Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 521–540 of 1,758 words

    န

    နားဆွယ်ကောင်း

    [násʰwɛ̀káʊɴ]
    သွီးဆောင် ဖြားယောင်း တိုက်တွန်း နားချရာမာ တတ်ကျွမ်း လိမ္မာသည်
    သွေးဆောင် ဖြားယောင်း တိုက်တွန်း နားချရာ၌ ကျွမ်းကျင် လိမ္မာသည်
    persuade
    ကြိယာ

    နားဆွဲ

    [násʰwɛ]
    တွဲရွဲချပနာ ဝတ်ဆင်သော နားဝတ် တန်ဆာ တမျိုး
    တွဲရွဲချ၍ ဝတ်ဆင်သော နားဝတ် တန်ဆာ တစ်မျိုး
    earring
    နာမ်

    နားညီး

    [náɲï]
    ကြားဖန် များတွက်နန့် မကြားချင် ဖြစ်တေ
    ကြားဖန် များ၍ မကြားချင် ဖြစ်သည်
    hate to hear
    ကြိယာ

    နားညောင်း

    [náɲáʊɴ]
    နားထောင်သည်
    နားထောင်သည်
    listen
    ကြိယာ

    နားညောင်း၂

    [náɲáʊɴ၂]
    နားထောင်ဖန် များတွက်နန့် မထောင်ချင် ဖြစ်တေ။ မင်းစကားကို နားညောင်းရေ၊ မကြားချင်
    နားထောင်ဖန် များ၍ မထောင်ချင် ဖြစ်သည်။ မင်းစကားကို နားညောင်းရေ၊ မကြားချင်
    hate to hear
    ကြိယာ

    နားဋေါင်း

    [nátèàɪ́ɴ]
    နားပျိုင်းမာ အပေါက် ဖေါက်၍ ပန်ဆင် ရရေ နားဝတ် တန်ဆာ တမျိုး
    နားပျဉ်းတွင် အပေါက် ဖေါက်၍ ပန်ဆင် ရသော နားဝတ် တန်ဆာ တစ်မျိုး
    earring
    နာမ်

    နားဋေါင်းကျွတ်လ

    [nátèàɪ́ɴt͡ɕwaʔl]
    ကဆုန်လ။ စိန်နားကပ်အရောင် - ဝမ်းဟောင်ဟောင်၊ ရောင်းပေါင်စားရ - ကဆုန်လ
    ကဆုန်လ။ စိန်နားကပ်အရောင် - ဝမ်းဟောင်ဟောင်၊ ရောင်းပေါင်စားရ - ကဆုန်လ
    nd month of Arakanese year
    နာမ်

    နားဋေါင်းဝတ်

    [nátèàɪ́ɴwaʔ]
    နားဋေါင်း ပန်ဆင် ရရေ နား၏ အစိတ် အပိုင်း
    နားဋေါင်း ပန်ဆင် ရသော နား၏ အစိတ် အပိုင်း
    ear
    နာမ်

    နားတင်းခတ်

    [nátɪ́ɴkʰaʔ]
    စောင်းခပ်မြောင်းခပ် ပြောဆို ပြုဗျာယ်။ အများ ကြားသိယောင် ကျွီးပြီး (ခဲဝါကောင်လာပါစီဟု) ခြိမ်းမောင်း ပြောဆိုခြင်းကို ပြုဗျာယ်
    စောင်းမြောင်း ပြောဆို ပြုလျက်။ အများ ကြားသိအောင် အော်ဟစ်ပြီး (ခွေးအကောင်လာပါစေဟု) ခြိမ်းမောင်း ပြောဆိုခြင်းကို ပြုလျက်
    make noises
    ကြိယာဝိသေသန

    နားတံသီး

    [nátံθï]
    ရွဲလုံး အစဟိစွာအနိန်နန့် တပ်ဆင် ထားရေ နားဝတ် တန်ဆာ တမျိုး
    ရွဲလုံး စသည်ဖြင့် တပ်ဆင် ထားသော နားဝတ် တန်ဆာ တစ်မျိုး
    earring
    နာမ်

