Dictionary Entries
Showing 21–40 of 1,758 words
န
နက္ခတ်
[nkʰə́kʰaaʔ]
Arakanese:
၁၊ ကြယ်။ တာရာ။ ၂၊ လ လားလာရာ ခရီး၌ တည်ဟိရေ့ ကြယ်အစု။ (အဿဝနီ နက္ခတ် အစဟိရေ နက္ခတ် ၂၇ လုံး ဟိရေ။ ဥတ္တရ သန်နှင့် သရဝဏ် အကြားမာ အဘိဇိတကို သွင်း၍ ရွီတွက်လျှင် ၂၀ လုံးဟိစွာလေ့ ဟူ၏။ ) သွားခြင်း ယွင်းချွတ်၊ နက္ခတ် ကြယ်ဆင်၊ ညည့်မာပတ်လျှောက်၊ စို့လည်းပေါက်အ
Burmese:
၁၊ ကြယ်။ တာရာ။ ၂၊ လ သွားလာရာ ခရီး၌ တည်ရှိသည့် ကြယ်အစု။ (အဿဝနီ နက္ခတ် စသော နက္ခတ် ၂၇ လုံး ရှိသည်။ ဥတ္တရ သန်နှင့် သရဝဏ် အကြားတွင် အဘိဇိတကို သွင်း၍ ရေတွက်လျှင် ၂၀ လုံးရှိသည်လည်း ဟူ၏။ ) သွားခြင်း ယွင်းချွတ်၊ နက္ခတ် ကြယ်ဆင်၊ ညည့်တွင်ပတ်လျှောက်၊ စို့လည်းပေါက်အ
English:
stars
Grammar Note:
နာမ်
နက်
[nɛʔ]
Arakanese:
မြေအပြင်မှ အောက်ကို တဆတ်ဆတ် နိမ့်ဆင်းသော။ သျှစ်သောင်းလေးထောင်၊ နက်ဆောင်၊ သမုဒ္ဒရာ၊ အဏ္ဏဝါကြီးရေ (အာဒိ)
Burmese:
မြေအပြင်မှ အောက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသော။ သျှစ်သောင်းလေးထောင်၊ နက်ဆောင်၊ သမုဒ္ဒရာ၊ အဏ္ဏဝါကြီးသည် (အာဒိ)
English:
downward
Grammar Note:
နာမဝိသေသန
နက်၂
[nɛʔ၂]
Arakanese:
မည်းသော။ မီးသွီး၊ ဇကန်း အရောင်အဆင်း ဖြစ်ရေ
Burmese:
မည်းသော။ မီးသွေး၊ ကျီးကန်း အရောင်အဆင်း ဖြစ်သော
English:
black
Grammar Note:
နာမဝိသေသန
နက်၃
[nɛʔ၃]
Arakanese:
၁၊ (တော၏) ဝေးခေါင်သော။ တဆယ့်နှစ်လ၊ ဆန်းထနှစ်ရက်၊ မြိုင်နက်တောအုပ်၊ ကိန္နရုပ်တည်း (ပါရာ)။ ၂၊ (အသံ) စူးရှသော။ အစောက်နက်ရေ။ အလွန် နက်ပြောင်သော။ အသံထွက်နက်ရေ်၊ ချက်နက်ရေ်၊ မျက်လုံးနက်ရေ်၊ ဤသုံးပါး ဟိသော သူရာ၊ ယောက်ျားမြတ်တည်း (ပါရာ)။ ၃၊ အကြံအစည် အတွေး
Burmese:
၁၊ (တော၏) ဝေးခေါင်သော။ တစ်ဆယ့်နှစ်လ၊ ဆန်းထနှစ်ရက်၊ မြိုင်နက်တောအုပ်၊ ကိန္နရုပ်တည်း (ပါရာ)။ ၂၊ (အသံ) စူးရှသော။ အစောက်နက်သော။ အလွန် နက်မှောင်သော။ အသံထွက်နက်သော်၊ ချက်နက်သော်၊ မျက်လုံးနက်သော်၊ ဤသုံးပါး ဟိသော သူကား၊ ယောက်ျားမြတ်တည်း (ပါရာ)။ ၃၊ အကြံအစည် အတွေး
