Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 481–500 of 542 words

    ဒ

    ဒါးမဝါရစ်

    [dàးmwàɹɪʔ]
    အဖျား ကောက်ကောက် ဟိရေ ဒါး တမျိုး
    အဖျား ကောက်ကောက် ရှိသော ဒါး တစ်မျိုး
    knife
    နာမ်

    ဒါးမဦးစိုက်

    [dàးmʔúsaɪʔ]
    ဖေါက်ပြန် လွဲမားခြင်း မဟိရေ အဖြစ်။ စင်စစ်။ ဧကန်။ အမှန်။ မုချ
    ဖေါက်ပြန် လွဲမှားခြင်း မရှိသော အဖြစ်။ စင်စစ်။ ဧကန်။ အမှန်။ မုချ
    surely
    နာမ်

    ဒါးမောက်

    [dàးmɔ́ɛʔ]
    ပြားသော အရွက် ဟိရေ ဒါးဦးချွန်
    ပြားသော အရွက် ရှိသော ဒါးဦးချွန်
    poniard
    နာမ်

    ဒါးမျှောင်

    [dàးmr̯àʊɴ]
    တစုံ တခုကို ထိုးစိုက်ရန် အတွက် ခါးမာ ဆောင်ယူ လားလာရေ အဖျားချွန်သော ဒါး
    တစ်စုံ တစ်ခုကို ထိုးစိုက်ရန် အတွက် ခါးတွင် ဆောင်ယူ သွားလာသော အဖျားချွန်သော ဒါး
    poniard
    နာမ်

    ဒါးမြ

    [dàးmɹ]
    လက်နက် စစွာတိနန့် မျိုးက်ခြောက်ခြောက်ကာ ဒရူးဗရူး ပြုပြီး ဝန်တိကို လုယူရေ
    လက်နက် စသည်တို့ဖြင့် ခြိမ်းခြောက်ကာ အကြမ်းပတမ်း ပြုပြီး ပစ္စည်းများကို လုယူသည်
    heist
    နာမ်

    ဒါးမြတိုက်

    [dàးmɹtaɪʔ]
    ယင်းပိုင် ဝန်တိကို လုယက်သည်
    ယင်းသို့ ပစ္စည်းများကို လုယက်သည်
    heist
    ကြိယာ

    ဒါယကာ

    [dàjkà]
    ရဟန်းက လူ ယောက်ျားကို ခေါ်သော စကား။ ဒကာ
    ရဟန်းက လူ ယောက်ျားကို ခေါ်သော စကား။ ဒကာ
    man
    နာမ်

    ဒါယိကာမ

    [dàjìkàm]
    ရဟန်းက လူ မမာ့ကို ခေါ်သော စကားလုံး
    ရဟန်းက လူ မိန်းမကို ခေါ်သော စကားလုံး
    woman
    နာမ်

    ဒါးရေးပြ

    [dàးɹépɹ]
    ဒါး ကစပ်ပုံ ကစပ်နည်း၊ လိ့ကျင့်ပုံ လိ့ကျင့်ရို့ကို သင်ကြား ပြသသည်
    ဒါး ကစားပုံ ကစားနည်း၊ လေ့ကျင့်ပုံ လေ့ကျင့်တို့ကို သင်ကြား ပြသသည်
    swordplay
    ကြိယာ

    ဒါးရှည်

    [dàးʃɛ̀]
    ကိုယ့်ကိုယ်ကို ကာကွယ်ရန် အတွက် ကိုင်ဆောင် ထားရေ အလျားရှည်သော ဒါး
    မိမိကိုယ်ကို ကာကွယ်ရန် အတွက် ကိုင်ဆောင် ထားသော အလျားရှည်သော ဒါး
    sword
    နာမ်

    ဒါးရှည်ခွတ်

    [dàးʃɛ̀kʰwaʔ]
    ဇလွယ်သိုင်း။ ဒေါင့်ဖြတ်
    မျက်စောင်းထိုး။ ထောင့်ဖြတ်
    canted
    နာမ်

    ဒါလာ

    [dàlà]
    တောင်နှစ်ခု အကြားဟိ နိမ့်သော အရပ်
    တောင်နှစ်ခု အကြားရှိ နိမ့်သော အရပ်
    none
    နာမ်

    ဒါလာကြား

    [dàlàt͡ɕá]
    တောင်တန်းကို တဖက်မှ တဖက်သို့ နိမ့်သော နီရာမှ ဖြတ်ကျော်ပြီးကေ လားရာ လမ်း
    တောင်တန်းကို တစ်ဖက်မှ တစ်ဖက်သို့ နိမ့်သော နေရာမှ ဖြတ်ကျော်၍ သွားရာ လမ်း
    road
    နာမ်

    ဒါလီ

    [dàlí]
    ရီလှိုင်းဖြင့် တက်သနန့် ဖြူဖွေးသော ထိပ်စွန်း ဟိရေ လှိုင်းလုံး
    ရေလှိုင်းဖြင့် တက်သဖြင့် ဖြူဖွေးသော ထိပ်စွန်း ရှိသည့် လှိုင်းလုံး
    wave
    နာမ်

    ဒါလီ၂

    [dàlí၂]
    လိုင်ဆွဲ ပုတီး တမျိုး
    လည်ဆွဲ ပုတီး တစ်မျိုး
    chaplet
    နာမ်

    ဒါလီ၃

    [dàlí၃]
    (ဥပစာ) သား။ ၂။ ချစ်ခင် ယုယစွာဖြင့် တင်စားပနာ ခေါ်သော စကားလုံး
    (ဥပစာ) သား။ ၂။ ချစ်ခင် ယုယစွာဖြင့် တင်စား၍ ခေါ်သော စကားလုံး
    son
    နာမ်

    ဒါးလွတ်

    [dàးlwaʔ]
    ဒါးအိမ် မပါရာနန့် အမြဲ လက်မာ ကိုင်ဆောင် ထားရေ ဒါး
    ဒါးအိမ် မပါပဲ အမြဲ လက်တွင် ကိုင်ဆောင် ထားသော ဒါး
    sword
    နာမ်

    ဒါးလွယ်

    [dàးlwɛ̀]
    ဒါးအိမ်မာ ထည့်၍ ကြိုးဖြင့် ကိုယ်မာ လွယ်ထားရေ ဒါး
    ဒါးအိမ်တွင် ထည့်၍ ကြိုးဖြင့် ကိုယ်တွင် လွယ်ထားသော ဒါး
    sword
    နာမ်

    ဒါးလွှတ်

    [dàးlW̯aʔ]
    သုံးတောင့် တလွှာခန့် ရှည်သော ဒါး
    သုံးတောင့် တစ်လွှာခန့် ရှည်သော ဒါး
    dagger
    နာမ်

    ဒါးသ

    [dàးθ]
    ပဲ့ယွဲ့နိန်ရေ ဒါးကို ပန်းဖဲဖိုမာ ပြန်ပနာ ပြုပျင်သည်
    ပဲ့ယွဲ့နေသော ဒါးကို ပန်းပဲဖိုတွင် ပြန်လည် ပြုပြင်သည်
    none
    ကြိယာ