Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 441–460 of 1,758 words

    န

    နံသား

    [nံθá]
    ၁၊ လူ၏ ကိုယ်မာ လက်ကတီး လက်ကတီးအောက် အရပ်။ နံသားကိုက်ကာ၊ သမားရှာဗျာယ်၊ တပျက်ပျက်နှင့်၊ ပင်ပန်းသောက၊ ကြီးဗျာယ်နှင့် (ထွန်းတိ)။ ၂၊ လူ၏ ခန္ဓာကိုယ် ဝတ္တု ဝန်ရို့၏ ဖီးအရပ်။ နံပါး
    ၁၊ လူ၏ ကိုယ်တွင် လက်ကတီး ချိုင်းကြားအောက် အရပ်။ နံသားကိုက်ကာ၊ သမားရှာလျက်၊ တပျက်ပျက်နှင့်၊ ပင်ပန်းသောက၊ ကြီးဗျာယ်နှင့် (ထွန်းတိ)။ ၂၊ လူ၏ ခန္ဓာကိုယ် ဝတ္တု ပစ္စည်းတို့၏ ဘေးအရပ်။ နံပါး
    side
    နာမ်

    နံ့သာ

    [nံ့θà]
    မွှီးသောအနံ့
    မွှေးသောအနံ့
    fragrance
    နာမ်

    နံ့သာ၂

    [nံ့θà၂]
    နှိမ်းရန် အဖြစ် ပျစ်ပျစ်သွီးထားရေ နံ့သာရည်။ ပန်းနံ့သာနှိမ်းငြား၊ ဝတ်စားတန်ဆာ၊ ကြိုက်ရေငှာကို၊ ဟိက ဝတ်ဆင်ကြ၍ (မြို့သူကြီး)
    လိမ်းကျံရန် အဖြစ် ပျစ်ပျစ် သွေးထားသော နံ့သာရည်။ ပန်းနံ့သာလိမ်းကျံငြား၊ ဝတ်စားတန်ဆာ၊ ကြိုက်သည်ငှာကို၊ ရှေ့က ဝတ်ဆင်ကြ၍ (မြို့သူကြီး)
    fragrance
    နာမ်

    နံ့သာဆီ

    [nံ့θàsʰí]
    နံ့သာ စကပင် ထုတ်ယူ ထားရေ အဆီ
    နံ့သာ စသည်မှ ထုတ်ယူ ထားသော အဆီ
    scented oil
    နာမ်

    နံ့သာတိုင်

    [nံ့θàtàɪɴ]
    အမွှီး (နံ့သာသာ) တိုင်
    အမွှေး (နံ့သာသာ) တိုင်
    stick of incense
    နာမ်

    နံ့သာနီ

    [nံ့θàní]
    နီသော အဆင်း ဟိရေ နံ့သာ တမျိုး
    နီသော အဆင်း ရှိသော နံ့သာ တစ်မျိုး
    red sandalwood
    နာမ်

    နံ့သာဖူး

    [nံ့θàpʰùး]
    အနံ့ မွှီးသော နပျိုးသီး တမျိုး
    အနံ့ မွှေးသော ငှက်ပျောသီး တစ်မျိုး
    banana
    နာမ်

    နံ့သာဖြူ

    [nံ့θàpʰɹù]
    အရောင် အဆင်း ဖြူသော နံ့သာ တမျိုး
    အရောင် အဆင်း ဖြူသော နံ့သာ တစ်မျိုး
    white sandalwood
    နာမ်

