Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 381–400 of 1,758 words

    န

    နံယုန်လ

    [nံjòʊɴl]
    ရခိုင် တဆယ့် နှစ်လမာ သုံးလမြောက် ဖြစ်ရေ လ၏ အမည်။ ဆန်းထနယုန်၊ ရောင်ဟုန်ထွန်းပ၊ ဝါကျွတ်လကေ၊ ပျော်ကတ်သဲသဲ၊ တပို့တွဲဝယ် (ပါရာ)
    ရခိုင် တစ်ဆယ့် နှစ်လတွင် သုံးလမြောက် ဖြစ်သော လ၏ အမည်။ ဆန်းထနယုန်၊ ရောင်ဟုန်ထွန်းပ၊ ဝါကျွတ်လလျှင်၊ ပျော်ကြသဲသဲ၊ တပို့တွဲဝယ် (ပါရာ)
    rd month of Arakanese year
    နာမ်

    နံယောင်

    [nံjàʊɴ]
    ၁၊ (မြစ်ကမ်းထောင်း၊ ချောက်ကမ်းထောင်း၊ တောင်ကမ်းထောင်း) အစဟိစွာ့ တလျောက်။ ၂၊ ရှည်လျားသော အစိုင်အတန်း။ ကဒဝနှင့်၊ ရမ်းဝနံယောင်၊ အုန်းကျွန်းသောင်းမာ၊ လူကောင်းကြွန်းသို့၊ ပါးလိမ်မည် (သိုက်)
    ၁၊ (မြစ်ကမ်းပါး၊ ချောက်ကမ်းပါး၊ တောင်ကမ်းပါး) စသည့် တစ်လျောက်။ ၂၊ ရှည်လျားသော အစဉ်အတန်း။ ကဒဝနှင့်၊ ရမ်းဝနံယောင်၊ အုန်းကျွန်းသောင်းမှာ၊ လူကောင်းကြွန်းသို့၊ ပါးလိမ်မည် (သိုက်)
    along
    နာမ်

    နယ်

    [nɛ̀]
    သီးသန့် ခွဲခြား ထားရေ အုပ်ချုပ်ရီး အပိုင်း အရာတခု
    သီးသန့် ခွဲခြား ထားသော အုပ်ချုပ်ရေး အပိုင်း အခြားတခု
    territory
    နာမ်

    နယ်၂

    [nɛ̀၂]
    ၁၊ ဖြန့်ထားရေ ကောက်ပြန့် ထက်မာ ကျွဲ၊ နွား တိနန့် နင်းစီပနာ ကောက် သီးနှံတိကို ကြေအောင် လုပ်ရေ။ ၂၊ (မြေညက်မှုန့် စစွာကို) ကြေမွအောင် ဖိနှိပ်သည်
    ၁၊ ဖြန့်ထားသော ကောက်ပြန့် ပေါ်တွင် ကျွဲ၊ နွား များဖြင့် နင်းစေ၍ ကောက် သီးနှံများကို ကြေအောင် လုပ်သည်။ ၂၊ (မြေညက်မှုန့် စသည်ကို) ကြေမွအောင် ဖိနှိပ်သည်
    step on
    ကြိယာ

    နယ်၃

    [nɛ̀၃]
    ရက်ကန်း အထည်ရက်ရန် ခြည်ကို ထမင်းဖြင့် ညက်အောင် သွတ်သွင်း ဖိနှိပ်သည်
    ယက်ကန်း အထည်ရက်ရန် ချည်ကို ထမင်းဖြင့် ညက်အောင် သွတ်သွင်း ဖိနှိပ်သည်
    oppress
    ကြိယာ

    နယ်ကျဉ်း

    [nɛ̀t͡ɕɪ́ɴ]
    အတွေး အခေါ် အစဟိစွာ မကျယ် မပြန့် ဖြစ်ရေ
    အတွေး အခေါ် စသည် မကျယ် မပြန့် ဖြစ်သော
    narrow
    နာမဝိသေသန

    နယ်ကျဉ်း၂

    [nɛ̀t͡ɕɪ́ɴ၂]
    အတွေး အခေါ် အစဟိစွာ မကျယ် မပြန့် ဖြစ်တေ
    အတွေး အခေါ် စသည် မကျယ် မပြန့် ဖြစ်သည်
    narrow
    ကြိယာ

    နယ်ကျယ်

    [nɛ̀t͡ɕɛ̀]
    အတွေး အခေါ်အစဟိစွာ ကျယ်ပြောသော
    အတွေး အခေါ်စသည် ကျယ်ပြောသော
    wide
    နာမဝိသေသန

    နယ်ကျယ်၂

    [nɛ̀t͡ɕɛ̀၂]
    တိုင်းနိုင်ငံ ကျယ်ပြောရေ
    တိုင်းနိုင်ငံ ကျယ်ပြောသည်
    wide
    ကြိယာ

