Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 501–520 of 1,758 words

    န

    နားခွက်

    [nákʰwɛʔ]
    နားဝ၏ အထဲ ဖက်
    နားရင်း၏ အတွင်း ဖက်
    auricle
    နာမ်

    နားခွက်ပါးခွက်လန်

    [nákʰwɛʔpàးkʰwɛʔlàɴ]
    ကြောက်ဒူး တုန်ပြီးကေ။ ရတ်တရက် ကြောက်ရွံ တုန်လှုပ် ချောက်ချားသောအနိန်နန့်
    ကြောက်ဒူး တုန်လျက်။ ရတ်တရက် ကြောက်ရွံ တုန်လှုပ် ချောက်ချားသော အားဖြင့်
    horrify
    ကြိယာဝိသေသန

    နားခွက်လန်

    [nákʰwɛʔlàɴ]
    အလွန် ကြောက်ရွံ့ တုန်လှုပ်ဗျာယ်။ ထိတ်လန့်ခြင်း ဖြစ်ရေအနိန်နန့်။ ဘုရင်မတ်မာ၊ ကြားချင်စွလို့၊ နားခွလည်းလန်၊ တိုင်းပြည်သံကို၊ ကြားပြန်ရပြီးကေး (ဝိဇယ)
    အလွန် ကြောက်ရွံ့ တုန်လှုပ်လျက်။ ထိတ်လန့်ခြင်း ဖြစ်သော အားဖြင့်။ ဘုရင်မင်းမှာ၊ ကြားချင်စွလို့၊ နားခွလည်းလန်၊ တိုင်းပြည်သံကို၊ ကြားပြန်ရကား (ဝိဇယ)
    horrify
    ကြိယာဝိသေသန

    နားခွပါးခွလန်

    [nákʰwpàးkʰwlàɴ]
    ကြောက်ဒူး တုန်ပြီးကေ။ ဗြုန်းခနဲ ကြောက်ရွံ တုန်လှုပ် ချောက်ချားသောအနိန်နန့်
    ကြောက်ဒူး တုန်လျက်။ ရုတ်တရက် ကြောက်ရွံ တုန်လှုပ် ချောက်ချားသော အားဖြင့်
    horrify
    ကြိယာဝိသေသန

    နားခွလန်

    [nákʰwlàɴ]
    အလွန် ကြောက်ရွံ့တုန်လှုပ်ဗျာယ်။ ထိတ်လန့်ခြင်း ဖြစ်ရေအနိန်နန့်။ ဘုရင်မတ်မာ၊ ကြားချင်စွလို့၊ နားခွလည်းလန်၊ တိုင်းပြည်သံကို၊ ကြားပြန်ရပြီးကေး (ဝိဇယ)
    အလွန် ကြောက်ရွံ့တုန်လှုပ်လျက်။ ထိတ်လန့်ခြင်း ဖြစ်သော အားဖြင့်။ ဘုရင်မင်းမှာ၊ ကြားချင်စွလို့၊ နားခွလည်းလန်၊ တိုင်းပြည်သံကို၊ ကြားပြန်ရကား (ဝိဇယ)
    horrify
    ကြိယာဝိသေသန

    နားစဉ်

    [násɪ̀ɴ]
    ကုလား အမျိုးသမီးရို့ နရွက် အပြင်ဖက်၌ (နားဋောင်း ဝတ်ရန်) စဉ်ဗျာယ် ဖေါက်ထားရေ အပေါက်များ
    ကုလား အမျိုးသမီးတို့ နားရွက် အပြင်ဖက်၌ (နားဋောင်း ဝတ်ရန်) စဉ်လျက် ဖေါက်ထားသော အပေါက်များ
    ear holes
    ကြိယာ

    နားစိုက်

    [násaɪʔ]
    စူးစူး စိုက်စိုက် နားထောင်သည်
    စူးစူး စိုက်စိုက် နားထောင်သည်
    listen carefully
    ကြိယာ

    နားစီးစပ်

    [násïsaʔ]
    စီစပ်စွာ နားထောင်သည်
    စေ့စပ်စွာ နားထောင်သည်
    listen carefully
    ကြိယာ

    နားစူး

    [násùး]
    ကျကျယ်လောင်လောင် စူးရှ၍ မြည်သော အသံ
    ကျယ်လောင်စွာ စူးရှ၍ မြည်သော အသံ
    noise
    နာမ်