    နာ

    [nà]
    ၁၊ (မြွက်ဟသည်၊ ပြောဆိုရေ၊ တီးမှုတ်သည် အစဟိစွာရို့ကို) နားထောင်ရေ။ အကျိုင်းမြွက်ဟ၊ ပါဇိန္နလျှင်၊ ပြခဆိုငြား၊ အမာထားရေ၊ စီးပွားချမ်းသာ၊ မှတ်သားနာ (ပါရာ)။ ၂၊ တရား ဟောစွာကို နားထောင်ရေ။ ရှင်ပြု တရားတော်နာ ဖိတ်ခေါ် အပ်ပါရေ။ ၃၊ (စနည်း၊ တဘောင် အစဟိစွာရို့ကို) စု
    ၁၊ (မြွက်ဟသည်၊ ပြောဆိုသည်၊ တီးမှုတ်သည် စသည်တို့ကို) နားထောင်သည်။ အကျဉ်းမြွက်ဟ၊ ပါဇိန္နလျှင်၊ ပြခဲ့ဆိုငြား၊ အမှာထားသည်၊ စီးပွားချမ်းသာ၊ မှတ်သားနာ (ပါရာ)။ ၂၊ တရား ဟောသည်ကို နားထောင်သည်။ ရှင်ပြု တရားတော်နာ ဖိတ်ခေါ် အပ်ပါသည်။ ၃၊ (စနည်း၊ တဘောင် စသည်တို့ကို) စု
    listen
    ကြိယာ

    နား

    [ná]
    ၁၊ (ငှက် အစဟိစွာရို့) ပျံသန်းရာမှ တနီရာမာ ဆင်းသက် ရပ်တည် နိန်ရေ။ ၂၊ ပင်ပန်း နွမ်းရိမှုကို ပြေပျောက် စီရေ။ ၃၊ ရပ်တန့်ရေ။ ၄၊ လားလာ လှုပ်ရှား ရာမှ တန့်တန့်ရေ
    ၁၊ (ငှက် စသည်တို့) ပျံသန်းရာမှ တစ်နေရာတွင် သက်ဆင်း ရပ်တည် နေသည်။ ၂၊ ပင်ပန်း နွမ်းနယ်မှုကို ပြေပျောက် စေသည်။ ၃၊ ရပ်တန့်သည်။ ၄၊ သွားလာ လှုပ်ရှား ရာမှ တန့်ရပ်သည်
    stop
    ကြိယာ

    နာ၂

    [nà၂]
    ၁၊ ရောဂါ ရောက်ပနာ မကျန်း မမာ ဖြစ်တေ။ ၂၊ ကိုယ်စိတ် ဆင်းရဲမှု ရို့နန့် ခံစား ရရေ။ ၃၊ နာကျည်းသော စိတ် ဖြစ်တေ။ ၄၊ (ဝေဒနာ) အလွန် ပြင်းထန်ရေ။ ၅။ (ကိုယ့်မာ ရဖို့့) အခွင့်အရီး လက်လွတ်ရေ။ ဆုံးယှုံးရေ
    ၁၊ ရောဂါ ရောက်၍ မကျန်း မမာ ဖြစ်သည်။ ၂၊ ကိုယ်စိတ် ဆင်းရဲမှု တို့ဖြင့် ခံစား ရသည်။ ၃၊ နာကျည်းသော စိတ် ဖြစ်သည်။ ၄၊ (ဝေဒနာ) အလွန် ပြင်းထန်သည်။ ၅။ (မိမိတွင် ရမည့်) အခွင့်အရေး လက်လွတ်သည်။ ဆုံးရှုံးသည်
    ill
    ကြိယာ

    နား၂

    [ná၂]
    ၁၊ အသံကို ကြားစေ တတ်ရေ ကိုယ်အင်္ဂါ အစိတ်အပိုင်း။ ၂၊ (ဥပစာ) ဉာဏ်၊ ပညာ။ ဉာဏ်လောင်းဆင့်ပွား၊ ပညာနားဖြင့်၊ မှတ်သားသိသာ၊ ကုန်ရာသတည်း (ပါရာ)
    ၁၊ အသံကို ကြားစေ တတ်သော ကိုယ်အင်္ဂါ အစိတ်အပိုင်း။ ၂၊ (ဥပစာ) ဉာဏ်၊ ပညာ။ ဉာဏ်လောင်းဆင့်ပွား၊ ပညာနားဖြင့်၊ မှတ်သားသိသာ၊ ကုန်ရာသတည်း (ပါရာ)
    ear
    နာမ်

