Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 241–260 of 1,758 words

    န

    နံနံ

    [nံnံ]
    အနံပြင်း၍ အရွက်ကို အနံ့အဖြစ် ဟင်းငါး ချက်ပြုတ် ရာမာ ထည့်ရရေ တနှစ်ခံ ဟင်းစားပင် တမျိုး
    အနံပြင်း၍ အရွက်ကို အနံ့အဖြစ် ဟင်းငါး ချက်ပြုတ် ရာတွင် ထည့်ရသော တစ်နှစ်ခံ ဟင်းစားပင် တစ်မျိုး
    cilantro
    နာမ်

    နန္ဒရာသီး

    [nn̪a̰n̪d̪a̰ɹàθï]
    အမျက် အကွက် အကွင်းများ ဖြစ်ပေါ် နိန်ပြီးကေ အသီးလုံး ထိပ်မာ အပင် ပေါက်နီသော အပင် တမျိုး။ နန္ဒရာသီး။ သီးသီးများစွာ၊ နန္ဒရာလည်း၊ သကာမက၊ ချိုအီးမြဗျာယ် (ထွန်းတိ)။ နန္ဒရာသီး၊ အချိုသီး၊ ချိုပိချိုပင်၊ မစားချင်၊ အဇာစား၊ စားပစ်လို့ပင် (တေး)
    အမျက် အကွက် အကွင်းများ ဖြစ်ပေါ် နေပြီး အသီးလုံး ထိပ်တွင် အပင် ပေါက်နေသော အပင် တစ်မျိုး။ နာနတ်သီး။ သီးသီးများစွာ၊ နန္ဒရာလည်း၊ သကာမက၊ ချိုအီးမြလျက် (ထွန်းတိ)။ နန္ဒရာသီး၊ အချိုသီး၊ ချိုပိချိုပင်၊ မစားချင်၊ အဘာစား၊ စားလို့ပင် (တေး)
    pineapple
    နာမ်

    နန့်

    [nàɴ့]
    အသုံးခံ နာမ်ပုဒ် အဖြစ်ကို ညွှန်ပြသော စကားလုံး။ တင်းခွန်လှပ်လှပ်၊ လီသွတ်သွတ်နန့်၊ စရပ်ကေသာယာ၊ ကျီးဖြူရွာ၊ ဇာမာလဲမောင် (ကျီးဖြူ)
    အသုံးခံ နာမ်ပုဒ် အဖြစ်ကို ညွှန်ပြသော စကားလုံး။ တံခွန်လှပ်လှပ်၊ လီသွတ်သွတ်နန့်၊ စရပ်ကေသာယာ၊ ကျီးဖြူရွာ၊ ဇာမှာလဲမောင် (ကျီးဖြူ)
    none
    ဝိသေသန

    နန်း

    [náɴ]
    ကြီး၊ ရွှီ၊ ငွီ အစဟိစွာရို့ကို ရှည်လျား ငယ်စွာ ပြုလုပ် ထားရေ ကြိုးမျှင်
    ကြေး၊ ရွှေ၊ ငွေ စသည်တို့ကို ရှည်လျား သေးငယ်စွာ ပြုလုပ် ထားသော ကြိုးမျှင်
    thin thread
    နာမ်

    နန့်၂

    [nàɴ့၂]
    နာမ်ပုဒ် အချင်းချင်း ဆက်စပ်၍ ပီးရေ စကားလုံး။ မင်းနန့် ငါနန့် ဘုရားကို ဖူးစောင် လားကတ်မေ
    နာမ်ပုဒ် အချင်းချင်း ဆက်စပ်၍ ပေးသော စကားလုံး။ မင်းနန့် ငါနန့် ဘုရားကို ဖူးစောင် လားကတ်မေ
    with
    ဝိသေသန

    နန်း၂

    [náɴ၂]
    မင်း၊ မိဖုရားနှင့် နတ်ဒေဝါများ နီရာ အဆောင်။ ဘုံ။ ဗိမာန်
    မင်း၊ မိဖုရားနှင့် နတ်ဒေဝါများ နေရာ အဆောင်။ ဘုံ။ ဗိမာန်
    palace
    နာမ်

