Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 221–240 of 1,758 words

    န

    နတ်ရှင်ချိုး

    [naʔʃɪ̀ɴɕó]
    (ဥပစာ) ၁၊ (ဥပစာ) မျေက်ပိုင် မငြိမ်မသက် ဟိုဆွဲ စွာကိုင် အစဟိစွာအနိန်နန့် အလွန် ဆော့လွန်းသော သူကို တင်စားပနာ ခေါ်ဆို သော စကားလုံး။၂၊ မကောင်း သနန့် ခပစာတိုက်သော စကား
    (ဥပစာ) ၁၊ (ဥပစာ) မျေက်ကဲ့သို့ မငြိမ်မသက် ဟိုဆွဲ သည်ကိုင် စသည်ဖြင့် အလွန် ဆော့လွန်းသော သူကို တင်စား၍ ခေါ်ဆို သော စကားလုံး။၂၊ မကောင်း သဖြင့် ကျိန်ဆဲသော စကား
    none
    နာမ်

    နတ်လမ်း

    [naʔláɴ]
    ဘုရား ကျောင်းကန် အစဟိစွာရို့ကို လားလာရန် ဖေါက်ထားရေ လမ်း
    ဘုရား ကျောင်းကန် စသည်တို့ကို သွားလာရန် ဖေါက်ထားသော လမ်း
    road
    နာမ်

    နတ်ဝင်

    [naʔwɪ̀ɴ]
    နတ်က လူကိုယ်မာ ဝင်ရောက် ပူးကပ်ရေ။။ ဣန္ဒ မာယုနတ်မမာ ဖွားမြင်သော အကြောင်းကို နတ်ရို့ ဝင်ပူး၍ ပြောဆို ကြသနန့် မာရယု ဆိုရေ အမည်ကို မှည့်လေ၏ (ဓညသစ်)
    နတ်က လူကိုယ်တွင် ဝင်ရောက် ပူးကပ်သည်။။ ဣန္ဒ မာယုနတ်မတွင် ဖွားမြင်သော အကြောင်းကို နတ်တို့ ဝင်ပူး၍ ပြောဆို ကြသဖြင့် မာရယု ဟူသော အမည်ကို မှည့်လေ၏ (ဓညသစ်)
    be possessed by a nat
    ကြိယာ

    နတ်ဝင်မ

    [naʔwɪ̀ɴm]
    နတ်များ ပူးဝင် ကခုန် ဟောပြော တတ်ရေ မမာ့။ နတ်ကောင်းမမ
    နတ်များ ပူးဝင် ကခုန် ဟောပြော တတ်သော မိန်းမ။ နတ်ကတော်မ
    spiritmedium
    နာမ်

    နတ်ဝှက်

    [naʔʍɛʔ]
    နတ်တိက မတွိ မမြင်ရရောင် ခဏအားဖြင့် ကွယ်ဝှက် ထားရေ
    နတ်များက မတွေ့ မမြင်ရအောင် ခဏအားဖြင့် ကွယ်ဝှက် ထားသည်
    be rendered invisible by nat
    ကြိယာ

    နတ်သက်ကြွီ

    [naʔθɛʔt͡ɕwí]
    နတ်၏ သက်တမ်း ကုန်ဆုံးသည်
    နတ်၏ သက်တမ်း ကုန်ဆုံးသည်
    die
    ကြိယာ

    နတ်သင်းခတ်

    [naʔθɪ́ɴkʰaʔ]
    ဝှေးစိ တလုံးတည်း ဟိသူ။ ဝှေးစိ တလုံးတည်းရာ ဟိခြင်း။ နတ်ကွပ်
    ဝှေးစေ့ တစ်လုံးတည်း ရှိသူ။ ဝှေးစေ့ တစ်လုံးတည်းသာ ရှိခြင်း။ နတ်ကွပ်
    geld
    နာမ်

