Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 181–200 of 1,758 words

    န

    နတ်ခြင်း

    [naʔkʰɹɪ́ɴ]
    နတ်ကောင်းမရို့ ဖွဲ့ဆိုရေ နတ်နှင့် ဆိုင်ရေ တေးခြင်း။ ဘုရားကျတောင်းမွန်၊ ကိုးလုံးရံကေ၊ တောင်မွန်စိမ်းစောင်း၊ တောင်နှာ မောင်းကေ၊ ဥဒေါင်းကြိုးကြာ သာလိကာ၊ တမာဖေါင်ကား၊ ကျီးကုလားနှင့်၊ သရက်ပင်စိုက်၊ ကံ့ကော်ပင်မြင့်၊ ကြီးဆင့်တောင်လေ၊ ရာမောင်မမာ၊ ခက်ချင်းယှက်တေ (
    နတ်ကတော်တို့ ဖွဲ့ဆိုသော နတ်နှင့် ဆိုင်သော သီချင်း။ ဘုရားကျတောင်းမွန်၊ ကိုးလုံးရံကေ၊ တောင်မွန်စိမ်းစောင်း၊ တောင်နှာ မောင်းကေ၊ ဥဒေါင်းကြိုးကြာ သာလိကာ၊ တမာဖေါင်ကား၊ ကျီးကုလားနှင့်၊ သရက်ပင်စိုက်၊ ကံ့ကော်ပင်မြင့်၊ ကြီးဆင့်တောင်လေ၊ ရာမောင်မမှာ၊ ခက်ချင်းယှက်တေ (
    spirit song
    နာမ်

    နတ်ခြည်

    [naʔkʰɹɛ]
    နတ်ရို့ကို ပူဇော် ပ သသော ပွဲမာ ပါဝင်ရေ ခြည်မျှင်
    နတ်တို့ကို ပူဇော် ပ သသော ပွဲတွင် ပါဝင်သော ချည်မျှင်
    spirit yarn
    နာမ်

    နတ်ခြည်စွပ်

    [naʔkʰɹɛswaʔ]
    ရိုးရာ အလိုက် နတ်ရို့ကို ပူဇော် ပ သပြီး သက်ဆိုင်ရာ မိသားစုရို့က ဖလံချုပ် ခေါ် ခြည်မျှင်ကြိုးကို လူကြီးအား လက်ကောက် ဝတ်မာ၊ အဘုချေအား လိုင်ဖင်းမာ စွပ်ခြည်ကတ်တေ
    ရိုးရာ အလိုက် နတ်တို့ကို ပူဇော် ပ သပြီး သက်ဆိုင်ရာ မိသားစုတို့က လိပ်ပြာချုပ် ခေါ် ချည်မျှင်ကြိုးကို လူကြီးအား လက်ကောက် ဝတ်တွင်၊ ခလေးအား လည်ပင်းတွင် စွပ်ချည်ကြသည်
    spirit charm
    ကြိယာ

    နတ်စင်

    [naʔsɪ̀ɴ]
    နတ်နိန်ရန် ရည်ရွယ်၍ ဆောက်ထားရေ ဗိမာန်။ နတ်စင်
    နတ်နေရန် ရည်ရွယ်၍ ဆောက်ထားသော ဗိမာန်။ နတ်ကွန်း
    shrine
    ကြိယာ

    နတ်စိမ်း

    [naʔséɪɴ]
    သီခြင်း ဆိုးဖြင့် သေ၍ ဖြစ်လှားသော နာနာယာဝ
    သေခြင်း ဆိုးဖြင့် သေ၍ ဖြစ်သွားသော နာနာယာဝ
    violaent death
    နာမ်

    နတ်ဆိုး

    [naʔsʰó]
    မကောင်းရေ နတ်
    မကောင်းသော နတ်
    devil
    နာမ်

    နတ်တင်

    [naʔtɪ̀ɴ]
    နတ်အား မုန့်၊ ပဲ အစဟိရေ အစားအစာ၊ အဝတ်အထည်၊ ပန်းမန် အစဟိစွာ ရို့နန့် ပူဇော်ပ သ သည်
    နတ်အား မုန့်၊ ပဲ စသော အစားအစာ၊ အဝတ်အထည်၊ ပန်းမန် စသည် တို့ဖြင့် ပူဇော်ပ သ သည်
    make offerings to a nat
    ကြိယာ

    နတ်တုန်

    [naʔtòʊɴ]
    (နတ် ပူးဝင်ပိုင်) ခန္ဓာ တကိုယ်လုံး တုန်သည်
    (နတ် ပူးဝင်သကဲ့သို့) ခန္ဓာ တစ်ကိုယ်လုံး တုန်သည်
    be possessed by a nat
    ကြိယာ

