Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 41–60 of 1,758 words

    န

    နဂရာရီစင်ပန်း

    [nɡɹàɹísɪ̀ɴpáɴ]
    အုန်း၊ သင်းဝင်၊ ပေါက်ဖြူ၊ မြေစံကား၊ သပြီညွန့်။ (အမည် မှည့်ရာမာ ပန်ဆင် ရရေ ပန်း ငါးမျိုး။) ‘အမည် ခံသော ခုနစ် ရက်သား ရို့စွာ ပဌမနံ အညွန့်သစ်၊ သင်းဝင်၊ ပေါက်ဖြူ၊ မြေစံကား၊ သပြီရို့ကို၊ နဂရာရီစင်မာ ထည့်၍ --- ထိုရီစင်ပန်း ငါးပါးကို ပန်ဆင်၍ ----- သက်ကြီး မ
    အုန်း၊ သင်းဝင်၊ ပေါက်ဖြူ၊ မြေစံကား၊ သပြေညွန့်။ (အမည် မှည့်ရာတွင် ပန်ဆင် ရသော ပန်း ငါးမျိုး။) ‘အမည် ခံသော ခုနစ် ရက်သား တို့သည် ပဌမနံ အညွန့်သစ်၊ သင်းဝင်၊ ပေါက်ဖြူ၊ မြေစံကား၊ သပြေတို့ကို၊ နဂရာရီစင်တွင် ထည့်၍ --- ထိုရီစင်ပန်း ငါးပါးကို ပန်ဆင်၍ ----- သက်ကြီး မ
    none
    နာမ်

    နဂို

    [nɡÒ]
    ပင်ရင်း။ ပကတိ။ မူလ အရင်းခံ သဘော။ ‘သရုပ်အလျောက်၊ ဖဖူးမှုတ်လီ၊ မူလကြွပျာ၊ မီးထတောက်လို့’ (ကော်)
    ပင်ရင်း။ ပကတိ။ မူလ အရင်းခံ သဘော။ ‘သရုပ်အလျောက်၊ အလိုလိုက်လေ၊ နဂိုကြွပျာ၊ မီးထတောက်လို့’ (ကော်)
    base
    နာမ်

    နဂိုဂြိုဟ်

    [nɡÒdʑÒh်]
    မူလ အရင်းခံ ဂြိုဟ်။ ‘တနင်းဂနွီ၊ စနီ၊ ဗဒူး၊ ကြာသပတီး၊ ဤ လေးလုံးကား မူလ ဂြိုဟ်တည်း’ (ပါရာ)
    မူလ အရင်းခံ ဂြိုဟ်။ ‘တနင်္ဂနွေ၊ စနေ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ ဤ လေးလုံးကား နဂို ဂြိုဟ်တည်း’ (ပါရာ)
    sun saturn mercury jupiter
    နာမ်

    နဂိုရည်ချင်း

    [nɡÒɹɛ̀ɕɪ́ɴ]
    (ကိုယ့်မာ) မူလ အရင်းခံ အရည် အချင်း
    (မိမိတွင်) မူလ အရင်းခံ အရည် အချင်း
    endowment
    နာမ်

    နဂ္ဃိ

    [nɡə́ʔʃəì]
    အားလုံး ငါ၏ ‘ဥစ္စာဂျေးရာ’ ဟု ကိုယ့်အတွက်ရာ လောဘ လွန်ကဲစွာ လိုချင် တောင့်တ ပြောဆိုမှု။ အစွဲ ကြီးရေ လောဘစိတ်။ ဖိတ်လျှံနဂ္ဃိ၊ ငါ့စွာဟိဟု၊ ဖြစ်ဘိစီလို (မဟာ)
    အားလုံး ငါ၏ ‘ဥစ္စာချည်းပဲ’ ဟု မိမိအလို့ငှာ လောဘ လွန်ကဲစွာ လိုချင် တောင့်တ ပြောဆိုမှု။ အစွဲ ကြီးသော လောဘစိတ်။ ဖိတ်လျှံနဂ္ဃိ၊ ငါ့စွာဟိဟု၊ ဖြစ်ဘိစီလို (မဟာ)
    greed-avarice
    နာမ်

    နဂါး

    [nɡàး]
    တန်ခိုး ကြီးရေ မြွီ
    တန်ခိုး ကြီးသော မြွေ
    dragon
    နာမ်

    နဂါးချီး

    [nɡàးɕï]
    နဂါးကျစ် မားမှ ထွက်လှာသော ဘိတ်ဗွက်နှင့် ရော၍ ပါရေ ရွှီရောင်၊ ငွီရောင်၊ ခဲရောင် ပိုင်ယှောင် သတ္တု တမျိုး
    နဂါးကျစ် တွင်းမှ ထွက်လာသော ရွှံ့ဗွက်နှင့် ရော၍ ပါသော ရွှေရောင်၊ ငွေရောင်၊ ခဲရောင် ကဲ့သို့သော သတ္တု တစ်မျိုး
    solid lava from mud volcano
    နာမ်

    နဂါးစက်

    [nɡàးsɛʔ]
    အစားမား၊ အသီာက်မား၊ ညှော်မိက အစ ပျောက်ကင်း စေနှိုင်ရေ တောဆီး တမျိုး။ (ယင်း ဆီးပင်ကား နွယ်လို ပင်လို ခြုံမျိုးဝင် ဖြစ်၏။ အမြစ်မာ ဗွေပါရေ။ အရသာ ခါးရေ။ နဂါးစက် ပင်လို့လေ့ ခေါ်ရေ။
    အစားမှား၊ အသောက်မှား၊ ညှော်မိက အစ ပျောက်ကင်း စေနိုင်သည့် တောဆေး တစ်မျိုး။ (ယင်း ဆေးပင်ကား နွယ်လို ပင်လို ခြုံမျိုးဝင် ဖြစ်၏။ အမြစ်တွင် ဗွေပါသည်။ အရသာ ခါးသည်။ နဂါးစက် ပင်ဟုလည်း ခေါ်သည်။
    herbal plant
    နာမ်

