Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 521–540 of 542 words

    ဒ

    ဒွယောဒွသီး

    [dwjɔ́dwθï]
    အဝတ် အထည်။ ခတောင်း ဒယော စစွာကို ခြုံ၍ ပြောသော စကားလုံး
    အဝတ် အထည်။ ပုဆိုး လုံချည် စသည်ကို ခြုံ၍ ပြောသော စကားလုံး
    sarong
    နာမ်

    ဒွရကာ

    [dwɹkà]
    ဆင်ကို ထိန်းသိမ်း စောင့်ရှောက်သူ။ ဆင်ထိန်း။ ဆင်ထိန်းဒွရပြီးကေ၊ နင်ရိုးမနီ၊ ဆင်ကိုသံဆင့်၊ ဆက်ရမေ (ဥဂ္ဂါအဲ)
    ဆင်ကို ထိန်းသိမ်း စောင့်ရှောက်သူ။ ဆင်ထိန်း။ ဆင်ထိန်းဒွရကာ၊ နင်ရိုးမနီ၊ ဆင်ကိုသံဆင့်၊ ဆက်ရမေ (ဥဂ္ဂါအဲ)
    mahout
    နာမ်

    ဒွဟဲ

    [dwhɛ]
    မသက်ဆိုင် သူတိလာပြီးကေ မရှုပ်ကျပါနှင့်၊ ရှောင်ကတ်ပါ ရှားကတ်ပါ၊ ဖယ်ကတ်ပါ အစဟိစွာနန့် ကျွီး တားစီးသော အာမေဋိတ် စကား
    မသက်ဆိုင် သူတွေလာ၍ မရှုပ်ကျပါနှင့်၊ ရှောင်ကြပါ ရှားကြပါ၊ ဖယ်ကြပါ စသည်ဖြင့် အော်ဟစ် တားစီးသော အာမေဋိတ် စကား
    none
    ကြိယာ

    ဒွိစုံ

    [dwìsòʊɴ]
    သင်းပိုင်နှင့် သင်္ကန်းအစုံ
    သင်းပိုင်နှင့် သင်္ကန်းအစုံ
    buddhist monk’s lower garment and robes
    နာမ်

    ဒွိဟ

    [dwìh]
    စိတ်နှလုံး နှစ်ခွ ဖြစ်ခြင်း
    စိတ်နှလုံး နှစ်ခွ ဖြစ်ခြင်း
    dual
    နာမ်

    ဒွီး

    [dwï]
    နှစ်ခု အရွီအတွက်
    နှစ်ခု အရေအတွက်
    bi
    နာမ်

    ဒွီး၂

    [dwï၂]
    ကိုယ့်က မလိုလား၊ မကြိုက်၊ မသတီသော အရာ အစဟိစွာရို့မာ (ဒွီးဟု ဆိုကာ) ပယ်ရှား လားလီဟု နှင်ထုတ်သော စကားလုံး
    မိမိက မလိုလား၊ မနှစ်သက်၊ မကြည်ဖြူသော အရာ စသည်တို့၌ (ဒွီးဟု ဆိုကာ) ပယ်ရှား သွားလေဟု နှင်ထုတ်သော စကားလုံး
    deprecation
    ကြိယာ

    ဒွီးခတ်

    [dwïkʰaʔ]
    ၁၊ ကစပ်ရာမာ အကြောင်း တခုခုကြောင့် တနားချေတဗွေချော ရပ်တန့်လို ကြောင်းနှင့် ကဇတ်စောင် အဆင်သင့် မဖြစ်သိမ့်ကြောင်း ခွင့်ပန် ပြောဆိုရေ။ ၂၊ မားယွင်း၍ တစုံ တရာ ပြောဆိုမိစွာကို (ဒွီးဟုဆိုကာ) ပြန်ပနာ နှုတ်သိမ်းသည်
    ၁၊ ကစားရာတွင် တစ်စုံ တစ်ခုသော အကြောင်းကြောင့် ခေတ္တာ ရပ်တန့်လို ကြောင်းနှင့် ကစားရန် အဆင်သင့် မဖြစ်သေးကြောင်း ခွင့်ပန် ပြောဆိုသည်။ ၂၊ မှားယွင်း၍ တစ်စုံ တစ်ရာ ပြောဆိုမိသည်ကို (ဒွီးဟုဆိုကာ) ပြန်လည် နှုတ်သိမ်းသည်
    injury time
    ကြိယာ