    နတ်တော်လ

    [naʔtɔ̀l]
    ရခိုင် တဆယ့်နှစ်လမာ ကိုးလမြောက်သော လ၏ အမည်။ သဇင်ပျံ့သင်း၊ မယွင်းနတ်တော်၊ ပြာသိုသော်မူ၊ မလျော်ပျက်စီး (ပါရာ)။ နတ်တော်မှန်လှ၊ ဟင်္သာတာရာ၊ မဟာပိန္နဲ၊ ဆွဲရထားငင်၊ ဂမုန်းအင်နှင့် (ပါရာ)
    ရခိုင် တစ်ဆယ့်နှစ်လတွင် ကိုးလမြောက်သော လ၏ အမည်။ သဇင်ပျံ့သင်း၊ မယွင်းနတ်တော်၊ ပြာသိုသော်မူ၊ မလျော်ပျက်စီး (ပါရာ)။ နတ်တော်မှန်လှ၊ ဟင်္သာတာရာ၊ မဟာပိန္နဲ၊ ဆွဲရထားငင်၊ ဂမုန်းအင်နှင့် (ပါရာ)
    th month of Arakanese year
    နာမ်

    နတ်နန်း

    [naʔnáɴ]
    နတ်နိန်ရန် ရည်၍ ဆောက်လုပ် ထားရေ နတ်စင်
    နတ်နေရန် ရည်၍ ဆောက်လုပ် ထားသော နတ်စင်
    shrine
    နာမ်

    နတ်နေ

    [naʔnè]
    (ဗေဒင်) ဇာ နက္ခတ် တကိုယ်လုံး တုန်သည်
    (ဗေဒင်) မည်သည့် နက္ခတ် တစ်ကိုယ်လုံး တုန်သည်
    make offerings to a nat
    နာမ်

    နတ်နေ၂

    [naʔnè၂]
    (ဗေဒင်) မည်သည့် နက္ခတ်မာ မည်သည့် အရပ် မျက်နှာ၌ နတ်နေစွာကို ပြဆိုခြင်း။ မာဃကရေ သရဝဏ်နက္ခတ် တိုင်ရုံကား၊ အဟိနှင့် မြောက် နတ်ကြီးနီ၏ (ပါရာ)
    (ဗေဒင်) မည်သည့် နက္ခတ်တွင် မည်သည့် အရပ် မျက်နှာ၌ နတ်နေသည်ကို ပြဆိုခြင်း။ မာဃကသည် သရဝဏ်နက္ခတ် တိုင်ရုံကား၊ အရှေ့နှင့် မြောက် နတ်ကြီးနေ၏ (ပါရာ)
    shrine for a nat
    နာမ်

    နတ်နှိုးလ

    [naʔn̥ól]
    နံတော်လ။ မန္ထာတ်မင်းရို့၊ ပျော်ခင်းဌာန၊ နတ်နှိုးလ၏ (ဆယ့်နှစ်)
    နတ်တော်လ။ မန္ထာတ်မင်းတို့၊ ပျော်ခင်းဌာန၊ နတ်နှိုးလ၏ (ဆယ့်နှစ်)
    th month of Arakanese year
    နာမ်

    နတ်ပန်

    [naʔpàɴ]
    ၁၊ ရောဂါ ဝေဒနာ စွဲကပ် နိန်ရေ လူ၏ ခန္ဓာကိုယ်၌ တစုံ တခုသော အစွဲ ပယောဂ ဟိမဟိ ကိုယ့်ခန္ဓာကိုယ်၌ တစုံ တခုသော အစွဲ ပယောဂ ဟိမဟိ ကိုယ့် ခန္ဓာကိုယ်မာ ပူးကပ် ဝင်ရောက် နိန်ရေ နတ်အား ပန်ကြား သိစီရေ။ ၂၊ မေးစီး စစ်သား
    ၁၊ ရောဂါ ဝေဒနာ စွဲကပ် နေသော လူ၏ ခန္ဓာကိုယ်၌ တစ်စုံ တစ်ခုသော အစွဲ ပယောဂ ရှိမရှိ မိမိခန္ဓာကိုယ်၌ တစ်စုံ တစ်ခုသော အစွဲ ပယောဂ ရှိမရှိ မိမိ ခန္ဓာကိုယ်တွင် ပူးကပ် ဝင်ရောက် နေသော နတ်အား ပန်ကြား သိစေသည်။ ၂၊ မေးစီး စစ်သည်
    check
    ကြိယာ

