Dictionary Entries
Showing 41–60 of 542 words
ဒ
ဒဏ်ခတ်၂
[dn်kʰaʔ၂]
Arakanese:
ဒဏ်ပီးရေ။ ၂။ တစုံ တရာသော အပြစ်အတွက် ကြိမ်အစဟိစွာအနိန်နန့် ရိုက်နှက်သည်
Burmese:
ဒဏ်ပေးသည်။ ၂။ တစ်စုံ တစ်ရာသော အပြစ်အတွက် ကြိမ်စသည်ဖြင့် ရိုက်နှက်သည်
English:
punish
Grammar Note:
ကြိယာ
ဒဏ်ချက်
[dn်ɕɛʔ]
Arakanese:
ထိခိုက် ရိုက်နှက်၊ ပစ်ခတ် ခံရပြီးကေ ဖြစ်ပေါ်သော အနာရာ
Burmese:
ထိခိုက် ရိုက်နှက်၊ ပစ်ခတ် ခံရ၍ ဖြစ်ပေါ်သော အနာရာ
English:
wound
Grammar Note:
နာမ်
ဒဏ်ငွီ
[dn်ŋwí]
Arakanese:
တစုံ တရာသော ပြစ်မှုအတွက် အကြီးအကဲရို့က ချမှတ် လိုက်ရေအတိုင်း ပီးဆောင် ရရေ ငွီ
Burmese:
တစ်စုံ တစ်ရာသော ပြစ်မှုအတွက် အကြီးအကဲတို့က ချမှတ် လိုက်သည့်အတိုင်း ပေးဆောင် ရသော ငွေ
English:
mulct
Grammar Note:
နာမ်
ဒဏ်တပ်
[dn်taʔ]
Arakanese:
အပြစ် တခုတရီ အတွက် ဒဏ်ငွီ ပီးဆောင် စီရေ
Burmese:
အပြစ် တစ်စုံတစ်ရာ အတွက် ဒဏ်ငွေ ပေးဆောင် စေသည်
English:
mulct
Grammar Note:
ကြိယာ
ဒဏ်ထိ
[dn်tʰì]
Arakanese:
အပြစ်ပီး ခံရရေ။ ၂။ အပြစ် ရောက်ရေ
Burmese:
အပြစ်ပေး ခံရသည်။ ၂။ အပြစ် ရောက်သည်
English:
punish
Grammar Note:
ကြိယာ
ဒဏ်နာ
[dn်nà]
Arakanese:
ထိခိုက် ပွန်းပဲ့မှု ရို့ကြောင့် ဖြစ်ပေါ်သော အနာ
Burmese:
ထိခိုက် ပွန်းပဲ့မှု တို့ကြောင့် ဖြစ်ပေါ်သော အနာ
English:
wound
Grammar Note:
နာမ်
ဒဏ်ပိ
[dn်pì]
Arakanese:
လီးလံသော ဝန်ဝန် တခုခုကို ထမ်းခဲ့၍ ဖြစ်စီ၊ အဖိခံ ရပြီးကေ ဖြစ်စီ ဒဏ်ဖြစ်တေ
Burmese:
လေးလံသော ဝန်ပစ္စည်း တစ်ခုခုကို ထမ်းခဲ့၍ ဖြစ်စေ၊ အဖိခံ ရ၍ ဖြစ်စေ ဒဏ်ဖြစ်သည်
English:
suffer as a result of hard and prolonged work
Grammar Note:
ကြိယာ
ဒဏ်ပိ၂
[dn်pì၂]
Arakanese:
(ဥပစာ) ဒရူးဗရူး အလုပ်ကို တာရှည် လုပ်ကိုင်ရပြီးကေ ပင်ပန်း နွမ်းရိရေ။ ပင်ပန်း ညှိုးရော်သည်
Burmese:
(ဥပစာ) အကြမ်းပတမ်း အလုပ်ကို ကြာရှည်စွာ လုပ်ကိုင်ရ၍ ပင်ပန်း နွမ်းနယ်သည်။ ပင်ပန်း ညှိုးရော်သည်
English:
exhaust
Grammar Note:
ကြိယာ
ဒဏ်ပီး
[dn်pï]
Arakanese:
အပြစ်ပီး ဆုံးမသည်
Burmese:
အပြစ်ပေး ဆုံးမသည်
English:
punish
Grammar Note:
ကြိယာ
ဒဏ်ဖီ
[dn်pʰí]
Arakanese:
အနာ ရောဂါ၊ ဖီး အန္တရာယ်များ တစတစ ကျရောက် လာရေ။ ဖီးအန္တရာယ် အစဟိစွာ ဖိစီး နှိပ်စက်သည်
Burmese:
အနာ ရောဂါ၊ ဘေး အန္တရာယ်များ တစတစ ကျရောက် လာသည်။ ဘေးအန္တရာယ် စသည် ဖိစီး နှိပ်စက်သည်
English:
bring
Grammar Note:
ကြိယာ
ဒဏ်ဖီး
[dn်pʰï]
Arakanese:
မကောင်းမှုကြောင့် ဖြစ်ပေါ်သော အကျိုး သက်ရောက်မှု။ ဖီးဒဏ်
Burmese:
မကောင်းမှုကြောင့် ဖြစ်ပေါ်သော အကျိုး သက်ရောက်မှု။ ဘေးဒဏ်
English:
disease
Grammar Note:
နာမ်
ဒဏ်ရာ
[dn်ɹà]
Arakanese:
ထိခိုက် ရိုက်နှက်၊ ပစ်ခတ်ခံရပြီးကေ ဖြစ်ပေါ်သော အနာရာ
Burmese:
ထိခိုက် ရိုက်နှက်၊ ပစ်ခတ်ခံရ၍ ဖြစ်ပေါ်သော အနာရာ
English:
wound
Grammar Note:
နာမ်
ဒဏ်ရာကျ
[dn်ɹàt͡ɕ]
Arakanese:
(ဒဏ်ရာ ရပြီးကေ နာကျည်းနိန်ရေ သားရဲ တိရစ္ဆာန်ပိုင်) ရန်မူ တတ်ရေ သူ။ ၂။ ဓါး၊ တုတ်၊ သေနပ်အစဟိရေ ဒဏ်ရာကျ ခံသော သားရဲ တိရိစ္ဆာန်
Burmese:
(ဒဏ်ရာ ရ၍ နာကျည်းနေသော သားရဲ တိရစ္ဆာန်ကဲ့သို့) ရန်မူ တတ်သော သူ။ ၂။ ဓါး၊ တုတ်၊ သေနပ်စသော ဒဏ်ရာကျ ခံသော သားရဲ တိရိစ္ဆာန်
English:
none
Grammar Note:
နာမ်
ဒဏ်ရာစီ
[dn်ɹàsí]
Arakanese:
ခုတ်ထစ်၊ ထိခိုက်၊ ပစ်ခတ်၊ ရိုက်နှက်ခြင်း ခံရရေ ဒဏ်ရာ ဒဏ်ချက်တိ
Burmese:
ခုတ်ထစ်၊ ထိခိုက်၊ ပစ်ခတ်၊ ရိုက်နှက်ခြင်း ခံရသော ဒဏ်ရာ ဒဏ်ချက်များ
English:
wound
Grammar Note:
နာမ်
ဒဏ်ရာစီ၂
[dn်ɹàsí၂]
Arakanese:
ရိုက်နှက် ခံရရေ ဒဏ်ရာ ဒဏ်ချက် ရို့နန့် ပြည့်နိန်ရေ
Burmese:
ရိုက်နှက် ခံရသော ဒဏ်ရာ ဒဏ်ချက် တို့ဖြင့် ပြည့်နေသည်
English:
wounds
Grammar Note:
ကြိယာ
ဒဏ်ရာဒဏ်ချက်
[dn်ɹàdn်ɕɛʔ]
Arakanese:
ထိခိုက် ရိုက်နှက်၊ ပစ်ခတ် ခံရပြီးကေ ဖြစ်ပေါ်သော အနာရာ
Burmese:
ထိခိုက် ရိုက်နှက်၊ ပစ်ခတ် ခံရ၍ ဖြစ်ပေါ်သော အနာရာ
English:
wound
Grammar Note:
နာမ်
ဒဏ်ရာနာ
[dn်ɹànà]
Arakanese:
ထိခိုက်မှု ဒဏ်ရာကြောင့် ဖြစ်ပေါ်သော အနာ
Burmese:
ထိခိုက်မှု ဒဏ်ရာကြောင့် ဖြစ်ပေါ်သော အနာ
English:
wound
Grammar Note:
နာမ်
ဒဏ်ရိုက်
[dn်ɹaɪʔ]
Arakanese:
ဆတ်ကျာသတ်၊ ငွီဒဏ်ပီး ခံစီရေ
Burmese:
ကြိမ်ဒဏ်၊ ငွေဒဏ်ပေး ခံစေသည်
English:
mulct
Grammar Note:
ကြိယာ
ဒဏ်ရေဝ
[dn်ɹèw]
Arakanese:
အရိုက်၊ အပုတ်၊ အညှဉ်းအဆဲ၊ အထောင်းအထု ခံရဖန် တိစွာ။ ၂။ ယင်းဒဏ်ရာ ရို့ကြောင့် နေမထိ ထိုင်မသာ ဖြစ်ပြီးကေ ရောဂါ ရောက်ရေ
Burmese:
အရိုက်၊ အပုတ်၊ အညှဉ်းအဆဲ၊ အထောင်းအထု ခံရဖန် များသည်။ ၂။ ယင်းဒဏ်ရာ တို့ကြောင့် နေမထိ ထိုင်မသာ ဖြစ်ပြီး ရောဂါ ရောက်သည်
English:
wounds
Grammar Note:
ကြိယာ
ဒဏ်ရောက်
[dn်ɹɔ́ɛʔ]
Arakanese:
အပြစ်ပီး ခံရရေ။ ၂။ အပြစ် ရောက်ရေ
Burmese:
အပြစ်ပေး ခံရသည်။ ၂။ အပြစ် ရောက်သည်
English:
punish
Grammar Note:
ကြိယာ