Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 541–560 of 1,758 words

    န

    နားထိုင်း

    [nátʰáɪɴ]
    နား အလွန် လေးရေ။ နားမကြား ဖြစ်တေ
    နား အလွန် လေးသည်။ နားမကြား ဖြစ်သည်
    deaf
    ကြိယာ

    နားထိုင်းပါးထိုင်း

    [nátʰáɪɴpàးtʰáɪɴ]
    နား လေးသည်၏ အဖြစ်။ အော့အန်မှုမှိုင်း၊ နားပါးထိုင်း၍၊ ကစဉ်ကလှန် (ပဉ္စဘုတ်)
    နား လေးသည်၏ အဖြစ်။ အော့အန်မှုမှိုင်း၊ နားပါးထိုင်း၍၊ ကစဉ်ကလှန် (ပဉ္စဘုတ်)
    deaf
    နာမ်

    နားထိုးမင်္ဂလာ

    [nátʰómŋ̇galà]
    (နားဋေါင်း ပန်ဆင်ရန်) နားပျိုင်းမာ အပ်ဖြင့် အပေါက် ဖေါက် ထွင်းသော မင်္ဂလာ။ နားသမင်္ဂလာ
    (နားဋေါင်း ပန်ဆင်ရန်) နားပျဉ်းတွင် အပ်ဖြင့် အပေါက် ဖေါက် ထွင်းသော မင်္ဂလာ။ နားသမင်္ဂလာ
    none
    နာမ်

    နားထူ

    [nátʰù]
    အလွယ် တကူနှင့် နားမကြား ဖြစ်တေ။ အလွယ် တကူနှင့် နား မလည်နိုင် ဖြစ်တေ
    အလွယ် တကူနှင့် နားမကြား ဖြစ်သည်။ အလွယ် တကူနှင့် နား မလည်နိုင် ဖြစ်သည်
    deaf
    ကြိယာ

    နားထူ၂

    [nátʰù၂]
    ၁၊ ဉာဏ် ထိုင်းမှိုင်း ထိုင်းမှိုင်းရေ။ ၂၊ သွက်လက်မှု ကင်းရေ။ ကြာ ချေကျောက်ရေ
    ၁၊ ဉာဏ် လေးလံ ထိုင်းမှိုင်းသည်။ ၂၊ သွက်လက်မှု ကင်းသည်။ နှေးကွေး လေးကန်သည်
    drawl
    ကြိယာ

    နားထူ၃

    [nátʰù၃]
    ၁၊ ဉာဏ် ထိုင်းမှိုင်း ထိုင်းမှိုင်းသူ။ ၂၊ ကြာ ထိုင်းမှိုင်းသူ
    ၁၊ ဉာဏ် လေးလံ ထိုင်းမှိုင်းသူ။ ၂၊ နှေးကွေး လေးကန်သူ
    laggard
    နာမ်

    နားထောင်

    [nátʰàʊɴ]
    လိုက်နာရေ။ နာယူရေ။ ခံယူရေ
    လိုက်နာသည်။ နာယူသည်။ ခံယူသည်
    obey an order
    ကြိယာ

    နားထောင်ပါးထောင်

    [nátʰàʊɴpàးtʰàʊɴ]
    အခြီအရဲကို လိလာ စနည်းနာနိုင်ဖို့ အတွက်ရာ
    အခြေအနေကို လေ့လာ စုံစမ်းနိုင်ရန် အလို့ငှာ
    observe
    ကြိယာ

    နားထွင်း

    [nátʰwɪ́ɴ]
    (နားဋေါင်း ပန်ဆင်ရန်) နားပျိုင်းမာ အပ်နှင့် အပေါက် ဖေါက်ရေ။ ခံကျင်းလှူပြု၊ ကောင်းမှုတည်ခြင်း၊ နားထွင်းဂေါင်းရိတ် (ပါရာ)
    (နားဋေါင်း ပန်ဆင်ရန်) နားပျဉ်းတွင် အပ်နှင့် အပေါက် ဖေါက်သည်။ ခံကျင်းလှူပြု၊ ကောင်းမှုတည်ခြင်း၊ နားထွင်းခေါင်းရိတ် (ပါရာ)
    perforate
    ကြိယာ

    နားထွင်းမင်္ဂလာ

    [nátʰwɪ́ɴmŋ̇galà]
    (နားဋေါင်း ပန်ဆင်ရန်) နားပျိုင်းမာ အပ်ဖြင့် အပေါက် ဖေါက်ထွင်းသော မင်္ဂလာ။ နားသမင်္ဂလာ။ မင်္ဂလာနားထွင်း၊ လကေးမာသ၊ ဆန်းစတရက်၊ ခံပြီးကေနေပေ၊ သေစီတတ်ဗျာယ် (ပါရာ)
    (နားဋေါင်း ပန်ဆင်ရန်) နားပျဉ်းတွင် အပ်ဖြင့် အပေါက် ဖေါက်ထွင်းသော မင်္ဂလာ။ နားသမင်္ဂလာ။ မင်္ဂလာနားထွင်း၊ လရင်းမာသ၊ ဆန်းစတရက်၊ ခံလျက်နေပေ၊ သေစေတတ်လျက် (ပါရာ)
    perforate
    ကြိယာ