    နတ်ပန်တယား

    [naʔpàɴtjá]
    နတ်ကပွဲ ရို့မာ တီးခတ် ရရေ အလျား ရှည်ရှည် စည်တမျိုး။ (အလျားနှစ်တောင်၊ တထွာခန့် အဝတောင် ဆုတ်ခန့် တဖြောင့်တည်း ဖြစ်တေ။ ဆိတ်ရေဖြင့် ကြက်၍ အဝတ် ဖြူမာ အရဲစင်း အနားကွပ်၍။ ဗူးပွင့်ငယ် ဖေါ်သော ဟန်ကြိုးဖြင့် လွယ်ဗျာယ် တီးခတ်ရရေ။ စည်မျိုး ၂၅ ပါးမာ တ
    နတ်ကပွဲ တို့တွင် တီးခတ် ရသော အလျား ရှည်ရှည် စည်တစ်မျိုး။ (အလျားနှစ်တောင်၊ တစ်ထွာခန့် အဝတောင် ဆုတ်ခန့် တစ်ဖြောင့်တည်း ဖြစ်သည်။ ဆိတ်ရေဖြင့် ကြက်၍ အဝတ် ဖြူတွင် အနီစင်း အနားကွပ်၍။ ဗူးပွင့်ငယ် ဖေါ်သော သိုင်းကြိုးဖြင့် လွယ်လျက် တီးခတ်ရသည်။ စည်မျိုး ၂၅ ပါးတွင် တ
    none
    နာမ်

    နတ်ပန်းတယားခြင်း

    [naʔpáɴtjákʰɹɪ́ɴ]
    နတ်ပန်းဂျားခြင်း နတ်က ရာမာ ပန်းတျား တီးရာမာ တီးကွက်၊ တီးဟန်၊ ကဟန်၊ သီဆိုဟန် အစီအရင်။ သျှစ်ရပ်နတ်မာ၊ မြောက်ဦးသျှင်၊ တိုင်းခွင်လှည့်ပတ်၊ ကြွလှာလတ်လေ--။ ကြွလတ်ပြီးခါ၊ မြို့ဓညာ၊ စောင့်ပါတုံလတ်၊ မြို့သျှင်လေ-- (နတ်ဖွဲ့)
    နတ်ပန်းဂျားခြင်း နတ်က ရာတွင် ပန်းတျား တီးရာ၌ တီးကွက်၊ တီးဟန်၊ ကဟန်၊ သီဆိုဟန် အစီအရင်။ သျှစ်ရပ်နတ်တွင်၊ မြောက်ဦးသျှင်၊ တိုင်းခွင်လှည့်ပတ်၊ ကြွလာလတ်လေ--။ ကြွလတ်ပြီးခါ၊ မြို့ဓညာ၊ စောင့်ပါတုံလတ်၊ မြို့စောင့်နတ်လေ-- (နတ်ဖွဲ့)
    none
    နာမ်

    နတ်ပန်းတယားသံ

    [naʔpáɴtjáθံ]
    နတ်ပန်းတျား တီးရာမာ သီဆိုရရေ တေးသံ။ စကြာချေကျွန်း၊ ကျွန်းဇမ္ဗူ၊ ပြောင်ပြောင်ထွန်းလေ---။ ချေကျွန်းသခင်၊ စကြာသျှင်၊ ဘုရင်နတ်ကြီး၊ ချေကျွန်းတည်ကေ၊ လေးပြည်ထဲမာ၊ မ လို့ပီးလေ (နတ်သံ)
    နတ်ပန်းတျား တီးရာ၌ သီဆိုရသော တေးသံ။ စကြာလေးကျွန်း၊ ကျွန်းဇမ္ဗူ၊ ပြောင်ပြောင်ထွန်းလေ---။ လေးကျွန်းသခင်၊ စကြာသျှင်၊ ဘုရင်နတ်ကြီး၊ လေးကျွန်းတည်ကေ၊ လေးပြည်ထဲမှာ၊ မ လို့ပီးလေ (နတ်သံ)
    none
    နာမ်

    နတ်ပီးကြက်ဥ

    [naʔpït͡ɕɛʔʔṵ]
    (ဥပစာ) ၁၊ (အနှောင့်အယှက် အခက်အခဲ မဟိ) အလွယ်ချေ ရရေ ဝန်ဥစ္စာ။ ၂၊ အသျှင်မဟိ စွန့်ပစ် ထားရေ (ပံ့သကူရရေ) ဝန်ဝတ္တု
    (ဥပစာ) ၁၊ (အနှောင့်အယှက် အခက်အခဲ မရှိ) အလွယ်တကူ ရသော ပစ္စည်းဥစ္စာ။ ၂၊ အရှင်မရှိ စွန့်ပစ် ထားသော (ပံ့သကူရသော) ပစ္စည်းဝတ္တု
    discarded property
    နာမ်

    နတ်ပူး

    [naʔpùး]
    နတ်က လူကိုယ်မာ ဝင်ရောက် ပူးကပ်သည်
    နတ်က လူကိုယ်တွင် ဝင်ရောက် ပူးကပ်သည်
    be possessed by a nat
    ကြိယာ

    နတ်ပေါက်

    [naʔpaʊʔ]
    လူ၏ ခန္ဓာ ကိုယ်မာ ဝင်ရောက် ပူးကပ်သည်
    လူ၏ ခန္ဓာ ကိုယ်တွင် ဝင်ရောက် ပူးကပ်သည်
    be possessed by a nat
    ကြိယာ