Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 401–420 of 542 words

    ဒ

    ဒေါင်ဒေါင်မြည်

    [dèàɪ̀ɴdèàɪ̀ɴmɹɛ]
    ကောင်းရေ။ အဆင့်အတန်း မှီသည်
    ကောင်းသည်။ အဆင့်အတန်း မှီသည်
    standard
    ကြိယာ

    ဒေါင်ဒေါင်မြည်၂

    [dèàɪ̀ɴdèàɪ̀ɴmɹɛ၂]
    ပြင်းစွာ စူးရှသော အသံ ဟိရေ
    ပြင်းစွာ စူးရှသော အသံ ရှိသော
    penetrating
    နာမဝိသေသန

    ဒေါင်ဒေါင်မြည်၃

    [dèàɪ̀ɴdèàɪ̀ɴmɹɛ၃]
    ပြင်းစွာ စူးရှသော အသံ
    ပြင်းစွာ စူးရှသော အသံ
    penetrating
    နာမ်

    ဒေါင်းပြန်သတ်

    [dèàɪ́ɴpɹàɴθaʔ]
    ကစဉ်ကရဲ။ ကရားကထား။ အစီအစိုင် မကျ ပြန့်ကြဲဗျာယ်
    ကစဉ်ကရဲ။ ဖရိုဖရဲ။ အစီအစဉ် မကျ ပြန့်ကျဲလျက်
    scattered
    ကြိယာဝိသေသန

    ဒေါင်းပြောက်

    [dèàɪ́ɴpɹɔ́ɛʔ]
    ဒေချောင်း ကမ်းစ များမာ ဟိုခုန် သည်ခုန် ခုန်လွှား ကျက်စား နီတတ်ရေ ငါးငယ် တမျိုး။ ငါးဖျံ။ ငါးတောင်မွှီး
    ဒီချောင်း ကမ်းစပ် များတွင် ဟိုခုန် သည်ခုန် ခုန်လွှား ကျက်စား နေတတ်သော ငါးငယ် တစ်မျိုး။ ငါးဖျံ။ ငါးတောင်မွှေး
    fish
    နာမ်

    ဒေါင်းပြောက်ကေခုန်တမ်း

    [dèàɪ́ɴpɹɔ́ɛʔkèkʰòʊɴtáɴ]
    ခြေနှစ်ဖက်ကို ဆန့်၍ ထိုင်ရား၊ လက်နှစ်ဖက်ကို တင်သား နံဖီးမာ ထားကာ ထောင်ဗျာယ်။ ခုန်ဆွ ခုန်ဆွ ဟိကို တိုးပြီးကေ ကစပ်သော နည်းတမျိုး
    ခြေနှစ်ဖက်ကို ဆန့်၍ ထိုင်ပြီး၊ လက်နှစ်ဖက်ကို တင်ပါး အနီးတွင် ထားကာ ထောင်လျက်။ ခုန်ဆွ ခုန်ဆွ ရှေ့သို့ တိုး၍ ကစားသော နည်းတစ်မျိုး
    none
    နာမ်

    ဒေါင်းရန်

    [dèàɪ́ɴɹàɴ]
    မွီးပြာရောင်မာ အဖြူကွက် ပါရေ သိန်းစွန် တမျိုး
    မွေးပြာရောင်တွင် အဖြူကွက် ပါသော သိန်းစွန် တစ်မျိုး
    kite
    နာမ်

    ဒေါင်းလန်းမ

    [dèàɪ́ɴláɴm]
    န-ဒေါင်းလန်း-ရှု
    န-ဒေါင်းလန်း-ရှု
    none
    နာမ်

    ဒေါစိ.

