Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 61–80 of 542 words

    ဒ

    ဒဏ်သင့်

    [dn်θɪ̰ɴ]
    အပြစ် တခုတရီ ရောက်ရေ
    အပြစ် တစ်စုံတစ်ရာ ရောက်သည်
    punish
    ကြိယာ

    ဒဏ်သတ်

    [dn်θaʔ]
    ဒဏ်ပီးရေ။ ၂။ တစုံ တရာသော အပြစ်အတွက် ကြိမ်အစဟိစွာအနိန်နန့် ရိုက်နှက်သည်
    ဒဏ်ပေးသည်။ ၂။ တစ်စုံ တစ်ရာသော အပြစ်အတွက် ကြိမ်စသည်ဖြင့် ရိုက်နှက်သည်
    amerce
    ကြိယာ

    ဒဏ်သတ်၂

    [dn်θaʔ၂]
    အမျိုးမျိုးသော ညှဉ်းဆဲခြင်းနန့် (နည်းနန့်) မကြီးပွား မချမ်းသာ နှိုင်ယောင် နှောင့်ယှက်ရေ။ ဒုက္ခပီးရေ။ နှိပ်စက်သည်
    အမျိုးမျိုးသော ညှဉ်းဆဲခြင်းဖြင့် (နည်းဖြင့်) မကြီးပွား မချမ်းသာ နိုင်အောင် နှောင့်ယှက်သည်။ ဒုက္ခပေးသည်။ နှိပ်စက်သည်
    incommode
    ကြိယာ

    ဒဏ်သတ်၃

    [dn်θaʔ၃]
    မထိန်းနိုင် မသိမ်းနှိုင်ယောင် အလွန် ဆိုးဝါးသော ကျွဲ၊ နွား အစဟိစွာရို့ကို အင်အား နည်းပါးအောင် အစာ ရေစာ မပီးဘဲ ထားခြင်း၊ ခြေ လက် အစဟိစွာရို့ကို ချိုင်နှောင် ထားခြင်း အစဟိစွာအနိန်နန့် ညှဉ်းဆဲခြင်း အမျိုးမျိုးကို ပြုရေအနိန်နန့်
    မထိန်းနိုင် မသိမ်းနိုင်အောင် အလွန် ဆိုးဝါးသော ကျွဲ၊ နွား စသည်တို့ကို အင်အား နည်းပါးအောင် အစာ ရေစာ မပေးပဲ ထားခြင်း၊ ခြေ လက် စသည်တို့ကို ချည်နှောင် ထားခြင်း စသည်ဖြင့် ညှဉ်းဆဲခြင်း အမျိုးမျိုးကို ပြုသော အားဖြင့်
    inflict punishment
    ကြိယာဝိသေသန

    ဒဏ်သီ

    [dn်θí]
    အနာရောဂါ ဒဏ်ရာ ဒဏ်ချက်ရို့ အခိုးအငွီ့ ကင်းပျောက်ရေ။၂။ တိုးနိန်ရေ အနာ ရောဂါ ညံ့လားရေ
    အနာရောဂါ ဒဏ်ရာ ဒဏ်ချက်တို့ အခိုးအငွေ့ ကင်းပျောက်သည်။၂။ တိုးနေသော အနာ ရောဂါ ညံ့သွားသည်
    relief
    ကြိယာ

    ဒတ်ရိုက်

    [daʔɹaɪʔ]
    မသွယ် မဝိုက်ပဲ။ တတည့်။ ကြားခံ တဆင့် မဟိဘဲ။ တိုက်ရိုက်
    မသွယ် မဝိုက်ပဲ။ တည့်တည့်။ ကြားခံ တဆင့် မရှိပဲ။ တိုက်ရိုက်
    direct
    ကြိယာဝိသေသန

    ဒတ်ရိုက်ကျ

    [daʔɹaɪʔt͡ɕ]
    ဒိဌ မျက်မှောက်။ မျက်မြင်။ ကိုယ်တွိ။ အထင်အရှား။ ဧကန်အမှန်။ အသီအချာ။ အတိအကျ။ အတိအလင်း
    ဒိဌ မျက်မှောက်။ မျက်မြင်။ ကိုယ်တွေ့။ အထင်အရှား။ ဧကန်အမှန်။ အသေအချာ။ အတိအကျ။ အတိအလင်း
    nicety
    ကြိယာဝိသေသန

    ဒဒွေး

    [ddwé]
    ဒ-အက္ခရာ၏ အမည်
    ဒ-အက္ခရာ၏ အမည်
    pronunciation of th of Arakanese consonant
    နာမ်

    ဒန်

    [dàɴ]
    ဖြူသော အရောင်ဟိရေ သတ္တု တမျိုး
    ဖြူသော အရောင်ရှိသော သတ္တု တစ်မျိုး
    aluminum
    နာမ်

    ဒန့်

    [dàɴ့]
    မြင်းစားပဲ အစဟိစွာရို့ကို ကြေမွအောင် ချက်ပြုတ် ထားရေ အရာ။၂။ ကြေမွအောင် ကြိုချက် ထားရေ ငါး၊ ဟင်းလျာ တမျိုး
    ကုလားပဲ စသည်တို့ကို ကြေမွအောင် ချက်ပြုတ် ထားသော အရာ။၂။ ကြေမွအောင် ကြိုချက် ထားသော ငါး၊ ဟင်းလျာ တစ်မျိုး
    none
    နာမ်

