Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 161–180 of 542 words

    ဒ

    ဒိုင်စောက်

    [dàɪɴsɔ́ɛʔ]
    ဒန်၊ သတ္တုရို့နန့် ပြုလုပ် ထားရေ ဗေါင်းဇောက်ရေ ဒိုင်တမျိုး
    ဒန်၊ သတ္တုတို့ဖြင့် ပြုလုပ် ထားသော မတ်စောက်သည့် ဒိုင်တစ်မျိုး
    shield
    နာမ်

    ဒိုင်းတတ်

    [dáɪɴtaʔ]
    ဒိုင်းအရာမာ လိမ္မာ တတ်ကျွမ်းသော သူ။ ၂။ ဒိုင်းတတ် လူမျိုး။ ၃။ ဒိုင်းနက် လူမျိုး
    ဒိုင်းအရာ၌ လိမ္မာ ကျွမ်းကျင်သော သူ။ ၂။ ဒိုင်းတတ် လူမျိုး။ ၃။ ဒိုင်းနက် လူမျိုး
    race
    နာမ်

    ဒိုင်းနက်

    [dáɪɴnɛʔ]
    (လူမျိုး) ရခိုင်ပြည်နယ် အထဲမာ နီထိုင်ဗျာယ် ဟိနိန်ရေ တိုင်းရင်းသား လူမျိုး။ (ရခိုင်မင်း လက်ထက်က ဒိုင်းနက် လူမျိုးရို့အား ဒိုင်းသည်တော်အဖြစ် အမှုထမ်း စီပြီးကေ၊ ဒိုင်းနက် ငွီအခွန်တော် အစို့ ဖွဲ့ထား ခရေ။
    (လူမျိုး) ရခိုင်ပြည်နယ် အတွင်း၌ နေထိုင်လျက် ရှိနေသော တိုင်းရင်းသား လူမျိုး။ (ရခိုင်မင်း လက်ထက်က ဒိုင်းနက် လူမျိုးတို့အား ဒိုင်းသည်တော်အဖြစ် အမှုထမ်း စေလျက်၊ ဒိုင်းနက် ငွေအခွန်တော် အစို့ ဖွဲ့ထား ခဲ့သည်။
    race
    နာမ်

    ဒိုင်ပြန့်

    [dàɪɴpɹàɴ့]
    ပက်သော သံပုရာပိုင်း
    ပက်သော ဒယ်အိုး
    pan
    နာမ်

    ဒိုင်ပြားကြီး

    [dàɪɴpɹát͡ɕï]
    ပက်သော သံပုရာပိုင်း
    ပက်သော ဒယ်အိုး
    pan
    နာမ်

    ဒိုင်မှူး

    [dàɪɴm̥ùး]
    စပါး၊ ဆန်၊ တစုံ တခု ရောင်းဝယ်ရာ ပင်မ ဌာနချုပ်၏ အကြီးအကဲ
    စပါး၊ ဆန်၊ တစ်စုံ တစ်ခု ရောင်းဝယ်ရာ ပင်မ ဌာနချုပ်၏ အကြီးအကဲ
    headman
    နာမ်

    ဒိုင်လူကြီး

    [dàɪɴlùt͡ɕï]
    ကစပ် ခုန်စားပွဲ တိကို စည်းကမ်းချက် အရ ဆုံးဖြတ်ပီးဖို့ ရွီးချယ် တင်မြှောက် ထားရေ လူကြီး
    ကစား ခုန်စားပွဲ များကို စည်းကမ်းချက် အရ ဆုံးဖြတ်ပေးရန် ရွေးချယ် တင်မြှောက် ထားသော လူကြီး
    referee
    နာမ်

