Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 201–220 of 1,758 words

    န

    နတ်ပျက်

    [naʔprɛʔ]
    မကောင်းရေ နတ်
    မကောင်းသော နတ်
    devil
    နာမ်

    နတ်ပြင်းခတ်

    [naʔpɹɪ́ɴkʰaʔ]
    (ဥပစာ) ၁၊ အငြိမ် မနေပဲ လှုပ်ရှား ပျာယာ ခတ်ဗျာယ်။ ၂၊ မျိုးက်ပိုင် မငြိမ်မသက် ဟိုဆွဲ သည်ဆွဲ ဆော့လွန်းသည် ဖြစ်ဗျာယ်
    (ဥပစာ) ၁၊ အငြိမ် မနေပဲ လှုပ်ရှား ပျာယာ ခတ်လျက်။ ၂၊ မျောက်ကဲ့သို့ မငြိမ်မသက် ဟိုဆွဲ သည်ဆွဲ ဆော့လွန်းသည် ဖြစ်လျက်
    be in a flurry
    ကြိယာဝိသေသန

    နတ်ပြင်းခတ်၂

    [naʔpɹɪ́ɴkʰaʔ၂]
    (ဥပစာ) ၁၊ ယင်းပိုင် ပျာယာလိုက်သူ။ ၂၊ ဆော့လွန်းသူ
    (ဥပစာ) ၁၊ ယင်းကဲ့သို့ ပျာယာခတ်သူ။ ၂၊ ဆော့လွန်းသူ
    flurry
    နာမ်

    နတ်ပြင်းသတ်

    [naʔpɹɪ́ɴθaʔ]
    (ဥပစာ) ၁၊ အငြိမ် မနေပဲ လှုပ်ရှား ပျာယာလိုက်ဗျာယ်။ ၂၊ မျိုးက်ပိုင် မငြိမ်မသက် ဟိုဆွဲ သည်ဆွဲ ဆော့လွန်းသည် ဖြစ်ဗျာယ်
    (ဥပစာ) ၁၊ အငြိမ် မနေပဲ လှုပ်ရှား ပျာယာခတ်လျက်။ ၂၊ မျောက်ကဲ့သို့ မငြိမ်မသက် ဟိုဆွဲ သည်ဆွဲ ဆော့လွန်းသည် ဖြစ်လျက်
    Nat festival
    ကြိယာဝိသေသန

    နတ်ပြင်းသတ်၂

    [naʔpɹɪ́ɴθaʔ၂]
    (ဥပစာ) ၁၊ ယင်းပိုင် ပျာယာလိုက်သူ။ ၂၊ ဆော့လွန်းသူ
    (ဥပစာ) ၁၊ ယင်းကဲ့သို့ ပျာယာခတ်သူ။ ၂၊ ဆော့လွန်းသူ
    flurry
    နာမ်

    နတ်ပြည်

    [naʔpɹɛ]
    ထက်အာကာမာ တည်ဟိရေ နတ်ရို့၏ နီရာ ဘုံဌာန
    ထက်ကောင်းကင်တွင် တည်ရှိသော နတ်တို့၏ နေရာ ဘုံဌာန
    abode of celestial
    နာမ်

    နတ်ပွဲ

    [naʔpwɛ]
    နတ်ရို့ကို ပူဇော်ပသရန် ကျင်းပသော အခမ်းအနား။ နတ်ပွဲသဘင်၊ ဆင်ယင်ကျင်းပ၊ ပူဇော်ကတ်ရာ၊ မိုဃ်းသီးကျခါလျင် (ထွန်းတိ)
    နတ်တို့ကို ပူဇော်ပသရန် ကျင်းပသော အခမ်းအနား။ နတ်ပွဲသဘင်၊ ဆင်ယင်ကျင်းပ၊ ပူဇော်ကြရာ၊ မိုးဦးခါလျင် (ထွန်းတိ)
    Nat festival
    နာမ်

    နတ်မနော်

    [naʔmnɔ̀]
    ၁၊ ဘုမ္မဒေဝ နတ်မင်းကြီး၏ သမီးတော် အထွီးဆုံး အမည်။ (ဒွေးရာနန်း၊ မနော်ဟရီ၊ ငွီတောင်လေ့သော့ ဟူ၏)။ အာကာနတ် မတော်၊ သူရာသိကြား၊ ပမာလားလို့၊ နုထွားဆင်းရုပ်ဝါတည်း (မြို့သူကြီး)။ ၂၊ နတ်မိမေတမျှ လှပတင့်ရေ သူကို တင်စားပနာ ပြောသော စကား
    ၁၊ ဘုမ္မဒေဝ နတ်မင်းကြီး၏ သမီးတော် အငယ်ဆုံး အမည်။ (ဒွေးမယ်နော်၊ မနော်ဟရီ၊ ငွေတောင်သူလည်း ဟူ၏)။ အာကာနတ် မတော်၊ သူရာသိကြား၊ ပမာလားလို့၊ နုထွားဆင်းရုပ်ဝါတည်း (မြို့သူကြီး)။ ၂၊ နတ်မိမေတမျှ လှပတင့်တယ် သူကို တင်စား၍ ပြောသော စကား
    none
    နာမ်

    နတ်မိန်းမေ

    [naʔméɪɴmè]
    ပျိုပျစ် နုနယ်သော နတ်ကညာပျို
    ပျိုပျစ် နုနယ်သော နတ်ကညာပျို
    fairy
    နာမ်

    နတ်မျှော်

    [naʔmr̯ɔ̀]
    နတ်တိက မတွိ မမြင်ရရောင် ခဏအားဖြင့် ကွယ်ဝှက် ထားရေ
    နတ်များက မတွေ့ မမြင်ရအောင် ခဏအားဖြင့် ကွယ်ဝှက် ထားသည်
    be rendered invisible by nat
    ကြိယာ