    နာတာ

    [nàtà]
    ဖြည်ဆည်ရပ် တင်းခြင်း မပြုနိုင်ပဲဗျာယ်။ အလွန် ဝမ်းနည်း ကြီကွဲဗျာယ်
    ဖြည်ဆည်ရပ် တင်းခြင်း မပြုနိုင်ပဲလျက်။ အလွန် ဝမ်းနည်း ကြေကွဲလျက်
    hurt
    ကြိယာဝိသေသန

    နာတာရှည်

    [nàtàʃɛ̀]
    နှစ်လ ကြာညောင်းစွာ နာဖျား နိန်ရေ
    နှစ်လ ကြာညောင်းစွာ နာဖျား နေသည်
    chronic illness
    ကြိယာ

    နာတာရှည်၂

    [nàtàʃɛ̀၂]
    ၁၊ နှစ်လ ကြာညောင်းစွာ နာဖျား နိန်ရေ သူ။ ၂၊ နှစ်လ ကြာညောင်းစွာ ကပ်ရောက် နိန်ရေ ရောဂါ
    ၁၊ နှစ်လ ကြာညောင်းစွာ နာဖျား နေသော သူ။ ၂၊ နှစ်လ ကြာညောင်းစွာ ကပ်ရောက် နေသော ရောဂါ
    chronic illness
    နာမ်

    နားတွင်း

    [nátwɪ́ɴ]
    နား၏ မား အခေါင်း
    နား၏ တွင်း အခေါင်း
    ear
    နာမ်

    နားထင်

    [nátʰɪ̀ɴ]
    နရွက်၏ နောက်ပြင်ဖက် အစိတ် အပိုင်း။ နား၏ နောက်ဘက် အရပ်။ နသလယ်
    နားရွက်၏ နောက်ပြင်ဖက် အစိတ် အပိုင်း။ နား၏ နောက်ဘက် အရပ်။ နသလယ်
    temple
    နာမ်

    နားထပ်ကျ

    [nátʰaʔt͡ɕ]
    နှစ်ကြိမ် ထပ်၍ ကျရေ
    နှစ်ကြိမ် ထပ်၍ ကျသည်
    identity
    ကြိယာ

    နားထပ်ကျ၂

    [nátʰaʔt͡ɕ၂]
    ဟိုက အပြောနှင့် ဒေချင့်ကအပြော၊ အပြောချင်း နှစ်ခု ထပ်ကျရေ
    ဟိုက အပြောနှင့် ဒီကအပြော၊ အပြောချင်း နှစ်ခု ထပ်ကျသည်
    identity
    ကြိယာ

    နားထပ်မကျ

    [nátʰaʔmt͡ɕ]
    မသေမချာ။ မသေးမကွဲ။ ဝိုးတိုး ဝါးတား (ကြားရေ)
    မသေမချာ။ မသေးမကွဲ။ ဝိုးတိုး ဝါးတား (ကြားသည်)
    inarticulate
    ကြိယာဝိသေသန

    နားထပ်မလုံ

    [nátʰaʔmlòʊɴ]
    ၁၊ စကားသံ မှန်ကန် ပီသခြင်း မဟိဘဲ။ ကျန သေချာစွာ ကွဲပြားခြင်း မဟိဘဲ။ ရီးတော်သျှင်ဟု၊ အယင်ပမာ၊ ခေါ်ရေအခါ၌၊ ကြားပါလေတုံ၊ နားခပ်မလုံကေ၊ မယုံအလပ်၊ ယုံအလပ်နှင့် (ကော်)
    ၁၊ စကားသံ မှန်ကန် ပီသခြင်း မရှိပဲ။ ကျန သေချာစွာ ကွဲပြားခြင်း မရှိပဲ။ ရီးတော်သျှင်ဟု၊ ယခင်ပမာ၊ ခေါ်သောအခါ၌၊ ကြားပါလေတုံ၊ နားခပ်မလုံကေ၊ မယုံတဝက်၊ ယုံတဝက်နှင့် (ကော်)
    inarticulate
    ကြိယာဝိသေသန

    နားထိုး

    [nátʰó]
    (နားဋေါင်း ပန်ဆင်ရန်) နားပျိုင်းမာ အပ်နန့် အပေါက် ဖေါက်သည်
    (နားဋေါင်း ပန်ဆင်ရန်) နားပျဉ်းတွင် အပ်နှင့် အပေါက် ဖေါက်သည်
    perforate
    ကြိယာ