    ဒွီးဒွီး

    [dwïdwï]
    ကိုယ့်က မလိုလား၊ မကြိုက်၊ မသတီသော အရာ အစဟိစွာရို့မာ (ဒွီးဟုဆိုကာ) ပယ်ရှား လားလီဟု နှင်ထုတ်သော စကားလုံး။ ဒွီးဒွီး နောက်ထပ် ပြောစရာ မလိုဗျာယ်
    မိမိက မလိုလား၊ မနှစ်သက်၊ မကြည်ဖြူသော အရာ စသည်တို့၌ (ဒွီးဟုဆိုကာ) ပယ်ရှား သွားလေဟု နှင်ထုတ်သော စကားလုံး။ ဒွီးဒွီး နောက်ထပ် ပြောစရာ မလိုဗျာယ်
    deprecation
    အာလုပ်

    ဒွေး

    [dwé]
    အရွီအတွက် နှစ်ခု
    အရေအတွက် နှစ်ခု
    bi
    နာမ်

    ဒွေးကရောပဒ်ကရော

    [dwékɹɔ́pd်kɹɔ́]
    ဖီးဒုက္ခ မျိုးစုံ
    ဘေးဒုက္ခ မျိုးစုံ
    bothers
    နာမ်

    ဒွေးချ

    [dwéɕ]
    ကြိုးကွင်းကို လိုင်ဖင်းမာ စွပ်ပြီး ကိုယ့် အသက်ကို သီယောင် လုပ်ရေ
    ကြိုးကွင်းကို လည်ပင်းတွင် စွပ်ပြီး မိမိ အသက်ကို သေအောင် လုပ်သည်
    suicide
    ကြိယာ

    ဒွေးဘော်

    [dwébʱɔ̀]
    ၁၊ နှစ်လုံး ဆင့်ထားရေ အက္ခရာ။ ၂၊ နှစ်ယောက်တွဲ။ နှစ်ခုတွဲ။ (ပါ
    ၁၊ နှစ်လုံး ဆင့်ထားသော အက္ခရာ။ ၂၊ နှစ်ယောက်တွဲ။ နှစ်ခုတွဲ။ (ပါ
    dual
    နာမ်

    ဒွေးဘော်ပြု

    [dwébʱɔ̀pɹoʊ]
    အက္ခရာ နှစ်လုံးဆင့် ထားရေ။ (တူသော အက္ခရာ ကကြီးနှစ်လုံးဆင့် ထားရေကို သဒီသဒွေးဘော်(က္က)။ မတူသော အက္ခရာ ကကြီးနှင့် ခခွီးဆင့် ထားရေကို အသဒီသဒွေးဘော် (က္ခ)ဟု ခေါ်ရေ။
    အက္ခရာ နှစ်လုံးဆင့် ထားသည်။ (တူသော အက္ခရာ ကကြီးနှစ်လုံးဆင့် ထားသည်ကို သဒီသဒွေးဘော်(က္က)။ မတူသော အက္ခရာ ကကြီးနှင့် ခခွေးဆင့် ထားသည်ကို အသဒီသဒွေးဘော် (က္ခ)ဟု ခေါ်သည်။
    dual
    ကြိယာ

    ဒွါး

    [dwàး]
    မြေ၊ စဉ် အစဟိစွာ့နန့် ပြုလုပ်ရေ အိုးခက်ကြီး
    မြေ၊ စဉ် စသည့်ဖြင့် ပြုလုပ်သော ရေအိုးကြီး
    pot
    နာမ်