    နန်း၃

    [náɴ၃]
    ချစ်ခင် လေးစားမှုကို ပြဖို့ ကြိယာကို အထူး ပြုရေ စကား။ ဘာဘာ၊ အကျွန်ရို့ မဟာမြတ်မုနိ ဘုရားကို ဖူးဖို့ လားကတ်မေ နန်း။ နှင်းဘာဘာ (နန်း၊ နှန်း၊ နှောင်း ဆိုပနာလည်း သုံးရေ။
    ချစ်ခင် လေးစားမှုကို ပြရန် ကြိယာကို အထူး ပြုသော စကား။ ဘာဘာ၊ အကျွန်ရို့ မဟာမြတ်မုနိ ဘုရားကို ဖူးဖို့ လားကတ်မေ နန်း။ နှင်းဘာဘာ (နန်း၊ နှန်း၊ နှောင်း ဟူ၍လည်း သုံးသည်။
    adverb
    ပစ္စည်း

    နန်းကျ

    [náɴt͡ɕ]
    သျှင်ဘုရင် အဖြစ်မှ လျောကျရေ။ တောင်ခွင်ကြိန် သလီသို့ လျို့ပို့ ထားလေသော နန်းကျ ရာဇသူ ပင့်ကူပြီးလျင် သက္ကရာဇ် ၇၉၅ ခုနှစ်မာ နန်းတင် ကြလီကုန်၏ (ဓညသစ်)
    ရှင်ဘုရင် အဖြစ်မှ လျောကျသည်။ တောင်ခွင်ကြိန် သလီသို့ လျို့ပို့ ထားလေသော နန်းကျ ရာဇသူ ပင့်ကူပြီးလျင် သက္ကရာဇ် ၇၉၅ ခုနှစ်တွင် နန်းတင် ကြလေကုန်၏ (ဓညသစ်)
    be dethroned
    ကြိယာ

    နန်းကြိုး

    [náɴt͡ɕó]
    သတ္တုကို ရှည်လျားစွာ အမျှင် ပြုလုပ် ထားရေ ကြိုး
    သတ္တုကို ရှည်လျားစွာ အမျှင် ပြုလုပ် ထားသော ကြိုး
    thin thread
    နာမ်

    နန်းချ

    [náɴɕ]
    ဘုရင် အဖြစ်မှ လျောကျ စီရေ။ ရာဇသူကို သက္ကရာဇ် သက္ကရာဇ် ၇၅၈ ခုနှစ်မာ နန်းက ချပနာ ညီတော် သိင်္ဂသူနှင့်တကွ တောင်ခွင်ကြိန် သလီသို့ လျှို့ပို့ ထားလေ၏ (ဓညသစ်)
    ဘုရင် အဖြစ်မှ လျောကျ စေသည်။ ရာဇသူကို သက္ကရာဇ် သက္ကရာဇ် ၇၅၈ ခုနှစ်တွင် နန်းက ချ၍ ညီတော် သိင်္ဂသူနှင့်တကွ တောင်ခွင်ကြိန် သလီသို့ လျှို့ပို့ ထားလေ၏ (ဓညသစ်)
    be thread
    ကြိယာ

    နန်းခြွီ

    [náɴkʰWɹí]
    ခွေထားရေ နန်းကြိုး။ နန်းကြိုးခွေ
    ခွေထားသော နန်းကြိုး။ နန်းကြိုးခွေ
    thin thread
    နာမ်

    နန်းစံ

    [náɴsံ]
    မင်းအဖြစ် အုပ်စိုးရေ။ ထိုဘဝရှင် မင်းဇာယှင့်ကား အိမ်နိမ့် ၃၉ နှစ်၊ နန်းစံ ၂၂ နှစ်၊ နှစ်စုသက်တော် ၆၁ နှစ်၊ သက္ကရာဇ် ၉၁၅ ခုမာ နတ်ပြည် စံတော် မူလီရေ။ (ဓညသစ်)
    မင်းအဖြစ် အုပ်စိုးသည်။ ထိုဘဝရှင် မင်းဘာကြီးကား အိမ်နိမ့် ၃၉ နှစ်၊ နန်းစံ ၂၂ နှစ်၊ နှစ်စုသက်တော် ၆၁ နှစ်၊ သက္ကရာဇ် ၉၁၅ ခုတွင် နတ်ပြည် စံတော် မူလေသည်။ (ဓညသစ်)
    reign
    ကြိယာ

    နန်းစဉ်လာ

    [náɴsɪ̀ɴlà]
    နန်းတော်မာ အစိုင်အဆက် မှတ်တမ်း တင်ထား ခရေ စာ
    နန်းတော်တွင် အစဉ်အဆက် မှတ်တမ်း တင်ထား ခဲ့သော စာ
    royal
    နာမ်