    နားထွီး

    [nátʰwï]
    နားရှုပ်ရေ။ ကြားနာရ ကပင်ာ မရှင်းမလင်း ဖြစ်တေ
    နားရှုပ်သည်။ ကြားနာရ သည်မှာ မရှင်းမလင်း ဖြစ်သည်
    unclear
    ကြိယာ

    နာနည်းရ

    [nànɛ́ɹ]
    ကိုယ်မာ ထိခိုက် ဒဏ်ရာ ရမှု။ အနာတရ ရမှု။ သုနန္ဒာလျှင်၊ လမ်းမာတကတည်း၊ မတော်ရာမှ၊ ချော်ကာလဲလို့၊ နာနည်းလည်းရ (ဘိမ်း)
    ကိုယ်တွင် ထိခိုက် ဒဏ်ရာ ရမှု။ အနာတရ ရမှု။ သုနန္ဒာလျှင်၊ လမ်းမှာတကတည်း၊ မတော်ရာမှ၊ ချော်ကာလဲလို့၊ နာနည်းလည်းရ (ဘိမ်း)
    wound
    နာမ်

    နားနန့်ပါး

    [nánàɴ့pàး]
    ၁၊ အလွန် ဝီးကွာ လှမ်းရေ။ ဖြစ်ခ ရရေ။ ၂၊ နီးဗျာယ် ဝေးခဲ့ ရရေ
    ၁၊ အလွန် ဝေးကွာ လှမ်းသည်။ ဖြစ်ခဲ့ ရသည်။ ၂၊ နီးလျက် ဝေးခဲ့ ရသည်
    far
    ကြိယာ

    နာနာ

    [nànà]
    လွန်ကဲစွာ။ အလွန့် အလွန်။ နှစ်ခေါင်ပြောင်အိမ်ကြီး၊ သမီးလှဆံတောက်သျှေ၊ အသွင်းကိုနာနာတောင်း၊ ငေါင်းလီဖိ -- လေ (ရိုးရာ)။
    လွန်ကဲစွာ။ အလွန့် အလွန်။ နှစ်ခေါင်ပြောင်အိမ်ကြီး၊ သမီးလှဆံတောက်သျှေ၊ အသွင်းကိုနာနာတောင်း၊ ငေါင်းပါတော့ -- လေ (ရိုးရာ)။
    အဖိုးအခ) နာနာတောင်း၊ နာနာယူ၊ နာနာဆွဲ၊ နာနာလုပ်၊ နာနာပြော၊ နာနာစား စသည်
    ကြိယာဝိသေသန

    နာနာကောင်း

    [nànàkáʊɴ]
    အလွန် ကောင်းရေ
    အလွန် ကောင်းသော
    best
    နာမဝိသေသန

    နာနာဆိုး

    [nànàsʰó]
    အလွန် ဆိုးဝါးသော
    အလွန် ဆိုးဝါးသော
    worst
    နာမ်

    နားနားနီနီ

    [nánáníní]
    တဆတ်ဆတ် သာသာ။ ကမန်းကတန်း မဟိဘဲ။ အချိန် ယူဗျာယ်။ အလုပ်ကို နားနား နီနီ တဆတ်ဆတ် သာသာ လုပ်ပါ
    ဖြည်းဖြည်း သာသာ။ အလျင်စလို မရှိပဲ။ အချိန် ယူလျက်။ အလုပ်ကို နားနား နီနီ ဖြည်းဖြည်း သာသာ လုပ်ပါ
    slow
    ကြိယာဝိသေသန

    နာနာရုပ်

    [nànàɹoʊʔ]
    အမျိုးမျိုးသော ရုပ်ရို့ကို ဖန်ဆင်းပနာ ပြနှိုင်ရေ အတတ်။ ဘီလူးမင်းလည်း နာနာရုပ်အတတ်ကို မပေးလိုသည်ဖြစ်ပနာ ခြိမ်းမောင်း လေ၏ (ဓညသစ်)
    အမျိုးမျိုးသော ရုပ်တို့ကို ဖန်ဆင်း၍ ပြနိုင်သော အတတ်။ ဘီလူးမင်းလည်း နာနာရုပ်အတတ်ကို မပေးလိုသည်ဖြစ်၍ ခြိမ်းမောင်း လေ၏ (ဓညသစ်)
    none
    နာမ်

    နားနောင့်

    [nána̰ʊɴ]
    ကြားနာရ ကပင်ာ မသက် မသာ ဟိရေ
    ကြားနာရ သည်မှာ မသက် မသာ ရှိသည်
    hate to hear
    ကြိယာ

    နားပင်း

    [nápɪ́ɴ]
    နား မကြားသူ
    နား မကြားသူ
    deaf
    နာမ်