    နားစူး၂

    [násùး၂]
    အသံ ကျကျယ်လောင်လောင် စူးရှ၍ မြည်သည်
    အသံ ကျယ်လောင်စွာ စူးရှ၍ မြည်သည်
    noise
    ကြိယာ

    နာစွ့

    [nàsw့]
    ခံနိုင် စွမ်းစွာထက် ကဲလွန် ပြင်းထန်သော ဒဏ်ကို ခံစား ရဗျာယ်
    ခံနိုင် စွမ်းသည်ထက် ကဲလွန် ပြင်းထန်သော ဒဏ်ကို ခံစား ရလျက်
    hurt
    ကြိယာဝိသေသန

    နားစွင့်

    [náswɪ̀ɴ့]
    တစုံ တခုသော အရာကို အာရုံ စိုက်ကာ နားထောင်သည်
    တစ်စုံ တစ်ခုသော အရာကို အာရုံ စိုက်ကာ နားထောင်သည်
    listen carefully
    ကြိယာ

    နားစွင်း

    [náswɪ́ɴ]
    (နရွက်ဖျား) အထက်ကို ချွန်တက် နိန်ရေ နား။ နားစွင်းမူကား၊ ဘုန်းဟိအံ့ (လက္ခဏာ)
    (နားရွက်ဖျား) အထက်သို့ ချွန်တက် နေသော နား။ နားစွင်းမူကား၊ ဘုန်းဟိအံ့ (လက္ခဏာ)
    ear
    နာမ်

    နားစွန်နားဖျား

    [násʊ̀ɴnápʰrá]
    အစွန် အဖျား ကျသော အရာ။ နီရာ
    အစွန် အဖျား ကျသော အရာ။ နေရာ
    edge
    နာမ်

    နားစွန်အဖျား

    [násʊ̀ɴʔpʰrá]
    ဝိုးတိုး ဝါးတား။ မပီ မသ (ကြားရရေ။
    ဝိုးတိုး ဝါးတား။ မပီ မသ (ကြားရသည်။
    indistinct
    ကြိယာဝိသေသန

    နားဆင့်တီး

    [násʰɪ̀ɴ့tï]
    အခေါက်ခေါက် အထပ်ထပ် နားမထောင် ထောင်ချင်အောင် ပြောရေ
    အကြိမ်ကြိမ် အထပ်ထပ် နားမထောင် ထောင်ချင်အောင် ပြောသည်
    hate to hear
    ကြိယာ

    နားဆာ

    [násʰà]
    ကြားနာရ မသက်မသာ ဟိရေ
    ကြားနာရ မသက်မသာ ရှိသည်
    hate to hear
    ကြိယာ

    နားဆီကျ

    [násʰít͡ɕ]
    ကြားရ ကပင်ာ စိတ်မာ ကျီနပ် နှစ်သက် အားရခြင်း ဖြစ်တေ။ နှစ်လိုအားရ ဖြစ်တေ
    ကြားရ သည်မှာ စိတ်တွင် ကျေနပ် နှစ်သက် အားရခြင်း ဖြစ်သည်။ နှစ်လိုအားရ ဖြစ်သည်
    satisfy
    ကြိယာ

    နားဆီယို

    [násʰíjÒ]
    (ဥပစာ) ကြားရစွာမာ စိတ်မာ ကျီနပ် နှစ်သက် အားရယား နားမှ အဆီများ ယိုလုမတတ် ဖြစ်တေ။ မထိန်း မဆည်နိုင်ပဲ စိတ်အာရုံ လွတ်ထွက်ရေ။ ကြားရစွာမာ စိတ်မာ ပီတိ နှစ်လို အားရခြင်း ဖြစ်တေ။ ချိုသာသည်
    (ဥပစာ) ကြားရသည်မှာ စိတ်တွင် ကျေနပ် နှစ်သက် အားရပြီး နားမှ အဆီများ ယိုလုမတတ် ဖြစ်သည်။ မထိန်း မဆည်နိုင်ပဲ စိတ်အာရုံ လွတ်ထွက်သည်။ ကြားရသည်မှာ စိတ်တွင် ပီတိ နှစ်လို အားရခြင်း ဖြစ်သည်။ ချိုသာသည်
    satisfy
    ကြိယာ

    နားဆီယိုနာ

    [násʰíjÒnà]
    နားမားမှ အရည်များ ယိုကျသော အနာ
    နားတွင်းမှ အရည်များ ယိုကျသော အနာ
    none
    ကြိယာ