Dictionary Entries
Showing 261–280 of 1,758 words
န
နန်းတည်
[náɴtɛ̀]
Arakanese:
နန်းတော် ဆောက်လုပ်ရေ
Burmese:
နန်းတော် ဆောက်လုပ်သည်
English:
found a royal capital
Grammar Note:
ကြိယာ
နန်းတော်
[náɴtɔ̀]
Arakanese:
မင်း၊ မိဖုရား ရို့၏ နီရာ အဆောက်အအုံ။ ရည်ညွန့်မပေါ်၊ ရွှီနန်းတော်ထက်၊ စံပျော်မင်းပြု၊ မာရယုသည် (ဓညသစ်)
Burmese:
မင်း၊ မိဖုရား တို့၏ နေရာ အဆောက်အအုံ။ ရည်ညွန့်မပေါ်၊ ရွှေနန်းတော်ထက်၊ စံပျော်မင်းပြု၊ မာရယုသည် (ဓညသစ်)
English:
palace
Grammar Note:
နာမ်
နန်းတွင်းကဇာတ်
[náɴtwɪ́ɴkzàaʔ]
Arakanese:
နန်းမားမာ ကပြရရေ ပင့်ခူအစဟိရေ ကဇာတ်မျိုး
Burmese:
နန်းတွင်းတွင် ကပြရသော ပင့်ခူစသော ကဇာတ်မျိုး
English:
none
Grammar Note:
နာမ်
နန်းတွင်းဆီး
[náɴtwɪ́ɴsʰï]
Arakanese:
မင်း၊ မိဖုရား အဆက်ဆက် အသုံး ပြုလာခရေ ဆီး
Burmese:
မင်း၊ မိဖုရား အဆက်ဆက် အသုံး ပြုလာခဲ့သော ဆေး
English:
royal medicine
Grammar Note:
နာမ်
နန်းထက်မိဖရား
[náɴtʰɛʔmìpʰɹá]
Arakanese:
ဘုရင် မင်းမြတ် မဟိယပြီးကေ ဆက်ပနာ အုပ်ချုပ်နိန်ရေ မိဖုရား
Burmese:
ဘုရင် မင်းမြတ် မရှိသည့်နောက် ဆက်လက် အုပ်ချုပ်နေသော မိဖုရား
English:
the queen
Grammar Note:
နာမ်
နန်းထိုင်
[náɴtʰàɪɴ]
Arakanese:
မင်း လုပ်ရေ။ မင်းအဖြစ်ကို ခံယူရေ
Burmese:
မင်း လုပ်သည်။ မင်းအဖြစ်ကို ခံယူသည်
English:
ascend the throne
Grammar Note:
ကြိယာ
နန်နန်
[nàɴnàɴ]
Arakanese:
ပုခွက်မားဟိ အရွယ် အဘုချေငယ်များ အတွက် ထမင်းကို ခေါ်သော အမည်။ (မာမူး တနည်း နန်နန် ဟု ခေါ်ရေ။
Burmese:
ပုခွက်တွင်းရှိ အရွယ် ခလေးငယ်များ အတွက် ထမင်းကို ခေါ်သော အမည်။ (မာမူး သို့မဟုတ် နန်နန် ဟု ခေါ်သည်။
English:
none
Grammar Note:
နာမ်
နန်းပျဉ်
[náɴprɪ̀ɴ]
Arakanese:
နန်းကြိုး ဖြစ်ယောင် ဆွဲရန် အပေါက်ငယ်များ ဖောက်ထားရေ သံပြား၊ ကြီးပြား အစဟိစွာ
Burmese:
နန်းကြိုး ဖြစ်အောင် ဆွဲရန် အပေါက်ငယ်များ ဖောက်ထားသော သံပြား၊ ကြေးပြား စသည်
English:
none
Grammar Note:
နာမ်
နန်းပြတ်
[náɴpɹaʔ]
Arakanese:
အုပ်ချုပ် စိုးစံမည့်သူ (မင်း) မဟိရေ မင်းမဲ့ ကာလ။ နာမ ၂ ခု ၃ ထုထက်မာ မင်းရို့ကား ထီးပြတ် နန်းပြတ် လွတ်စေ (ပါရာ)
Burmese:
အုပ်ချုပ် စိုးစံမည့်သူ (မင်း) မရှိသော မင်းမဲ့ ကာလ။ နာမ ၂ ခု ၃ ထုထက်တွင် မင်းတို့ကား ထီးပြတ် နန်းပြတ် လွတ်စေ (ပါရာ)
English:
Period in anarchy
Grammar Note:
နာမ်
နန်းမ
[náɴm]
Arakanese:
အကြီးဆုံးသော နန်းဆောင်
Burmese:
အကြီးဆုံးသော နန်းဆောင်
English:
main palace
Grammar Note:
နာမ်
နန်းမတောင်ညာ
[náɴmtàʊɴɲà]
Arakanese:
တောင်နန်းမ ဆောင်မာ စံနေတော် မူသော မိဖုရား ခေါင်ကြီး။ တောင်ညာစံ မဟေသီ မိဖုရားခေါင်
