Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 321–340 of 1,758 words

    န

    နပျိုးရွှေ

    [npróɹW̯è]
    အသီး အလုံး ထွား၍ အရသာ လီးနက်ပြီး အထဲသား ခပ်ဝါဝါ၊ အခွံရောင် နီကြန့်ကြန့် ဟိရေ နှပျိုး တမျိုး
    အသီး အလုံး ထွား၍ အရသာ လေးနက်ပြီး အတွင်းသား ခပ်ဝါဝါ၊ အခွံရောင် နီကြန့်ကြန့် ရှိသော ငှက်ပျော တစ်မျိုး
    banana
    နာမ်

    နပျိုးသန္တာ

    [npróθn̪a̰n̪t̪a̰à]
    အလုံး ငယ်၍ အရဲကဲသော လိမ္မော်ရောင် အခွံ ဟိပြီးး အထဲ ပန်းနုရောင် ဟိရေ နှပျိုး တမျိုး
    အလုံး ငယ်၍ အနီကဲသော လိမ္မော်ရောင် အခွံ ရှိပြီး အတွင်း ပန်းနုရောင် ရှိသော ငှက်ပျော တစ်မျိုး
    banana
    နာမ်

    နပျိုးသီး

    [npróθï]
    နပျိုးသီး အားလုံးကို ခြုံ၍ ခေါ်သော စကား။ ‘နပျိုးသီးကျာကျာ - မှည့်လတ်ပျာ၊ ကြာဇံကိုလင်ယှာ - ဆိုလတ်ပျာ’ (တေး)
    ငှက်ပျောသီး အားလုံးကို ခြုံ၍ ခေါ်သော စကား။ ‘နပျိုးသီးကျာကျာ - မှည့်လတ်ပျာ၊ ကြာဇံကိုလင်ယှာ - ဆိုလတ်ပျာ’ (တေး)
    banana
    နာမ်

    နံဖက်

    [nံpʰɛʔ]
    တနင်းဂနွီနှင့် ကြာသပတီး
    တနင်္ဂနွေနှင့် ကြာသပတေး
    Sunday & Thursday
    နာမ်

    နဖလာ

    [npʰlà]
    အညစ်အကြီး။ အညှက်ဆိုး
    အညစ်အကြေး။ အမှိုက်သရိုက်
    garbage
    နာမ်

    နဖား

    [npʰá]
    ၁၊ ကျွဲ၊ နွားရို့၏ နခေါင်းမာ ကြိုးလျှိုရန် ဖေါက်ထားရေ အပေါက်။ ၂၊ သစ်တုံးမာ ကြိုးလျှိုရန် ဖေါက်ထားရေ အပေါက်
    ၁၊ ကျွဲ၊ နွားတို့၏ နှာခေါင်းတွင် ကြိုးလျှိုရန် ဖေါက်ထားသော အပေါက်။ ၂၊ သစ်တုံးတွင် ကြိုးလျှိုရန် ဖေါက်ထားသော အပေါက်
    drag hole
    နာမ်

    နဖားကြိုး

    [npʰát͡ɕó]
    ကျွဲ၊ နွားရို့၏ နဖား ပေါက်မာ လျှိုသွင်းကာ ချိုနောက်က (ကြိုးစ နှစ်ဖက်ကို) သိုင်းခြည် ရရေ ကြိုး
    ကျွဲ၊ နွားတို့၏ နဖား ပေါက်တွင် လျှိုသွင်းကာ ချိုနောက်က (ကြိုးစ နှစ်ဖက်ကို) သိုင်းချည် ရသော ကြိုး
    nose-ring
    နာမ်

    နဖားကြိုးတပ်

    [npʰát͡ɕótaʔ]
    (ဥပစာ) လွတ်လပ်မှု မဟိ နှိုင်ယောင် အကျိုင်း အကျပ် လုပ်ထားရေ။ ရုန်းကန် လှုပ်ယှားမှု မရယောင် အားဒမ ပြုလုပ် ထားရေ
    (ဥပစာ) လွတ်လပ်မှု မရှိ နိုင်အောင် အကျဉ်း အကျပ် လုပ်ထားသည်။ ရုန်းကန် လှုပ်ရှားမှု မရအောင် အတင်းအကြပ် ပြုလုပ် ထားသည်
    lead by the nose
    ကြိယာ

    နဖားစူး

    [npʰásùး]
    ကျွဲ၊ နွားရို့ကို နဖား ဖေါက်ရရေ ချွန်သော စူး
    ကျွဲ၊ နွားတို့ကို နဖား ဖေါက်ရသော ချွန်သော စူး
    gimlet
    နာမ်

    နဖားစူး၂

    [npʰásùး၂]
    ကျွဲငယ်၊ နွားငယ် တိကို နို့မစို့ ရယောင် နှုတ်သီးမာ တပ်ဆင် ထားရေ စူးချွန်
    ကျွဲငယ်၊ နွားငယ် များကို နို့မစို့ ရအောင် နှုတ်သီးတွင် တပ်ဆင် ထားသော စူးချွန်
    gimlet
    နာမ်

    နဖားထိုး

    [npʰátʰó]
    နဖား အပေါက် ထဲကို ကြိုးလျှို သွင်းရေ။ ကြိုးလျှို သွင်းရန် အတွက် ကျွဲ၊ နွား နခေါင်းကို သံချွန်ဖြင့် ထိုးဖေါက်သည်
    နဖား အပေါက် ထဲသို့ ကြိုးလျှို သွင်းသည်။ ကြိုးလျှို သွင်းရန် အတွက် ကျွဲ၊ နွား နှာခေါင်းကို သံချွန်ဖြင့် ထိုးဖေါက်သည်
    lead by the nose
    ကြိယာ