    ဒိုင်အိုး

    [dàɪɴʔó]
    ဒန်၊ သတ္တု စစွာတိနန့် ပြုလုပ် ထားရေ စောက်တိမ်၍ အဝပြန့်ကျယ်သော ချက်ပြုတ် စရာ အိုး။ သံပုရာပိုင်း
    ဒန်၊ သတ္တု စသည်တို့ဖြင့် ပြုလုပ် ထားသော စောက်တိမ်၍ အဝပြန့်ကျယ်သော ချက်ပြုတ် စရာ အိုး။ ဒယ်အိုး
    cookware
    နာမ်

    ဒိုးဆိုကေ-ဒေါက်

    [dósʰÒkè-daʊʔ]
    ဖြတ်ဖြတ် လတ်လတ်။ သွက်သွက် လက်လက်။ ပွင့်ပွင့် လင်းလင်း။ လျှို့ဝှက် မျိုသိပ်၍ မထားပဲ ဝံ့ဝံ့စားစား ပြောဆို ပြုမူဗျာယ်
    ဖျတ်ဖျတ် လတ်လတ်။ သွက်သွက် လက်လက်။ ပွင့်ပွင့် လင်းလင်း။ လျှို့ဝှက် မျိုသိပ်၍ မထားပဲ ဝံ့ဝံ့စားစား ပြောဆို ပြုမူလျက်
    unbosom
    ကြိယာဝိသေသန

    ဒိုးတန်း

    [dótáɴ]
    ဒိုး တခု နောက်တခု လိုက်ပြီးကေ စီတန်းကာ
    ဒိုး တစ်ခု နောက်တစ်ခု လိုက်၍ စီတန်းကာ
    process
    ကြိယာဝိသေသန

    ဒိုးတန်း၂

    [dótáɴ၂]
    ခုံညင်းစိကို တခု နောက်က တခု လိုက်ပြီးကေ စီတန်း စိုက်ထားရေ အရာ
    ခုံညင်းစေ့ကို တစ်ခု နောက်က တစ်ခု လိုက်၍ စီတန်း စိုက်ထားသော အရာ
    none
    နာမ်

    ဒိုးတလက်

    [dótlɛʔ]
    ၁၊ ခုံညင်း တစိ။ ၂၊ အကြိမ်။ အလှည့်။ တလက်မကောင်း- တလက်ကောင်း၊ လောင်းလို့ကြံစည်- မောင်ပစ်မည် (ပတ်ခြင်း)
    ၁၊ ခုံညင်း တစ်စေ့။ ၂၊ အကြိမ်။ အလှည့်။ တလက်မကောင်း- တလက်ကောင်း၊ လောင်းလို့ကြံစည်- မောင်ပစ်မည် (ပတ်ခြင်း)
    alternate
    နာမ်

    ဒိုးတလင်း

    [dótlɪ́ɴ]
    ခုံညင်း ကစပ်ရာ ညီညာ ပြန့်ပြူးသော မြေအပြင် နီရာ။ စံရဖြူအိမ်နောက်က၊ မှင်းကျိုးပင်အောက်၊ မှင်းကျိုးပင်ရင်း၊ ဒိုးတလင်း (တေး)
    ခုံညင်း ကစားရာ ညီညာ ပြန့်ပြူးသော မြေအပြင် နေရာ။ စံရဖြူအိမ်နောက်က၊ မှင်းကျိုးပင်အောက်၊ မှင်းကျိုးပင်ရင်း၊ ဒိုးတလင်း (တေး)
    ground
    နာမ်

    ဒိုးတလင်းလက်စွပ်

    [dótlɪ́ɴlɛʔswaʔ]
    ၁၊ ခုံညင်း သဏ္ဍာန် အကွက်ဖော်ပနာ ပြုလုပ် ထားရေ ရှီးခေတ် ရခိုင်ရို့၏ လက်ဝတ် ရတနာ တမျိုး။ ဒိုးတလင်းလက်စွပ်၊ လှသန္တာစီပျာဝတ် (တေး)။ ၂၊ ယင်းလက်စွပ်၏ အမည်
    ၁၊ ခုံညင်း သဏ္ဍာန် အကွက်ဖော်၍ ပြုလုပ် ထားသော ရှေးခေတ် ရခိုင်တို့၏ လက်ဝတ် ရတနာ တစ်မျိုး။ ဒိုးတလင်းလက်စွပ်၊ လှသန္တာစီပျာဝတ် (တေး)။ ၂၊ ယင်းလက်စွပ်၏ အမည်
    ornament
    နာမ်