    နတ်သတ်

    [naʔθaʔ]
    အပင် ဖို့လဲမပြိုပဲ အပိုင် ထောင်ဗျာယ် သေနိန်ရေ အပင်။ ကိုက်းခြောက်တခြမ်းသေ၊ ပင်သီနတ်သတ်၊ ခွံပတ်ရေဝင် (ဗိသုကာ)
    အပင် မလဲမပြိုပဲ အလိုလို ထောင်လျက် သေနေသော သစ်ပင်။ ကိုက်းခြောက်တစ်ခြမ်းသေ၊ ပင်သေနတ်သတ်၊ ခွံပတ်ရေဝင် (ဗိသုကာ)
    none
    နာမ်

    နတ်သတ်၂

    [naʔθaʔ၂]
    လီထပနာ ဖြစ်စီ၊ အရာ သဘာဝ အကြောင်း တရပ်ရပ်ကြောင့် ဖြစ်စီ၊ လဲပြို (တနည်း) ပကတိ ထောင်ဗျာယ် သွိခြောက် နိန်ရေ လဲသော အပင်။ နတ်သတ်အော်လဲ၊ ပြိုကွဲအပင်၊ ခြောက်သွိကျင်၏ (ဗိသုကာ)
    လေတိုက်၍ ဖြစ်စေ၊ အခြား သဘာဝ အကြောင်း တရပ်ရပ်ကြောင့် ဖြစ်စေ၊ လဲပြို (သို့မဟုတ်) ပကတိ ထောင်လျက် သွေ့ခြောက် နေသော လဲသော သစ်ပင်။ နတ်သတ်အော်လဲ၊ ပြိုကွဲသစ်ပင်၊ ခြောက်သွေ့ကျင်၏ (ဗိသုကာ)
    dry tree
    နာမ်

    နတ်သမီး

    [naʔθmï]
    နတ်မမာ့
    နတ်မိန်းမ
    fairy
    နာမ်

    နတ်သမီးခါးကြိုး

    [naʔθmïkʰàးt͡ɕó]
    အဝါအရစ် အမဲအရစ် တိနန့် ရောနှော ကျားနီသာ မြွီတမျိုး။ ငန်းတော်ကျားမြွီ။
    အဝါအရစ် အမဲအရစ် များဖြင့် ရောနှော ကျားနေသာ မြွေတစ်မျိုး။ ငန်းတော်ကျားမြွေ။
    နာမ်

    နတ်သမီးဆံမျှင်

    [naʔθmïsʰံmɹ̯ɪ̀ɴ]
    ဆောင်းဝင်စ အခါ လယ်ပြင်၌ တွိမြင်ရရေ ဖြုဖြုဖွီးဖွီး တန်းနီသာ အမျှင်များ
    ဆောင်းဝင်စ အခါ လယ်ကွင်း၌ တွေ့မြင်ရသော ဖြူဖြူဖွေးဖွေး တန်းနေသာ အမျှင်များ
    none
    နာမ်

    နတ်သား

    [naʔθá]
    နတ်ယောက်ျား။ သောဏခတ္တိ နတ်သားသည် မပယ်ရှားသောအနိန်နန့် ဝန်ခံလေ၏ (ဓညသစ်)
    နတ်ယောက်ျား။ သောဏခတ္တိ နတ်သားသည် မပယ်ရှားသော အားဖြင့် ဝန်ခံလေ၏ (ဓညသစ်)
    god
    နာမ်

    နတ်သား၂

    [naʔθá၂]
    (ဥပစာ) အဖကို လက်ဆုပ် လက်ကိုင် မပြနိူင်ပဲ ဖမဲ့ရရေ သားသမီး။ လင်မဟိဘဲ ရရေ သားသမီးကို ခေါ်သော စကား
    (ဥပစာ) အဖကို လက်ဆုပ် လက်ကိုင် မပြနိုင်ပဲ ဖမဲ့ရသော သားသမီး။ လင်မရှိပဲ ရသော သားသမီးကို ခေါ်သော စကား
    fatherless child
    နာမ်