    နဂါးတွင်း

    [nɡàးtwɪ́ɴ]
    နဂါး နိန်ရေ ဆိုရေ ဘိတ်ဗွက် မား။ နဂါးကျစ် မား
    နဂါး နေသည် ဆိုသော ရွှံ့ဗွက် တွင်း။ နဂါးကျစ် တွင်း
    mud volcano
    နာမ်

    နဂါးပတ်ကျော့ကွင်း

    [nɡàးpaʔt͡ɕɔ̰kwɪ́ɴ]
    ငြိတွယ် မိလျှင် ရုန်းမလွတ် နှိုင်ရေ ကိုင်းကွင်း တမျိုး
    ငြိတွယ် မိလျှင် ရုန်းမလွတ် နိုင်သော ကျော့ကွင်း တစ်မျိုး
    noose
    နာမ်

    နဂါးပတ်ကွန်ချာ

    [nɡàးpaʔkʊ̀ɴɕà]
    ပိုက်ကွန် ပိုင်ယှောင် ကိုင်းကွင်း တမျိုး
    ပိုက်ကွန် ကဲ့သို့သော ကျော့ကွင်း တစ်မျိုး
    noose
    နာမ်

    နဂါးပတ်ကွန်ချာ၂

    [nɡàးpaʔkʊ̀ɴɕà၂]
    နဂါး ရစ်ပတ် နီပိုင်သော ဆံထိုး ထိုးနည်း တမျိုး
    နဂါး ရစ်ပတ် နေသကဲ့သို့သော ဆံထိုး ထိုးနည်း တစ်မျိုး
    dress hair
    နာမ်

    နဂါးပွက်

    [nɡàးpwɛʔ]
    ညွန်အိုင်မာ အခိုး အငွီ့ မဟိဘဲ အပိုင် ပြွက်ပြွက်ဆူ နိန်ရေ ဘိတ်ပွက် မား
    ညွန်အိုင်တွင် အခိုး အငွေ့ မရှိပဲ အလိုလို ဆူပွက် နေသော ရွှံ့ပွက် တွင်း
    mud volcano
    နာမ်

    နဂါးမီး

    [nɡàးmï]
    ဘိတ်ပွက် မားမှ ဘိတ်ပွက်များ ဆူဝေ လျှံကျပြီး မီးထ ၍ တောက်သည့် နဂါးမီး
    ရွှံ့ပွက် တွင်းမှ ရွှံ့ပွက်များ ဆူဝေ လျှံကျပြီး မီးထ ၍ တောက်သည့် ရွှံ့မီးတောင်
    mud volcano
    နာမ်

    နဂါးရစ်

    [nɡàးɹɪʔ]
    ၁၊ နွယ်ကြီးများ ရစ်ပတ် နေသနန့် နဂါးများ ရစ်ပတ် နိန်ရေ့ ပုံဟန် ဖြစ်ပေါ်နေခြင်း။ ၂၊ နွယ်ရစ် လိမ်၍ တက်သော အပင်
    ၁၊ နွယ်ကြီးများ ရစ်ပတ် နေသဖြင့် နဂါးများ ရစ်ပတ် နေသည့် ပုံဟန် ဖြစ်ပေါ်နေခြင်း။ ၂၊ နွယ်ရစ် လိမ်၍ တက်သော သစ်ပင်
    none
    နာမ်

    နဂါးရစ်မော်တင်

    [nɡàးɹɪʔmɔ̀tɪ̀ɴ]
    ပုသိမ် မော်တင် စွန်း။ နဂရေ အငူကို ခေါ်သော အမည်
    ပုသိမ် မော်တင် စွန်း။ နဂရေ အငူကို ခေါ်သော အမည်
    none
    နာမ်

    နဂါးရုံဘုရား

    [nɡàးɹòʊɴbʱoʊɹá]
    နဂါး ပါးပျိုင်းဖြင့် ခြုံငုံ ရစ်ပတ်၍ မိုးကာ ထားရေ ဘုရား
    နဂါး ပါးပျဉ်းဖြင့် ခြုံငုံ ရစ်ပတ်၍ မိုးကာ ထားသော ဘုရား
    none
    နာမ်

    နဂါးလမ်း

    [nɡàးláɴ]
    ညည့်အခါ အာကာမာ ကြယ်တိစုဖြင့် အခိုး အငွီ့ ပိုင် တန်းနိန်ရေ အရာ
    ညည့်အခါ ကောင်းကင်တွင် ကြယ်များစုဖြင့် အခိုး အငွေ့ ကဲ့သို့ တန်းနေသော အရာ
    milky way
    နာမ်

    နံဂြိုဟ်

    [nံdʑÒh်]
    မွီးနိနံနှင့် သက်ဆိုင်သည့် ဂြိုလ်
    မွေးနေ့နံနှင့် သက်ဆိုင်သည့် ဂြိုလ်
    birth planet
    နာမ်

    န့ငယ်

    [n့ŋɛ̀]
    န့ အက္ခရာကို ခေါ်သော အမည်
    န့ အက္ခရာကို ခေါ်သော အမည်
    th of Arakanese consonant
    နာမ်