    ဒွါဒရာ

    [dwàdɹà]
    ၁၊ တဆယ့်နှစ် ရာသီ စက်နန့် တန်ဆာ ဆင်ထားရေ ခါးကြိုး။ ခါးကြိုးတန်ဆာ၊ ဒွါဒရာကို၊ ကြည့်ပါတချက်၊ ရာသီစက်နန့် (ပိုးဝါဖွဲ့)။ ၂၊ မမာ့ရို့၏ အလှ ဆင်ဝတ်သော ခါးဝတ် တန်ဆာ တမျိုး။ ငွီတောင်သူလေ၊ နတ်ဖြူလှမာ၊ ဝတ်ကြတန်ဆာ၊ ဒွါဒရာကို၊ ကြည့်ကာတချက် (ဒွေး)။ ၂၊ ဘယက်၊ လ
    ၁၊ တစ်ဆယ့်နှစ် ရာသီ စက်ဖြင့် တန်ဆာ ဆင်ထားသော ခါးကြိုး။ ခါးကြိုးတန်ဆာ၊ ဒွါဒရာကို၊ ကြည့်ပါတချက်၊ ရာသီစက်နှင့် (ပိုးဝါဖွဲ့)။ ၂၊ မိန်းမတို့၏ အလှ ဆင်ဝတ်သော ခါးဝတ် တန်ဆာ တစ်မျိုး။ ငွေတောင်သူလေ၊ နတ်ဖြူလှမှာ၊ ဝတ်ကြတန်ဆာ၊ ဒွါဒရာကို၊ ကြည့်ကာတချက် (ဒွေး)။ ၂၊ ဘယက်၊ လ
    ornament
    နာမ်

    ဒွါဒရာသီစက်

    [dwàdɹàθísɛʔ]
    တဆယ့်နှစ် ရာသီ စက်ဝိုင်း။ အဘိသေကာ၊ မင်္ဂလာနန့်၊ ဒွါဒရာသီစက်၊ နက္ခသဘင်၊ ဆင်ယင်ပွဲကြီး၊ အံ့ချီးမကုန် (မြို့တည်)
    တစ်ဆယ့်နှစ် ရာသီ စက်ဝိုင်း။ အဘိသေကာ၊ မင်္ဂလာနှင့်၊ ဒွါဒရာသီစက်၊ နက္ခသဘင်၊ ဆင်ယင်ပွဲကြီး၊ အံ့ချီးမကုန် (မြို့တည်)
    months
    နာမ်

    ဒွါရ

    [dwàɹ]
    ကျင်ကြီးစွန်ရာ အပေါက်။ စအိုပေါက်
    ကျင်ကြီးစွန်ရာ အပေါက်။ စအိုပေါက်
    rectum
    နာမ်

    ဒွါရဂိုဏ်း

    [dwàɹɡÒn်း]
    သက္ကရာဇ် ၁၂၁၇ - ခုနှစ် လောက်က အုတ်ဖို ဆရာတော် အသျှင် ဥက္ကဝံသမာလာ စတင် တည်ထောင် ခရေ့ သံဃာဂိုဏ်း
    သက္ကရာဇ် ၁၂၁၇ - ခုနှစ် လောက်က အုတ်ဖို ဆရာတော် အသျှင် ဥက္ကဝံသမာလာ စတင် တည်ထောင် ခဲ့သည့် သံဃာဂိုဏ်း
    none
    နာမ်

    ဒွါရာ

    [dwàɹà]
    လမ်းမကြီး။ လမ်းမဒွါရာ၊ လားရေအခါ၌ (ရှီးထုံး)
    လမ်းမကြီး။ လမ်းမဒွါရာ၊ သွားသည်အခါ၌ (ရှေးထုံး)
    road
    နာမ်