Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 481–500 of 1,758 words

    န

    နားကြောစိမ့်

    [nát͡ɕɔ́sèɪɴ့]
    တုန်လှုပ် ချောက်ချားရေ။ ထိတ်လန့်ရေ။ ရွံ့ထိတ်ရေ။ လန့်သည်
    တုန်လှုပ် ချောက်ချားသည်။ ထိတ်လန့်သည်။ ရွံ့ထိတ်သည်။ လန့်သည်
    horrify
    ကြိယာ

    နားကြောတင်း

    [nát͡ɕɔ́tɪ́ɴ]
    ဗြုန်းခနဲ စိတ် တုန်လှုပ် ချောက်ချားခြင်း ခံစား ရရေ။ ရဲရဲတင်းတင်း၊ မေကုဝဏ်မာ၊ ပြောသံကြားကေ၊ နားကြောတင်းရေ (ဝိဇယ)
    ရုတ်တရက် စိတ် တုန်လှုပ် ချောက်ချားခြင်း ခံစား ရသည်။ ရဲရဲတင်းတင်း၊ မယ်ကုဝဏ်မှာ၊ ပြောသံကြားကေ၊ နားကြောတင်းရေ (ဝိဇယ)
    horrify
    ကြိယာ

    နားကွင်း

    [nákwɪ́ɴ]
    နားပေါက်မာ အကွင်းလိုက် ပန်ဆင် ထားရေ နား တန်ဆာ တမျိုး
    နားပေါက်တွင် အကွင်းလိုက် ပန်ဆင် ထားသော နား တန်ဆာ တစ်မျိုး
    earring
    နာမ်

    နာကွန်ဆောင်

    [nàkʊ̀ɴsʰàʊɴ]
    (တစုံ တခုသော အနာ ရောဂါ) ဖြစ်ဟန် ဆောင်ရေ
    (တစ်စုံ တစ်ခုသော အနာ ရောဂါ) ဖြစ်ဟန် ဆောင်သည်
    pretend
    ကြိယာ

    နာခံ

    [nàkʰံ]
    လေးစားစွာ နားထောင်ရေ။ လိုက်နာမှတ်သား၊ ကောင်းစွာထားဗျာယ် (ရှီးထုံး)
    လေးစားစွာ နားထောင်သည်။ နာခံမှတ်သား၊ ကောင်းစွာထားလျက် (ရှေးထုံး)
    obey an order
    ကြိယာ

    နားခံတော်

    [nákʰံtɔ̀]
    ဘုရင် မင်းမြတ်ပါးကို သွင်းဆက် သင့်သော ရွှီပေလွှာ အစဟိစွာရို့ကို ယူဆောင် ဆက်သွင်းခြင်း၊ ဘုရင် မင်းမြတ်ပါးက ချမှတ် ပီးလိုက်သော အမိန့်တော် မြတ်ကို ထုတ်ပြန်ရခြင်း အမှုတိကို ဆောင်ရွက် ရရေ ရှီးခေတ် အမတ်၏ ဘွဲ့အမည် တမျိုး။ (လိုက်နာတော် အမတ်ကြီးအား ဂွက်ပီးရေ ရွ
    ဘုရင် မင်းမြတ်ထံသို့ သွင်းဆက် သင့်သော ရွှေပေလွှာ စသည်တို့ကို ယူဆောင် ဆက်သွင်းခြင်း၊ ဘုရင် မင်းမြတ်ထံမှ ချမှတ် ပေးလိုက်သော အမိန့်တော် မြတ်ကို ထုတ်ပြန်ရခြင်း အမှုများကို ဆောင်ရွက် ရသော ရှေးခေတ် အမတ်၏ ဘွဲ့အမည် တစ်မျိုး။ (နာခံတော် အမတ်ကြီးအား စားကျက်ပေးသော ရွ
    none
    နာမ်

    နားခပ်

    [nákʰaʔ]
    နားခွက် နံဖီး ကပ်ပြီးကေဟိ နီရာ
    နားခွက် အနီး ကပ်လျက်ရှိ နေရာ
    none
    နာမ်

    နားခပ်မလုံ

    [nákʰaʔmlòʊɴ]
    ၁၊ စကားသံ မှန်ကန် ပီသခြင်း မဟိဘဲ။ ကျန သေချာစွာ ကွဲပြားခြင်း မဟိဘဲ။ ရီးတော်သျှင်ဟု၊ အယင်ပမာ၊ ခေါ်ရေအခါ၌၊ ကြားပါလေတုံ၊ နားခပ်မလုံကေ၊ မယုံအလပ်၊ ယုံအလပ်နှင့် (ကော်)
    ၁၊ စကားသံ မှန်ကန် ပီသခြင်း မရှိပဲ။ ကျန သေချာစွာ ကွဲပြားခြင်း မရှိပဲ။ ရီးတော်သျှင်ဟု၊ ယခင်ပမာ၊ ခေါ်သောအခါ၌၊ ကြားပါလေတုံ၊ နားခပ်မလုံကေ၊ မယုံတဝက်၊ ယုံတဝက်နှင့် (ကော်)
    inarticulate
    ကြိယာဝိသေသန

