Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 501–520 of 542 words

    ဒ

    ဒါသီ

    [dàθí]
    အမြဲ ထာဝရ။ အစွဲ အမြဲ။ မြဲမြံ ခိုင်ခံ့စွာ။ မြဲစွဲစွာ
    အမြဲ ထာဝရ။ အစွဲ အမြဲ။ မြဲမြံ ခိုင်ခံ့စွာ။ မြဲစွဲစွာ
    forever
    ကြိယာဝိသေသန

    ဒါသျှင်မ

    [dàʃɪ̀ɴm]
    မိခင် ဖခင်ရို့၏ အမင်။ အဘောင်မ
    မိခင် ဖခင်တို့၏ အမေ။ အဘွား
    grandmother
    နာမ်

    ဒါးသွီးကျောက်

    [dàးθwït͡ɕɔ́ɛʔ]
    ဒါးကို ထက်အောင်သွီးရရေ ကျောက်
    ဒါးကို ထက်အောင် သွေးရသော ကျောက်
    whetstone
    နာမ်

    ဒါဟတ်ပူ

    [dàhaʔpù]
    အလွန် ဟိန် ပြင်းသော
    အလွန် ကိုယ်ပူ ပြင်းသော
    hot
    နာမဝိသေသန

    ဒါးအိမ်

    [dàးʔèɪɴ]
    ဒါးကို သွင်းလျှို ထည့်ထားရေ အရာ
    ဒါးကို သွင်းလျှို ထည့်ထားသည့် အရာ
    sheath
    နာမ်

    ဒွတ်မ

    [dwaʔm]
    ၁၊ ဒေချောင်း (မြေ) မာ (ဂဏန်း ကောင်ပိုင်) မားနန့် နီလိဟိရေ ဂဏန်း အမျိုးဝင် အကောင် အချေစား တမျိုး။ ၂၊ ဖြူဖွေး၍ ထက်သော နှုတ်သီး ဟိပြီးး အပင်ကို အခေါင်း ဖေါက်စွမ်း နှိုင်ရေ (အခေါင်းဖေါက်၍ နီလိဟိရေ) ပိုးကောင် တမျိုး
    ၁၊ ဒီချောင်း (မြေ) တွင် (ဂဏန်း ကောင်ကဲ့သို့) တွင်းဖြင့် နေလေ့ရှိသော ဂဏန်း အမျိုးဝင် အကောင် အငယ်စား တစ်မျိုး။ ၂၊ ဖြူဖွေး၍ ထက်သော နှုတ်သီး ရှိပြီး သစ်ပင်ကို အခေါင်း ဖေါက်စွမ်း နိုင်သော (အခေါင်းဖေါက်၍ နေလေ့ရှိသော) ပိုးကောင် တစ်မျိုး
    type of crab
    နာမ်

    ဒွတ်မကျစ်

    [dwaʔmt͡ɕɪʔ]
    ဒွတ်မ မားတူး ရာမာ ထွက်သော မြီစာကျစ်
    ဒွတ်မ တွင်းတူး ရာ၌ ထွက်သော မြေစာကျစ်
    none
    နာမ်

    ဒွန်း

    [dʊ́ɴ]
    ကြမ်းတမ်းမှု။ ရုန်းရင်း ခက်ထန်မှု။ ဆင်းရဲ ပင်ပန်းမှု
    ကြမ်းတမ်းမှု။ ရုန်းရင်း ခက်ထန်မှု။ ဆင်းရဲ ပင်ပန်းမှု
    crudeness
    နာမ်

    ဒွန်းခံ

    [dʊ́ɴkʰံ]
    အကြမ်း ပတမ်း အပင် အပန်း အဆင်း အရဲ ရို့ကို ခံနိုင်ရည် ဟိဗျာယ်
    အကြမ်း ပတမ်း အပင် အပန်း အဆင်း အရဲ တို့ကို ခံနိုင်ရည် ရှိလျက်
    fortitude
    ကြိယာဝိသေသန

    ဒွန်းခံ၂

    [dʊ́ɴkʰံ၂]
    အကြမ်း ပတမ်း အပင် အပန်း အဆင်း အရဲရို့ကို ခံနိုင်ရည် ဟိရေ
    အကြမ်း ပတမ်း အပင် အပန်း အဆင်း အရဲတို့ကို ခံနိုင်ရည် ရှိသည်
    fortitude
    ကြိယာ

    ဒွန်းခံ၃

    [dʊ́ɴkʰံ၃]
    အကြမ်း ပတမ်း အပင် အပန်း အဆင်း အရဲရို့ကို ခံနိုင်ရည် ဟိသူ
    အကြမ်း ပတမ်း အပင် အပန်း အဆင်း အရဲတို့ကို ခံနိုင်ရည် ရှိသူ
    doughty man
    နာမ်

