Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 21–40 of 542 words

    ဒ

    ဒင့်ကျိုး

    [dɪ̰ɴt͡ɕó]
    လယ်ကိုင်း၊ လမ်းဖီး အစဟိစွာရို့မာ ပေါက်လေ့ဟိရေ ပန်း အဝါရောင် ပွင့်သော ခြုံပင်ငယ် တမျိုး။ ဒန့်ကျွဲပင်
    လယ်ကိုင်း၊ လမ်းဘေး စသည်တို့တွင် ပေါက်လေ့ရှိသည့် ပန်း အဝါရောင် ပွင့်သော ချုံပင်ငယ် တစ်မျိုး။ ဒန့်ကျွဲပင်
    none
    နာမ်

    ဒင်းတရင်းဒင်း

    [dɪ́ɴtɹɪ́ɴdɪ́ɴ]
    သားရေ ကြက်သော စည်ကို တီးခတ်သော အသံ
    သားရေ ကြက်သော စည်ကို တီးခတ်သော အသံ
    fizzle
    နာမ်

    ဒင်းတုတ်

    [dɪ́ɴtoʊʔ]
    ဖွံ့ဖြိုးသော ကိုယ်ခန္ဓာ ဟိရေ သူ။ ခွန်အား ဗလကြီးရေ သူ
    ဖွံ့ဖြိုးသော ကိုယ်ခန္ဓာ ရှိသော သူ။ ခွန်အား ဗလကြီးသော သူ
    strong man
    နာမ်

    ဒင်းတုတ်ကြီး

    [dɪ́ɴtoʊʔt͡ɕï]
    ဖွံ့ဖြိုးရေ ကိုယ်ခန္ဓာထက် ပိုပြီးကေ ပြည့်ဝန်းသော
    ဖွံ့ဖြိုးသည့် ကိုယ်ခန္ဓာထက် ပိုမို ပြည့်ဝန်းသော
    fat
    နာမဝိသေသန

    ဒင့်ဒလဲခုန်တမ်း

    [dɪ̰ɴdlɛkʰòʊɴtáɴ]
    ရခိုင် ကစပ် ခုန်စားနည်း တမျိုး
    ရခိုင် ကစား ခုန်စားနည်း တစ်မျိုး
    none
    နာမ်

    ဒင့်ပြောင်

    [dɪ̰ɴpɹàʊɴ]
    အသက် အရွယ် မကြီးလွန်း၊ မငယ်လွန်း၊ အလယ်အလတ် ဖြစ်ရေ
    အသက် အရွယ် မကြီးလွန်း၊ မငယ်လွန်း၊ အလယ်အလတ် ဖြစ်သော
    middle
    နာမဝိသေသန

    ဒင့်ပြောင်၂

    [dɪ̰ɴpɹàʊɴ၂]
    လပျို လူရွယ် ရောက်သော သူ။ လူလား မြောက်သော သူ
    လူပျို လူရွယ် ရောက်သော သူ။ လူလား မြောက်သော သူ
    juvenile
    နာမ်

    ဒင့်ပြောင်ကြီး

    [dɪ̰ɴpɹàʊɴt͡ɕï]
    အိမ်ထောင် ပြုခြင်း မဟိသိမ့်ရေ ယောက်ျား။ လပျိုကြီး
    အိမ်ထောင် ပြုခြင်း မရှိသေးသော ယောက်ျား။ လူပျိုကြီး
    spinster
    နာမ်

    ဒင့်ပြောင်သျှေ

    [dɪ̰ɴpɹàʊɴʃè]
    အရွယ် ရောက်ဖို့လောင်းာက်ခါကလွေသျှေ
    အရွယ် ရောက်ခါနီး ယောက်ျားလေး
    teenager
    နာမ်

    ဒင်မရာ

    [dɪ̀ɴmɹà]
    နွားပျိုပေါက်လေး
    နွားပျိုပေါက်လေး
    ox
    နာမ်

    ဒင်သန်

    [dɪ̀ɴθàɴ]
    ခွန်အား ဗလ ကောင်းသူ။ ကြီးမြင့် ဝဖြိုး သူ
    ခွန်အား ဗလ ကောင်းသူ။ ကြီးမြင့် ဝဖြိုး သူ
    strong man
    နာမ်

