Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 421–440 of 1,758 words

    န

    နံရိုး

    [nံɹó]
    ကြောရိုးမှ ဆက်ပြီးကေ ဝမ်း ရင်ဖတ်မှ အခက်အလက် ပိုင် ဖြာ၍ ထွက်သော အရိုး
    ကျောရိုးမှ ဆက်၍ ဝမ်း ရင်ဘတ်မှ အခက်အလက် သဖွယ် ဖြာ၍ ထွက်သော အရိုး
    rib
    နာမ်

    နံရိုးကြဲ

    [nံɹót͡ɕɛ]
    ထင်ရှား ပေါ်လွင်စွာ (နံရိုး ပြိုင်းပြိုင်း) နိူင်းတန်းဗျာယ်။ နံရိုးကြဲ မျက်ချီးစပ်၊ ဒူးခတ် အာပေါက်၊ နင်ရို့ကျွဲအစိုင်ကို ဖျောက်၍ (ကျွဲမင်း)
    ထင်ရှား ပေါ်လွင်စွာ (နံရိုး ပြိုင်းပြိုင်း) ယှဉ်တန်းလျက်။ နံရိုးကြဲ မျက်ချီးစပ်၊ ဒူးခတ် အာပေါက်၊ နင်ရို့ကျွဲအစဉ်ကို ဖျောက်၍ (ကျွဲမင်း)
    obvious
    ကြိယာဝိသေသန

    နံရိုးကြဲ၂

    [nံɹót͡ɕɛ၂]
    နံရိုးပြိုင်းပြိုင်းထ ဗျာယ်ဟိနိန်ရေ (သူ)
    နံရိုးပြိုင်းပြိုင်းထ လျက်ရှိနေသော (သူ)
    skinny
    နာမဝိသေသန

    နံရီရှုပ်

    [nံɹíʃoʊʔ]
    (ကျွဲ၊ နွား အစဟိစွာ ရို့၏) နံပါး အရီပြား အစဟိစွာ အတွန့် အတွန့် အခေါက်အခေါက် တွန့်လိုက်လျှက် ဟိနိန်ရေ။ ခန္ဓာကိုယ်တဆုပ်၊ နံရီရှုပ်နှင့်၊ သီရုပ်သီရေ (ရာမ)။ မျက်ဆံသီသုတ်၊ ဖင်ပိန်ပိန်ကေ၊ နံရီရှုပ်နှင့် (ရာမ)
    (ကျွဲ၊ နွား စသည် တို့၏) နံပါး အရေပြား စသည် အတွန့် အတွန့် အခေါက်အခေါက် တွန့်လိုက်လျှက် ရှိနေသော။ ခန္ဓာကိုယ်တစ်ဆုပ်၊ နံရီရှုပ်နှင့်၊ သီရုပ်သီရေ (ရာမ)။ မျက်ဆံသီသုတ်၊ ဖင်ပိန်ပိန်ကေ၊ နံရီရှုပ်နှင့် (ရာမ)
    none
    နာမဝိသေသန

    နရေနရာ

    [nɹènɹà]
    လူမှုရီးအနိန်နန့် သင့်တင် လျော်ကန်မှု မဟိရေ အပြုအမူ။ အပြောအဆို။ လူကြီး တယာက်ကို နရေနရာ မပြောရ
    လူမှုရေး အားဖြင့် သင့်တင် လျော်ကန်မှု မရှိသော အပြုအမူ။ အပြောအဆို။ လူကြီး တစ်ယာက်ကို နရေနရာ မပြောရ
    improper
    နာမ်

    နရွဲသီး

    [nɹwɛθï]
    ချိုရေ သစ်သီး တမျိုး။ နရွဲထောက်ရှာ၊ မာလကာဟု၊ ချိုစွာအီးမြ (ရာမ)
    ချိုသော သစ်သီး တစ်မျိုး။ နရွဲထောက်ရှာ၊ မာလကာဟု၊ ချိုစွာအီးမြ (ရာမ)
    Plum-like fruit
    နာမ်

    နလပိန်း

    [nlpéɪɴ]
    ဇာလေ့ အသိဉာဏ် မဟိရေ သူ။ လူန လူအ။ လူညံ့ဖျင်း
    ဘာမျှ အသိဉာဏ် မရှိသော သူ။ လူန လူအ။ လူညံ့ဖျင်း
    dullard
    နာမ်

    နဝကမ္မ

    [nwkm̪a̰m̪a̰]
    ရဟန်းတော် တိ၏ ကိစ္စကြီးငယ် အသွယ်သွယ် အမှု ပြုလုပ်ဖို့ အတွက် လှူအပ်ရေ အနာမာသ ဝတ္တု
    ရဟန်းတော် များ၏ ကိစ္စကြီးငယ် အသွယ်သွယ် အမှု ပြုလုပ်ရန် အတွက် လှူအပ်သော အနာမာသ ဝတ္တု
    endowment
    နာမ်

    နဝင်ပီယံ

    [nwɪ̀ɴpíjံ]
    သာယာ နှစ်သက်ခြင်း။ သာယာသော အသံ။ နားထောင်ပနာ ကောင်းခြင်း
    သာယာ နှစ်သက်ခြင်း။ သာယာသော အသံ။ နားထောင်၍ ကောင်းခြင်း
    pleasant
    နာမ်

    နဝင်္ဂံ

    [nwŋ̇gaံ]
    အကောက် ကိုးကောက် (ကိုးကွေ့) ဟိရေ (သရက်ပင်)။ တပင်သရက်၊ အခက်တရောက်၊ နဝင်္ဂံလေ၊ ကိုးတန်ကောက်လို့ (မျိုးက်)
    အကောက် ကိုးကောက် (ကိုးကွေ့) ရှိသော (သရက်ပင်)။ တပင်သရက်၊ အခက်တရောက်၊ နဝင်္ဂံလေ၊ ကိုးတန်ကောက်လို့ (မျောက်)
    nine
    နာမဝိသေသန