    ဒိုးတောင့်

    [dóta̰ʊɴ]
    ခုံညင်း အသီးတောင့် ရှည်
    ခုံညင်း အသီးတောင့် ရှည်
    none
    နာမ်

    ဒိုးထိုး

    [dótʰó]
    လက်နန့် လှည့်ပတ်ကာ စိုက်ထားရေ ခုံညင်းတန်းကို ပစ်လွှတ်လိုက်ရေ။ အသူ့မောင်သျှေ၊ ဒိုးထိုးရေ၊ ငါရို့မောင်သျှေ။ ဒိုးထိုးရေ၊ အောင်ရာအောင်စီ၊ မယှုံးစီကေ့ (တေး)
    လက်ဖြင့် လှည့်ပတ်ကာ စိုက်ထားသော ခုံညင်းတန်းကို ပစ်လွှတ်လိုက်သည်။ အသူ့မောင်သျှေ၊ ဒိုးထိုးရေ၊ ငါရို့မောင်သျှေ။ ဒိုးထိုးရေ၊ အောင်ရာအောင်စီ၊ မရှုံးစီကေ့ (တေး)
    none
    ကြိယာ

    ဒိုးထိုးဂျင်ပေါက်

    [dótʰódʑɪ̀ɴpaʊʔ]
    ကစပ် ခုန်စား ပြေးလွှား နှိုင်ရေ အရွယ်သို့ ရောက်ယာ ဖြစ်တေ
    ကစား ခုန်စား ပြေးလွှား နိုင်သော အရွယ်သို့ ရောက်ပြီ ဖြစ်သည်
    child
    ကြိယာ

    ဒိုးထိုးဂျင်ပေါက်၂

    [dótʰódʑɪ̀ɴpaʊʔ၂]
    ကစပ် ခုန်စား ပြေးလွှား နှိုင်ရေ အရွယ်
    ကစား ခုန်စား ပြေးလွှား နိုင်သော အရွယ်
    child
    နာမ်

    ဒိုးဒိုး

    [dódó]
    မိခင်၊ ဖခင် ရို့၏ အမင်။ အဘောင်သျှင်မ။ ဒိုးဒိုးဝါ၊ ဒိုးဒိုးဆုံပြောင်း- လားခယင့် (တေး)
    မိခင်၊ ဖခင် တို့၏ အမေ။ အဖွား။ ဒိုးဒိုးဝါ၊ ဒိုးဒိုးဆုံပြောင်း- လားခယင့် (တေး)
    grandmother
    နာမ်

    ဒိုးဒိုးဒိန်းဒိန်း

    [dódódéɪɴdéɪɴ]
    (မိုးကြိုး) ပြင်းစွာ မြည်ဟည်းသော အသံ။ ရီမြီအလပ်၊ ဒိုးဒိုးဒိန်းဒိန်း၊ ဂြိုးဂြိုးဂြိမ်းကေ၊ အိုးထိန်းစက်သို့၊ သွက်သွက်လည်းလည် (ရာမ)
    (မိုးကြိုး) ပြင်းစွာ မြည်ဟည်းသော အသံ။ ရီမြီတဝက်၊ ဒိုးဒိုးဒိန်းဒိန်း၊ ဂြိုးဂြိုးဂြိမ်းကေ၊ အိုးထိန်းစက်သို့၊ သွက်သွက်လည်းလည် (ရာမ)
    boom
    နာမ်