    ဒင်သန်ကြီး

    [dɪ̀ɴθàɴt͡ɕï]
    ခွန်အား ဗလ ကောင်းသူ။ တောင့်တင်း သန်မာသူ။ ကြီးမြင့် ဝဖြိုးသူ
    ခွန်အား ဗလ ကောင်းသူ။ တောင့်တင်း သန်မာသူ။ ကြီးမြင့် ဝဖြိုးသူ
    strong man
    နာမ်

    ဒင်သန်ကြီး၂

    [dɪ̀ɴθàɴt͡ɕï၂]
    ခွန်အား ဗလကောင်းရေ။ တောင့်တင်း သန်မာသော။ ထွားကျိုင်းသော။ ကြီးမားဝဖြိုးသော
    ခွန်အား ဗလကောင်းသော။ တောင့်တင်း သန်မာသော။ ထွားကျိုင်းသော။ ကြီးမားဝဖြိုးသော
    strong
    နာမဝိသေသန

    ဒဇွယ်

    [dzwɛ̀]
    ဒ-အက္ခရာ၏ အမည်
    ဒ-အက္ခရာ၏ အမည်
    pronunciation of th of Arakanese consonant
    နာမ်

    ဒဏ်

    [dn်]
    ကျရောက်သော ဖီးအန္တရာယ်။ ၂။ ကျူးလွန် မိအတွက်နန့် စည်းကမ်းအရ ပီးရေ အပြစ်ကို ခံယူရခြင်း။ (ကြိုးဒဏ်၊ ဆတ်ကျာသတ်၊ ထောင်ဒဏ်၊ ငွီဒဏ်၊ သီဒဏ်အစဟိစွာ)။ (အပူဒဏ်၊ အအီးဒဏ်၊ အလုပ်ဒဏ် စစွာလေ့ ဟိရေ။
    ကျရောက်သော ဘေးအန္တရာယ်။ ၂။ ကျူးလွန် မိသောကြောင့် စည်းကမ်းအရ ပေးသော အပြစ်ကို ခံယူရခြင်း။ (ကြိုးဒဏ်၊ ကြိမ်ဒဏ်၊ ထောင်ဒဏ်၊ ငွေဒဏ်၊ သေဒဏ်စသည်)။ (အပူဒဏ်၊ အအေးဒဏ်၊ အလုပ်ဒဏ် စသည်လည်း ရှိသည်။
    punishment
    နာမ်

    ဒဏ်ကြီး

    [dn်t͡ɕï]
    ခုတ်ရာ ထစ်ရာ တိစွာ။ ၂။ ရောဂါ သည်းသည်
    ခုတ်ရာ ထစ်ရာ များသည်။ ၂။ ရောဂါ သည်းသည်
    wounds
    ကြိယာ

    ဒဏ်ကြီးဝင်

    [dn်t͡ɕïwɪ̀ɴ]
    အလွန် ဖိစီး နှိပ်စက်သော ရောဂါ ကျရောက်ရေ။၂။ ပူပင် သောက ရောက်ရေ
    အလွန် ဖိစီး နှိပ်စက်သော ရောဂါ ကျရောက်သည်။၂။ ပူပင် သောက ရောက်သည်
    worry
    ကြိယာ

    ဒဏ်ကြေ

    [dn်t͡ɕè]
    ရဟိရေ ထိခိုက် ဒဏ်ရာရို့ ပျောက်ကင်းသည်
    ရရှိသော ထိခိုက် ဒဏ်ရာတို့ ပျောက်ကင်းသည်
    relief
    ကြိယာ

    ဒဏ်ခံ

    [dn်kʰံ]
    အပြစ် တခုတရီ ကျူးလွန်မိယင့်အတွက် အကြီးအကဲရို့က ဥပဒေအရ ပီးရေ ဒဏ်ကို ခံယူရရေ
    အပြစ် တစ်စုံတစ်ရာ ကျူးလွန်မိသည့်အတွက် အကြီးအကဲတို့က ဥပဒေအရ ပေးသော ဒဏ်ကို ခံယူရသည်
    take one’s medicine
    ကြိယာ

    ဒဏ်ခတ်

    [dn်kʰaʔ]
    ဒဏ် ပီးရေ။ အပြစ် ပီးရေ
    ဒဏ် ပေးသည်။ အပြစ် ပေးသည်
    punish
    ကြိယာ