Burmese:
တောင်နန်းမ ဆောင်တွင် စံနေတော် မူသော မိဖုရား ခေါင်ကြီး။ တောင်ညာစံ မဟေသီ မိဖုရားခေါင်
English:
the queen
Grammar Note:
နာမ်
နန်းမြတ်
[náɴmɹaʔ]
Arakanese:
ဂုဏ် အရည်အခြင်း ထူးကဲ သာလွန်သော။ အဆင့်အတန်း မြင့်မြောက်သော
Burmese:
ဂုဏ် အရည်အချင်း ထူးကဲ သာလွန်သော။ အဆင့်အတန်း မြင့်မြောက်သော
English:
outstanding
Grammar Note:
နာမဝိသေသန
နန်းမြတ်၂
[náɴmɹaʔ၂]
Arakanese:
စိန် ရွှီ ရတနာဖြင့် ဆောက်လုပ် ထားရေ နန်းတော်။ အဆင့်အတန်း မြင့်မြောက်သော နန်းတော်။ သတိုးဥပရာဇာ၊ သားရွှီလွာကို၊ ရတနာနန်းမြတ်၊ မှန်ကန်းစိန်လေ၊ ထိန်ထိန်လေ့ကေ၊ အိမ်ဟိအပ်လို့ (ပန်း)
Burmese:
စိန် ရွှေ ရတနာဖြင့် ဆောက်လုပ် ထားသော နန်းတော်။ အဆင့်အတန်း မြင့်မြောက်သော နန်းတော်။ သတိုးဥပရာဇာ၊ သားရွှေလွာကို၊ ရတနာနန်းမြတ်၊ မှန်ကန်းစိန်လေ၊ ထိန်ထိန်လေ့ကေ၊ အိမ်ရှိအပ်လို့ (ပန်း)
English:
palace
Grammar Note:
နာမ်
နန်းမြို့
[náɴmɹo̰]
Arakanese:
မြို့ရိုး တံတိုင်း ကာရံ ထားရေ နန်းဟိရာ အရပ်
Burmese:
မြို့ရိုး တံတိုင်း ကာရံ ထားသော နန်းရှိရာ အရပ်
English:
city wall
Grammar Note:
နာမ်
နန်းမွီခ
[náɴmwíkʰ]
Arakanese:
သျှင်ဘုရင်၏ အရိပ်အရာကို ဆက်ခံမည့် သူ
Burmese:
ရှင်ဘုရင်၏ အရိပ်အရာကို ဆက်ခံမည့် သူ
English:
crown prince
Grammar Note:
နာမ်
နန့်ယောင်ကား
[nàɴ့jàʊɴká]
Arakanese:
၁၊ လောင်းာင်ပြောင်ရေ။ သရော် ကြီစပ်ရေ။ ၂၊ မထောက်မထား ရိုင်းပြရေ။ ပက်စက်သည်
Burmese:
၁၊ လှောင်ပြောင်သည်။ သရော် ကျီစယ်သည်။ ၂၊ မထောက်မထား ရိုင်းပျသည်။ ပက်စက်သည်
English:
mock-ridicule
Grammar Note:
ကြိယာ
နန်းရံ
[náɴɹံ]
Arakanese:
မင်း၏ နီပြည်တော်မှ တပါး ပတ်ဝန်းကျင်ဟိ အရံ နန်းငယ်များ
Burmese:
မင်း၏ နေပြည်တော်မှ တစ်ပါး ပတ်ဝန်းကျင်ရှိ အရံ နန်းငယ်များ
English:
none
Grammar Note:
နာမ်
နန်းရင်ပြင်
[náɴɹɪ̀ɴpɹɪ̀ɴ]
Arakanese:
နန်းတော်၏ ညီညာ ပြန့်ပြူးသော မျက်နှာစာ မြီပြင်။ မင်းကြီးလည်း မနာယူမူပြီးကေ နန်းရင်ပြင်ကိုလားပြီးလျင် ---- (ဓညသစ်)
Burmese:
နန်းတော်၏ ညီညာ ပြန့်ပြူးသော မျက်နှာစာ မြေပြင်။ မင်းကြီးလည်း မနာယူမူ၍ နန်းရင်ပြင်သို့သွားပြီးလျင် ---- (ဓညသစ်)
English:
flat ground
Grammar Note:
နာမ်
နန်းရန်
[náɴɹàɴ]
Arakanese:
မင်းဖြစ်ဖို့ ရာလျာထားခြင်း ခံရရေ မင်းသား။ အိမ်ဟိ မင်းသား
Burmese:
မင်းဖြစ်ဖို့ ရာလျာထားခြင်း ခံရသော မင်းသား။ အိမ်ရှေ့ မင်းသား
English:
crown prince
Grammar Note:
နာမ်
နန်းရန်းဝန်
[náɴɹáɴwàɴ]
Arakanese:
ဝန်ကြီးအဖွဲ့ကို ရှေ့ဆောင် တာဝန် ယူရရေ ပုဂ္ဂိုလ်
Burmese:
ဝန်ကြီးအဖွဲ့ကို ရှေ့ဆောင် တာဝန် ယူရသော ပုဂ္ဂိုလ်
English:
downing street
Grammar Note:
နာမ်