    ဒန်း

    [dáɴ]
    ချီး ပေကျိုင်ရေကို သနရေ အနိန်နန့် ဒန်းဟု ဆိုရေ စကား
    မစင် ပေကျံသည်ကို ရွံရှာသည့် အနေဖြင့် ဒန်းဟု ဆိုသော စကား
    none
    နာမ်

    ဒန်း၂

    [dáɴ၂]
    ရက်သား အလိုက် အညွန့် စိုက်ထိုး ရရေ အပင်။ ၂။ အရွက်၊ အညွန့်ကို လက်သည်း၊ ခြီသည်း အရဲ ဆိုးရာမာ သုံးလိဟိရေ အပင်။ (ဓါး၊ လှံ ပြတ်ရှရာမာ ညက်စွာ ကြိတ်ပြီးကေ ပြတ်ရှသော နီရာမာ အုံပြီး ပတ်တီး စည်းထားပါက များမကြာခင် ပျောက်ကင်း လားပါရေ။
    ရက်သား အလိုက် အညွန့် စိုက်ထိုး ရသော အပင်။ ၂။ အရွက်၊ အညွန့်ကို လက်သည်း၊ ခြေသည်း အနီ ဆိုးရာတွင် သုံးလေ့ရှိသော အပင်။ (ဓါး၊ လှံ ပြတ်ရှရာ၌ ညက်စွာ ကြိတ်ပြီးလျှင် ပြတ်ရှသော နေရာတွင် အုံပြီး ပတ်တီး စည်းထားပါက များမကြာခင် ပျောက်ကင်း သွားပါသည်။
    none
    နာမ်

    ဒန့်ကျော်

    [dàɴ့t͡ɕɔ̀]
    မုန်ညက်ကို ပဲဝါ ခြမ်း အစဟိစွာ ကပ်၍ ကြော်ထားရေ စားဖွယ်
    မုန်ညက်ကို ပဲဝါ ခြမ်း စသည် ကပ်၍ ကြော်ထားသော စားဖွယ်
    none
    နာမ်

    ဒန်ခံ

    [dàɴkʰံ]
    အိမ်ခြံထဲမာ လူမမား နီထိုင်စရာ ပြုလုပ် ထားရေ စင်ချေစင်
    အိမ်ခြံထဲတွင် လူနား နေထိုင်စရာ ပြုလုပ် ထားသော ကွပ်ပျစ်စင်
    divan
    နာမ်

    ဒန်းချိတ်

    [dáɴɕeɪʔ]
    ချီး ပေကျံသော သူအား ပြောင်လောင်းာင်သော အနိန်နန့် (သနရေ အနိန်နန့်) ဒန်းချိတ်ဟု ဆိုကတ်တေ
    မစင် ပေကျံသော သူအား ပြောင်လှောင်သော အနေဖြင့် (ရွံရှာသည့် အနေဖြင့်) ဒန်းချိတ်ဟု ဆိုကြသည်
    none
    ကြိယာ

    ဒန်းစိလက်စိ

    [dáɴsìlɛʔsì]
    တံသီးတိုက်။ မပိုမလို။ အမင်ာင်နှမျှ
    မပိုမလျော့။ မပိုမလို။ အညီအမျှ
    equal
    ကြိယာဝိသေသန

    ဒန်းစောင်

    [dáɴsàʊɴ]
    အနံငယ်ပနာ အလျား တိုသော ဂွမ်းစောင် အညံ့စား တမျိုး
    အနံသေး၍ အလျား တိုသော ဂွမ်းစောင် အညံ့စား တစ်မျိုး
    type of blanket
    နာမ်

    ဒန်တရိုက်ကျ

    [dàɴtɹaɪʔt͡ɕ]
    ဒိဌ မျက်မှောက်။ မျက်မြင်။ ကိုယ်တွိ။ အထင်အရှား။ ဧကန်အမှန်။ အသီအချာ။ အတိအကျ။ အတိအလင်း
    ဒိဌ မျက်မှောက်။ မျက်မြင်။ ကိုယ်တွေ့။ အထင်အရှား။ ဧကန်အမှန်။ အသေအချာ။ အတိအကျ။ အတိအလင်း
    nicety
    ကြိယာဝိသေသန

    ဒန်းဒန်း

    [dáɴdáɴ]
    ချီး ပေကျိုင်ရေ ဖြစ်စီ၊ နင်းမိရေ ဖြစ်စီ မြင်သော သူရို့က (သနရေ အနိန်နန့်) ဒန်းဒန်းဟု ဆိုကတ်တေ
    မစင် ပေကျံသည် ဖြစ်စေ၊ နင်းမိသည် ဖြစ်စေ မြင်သော သူတို့က (ရွံရှာသည့် အနေဖြင့်) ဒန်းဒန်းဟု ဆိုကြသည်
    none
    ကြိယာ

    ဒန်းဒန်း၂

    [dáɴdáɴ၂]
    ယင်းပိုင် ဆိုကတ်သော စကားလုံး
    ယင်းသို့ ဆိုကြသော စကားလုံး
    none
    နာမ်