Dictionary Entries
Showing 441–460 of 542 words
ဒ
ဒါးခွီး
[dàးkʰwï]
Arakanese:
ဒါးရိုး အရင်းမာ ထည့်ထားရေ အခွီး
Burmese:
ဒါးရိုး အရင်းတွင် ထည့်ထားသော အခွေး
English:
none
Grammar Note:
နာမ်
ဒါးစာ
[dàးsà]
Arakanese:
ဒါးဖြင့် ခုတ်ထစ် ရာမာ ထွက်လှာသော သစ်စလေး
Burmese:
ဒါးဖြင့် ခုတ်ထစ် ရာတွင် ထွက်လာသော သစ်စလေး
English:
none
Grammar Note:
နာမ်
ဒါးစာခံ
[dàးsàkʰံ]
Arakanese:
ကိုယ့် ပယောဂ မပါရေ အမှုမာ လူများအတွက် ဆိုးကျိုးကို ကြားဝင် ခံရရေ
Burmese:
မိမိ၏ ပယောဂ မပါသော အမှုတွင် သူတစ်ပါးအတွက် ဆိုးကျိုးကို ကြားဝင် ခံရသည်
English:
intermediate
Grammar Note:
ကြိယာ
ဒါးစာချ
[dàးsàɕ]
Arakanese:
ဒါးဖြင့် ခုတ်ဖြတ်ရေ
Burmese:
ဒါးဖြင့် ခုတ်ဖြတ်သည်
English:
chop at
Grammar Note:
ကြိယာ
ဒါးဆီးကျ
[dàးsʰït͡ɕ]
Arakanese:
သုံး၍ မရနှိုင်ရေ အဖြစ်သို့ ရောက်သော ဒါး။ ပန်းဖဲဖိုမာ ပြင်ရဖန် တဗျင်းများလွန်း၍ မကောင်းတော့ရေ ဒါး
Burmese:
သုံး၍ မရနိုင်သည့် အဖြစ်သို့ ရောက်သော ဒါး။ ပန်းပဲဖိုတွင် ပြင်ရဖန် များလှ၍ မကောင်းတော့သည့် ဒါး
English:
bad knife
Grammar Note:
နာမ်
ဒါးဆီးတင်
[dàးsʰïtɪ̀ɴ]
Arakanese:
သံကို ပိုပြီးကေကျကျိုင်းစီရန် မီးဖုတ်ပနာ ရဲရဲနီစဉ် ရေမာ ဗြုန်းခနဲ နှစ်ရေ။ မီးဆီးရေ။ ဓါးဆီးသည်
Burmese:
သံကို ပို၍ မာကျော စေရန် မီးဖုတ်၍ ရဲရဲနီစဉ် ရေတွင် ရုတ်တရက် နှစ်သည်။ မီးဆေးသည်။ ဓါးဆေးသည်
English:
none
Grammar Note:
ကြိယာ
ဒါးဆောက်
[dàးsʰɔ́ɛʔ]
Arakanese:
ဒါးမာ လက်ကိုင်ရန် တပ်ထားရေ သစ်သားရိုး။ ဒါးရိုး
Burmese:
ဒါးတွင် လက်ကိုင်ရန် တပ်ထားသော သစ်သားရိုး။ ဒါးရိုး
English:
hilt handle of sword knife. Etc
Grammar Note:
နာမ်
ဒါးထက်
[dàးtʰɛʔ]
Arakanese:
ပိုင် ထက်သော (မြသော ပိုင် ဟိရေ) ဒါး
Burmese:
အသွား ထက်သော (မြသော အသွား ရှိသော) ဒါး
English:
dagger
Grammar Note:
နာမ်
ဒါးထင်
[dàးtʰɪ̀ɴ]
Arakanese:
ဒါးလားရေ နောက်ကြော ဒေါင်
Burmese:
ဒါးသွား၏ နောက်ကြော ဒေါင်
English:
none