    နဖားထုံ

    [npʰátʰòʊɴ]
    ကျွဲ၊ နွားရို့ကို နဖား ကြိုးဖြင့် ဆွဲငင်ရ ခဲယဉ်းသည်
    ကျွဲ၊ နွားတို့ကို နဖား ကြိုးဖြင့် ဆွဲငင်ရ ခဲယဉ်းသည်
    none
    ကြိယာ

    နဖားပေါက်

    [npʰápaʊʔ]
    ကြိုး၊ အပ်ခြည်မျှင်၊ အချောင်း အတံ အစဟိစွာ အမျိုးမျိုး လျှိုသွင်းရန် ဖေါက်ထားရေ အပေါက်
    ကြိုး၊ အပ်ချည်မျှင်၊ အချောင်း အတံ စသည် အမျိုးမျိုး လျှိုသွင်းရန် ဖေါက်ထားသော အပေါက်
    drag hole
    ကြိယာ

    နဖားသျှို

    [npʰáʃÒ]
    ကျွဲ၊ နွား ရို့ကို နဖား ကြိုးဖြင့် ဆွဲငင်ရ လွယ်ကူသည်
    ကျွဲ၊ နွား တို့ကို နဖား ကြိုးဖြင့် ဆွဲငင်ရ လွယ်ကူသည်
    lead by the nose
    ကြိယာ

    နဖီ

    [npʰí]
    အစွန် အဖျား။ အစွန် အနား
    အစွန် အဖျား။ အစွန် အနား
    edge
    နာမ်

    နဖူး

    [npʰùး]
    မျက်ခုံး အထက်၊ နား နှစ်ဖက်ရို့၏ အကြား နီရာ။ ‘ဖဝါးခြီမာ၊ သဲမြီမှုန့်ကို၊ ငုံ့၍ယူပျာ၊ မှန်ကူသတ်လူး၊ နဖူးမာရို့’ (ကော်)
    မျက်ခုံး အထက်၊ နား နှစ်ဖက်တို့၏ အကြား နေရာ။ ‘ဖဝါးခြီမှာ၊ သဲမြီမှုန့်ကို၊ ငုံ့၍ယူပျာ၊ မှန်ကူသတ်လူး၊ နဖူးမှာတို့’ (ကော်)
    fore head
    နာမ်

    နဖူးခက်

    [npʰùးkʰɛʔ]
    ၁၊ ဝန် ဥစ္စာ ဆုံးယှုံးမှုဖြစ်ခ ရခြင်းကြောင့် ပင်ဖြစ်ဖြစ်၊ တစုံ တခု အခက်အခဲ ကြုံတွိမှု ခံခရခြင်းကြောင့် ပင်ဖြစ်ဖြစ်၊ ကိုယ့် ကြမ္မာကို ယိုးပြီးကေ မာန်ပါယား ကိုယ့် နဖူးပြင်ကို လက်ဝါးဖြင့် ပုတ်ခတ်ရေ။ ‘အများမိဿံ၊ ကြောက်စိတ်ဝှန်ပျာ၊ ကံကိုယိုထ
    ၁၊ ပစ္စည်း ဥစ္စာ ဆုံးရှုံးမှု ဖြစ်ခဲ့ ရခြင်းကြောင့် လည်းကောင်း၊ တစ်စုံ တစ်ခု အခက်အခဲ ကြုံတွေ့မှု ခံခဲ့ရခြင်းကြောင့် လည်းကောင်း၊ မိမိ၏ ကံကြမ္မာကို ယိုးပြီးလျှင် စိတ်ဆိုးပြီး မိမိ၏ နဖူးပြင်ကို လက်ဝါးဖြင့် ပုတ်ခတ်သည်။ ‘အများမိဿံ၊ ကြောက်စိတ်ဝှန်ပျာ၊ ကံကိုယိုထ
    none
    ကြိယာ

    နဖူးစာ

    [npʰùးsà]
    ရှေးက ပြုခဖူးသော ကံ။ ကြမ္မာ။ ရှေးက ရေစက်။ ‘ဇာနဖူးစာ၊ ဇာကြမ္မာ၊ ဇာစွာလည်းဆိုး၊ ကံလည်းညှိုး’ (ဓမ္မက)
    ရှေးက ပြုခဲ့ဖူးသော ကံ။ ကြမ္မာ။ ရှေးက ရေစက်။ ‘ဇာနဖူးစာ၊ ဇာကြမ္မာ၊ ဇာတာလည်းဆိုး၊ ကံလည်းညှိုး’ (ဓမ္မက)
    destiny
    နာမ်

    နဖူးစာကြာပွင့်

    [npʰùးsàt͡ɕàpwɪ̀ɴ့]
    ဖူးစာ ကံကောင်းရေ။ ကံထူးသည်
    ဖူးစာ ကံကောင်းသည်။ ကံထူးသည်
    luck
    ကြိယာ

    နဖူးစာကြာပွင့်၂

    [npʰùးsàt͡ɕàpwɪ̀ɴ့၂]
    အထွတ်အမြတ်သို့ ရောက်ရေ။ ကံထူးသည်
    အထွတ်အမြတ်သို့ ရောက်သည်။ ကံထူးသည်
    luck
    ကြိယာ