ချုပ်ရေး
    the civil service
    နာမ်