    နဝင်္ဂံ၂

    [nwŋ̇gaံ၂]
    ၁၊ ယင်းပိုင် ကောက်သော သရက်ပင်။ ၂၊ (ဥပစာ) အကောက်ဉာဏ် များသူ
    ၁၊ ယင်းသို့ ကောက်သော သရက်ပင်။ ၂၊ (ဥပစာ) အကောက်ဉာဏ် များသူ
    crook
    နာမ်

    နဝဒဏ္ဍထီး

    [nwdnə́dʌtʰï]
    ထီးရွက် ကိုးဆင့်၊ ထီးရိုး ဆယ်တောင် ဟိရေ ထီးမျိုး
    ထီးရွက် ကိုးဆင့်၊ ထီးရိုး ဆယ်တောင် ရှိသော ထီးမျိုး
    umbrella
    နာမ်

    နဝဒတ်

    [nwdaʔ]
    ဟိမဝန္တာ တောင် နံဖီးမာ ဟိရေ အီးမြရေ ရီအိုင်။ မဟာဂနိုင်၊ နဝဒတ်ဟု၊ မြတ်ရီအိုင်ကို၊ ကိုယ်တိုင်ရောက်လှား (ကော်)
    ဟိမဝန္တာ တောင် အနီးတွင် ရှိသော အေးမြသော ရေအိုင်။ မဟာဂနိုင်၊ နဝဒတ်ဟု၊ မြတ်ရီအိုင်ကို၊ ကိုယ်တိုင်ရောက်သွား (ကော်)
    pool
    နာမ်

    နဝရတ်

    [nwɹaʔ]
    (နဝရတ်မာ ပါဝင်ရေ) ကျောက်မျက် ရတနာ ကိုးမျိုး။ ၁၊ ပတ္တမြား။ ၂၊ ပုလဲ။ ၃၊ သန္တာ။ ၄၊ မြ။ ၅၊ ဥဿဖယား။ ၆၊ စိန်။ ၇၊ နီလာ။ ၈၊ ဂေါ်မတ်။ ၉၊ ကြောက်မျက်ရွဲ
    (နဝရတ်တွင် ပါဝင်သော) ကျောက်မျက် ရတနာ ကိုးမျိုး။ ၁၊ ပတ္တမြား။ ၂၊ ပုလဲ။ ၃၊ သန္တာ။ ၄၊ မြ။ ၅၊ ဥဿဖယား။ ၆၊ စိန်။ ၇၊ နီလာ။ ၈၊ ဂေါ်မတ်။ ၉၊ ကြောက်မျက်ရွဲ
    nine precion stones
    နာမ်

    နဝိ

    [nwì]
    အသားအရီ လျော့ပါး ကျုံ့ယုံ့သော။
    အသားအရေ လျော့ပါး ကျုံ့ယုံ့သော။
    wrinkled / complicated
    နာမဝိသေသန

    နဝီနဝါ

    [nwínwà]
    မသေးမကွဲ။ ကွဲပြား သေချာမှု မဟိဘဲ
    မသေးမကွဲ။ ကွဲပြား သေချာမှု မရှိပဲ
    inarticulate
    ကြိယာဝိသေသန

    နဝေစိမ်းစောင်း

    [nwèséɪɴsáʊɴ]
    အယောင်ယောင် အမားလေ့ား။ မပြတ်မသား။ မသဲမကွဲ။ မသေမချာ
    အယောင်ယောင် အမှားမှား။ မပြတ်မသား။ မသဲမကွဲ။ မသေမချာ
    inarticulate
    ကြိယာဝိသေသန

    နဝါ

    [nwà]
    လောင်း။ သင်္ဘော။ မျိုးက်အများနှင့်၊ သင်္ဘောနဝါ၊ နောက်နောင်ခါ၌၊ လားလာခက်မည် (ရာမ) (ပါ)
    လှေ။ သင်္ဘော။ မျောက်အများနှင့်၊ သင်္ဘောနဝါ၊ နောက်နောင်ခါ၌၊ သွားလာခက်မည် (ရာမ) (ပါ)
    ship
    နာမ်

    နဝါလီ

    [nwàlí]
    လောင်းပိုင်သျှင်။ လောင်းသမား။ လောင်းသကြီး။ သင်္ဘောသူကြီး
    လှေပိုင်သျှင်။ လှေသမား။ လှေသူကြီး။ သင်္ဘောသူကြီး
    boat owner
    နာမ်

    နံသတ်

    [nံθaʔ]
    ၁၊ (မြစ်ကမ်းထောင်း၊ ချောက်ကမ်းထောင်း၊ တောင်ကမ်းထောင်း) အစဟိစွာ့ တလျောက်။ ၂၊ ရှည်လျားသော အစိုင်အတန်း။ ကဒဝနှင့်၊ ရမ်းဝနံယောင်၊ အုန်းကျွန်းသောင်းမာ၊ လူကောင်းကြွန်းသို့၊ ပါးလိမ်မည် (သိုက်)
    ၁၊ (မြစ်ကမ်းပါး၊ ချောက်ကမ်းပါး၊ တောင်ကမ်းပါး) စသည့် တစ်လျောက်။ ၂၊ ရှည်လျားသော အစဉ်အတန်း။ ကဒဝနှင့်၊ ရမ်းဝနံယောင်၊ အုန်းကျွန်းသောင်းမှာ၊ လူကောင်းကြွန်းသို့၊ ပါးလိမ်မည် (သိုက်)
    along
    နာမ်