    နာ၃

    [nà၃]
    ၁၊ ကိုယ်စိတ် နှစ်ဖြာ ပင်ပန်း ယှာရေ။ ၂၊ (အကိုက်အခဲ ဝေဒနာ) အခံရ ဆင်းရဲရေ
    ၁၊ ကိုယ်စိတ် နှစ်ဖြာ ပင်ပန်း ရှာသည်။ ၂၊ (အကိုက်အခဲ ဝေဒနာ) အခံရ ဆင်းရဲသည်
    tired
    ကြိယာ

    နားကင်းထူ

    [nákɪ́ɴtʰù]
    အလွယ်ချေနှင့် နားမကြား ဖြစ်တေ။ အလွယ် တကူနှင့် နားမလည်နိုင် ဖြစ်တေ
    အလွယ်တကူနှင့် နားမကြား ဖြစ်သည်။ အလွယ် တကူနှင့် နားမလည်နိုင် ဖြစ်သည်
    deaf
    ကြိယာ

    နားကင်းပေါက်

    [nákɪ́ɴpaʊʔ]
    ၁၊ နားကြား လွယ်ရေ။ အလွယ်ချေနှင့် နားလည် လွယ်ရေ။ ၂၊ သဖောပေါက် နားလည်သည်
    ၁၊ နားကြား လွယ်သည်။ အလွယ်တကူနှင့် နားလည် လွယ်သည်။ ၂၊ သဘောပေါက် နားလည်သည်
    easy to understand
    ကြိယာ

    နားကင်းရည်ယို

    [nákɪ́ɴɹɛ̀jÒ]
    နားမား ထဲက ရီကြိုင် ပိုင် ထွက်သော အရည်
    နားတွင်း ထဲမှ ရေကြည် ကဲ့သို့ ထွက်သော အရည်
    none
    နာမ်

    နားကင်းရည်ယို၂

    [nákɪ́ɴɹɛ̀jÒ၂]
    နားမား ထဲက ရီကြိုင် ပိုင် ယိုထွက်သည်
    နားတွင်း ထဲမှ ရေကြည် ကဲ့သို့ ယိုထွက်သည်
    none
    ကြိယာ

    နားကတော့

    [náktɔ̰]
    နားကြား ပျင်းရေ။ နားမခံချိ မခံသာ ဖြစ်တေ။ နား၌ မခံမသာ ဖြစ်တေ
    နားကြား ပျင်းသည်။ နားမခံချိ မခံသာ ဖြစ်သည်။ နား၌ မခံမသာ ဖြစ်သည်
    hate to hear
    ကြိယာ

    နားကပ်

    [nákaʔ]
    နားပေါက် ထဲမာ ပန်ဆင် ရရေ နားဝတ် တန်ဆာ တမျိုး။ စိန်နားကပ် ပြောင်ပြောင်၊ ငွီနားကပ် လိပ်လက်၊ ကျောင်းကန်ပေါင်ကို၊ ဟန်နှင့်ထွက်ကေ၊ တဖက်ကေငါးရာ၊ အရံပါ (တေး)
    နားပေါက် ထဲတွင် ပန်ဆင် ရသော နားဝတ် တန်ဆာ တစ်မျိုး။ စိန်နားကပ် ပြောင်ပြောင်၊ ငွီနားကပ် လိပ်လက်၊ ကျောင်းကန်ပေါင်ကို၊ ဟန်နှင့်ထွက်ကေ၊ တဖက်ကေငါးရာ၊ အရံပါ (တေး)
    earring
    နာမ်

    နားကုပ်သျှေ

    [nákoʊʔʃè]
    ငယ်၍ အထဲကို ကုပ်ဝင် နိန်ရေ နရွက်
    သေးငယ်၍ အတွင်းသို့ ကုပ်ဝင် နေသော နားရွက်
    none
    နာမ်