    နန်းစဉ်သုံး

    [náɴsɪ̀ɴθóʊɴ]
    နန်းတော်မာ အစိုင်အဆက် အသုံးပြု လာခရေ အသုံး အဆောင် အစဟိစွာ ဝန်
    နန်းတော်တွင် အစဉ်အဆက် အသုံးပြု လာခဲ့သော အသုံး အဆောင် စသည် ပစ္စည်း
    royal
    နာမ်

    နန်းစိုက်

    [náɴsaɪʔ]
    နန်းဆောက်ပနာ မင်းအဖြစ် စိုးစံသည်
    နန်းဆောက်၍ မင်းအဖြစ် စိုးစံသည်
    establish a royal capital
    ကြိယာ

    နန်းစွန့်

    [náɴsʊ̀ɴ့]
    မင်း၏ အဖြစ်ကို စွန့်ရွှတ်သည်
    မင်း၏ အဖြစ်ကို စွန့်လွှတ်သည်
    abdicate
    ကြိယာ

    နန်းဆွဲ

    [náɴsʰwɛ]
    အမျှင် ဖြစ်ယောင် နန်းပေါက်မှ ဆွဲထုတ်ရန် မျက်နှာ ပြင်ညီ နှုတ်သီးစောင်း နှစ်ခုဆိုင်၍ ညှပ်ယူရရေ သတ္တု လက်ကိုင်ညှပ်
    အမျှင် ဖြစ်အောင် နန်းပေါက်မှ ဆွဲထုတ်ရန် မျက်နှာ ပြင်ညီ နှုတ်သီးစောင်း နှစ်ခုဆိုင်၍ ညှပ်ယူရသော သတ္တု လက်ကိုင်ညှပ်
    make filigree
    နာမ်

    နန်းဆွဲ၂

    [náɴsʰwɛ၂]
    ကြီး၊ ငွီ၊ ရွှီ၊ သတ္တု၊ ကြိမ် အစဟိစွာရို့ကို အမျှင် ဖြစ်ယောင် နန်းပေါက်မာ သွင်း၍ ဆွဲငင်သည်
    ကြေး၊ ငွေ၊ ရွှေ၊ သတ္တု၊ ကြိမ် စသည်တို့ကို အမျှင် ဖြစ်အောင် နန်းပေါက်တွင် သွင်း၍ ဆွဲငင်သည်
    make filigree
    ကြိယာ

    နန်းတက်

    [náɴtɛʔ]
    သျှင်ဘုရင် အဖြစ်ကို ခံယူရေ။ ဗြဟ္မဏ သုန္ဒရ ပုဏ္ဏားနှင့် အဉ္စနဒေဝီ ရို့စွာ နန်းတက်ပနာ မင်းစည်းစိမ်ကို ခံစားလီယင့် (ဓညသစ်)။ စကြာဝတေးသည် နှမတော် ဓမ္မဒေဝီနန့် ဘိသိက်ခံ၍ ရွှီနန်း တက်တော် မူလီ၏ (ယင်း)
    ရှင်ဘုရင် အဖြစ်ကို ခံယူသည်။ ဗြဟ္မဏ သုန္ဒရ ပုဏ္ဏားနှင့် အဉ္စနဒေဝီ တို့သည် နန်းတက်၍ မင်းစည်းစိမ်ကို ခံစားလေ၏ (ဓညသစ်)။ စကြာဝတေးသည် နှမတော် ဓမ္မဒေဝီနှင့် ဘိသိက်ခံ၍ ရွှေနန်း တက်တော် မူလေ၏ (၎င်း)
    ascend the throne
    ကြိယာ

    နန်းတင်

    [náɴtɪ̀ɴ]
    ၁၊ သျှင်ဘုရင် အဖြစ် တင်မြှောက်ရေ။ ကိုယ့်သမီး စောလှမွှီးနှင့် စုံဖက်ရေ ၇၅၆ ခုနှစ်မာ နန်းတင် လေသတည်း (ဓညသစ်)။ ၂၊ မိဖုရား မြှောက်သည်
    ၁၊ ရှင်ဘုရင် အဖြစ် တင်မြှောက်သည်။ မိမိသမီး စောလှမွှေးနှင့် ထိမ်းမြားသည် ၇၅၆ ခုနှစ်တွင် နန်းတင် လေသတည်း (ဓညသစ်)။ ၂၊ မိဖုရား မြှောက်သည်
    ascend the throne
    ကြိယာ