    နားခပ်လွှာ

    [nákʰaʔlW̯à]
    နားခေါင်း ထဲမာ အသံလှိုင်း ရိုက်ခတ်ရာ ပါးလွှာသော အမြှေး
    နားခေါင်း ထဲတွင် အသံလှိုင်း ရိုက်ခတ်ရာ ပါးလွှာသော အမြှေး
    none
    နာမ်

    နားခမ်း

    [nákʰáɴ]
    အနားရစ်။ အိုး နားခမ်း - အိုးနားရစ်
    အနားရစ်။ အိုး နားခမ်း - အိုးနားရစ်
    edge
    နာမ်

    နားခံသက်သာ

    [nákʰံθɛʔθà]
    နား ချမ်းသာရေ။ နားထောင်ပနာ ကောင်းရေ
    နား ချမ်းသာသည်။ နားထောင်၍ ကောင်းသည်
    be pleasant to the ear
    ကြိယာ

    နားခံသာ

    [nákʰံθà]
    နား ချမ်းသာရေ။ နားထောင်ပနာ ကောင်းရေ
    နား ချမ်းသာသည်။ နားထောင်၍ ကောင်းသည်
    be pleasant to the ear
    ကြိယာ

    နားခါး

    [nákʰàး]
    (နား၌) မကြားချင် ဖြစ်တေ။ နား မခံသာ ဖြစ်တေ။ နား မထောင်ချင် ဖြစ်တေ
    (နား၌) မကြားချင် ဖြစ်သည်။ နား မခံသာ ဖြစ်သည်။ နား မထောင်ချင် ဖြစ်သည်
    hate to ear
    ကြိယာ

    နားချ

    [náɕ]
    သဖောပေါက် နားလည်ယောင် ပြောပြရေ
    သဘောပေါက် နားလည်အောင် ပြောပြသည်
    understand
    ကြိယာ

    နာချက်

    [nàɕɛʔ]
    ၁၊ အကွက် အကွင်း ကျရေ။ ၂၊ ထိထိ ကိုယ့် ဟိရေ။ လိုရင်း ရောက်ရေ
    ၁၊ အကွက် အကွင်း ကျသည်။ ၂၊ ထိထိ မိမိ ရှိသည်။ လိုရင်း ရောက်သည်
    be effective
    ကြိယာ

    နားချင်း

    [náɕɪ́ɴ]
    ၁၊ အဂု အဂု။ တချက်ချေ ချင်း။ ၂၊ အဆော တလျင်။ နားချင်း အရောက် လာလတ်
    ၁၊ ယခု ချက်ချင်း။ တခဏ ချင်း။ ၂၊ အဆော တလျင်။ နားချင်း အရောက် လာလတ်
    immediately
    ကြိယာဝိသေသန

    နားချပါးချ

    [náɕpàးɕ]
    ကိုယ့်ဖက်သို့ ပါလာယောင် သိမ်းသွင်း၍ ပြောပြရေ။ သဖောပေါက် နားလည် လက်ခံအောင် ပြောပြရေ။ နားသွင်းသည်
    မိမိဖက်သို့ ပါလာအောင် ဆွဲဆောင်၍ ပြောပြသည်။ သဘောပေါက် နားလည် လက်ခံအောင် ပြောပြသည်။ နားသွင်းသည်
    persuade
    ကြိယာ

    နားချမ်းသာ

    [náɕáɴθà]
    (သတင်းကောင်းကို ကြားရတွက်နန့်) စိတ် ချမ်းသာရေ။ နားထောင်ပနာ ကောင်းရေ
    (သတင်းကောင်းကို ကြားရ၍) စိတ် ချမ်းသာသည်။ နားထောင်၍ ကောင်းသည်
    be pleasant to the ear
    ကြိယာ

    နာချီနာချဲ့

    [nàɕínàɕé]
    ကိုယ့်နှင့် ပတ်သက် သမျှကို ထိပါး ပုတ်ခတ် လာရေ် မခံမရပ်နိုင် ဖြစ်လှာရေ့ နာကျည်းစိတ်
    မိမိနှင့် ပတ်သက် သမျှကို ထိပါး ပုတ်ခတ် လာသော် မခံမရပ်နိုင် ဖြစ်လာသည့် နာကျည်းစိတ်
    rancour
    နာမ်

    နာချဲ့ထိုး

    [nàɕétʰó]
    လူတိကို မရှုဆိတ်သော စိတ်ဖြင့် စောင်းခပ်မြောင်းခပ် ပုတ်ခတ် ပြောဆိုဗျာယ်
    သူတစ်ပါး အပေါ် မရှုဆိတ်သော စိတ်ဖြင့် စောင်းမြောင်း ပုတ်ခတ် ပြောဆိုလျက်
    make noises
    ကြိယာဝိသေသန