Grammar Note:
နာမ်
ဒါဒေါင်
[dàdèàɪ̀ɴ]
Arakanese:
မြီကိုင်သည်
Burmese:
ကြွေးယူသည်
English:
borrow
Grammar Note:
ကြိယာ
ဒါဒေါင်၂
[dàdèàɪ̀ɴ၂]
Arakanese:
ကြွီးမြီ
Burmese:
ကြွေးမြီ
English:
borrowed money
Grammar Note:
နာမ်
ဒါဒေါင်ကိုင်
[dàdèàɪ̀ɴkàɪɴ]
Arakanese:
ငွီတိုးဖြင့် ချီးယူရေ
Burmese:
ငွေတိုးဖြင့် ချေးယူသည်
English:
borrow
Grammar Note:
ကြိယာ
ဒါဒေါင်ချ
[dàdèàɪ̀ɴɕ]
Arakanese:
လူတိအား ငွီကို အတိုးနန့် ချရေ။ ၂။ နစ်နာ ဆုံးယှုံး ခစွာကို ပြန်ပနာ ရဟိအောင် ကာမိအောင် အဆတိုးဗျာယ် ပြုမူသည်
Burmese:
သူတစ်ပါးအား ငွေကို အတိုးနှင့် ချသည်။ ၂။ နစ်နာ ဆုံးရှုံး ခဲ့သည်ကို ပြန်လည် ရရှိအောင် ကာမိအောင် အဆတိုးလျက် ပြုမူသည်
English:
rent
Grammar Note:
ကြိယာ
ဒါဒါ
[dàdà]
Arakanese:
မိခင် ဖခင်ရို့၏ အဖေ။ အဘိုး
Burmese:
မိခင် ဖခင်တို့၏ အဖေ။ အဘိုး
English:
grandfather
Grammar Note:
နာမ်
ဒါန
[dàn]
Arakanese:
ပီးကမ်း စွန့်ကြဲမှု
Burmese:
ပေးကမ်း စွန့်ကြဲမှု
English:
bounty
Grammar Note:
နာမ်
ဒါနီ
[dàní]
Arakanese:
နနောင်း။ ထာဝရ
Burmese:
မြဲမြံစွာ။ ထာဝရ
English:
forever
Grammar Note:
ကြိယာဝိသေသန
ဒါးနှောင့်
[dàးn̥ɔ́ɪ̰ɴ]
Arakanese:
ဒါး လားရေ နောက်ကြော ဒေါင်
Burmese:
ဒါး သွား၏ နောက်ကြော ဒေါင်
English:
none
Grammar Note:
နာမ်
ဒါးနှောင့်မလွတ်ဒါးသွားမလတ်
[dàးn̥ɔ́ɪ̰ɴmlwaʔdàးθWàmlaʔ]
Arakanese:
ပြောဆိုချက်၊ လုပ်ဆောင် ချက်သည် ထိခိုက် ပျက်စီး ဆုံးယှုံးစီမှု မကင်း ဖြစ်တေ
Burmese:
ပြောဆိုချက်၊ လုပ်ဆောင် ချက်သည် ထိခိုက် ပျက်စီး ဆုံးရှုံးစေမှု မကင်း ဖြစ်သည်
English:
none
Grammar Note:
ကြိယာ
ဒါးပိုင်ကြီး
[dàးpàɪɴt͡ɕï]
Arakanese:
စစ်သူကြီး ဌာနန္တရဘွဲ့ တခု၏ အမည်
Burmese:
စစ်သူကြီး ဌာနန္တရဘွဲ့ တစ်ခု၏ အမည်
English:
general
Grammar Note:
နာမ်
ဒါးပါးသျှေ
[dàးpàးʃè]
Arakanese:
ပါးသော သားလှီး ဒါးတမျိုး
Burmese:
ပါးသော သားလှီး ဒါးတစ်မျိုး
English:
Meal-knife
Grammar Note:
နာမ်