    နတ်သား၃

    [naʔθá၃]
    ဂူထပါဏ ခေါ် စီစီမြည်တတ်ရေ နွားချီး ပိုး၏ (အိမ်ထဲက) ဖြုဖြုဖွီးဖွီး ဖွေးနု ထွေးထွေး မရင့်သိမ့်ရေ (နွားချီး) ပိုးကောင်ငယ်
    ဂူထပါဏ ခေါ် စီစီမြည်တတ်သော နွားချေး ပိုး၏ (အိမ်ထဲမှ) ဖြူဖြူဖွေးဖွေး ဖွေးနု ထွေးထွေး မရင့်သေးသော (နွားချေး) ပိုးကောင်ငယ်
    insect
    နာမ်

    နတ်သျှင်သတ်

    [naʔʃɪ̀ɴθaʔ]
    (ဥပစာ) ၁၊ (ဥပစာ) မျိုးက်ပိုင် မငြိမ်မသက် ဟိုဆွဲ စွာကိုင် အစဟိစွာအနိန်နန့် အလွန် ဆော့လွန်းသော သူကို တင်စားပနာ ခေါ်ဆိုရေ စကားလုံး။၂၊ မကောင်း သနန့် ခပစာတိုက်သော စကား
    (ဥပစာ) ၁၊ (ဥပစာ) မျောက်ကဲ့သို့ မငြိမ်မသက် ဟိုဆွဲ သည်ကိုင် စသည်ဖြင့် အလွန် ဆော့လွန်းသော သူကို တင်စား၍ ခေါ်ဆိုသော စကားလုံး။၂၊ မကောင်း သဖြင့် ကျိန်ဆဲသော စကား
    none
    နာမ်

    နတ်သွင်

    [naʔθwɪ̀ɴ]
    နတ်ရို့၏ သွင်ပြင် အမူအရာနှင့် ဆင်တူစွာ အလှနတ်သွင်၊ ရာသက်ကြင်ရေ။ ယင်းမားဖွားမြင်ကတ်၏ (မြို့သူကြီး)
    နတ်တို့၏ သွင်ပြင် အမူအရာနှင့် ဆင်တူသည်။ အလှနတ်သွင်၊ ရာသက်ကြင်သည်။ ယင်းတွင်းဖွားမြင်ကြ၏ (မြို့သူကြီး)
    look like
    ကြိယာ

    နတ်အိမ်

    [naʔʔèɪɴ]
    နတ်နိန်ရန် ရည်ရွယ်၍ ဆောက်ထားရေ ဗိမာန်။ နတ်စင်
    နတ်နေရန် ရည်ရွယ်၍ ဆောက်ထားသော ဗိမာန်။ နတ်ကွန်း
    shrine
    နာမ်

    နထိုင်းကရိုင်း

    [ntʰáɪɴkɹáɪɴ]
    ထိုင်းမှိုင်း တွေဝေဗျာယ်
    ထိုင်းမှိုင်း တွေဝေလျက်
    be indecisive
    ကြိယာဝိသေသန

    နဒီ

    [ndí]
    မြစ်။ ပင်လယ်။ ‘နဒီမည်ရ၊ ကစ္ဆပကို၊ ဆန်ကြွ ခတ်လားပါက’ (မြို့သူကြီး) (ပါ)။ ‘ပင်လယ်နဒီ၊ ယက်ဝီဝီကေ၊ ပလုံစီလို့’ (ဓမ္မသာ)
    မြစ်။ ပင်လယ်။ ‘နဒီမည်ရ၊ ကစ္ဆပကို၊ ဆန်ကြွ ခတ်သွားပါက’ (မြို့သူကြီး) (ပါ)။ ‘ပင်လယ်နဒီ၊ ယက်ဝီဝီကေ၊ ပလုံစီလို့’ (ဓမ္မသာ)
    river
    နာမ်