English:
none
Grammar Note:
ဥပစာ
နက်ကဲ
[nɛʔkɛ]
Arakanese:
အလွန် နက်နဲစွာ
Burmese:
အလွန် နက်နဲစွာ
English:
deep in thought
Grammar Note:
ကြိယာဝိသေသန
နက်ကြော
[nɛʔt͡ɕɔ́]
Arakanese:
တပါးသော အရောင် မရောပဲ ပကတိ မိုက်နင်သော။ မနှောအရောင်၊ ပကတိမိုက်လျှက်၊ ကျီးတောင်နက်ကြော၊ သဘောမဖြူ (မြို့တည်)
Burmese:
တစ်ပါးသော အရောင် မရောပဲ ပကတိ မှောင်နင်သော။ မနှောအရောင်၊ ပကတိမှောင်လျှက်၊ ကျီးတောင်နက်ကြော၊ သဘောမဖြူ (မြို့တည်)
English:
black
Grammar Note:
နာမဝိသေသန
နက်ခေါင်
[nɛʔkʰèàɪ̀ɴ]
Arakanese:
၁၊ အလွန် စောက်နက်ရေ။ ၂၊ (တော၏) အထဲ ဘက်ကို ဝီးကွာ၍ လားရေ။ ခေါင်သော
Burmese:
၁၊ အလွန် စောက်နက်သော။ ၂၊ (တော၏) အတွင်း ဘက်သို့ ဝေးကွာ၍ သွားသော။ ခေါင်သော
English:
desolate
Grammar Note:
နာမဝိသေသန
နက်ဆံ
[nɛʔsʰံ]
Arakanese:
အထူး နက်နဲသော
Burmese:
အထူး နက်နဲသော
English:
deep in thought
Grammar Note:
နာမဝိသေသန
နက်တူး
[nɛʔtùး]
Arakanese:
အလွန် မဲနက်ရေ
Burmese:
အလွန် မည်းနက်သော
English:
black
Grammar Note:
နာမဝိသေသန
နက်နက်နဲနဲ
[nɛʔnɛʔnɛnɛ]
Arakanese:
၁၊ သိနှိုင်ခဲသော။ နက်နက်တဖဲ့ချေ၊ မိန်းရေ့ပုစ္ဆာ၊ ပြဿနာကို၊ အလွန်ခဲယဉ်း၊ ဖြေနှိုင်ခဲသား (ရှီးထုံး)။ ၂၊ အလွန် နက်နဲ ခက်ခဲသော
Burmese:
၁၊ သိနိုင်ခဲသော။ နက်နက်နဲနဲ၊ မေးသည့်ပုစ္ဆာ၊ ပြဿနာကို၊ လွန်စွာခဲယဉ်း၊ ဖြေနိုင်ခဲသား (ရှေးထုံး)။ ၂၊ အလွန် နက်နဲ ခက်ခဲသော
English:
Deep in thought
Grammar Note:
နာမဝိသေသန
နက်ဖြန်
[nɛʔpʰɹàɴ]
Arakanese:
ဒေနိ လွန်၍ နောက် တရက်။ ဒေနိကလွန်၊ နက်ဖြန်တနိ (ပဋါ)
Burmese:
ယနေ့ လွန်၍ နောက် တစ်နေ့။ ယနေ့ကလွန်၊ နက်ဖြန်တနေ့ (ပဋါ)
English:
tomorrow
Grammar Note:
နာမဝိသေသန
နက်ဖြန်ခါ
[nɛʔpʰɹàɴkʰà]