    နတ်ယဉ်သင့်

    [naʔjɪ̀ɴθɪ̀ɴ့]
    နတ် ပူးကပ် ဝင်ရောက်ဖို့ လွယ်ကူသည်
    နတ် ပူးကပ် ဝင်ရောက်ရန် လွယ်ကူသည်
    be possessed by a nat
    ကြိယာ

    နတ်ရကာ

    [naʔɹkà]
    အိမ်ဆောက်မည့် သစ်၊ ဝါး အစဟိစွာရို့မာ မကောင်းဆိုးဝါး ပါတတ်သည့် အတွက်ကြောင့်၊ ယင်းရို့ကို ပြေပျောက် စီခြင်း၍ငှာ ဂါထာ မန္တရား စစွာတိနန့် အစီအရင်။ သစ်ပုံအလယ်မာ သင်းဖြူးခင်း၍ အုန်းနှပျိုး် အစုံအလင်ဖြင့် မျက်နှာသို့ ဆန်းပန်း ကက်ကာ၊ လေးခေါက်စိအောင် နတ်ရပြီးကေ
    အိမ်ဆောက်မည့် သစ်၊ ဝါး စသည်တို့တွင် မကောင်းဆိုးဝါး ပါတတ်သည့် အတွက်ကြောင့်၊ ယင်းတို့ကို ပြေပျောက် စေခြင်း၍ငှာ ဂါထာ မန္တရား စသည်တို့ဖြင့် အစီအရင်။ သစ်ပုံအလယ်တွင် သင်းဖြူးခင်း၍ အုန်းငှက်ပျော် အစုံအလင်ဖြင့် မျက်နှာသို့ ဆန်းပန်း ကက်ကာ၊ လေးခေါက်စေ့အောင် နတ်ရကာ
    none
    နာမ်

    နတ်ရီကန်

    [naʔɹíkàɴ]
    အလို အလျောက် ကန်ပိုင် ဖြစ်နီသော မြေမား။ (ယင်းကန်မာ အမြဲတမ်း ရေပြည့် လျှံနိန်ရေ ဟူ၏)
    အလို အလျောက် ကန်ကဲ့သို့ ဖြစ်နေသော မြေတွင်း။ (ယင်းကန်တွင် အမြဲတမ်း ရေပြည့် လျှံနေသည် ဟူ၏)
    spirit’s well
    နာမ်

    နတ်ရီတွင်း

    [naʔɹítwɪ́ɴ]
    အလို အလျောက် ဖြစ်နီသော မြေမား
    အလို အလျောက် ဖြစ်နေသော မြေတွင်း
    spirit’s well
    နာမ်

    နတ်ရွာစံ

    [naʔɹwàsံ]
    ဘုရင်မင်းနှင့် မိဖုရား အစဟိစွာရို့ ဘဝ တပါးသို့ ပြောင်းလားရေ။ ပြည့်သျှင်မင်းထီးကား ---- သက္ကရာဇ် ၇၅၁ - ခုမာ နတ်ရွာ စံတော် မူလီသတည်း (ဓညရီး)
    ဘုရင်မင်းနှင့် မိဖုရား စသည်တို့ ဘဝ တစ်ပါးသို့ ပြောင်းသွားသည်။ ပြည့်သျှင်မင်းထီးကား ---- သက္ကရာဇ် ၇၅၁ - ခုတွင် နတ်ရွာ စံတော် မူလေသတည်း (ဓညရေး)
    die
    ကြိယာ

    နတ်ရွှက်မီးကျောင်း

    [naʔɹW̯ɛʔmït͡ɕáʊɴ]
    (ဥပစာ) အာဏာကုန် အခွင့်အရီး ပီးထားရေ
    (ဥပစာ) အာဏာကုန် အခွင့်အရေး ပေးထားသည်
    Give chance
    ကြိယာ

    နတ်ရွှတ်မီးကျောင်း၂

    [naʔɹW̯aʔmït͡ɕáʊɴ၂]
    (ဥပစာ) အာဏာကုန် အခွင့်အရီး ပီးထားရေ၏ အဖြစ်
    (ဥပစာ) အာဏာကုန် အခွင့်အရေး ပေးထားသည်၏ အဖြစ်
    chance
    နာမ်

    နတ်ရှင်

    [naʔʃɪ̀ɴ]
    (ဥပစာ) မျိုးက်ပိုင် မငြိမ်မသက် ဟိုဆွဲ စွာကိုင် အစဟိစွာအနိန်နန့် အလွန် ဆော့လွန်းသော သူကို တင်စားပနာ ခေါ်ဆိုရေ စကားလုံး
    (ဥပစာ) မျောက်ကဲ့သို့ မငြိမ်မသက် ဟိုဆွဲ သည်ကိုင် စသည်ဖြင့် အလွန် ဆော့လွန်းသော သူကို တင်စား၍ ခေါ်ဆိုသော စကားလုံး
    none
    နာမ်

    နတ်ရှင်ကျွီး

    [naʔʃɪ̀ɴt͡ɕwï]
    နတ်သံကို ဟစ်ပနာ သီဆိုရေ
    နတ်သံကို ဟစ်၍ သီဆိုသည်
    song
    ကြိယာ

    နတ်ရှင်ကျွီး၂

    [naʔʃɪ̀ɴt͡ɕwï၂]
    အသံကုန် ကျကျယ်လောင်လောင် ဟစ်အော်ဗျာယ်
    အသံကုန် ကျယ်လောင်စွာ ဟစ်အော်လျက်
    loud
    ကြိယာဝိသေသန