    နယ်ကျွံ

    [nɛ̀t͡ɕwံ]
    လူများ ပိုင်နက် နယ်ပယ်ထဲကို ဝင်ရောက် ကျူးကျော်သည်
    သူတစ်ပါး ပိုင်နက် နယ်ပယ်ထဲသို့ ဝင်ရောက် ကျူးကျော်သည်
    go beyond boundaries
    ကြိယာ

    နယ်ခံသား

    [nɛ̀kʰံθá]
    ဖွားရာဒေသ နယ်မြီသား။ ယင်းနယ်မာ ဖွား၍ ယင်းနယ်မာ ကြီးသူ
    ဖွားရာဒေသ နယ်မြေသား။ ယင်းနယ်တွင် ဖွား၍ ယင်းနယ်တွင် ကြီးသူ
    local resident
    နာမ်

    နယ်ချဲ့

    [nɛ̀ɕé]
    ၁၊ တိုးပွား ကျယ်ပြန့် စီရေ။ ၂၊ ကိုယ့် ဟိရင်း ပိုင်နက် နယ်ပယ်ထက် ကျယ်ပြန့်အောင် လူတိ၏ ပိုင်နက် နယ်မြီကို အနိုင်အထက် ရယူ ချဲ့ထွင်သည်
    ၁၊ တိုးပွား ကျယ်ပြန့် စေသည်။ ၂၊ မိမိ၏ ရှိရင်း ပိုင်နက် နယ်ပယ်ထက် ကျယ်ပြန့်အောင် သူတစ်ပါး၏ ပိုင်နက် နယ်မြေကို အနိုင်အထက် ရယူ ချဲ့ထွင်သည်
    colonize
    ကြိယာ

    နယ်ခြားပြည်ခြား

    [nɛ̀kʰɹápɹɛkʰɹá]
    တိုင်းပြည် နိုင်ငံတခု၏ အပိုင်းအရာ။ နယ်နိမိတ်
    တိုင်းပြည် နိုင်ငံတခု၏ အပိုင်းအခြား။ နယ်နိမိတ်
    boundary
    နာမ်

    နယ်စပ်

    [nɛ̀saʔ]
    နယ် နှစ်ခု၏ ဆက်စပ်ရာ အရပ်။ ဒေသ
    နယ် နှစ်ခု၏ ဆက်စပ်ရာ အရပ်။ ဒေသ
    boundary
    နာမ်

    နယ်စားပယ်စား

    [nɛ̀sápɛ̀sá]
    နယ်ပယ် တခုခုကို အပိုင်းစား အုပ်ချုပ် ရရေ မင်းမှုထမ်း
    နယ်ပယ် တခုခုကို အပိုင်းစား အုပ်ချုပ် ရသော မင်းမှုထမ်း
    feudal lord
    နာမ်

    နယ်စွန်နယ်ဖျား

    [nɛ̀sʊ̀ɴnɛ̀pʰrá]
    နယ်၏ အစွန်အဖျား အရပ်။ နယ်စပ် ဒေသ
    နယ်၏ အစွန်အဖျား အရပ်။ နယ်စပ် ဒေသ
    Far-flung parts
    နာမ်

    နယ်ဆင်း

    [nɛ̀sʰɪ́ɴ]
    တခုခုသော ကိစ္စနှင့် နယ်ပယ်သို့ ဆိုက်ရောက်ရေ
    တစ်ခုခုသော ကိစ္စနှင့် နယ်ပယ်သို့ ဆိုက်ရောက်သည်
    arrive
    ကြိယာ

    နယ်ဆုံးရပ်ဖျား

    [nɛ̀sʰóʊɴɹaʔpʰrá]
    နယ်၏ အစွန်အဖျား အရပ်။ နယ်စပ် ဒေသ
    နယ်၏ အစွန်အဖျား အရပ်။ နယ်စပ် ဒေသ
    Far-flung parts
    နာမ်

    နယ်နိမိတ်

    [nɛ̀nìmeɪʔ]
    ပိုင်းခြား ထားရေ နယ်မြီ အရပ် ဒေသ
    ပိုင်းခြား ထားသော နယ်မြေ အရပ် ဒေသ
    boundary
    နာမ်

    နယ်နှင်ဒဏ်

    [nɛ̀n̥ɪ̀ɴdn်]
    နီရင်း အရပ် ဒေသမှ အခြားသော အရပ် ဒေသကို ထွက်လှားစီရေ
    နေရင်း အရပ် ဒေသမှ တခြားသော အရပ် ဒေသသို့ ထွက်သွားစေသည်
    banish-exile
    ကြိယာ