    [dèàsì.]
    စိတ် သဖောချင်း ကိုက်ညီရေ။ နှစ်ဦး နှစ်ပါး သထာ နှစ်သက် ကတ်တေ။ ကျီနပ်သည်
    စိတ် သဘောချင်း ကိုက်ညီသည်။ နှစ်ဦး နှစ်ပါး ကြည်ဖြူ နှစ်သက် ကြသည်။ ကျေနပ်သည်
    satisfy
    ကြိယာ

    ဒေါတင်း

    [dèàtɪ́ɴ]
    သွီးကြီးရေ။ မာနကြီးရေ။ လူတိကိုအဖက် မတန်ပိုင် လုပ်ရေ
    သွေးကြီးသည်။ မာနကြီးသည်။ သူတစ်ပါးကို အဖက် မတန်သလို လုပ်သည်
    arrogate
    ကြိယာ

    ဒေါထွက်

    [dèàtʰwɛʔ]
    အမျက်ထွက်ရေ။ ဒေါကျောက်ရေ။ မာန်ပါရေ။ ဒေါထသည်
    အမျက်ထွက်သည်။ ဒေါကန်သည်။ စိတ်ဆိုးသည်။ ဒေါထသည်
    take umbrage
    ကြိယာ

    ဒေါနန့်မောနန့်

    [dèàna̰ɴmɔ́na̰ɴ]
    ဒေါသ အမျက် ပြင်းစွာ ထွက်ဗျာယ်
    ဒေါသ အမျက် ပြင်းစွာ ထွက်လျက်
    fury
    ကြိယာဝိသေသန

    ဒေါနန့်မောနန့်၂

    [dèànàɴ့mɔ́nàɴ့၂]
    ဇွဲလုံ့လဖြင့် ခွန်အား စိုက်ထုတ်ဗျာယ်။ ၂။ အလုပ် တခုကို စစွဲမမြဲ အားမလျော့ပဲ လုပ်ဆောင်သောအနိန်နန့်
    ဇွဲလုံ့လဖြင့် ခွန်အား စိုက်ထုတ်လျက်။ ၂။ အလုပ် တစ်ခုကို စွဲစွဲမြဲမြဲ အားမလျော့ပဲ လုပ်ဆောင်သော အားဖြင့်
    strained
    ကြိယာ

    ဒေါပုန်ထ

    [dèàpòʊɴtʰ]
    အမျက် ပြင်းစွာ ထွက်ရေ။ မာန်ပါရေ။ ဒေါကျောက်ရေ
    အမျက် ပြင်းစွာ ထွက်သည်။ စိတ်ဆိုးသည်။ ဒေါကန်သည်
    take umbrage
    ကြိယာ

    ဒေါဘာလာ

    [dèàbʱàlà]
    ဆီးဖက် ဝင်သော သကြား တမျိုး
    ဆေးဖက် ဝင်သော သကြား တစ်မျိုး
    sugar
    နာမ်

    ဒေါမား

    [dèàmá]
    မြေ၊ စဉ်. အစဟိစွာအနိန်နန့် ပြုလုပ်ရေ အိုးခက်ကြီး။၂။ ရေလောင်းာင် အိုးကြီး။ ၃။ အိုးစရည်းကြီး
    မြေ၊ စဉ်. စသည်ဖြင့် ပြုလုပ်သော ရေအိုးကြီး။၂။ ရေလှောင် အိုးကြီး။ ၃။ အိုးစရည်းကြီး
    stoop
    နာမ်

    ဒေါမားကရား

    [dèàmákɹá]
    အမျက်ထွက်ရေ။ ဒေါကျောက်ရေ။ မာန်ပါရေ။ ဒေါထသည်
    အမျက်ထွက်သည်။ ဒေါကန်သည်။ စိတ်ဆိုးသည်။ ဒေါထသည်
    take umbrage
    ကြိယာ

    ဒေါယား

    [dèàjá]
    ခတောင်း။ ဒယော
    ပုဆိုး။ လုံချည်
    sarong
    နာမ်

    ဒေါရမောရ

    [dèàɹmɔ́ɹ]
    စိတ်အား ကိုယ်ပါ အားထုတ်ဗျာယ်။ ဇွဲလုံ့လဖြင့် ခွန်အား စိုက်ထုတ်ဗျာယ်
    စိတ်အား ကိုယ်ပါ အားထုတ်လျက်။ ဇွဲလုံ့လဖြင့် ခွန်အား စိုက်ထုတ်လျက်
    strained
    ကြိယာဝိသေသန

    ဒေါရောက်မောရောက်

    [dèàɹɔ́ɛʔmɔ́ɹɔ́ɛʔ]
    ဒေါသမာန် တက်ကြွစွာနန့်
    ဒေါသမာန် တက်ကြွစွာဖြင့်
    fury
    ကြိယာဝိသေသန