Arakanese:
ဒေနိ လွန်၍ နောက် တရက်။ ဒေနိကလွန်၊ နက်ဖြန်တနိ (ပဋါ)
Burmese:
ယနေ့ လွန်၍ နောက် တစ်နေ့။ ယနေ့ကလွန်၊ နက်ဖြန်တနေ့ (ပဋါ)
English:
tomorrow
Grammar Note:
နာမ်
နကျယ်ပင်
[nt͡ɕɛ̀pɪ̀ɴ]
Arakanese:
ငွီယား အိုးကို သတ်ရာမာ အသုံး ပြုရေ ဆီးဖက်ဝင် အပင် တမျိုး
Burmese:
ငွေယား အိုးကို သတ်ရာတွင် အသုံး ပြုသော ဆေးဖက်ဝင် အပင် တစ်မျိုး
English:
herbal plant
Grammar Note:
နာမ်
နကျီကောင်
[nt͡ɕíkàʊɴ]
Arakanese:
အိမ် နံရံများမာ ဘိတ်ပျော့ဖြင့် အိမ်လုပ်ပနာ နီတတ်ရေ ပျားမျိုး နွယ်ဝင် ပိုးကောင် တမျိုး
Burmese:
အိမ် နံရံများတွင် ရွှံ့ပျော့ဖြင့် အိမ်လုပ်၍ နေတတ်သော ပျားမျိုး နွယ်ဝင် ပိုးကောင် တစ်မျိုး
English:
wasp
Grammar Note:
နာမ်
နံကြားထောက်
[nံt͡ɕátʰɔ́ɛʔ]
Arakanese:
ပစထဲကို လက်ညှိုး တချောင်းကို သွင်းပြီးကေ ပေါက် ခနဲမြည်အောင် လုပ်ပြီး၊ နံရိုး အကြားမာ လက်ညှိုး ထောက်၍ မှန် မမှန် အစဟိစွာအနိန်နန့် ကြိုတင် နိမတ်ဖတ် ဟောပြောရေ
Burmese:
ပါးစပ်ထဲသို့ လက်ညှိုး တစ်ချောင်းကို သွင်းပြီးလျှင် ပေါက် ခနဲမြည်အောင် လုပ်ပြီး၊ နံရိုး အကြားတွင် လက်ညှိုး ထောက်၍ မှန် မမှန် စသည်ဖြင့် ကြိုတင် နိမတ်ဖတ် ဟောပြောသည်
English:
space between ribs
Grammar Note:
ကြိယာ
နံခတ်
[nံkʰaʔ]
Arakanese:
၁၊ (မြစ်ကမ်းထောင်း၊ ချောက်ကမ်းထောင်း၊ တောင်ကမ်းထောင်း) အစဟိစွာ့ တလျောက်။ ၂၊ ရှည်လျားသော အစိုင်အတန်း
Burmese:
၁၊ (မြစ်ကမ်းပါး၊ ချောက်ကမ်းပါး၊ တောင်ကမ်းပါး) စသည့် တစ်လျောက်။ ၂၊ ရှည်လျားသော အစဉ်အတန်း
English:
along
Grammar Note:
နာမ်
နံချင်းယှဉ်
[nံɕɪ́ɴʃɪ̀ɴ]
Arakanese:
ဖီးချင်းတိုက် အပြိုင် ရပ်တည်ရေ။ မကွာတူပြိုင်၊ နံချင်းယဉ်မောင်း၊ ညွတ်ကိုင်းဆွတ်ဘူငြား၍ (မြို့သူကြီး)
Burmese:
ဘေးချင်းတိုက် အပြိုင် ရပ်တည်သည်။ မကွာတူပြိုင်၊ နံချင်းယှဉ်လျက်၊ ညွတ်ကိုင်းဆွတ်ဘူငြား၍ (မြို့သူကြီး)