    ဒွန်းခံနိုင်

    [dʊ́ɴkʰံnàɪɴ]
    ၁၊ ဆင်းရဲ အမျိုးမျိုးနှင့် တွိကြုံဖူး၍ ခံနိုင်ရည် အပြည့်အဝ ဟိရေ။ ၂၊ အတွိအကြုံ တိစွာ
    ၁၊ ဆင်းရဲ အမျိုးမျိုးနှင့် တွေ့ကြုံဖူး၍ ခံနိုင်ရည် အပြည့်အဝ ရှိသည်။ ၂၊ အတွေ့အကြုံ များသည်
    fortitude
    ကြိယာ

    ဒွန်းစကား

    [dʊ́ɴská]
    ရုန်ရင်း ကြမ်းတမ်းသော စကား
    ရုန်ရင်း ကြမ်းတမ်းသော စကား
    billingsgate
    နာမ်

    ဒွန်းစဏ္ဍား

    [dʊ́ɴsnə́dʌá]
    တောင်းမှက်လေ့ ဟိရေ သူ။ စဏ္ဍလ လူမျိုး။ ဒွန်းစဏ္ဍား သမီးပင် ဖြစ်လင့်ကစပ် လက္ခဏာနှင့် ပြည့်စုံမူ၊ ထိုမမာ့ကို သင့်နေအပ်၏ (ပါရာ)
    တောင်းစားလေ့ ရှိသော သူ။ စဏ္ဍလ လူမျိုး။ ဒွန်းစဏ္ဍား သမီးပင် ဖြစ်လင့်ကစား လက္ခဏာနှင့် ပြည့်စုံမူ၊ ထိုမိန်းမကို သင့်နေအပ်၏ (ပါရာ)
    beggar
    နာမ်

    ဒွန်းစလူ

    [dʊ́ɴslù]
    ရုန်ရင်း ကြမ်းတမ်းစွာ ပြုမူရေ။ ဇွတ်အားဓမ ပြုမူသည်
    ရုန်ရင်း ကြမ်းတမ်းစွာ ပြုမူသည်။ ဇွတ်အတင်း ပြုမူသည်
    coarsely comport
    ကြိယာ

    ဒွန်တွဲ

    [dʊ̀ɴtwɛ]
    နှစ်ခု (သုံးခု) လက်တွဲရေ။ ဂရု ဂါရဝ (အလီး အမြတ် ပြုခြင်း၊ အရို အသီ ပြုခြင်း) ဆိုရေ ဤတရား နှစ်ပါး စလုံးသည် ဒွန်တွဲ ဗျာယ်ပင် ဖြစ်တေ။) (ဒိဌာ)
    နှစ်ခု (သုံးခု) ယှဉ်ဖက်သည်။ ဂရု ဂါရဝ (အလေး အမြတ် ပြုခြင်း၊ အရို အသေ ပြုခြင်း) ဟူသော ဤတရား နှစ်ပါး စလုံးသည် ဒွန်တွဲ လျက်ပင် ဖြစ်သည်။) (ဒိဌာ)
    duality
    ကြိယာ

    ဒွန်းရည်ခံ

    [dʊ́ɴɹɛ̀kʰံ]
    ပင်ပန်း ဆင်းရဲခြင်း၊ ရာသီဥတု အခြီ အနေ အစဟိစွာ ဆိုးရွားခြင်း၊ ကြမ်းတမ်းစွာ ကိုင်တွယ် သုံးစွဲခြင်း အစဟိရေ ဒဏ်ရို့ကို ခံနိုင်ရည် စွမ်းဟိရေ
    ပင်ပန်း ဆင်းရဲခြင်း၊ ရာသီဥတု အခြေ အနေ စသည် ဆိုးရွားခြင်း၊ ကြမ်းတမ်းစွာ ကိုင်တွယ် သုံးစွဲခြင်း စသော ဒဏ်တို့ကို ခံနိုင်ရည် စွမ်းရှိသည်
    forbear man
    ကြိယာ

    ဒွန်းရည်ခံ၂

    [dʊ́ɴɹɛ̀kʰံ၂]
    ယင်းပိုင် ခံနိုင်ရည်စွမ်း ဟိသူ
    ယင်းသို့ ခံနိုင်ရည်စွမ်း ရှိသူ
    forbear man
    နာမ်

    ဒွန်းရည်ဝ

    [dʊ́ɴɹɛ̀w]
    ဒရူးဗရူး အနွံအတာ အဆင်းအရဲ ဒဏ် အမျိုးမျိုးရို့ကို ခံနိုင်ရည် အပြည့်အဝ ဟိရေ
    အကြမ်းပတမ်း အနွံအတာ အဆင်းအရဲ ဒဏ် အမျိုးမျိုးတို့ကို ခံနိုင်ရည် အပြည့်အဝ ရှိသည်
    forbear
    ကြိယာ

    ဒွယော

    [dwjɔ́]
    ယောက်ျား ဒယောကို ခေါ်သော အမည်
    ယောက်ျား လုံချည်ကို ခေါ်သော အမည်
    sarong
    နာမ်