English:
in competition with
Grammar Note:
ကြိယာ
နဂရာ
[nɡɹà]
Arakanese:
မွီးနိနှင့် ဆိုင်ရေ ဂြိုဟ်နံ၊ အရပ်။ ‘ယင်းပိုင် ဆိုခြင်းကား၊ တေဇ၊ နဂရ နာမ သွင်းလိုရေတွက်နန့် ဆိုရေ။’ ‘ဂြိုဟ်နံ ရာသီဟိရာ အရပ်ကား - ပရိဝါရ၊ အာယု။ နဂရ၊ ဘုမ္မိ၊ ဂဟပတိ၊ ဌါန၊ တေဇ၊ သီရိ အစဟိစွာအနိန်နန့် ကိုယ့် ဂြိုဟ်နံဟိရာ အရပ် လက်ျာရစ် လှည့်၍ ရွီတွက်ရာရေ’ (ပါရာ)
Burmese:
မွေးနေ့နှင့် ဆိုင်သော ဂြိုဟ်နံ၊ အရပ်။ ‘ထိုသို့ ဆိုခြင်းကား၊ တေဇ၊ နဂရ နာမ သွင်းလို၍ ဆိုသည်။’ ‘ဂြိုဟ်နံ ရာသီရှိရာ အရပ်ကား - ပရိဝါရ၊ အာယု။ နဂရ၊ ဘုမ္မိ၊ ဂဟပတိ၊ ဌါန၊ တေဇ၊ သီရိ စသည်ဖြင့် မိမိ ဂြိုဟ်နံရှိရာ အရပ် လက်ျာရစ် လှည့်၍ ရေတွက်ရာသည်’ (ပါရာ)
English:
none
Grammar Note:
နာမ်
နဂရာပွဲ
[nɡɹàpwɛ]
Arakanese:
၁၊ လှူဒါန်းရန် ပြင်ဆင် ထားရေ အုန်း၊ နှပျိုး အစဟိစွာ့ ပါဝင်ရေ အခမ်း အနား။ နဂရာပွဲ။ ၂၊ အိမ် ဆောက်မည့် အခါ အိမ်ရာ မြေမာ သဲဖြူ ခင်း၍ ဆန်ဖြူ ကြဲ ဖြန်းပြီး ပန်းဖြူ၊ ပန်းနီ၊ အုန်း၊ နှပျိုး အစဟိစွာအနိန်နန့် နဂရာပွဲ လုပ်ကာ ပထဝီ ဗလသုန္ဓရီ အစဟိရေ ဂါထာကို ရွှတ်ဆို ပြ
Burmese:
၁၊ လှူဒါန်းရန် ပြင်ဆင် ထားသော အုန်း၊ ငှက်ပျော စသည့် ပါဝင်သော အခမ်း အနား။ ကန်တော့ပွဲ။ ၂၊ အိမ် ဆောက်မည့် အခါ အိမ်ရာ မြေတွင် သဲဖြူ ခင်း၍ ဆန်ဖြူ ကြဲ ဖြန်းပြီး ပန်းဖြူ၊ ပန်းနီ၊ အုန်း၊ ငှက်ပျော စသည်ဖြင့် ကန်တော့ပွဲ လုပ်ကာ ပထဝီ ဗလသုန္ဓရီ စသော ဂါထာကို ရွှတ်ဆို ပြ
English:
offertory consisting of hands of bananas coconut etc decoratively arranged
Grammar Note:
နာမ်
နဂရာရီစင်
[nɡɹàɹísɪ̀ɴ]
Arakanese:
အိမ် အစဟိစွာ၌ အန္တရာယ်ကင်း ပရိတ်၊ ပဌာန်း ရွတ်ဖတ် သရဇ္စျယ် ရာမာ ပါဝင်ရေ ရေ။ ပရိတ် အိုးခက်
Burmese:
အိမ် စသည်၌ အန္တရာယ်ကင်း ပရိတ်၊ ပဌာန်း ရွတ်ဖတ် သရဇ္စျယ် ရာတွင် ပါဝင်သော ရေ။ ပရိတ် ရေအိုး
English:
parit water pot
Grammar Note:
နာမ်