Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 581–600 of 1,758 words

    န

    နားပူပါးပူ

    [nápùpàးpù]
    နား မချမ်းသာယောင် အားဓမ မရမက (ပြောဆိုရေ)
    နား မချမ်းသာအောင် အတင်း မရမက (ပြောဆိုသည်)
    nag
    ကြိယာဝိသေသန

    နားပေါက်

    [nápaʊʔ]
    နားတောင်း ဝတ်ဆင်ရန် အပေါက်
    နားတောင်း ဝတ်ဆင်ရန် အပေါက်
    none
    နာမ်

    နားပေါက်၂

    [nápaʊʔ၂]
    သဖောပေါက် နားလည်သည်
    သဘောပေါက် နားလည်သည်
    understand
    ကြိယာ

    နားပေါက်၃

    [nápaʊʔ၃]
    သတင်း စကား ကြားရရေ
    သတင်း စကား ကြားရသည်
    hear
    ကြိယာ

    နားပေါက်ကျယ်

    [nápaʊʔt͡ɕɛ̀]
    ကျယ်သော အပေါက် ဟိရေ နား
    ကျယ်သော အပေါက် ရှိသော နား
    none
    နာမ်

    နားပါးထိုင်း

    [nápàးtʰáɪɴ]
    နားလေးသည်၏ အဖြစ်။ အော့အန်မှုမှိုင်း၊ နားပါးထိုင်း၍၊ ကစဉ်ကလှန် (ပဉ္စဘုတ်)
    နားလေးသည်၏ အဖြစ်။ အော့အန်မှုမှိုင်း၊ နားပါးထိုင်း၍၊ ကစဉ်ကလှန် (ပဉ္စဘုတ်)
    deaf
    နာမ်

    နားပါးပူဆာ

    [nápàးpùsʰà]
    နား မခံသာ ဖြစ်တေ။ နား မချမ်းသာစရာ ဖြစ်တေ။ နားကြား ပြင်းကတ်သည်
    နား မခံသာ ဖြစ်သည်။ နား မချမ်းသာစရာ ဖြစ်သည်။ နားကြား ပြင်းကတ်သည်
    hate to hear
    ကြိယာ

    နားပါးမခံသာ

    [nápàးmkʰံθà]
    နား မချမ်းသာစရာ ဖြစ်တေ။ နား မချမ်းသာယောင် အားဓမမရ ပြောဆိုရေ
    နား မချမ်းသာစရာ ဖြစ်သည်။ နား မချမ်းသာအောင် အတင်းမရ ပြောဆိုသည်
    hate to hear
    ကြိယာ

    နားပျင်းပူဆာ

    [náprɪ́ɴpùsʰà]
    နား မခံသာ ဖြစ်တေ။ နား မချမ်းသာစရာ ဖြစ်တေ။ နားကြား ပြင်းကတ်သည်
    နား မခံသာ ဖြစ်သည်။ နား မချမ်းသာစရာ ဖြစ်သည်။ နားကြား ပြင်းကတ်သည်
    hate to hear
    ကြိယာ

    နားပျဉ်း

    [náprɪ́ɴ]
    နရွက်မာ တွဲလောင်း ကျနီသော အပျော့ပိုင်း
    နားရွက်တွင် တွဲလျား ကျနေသော အပျော့ပိုင်း
    none
    နာမ်

    နားပျဉ်းတွဲ

    [náprɪ́ɴtwɛ]
    အပျိုင်း တွဲလောင်း ကျနီသော နား
    အပျဉ်း တွဲလျား ကျနေသော နား
    none
    နာမ်

    နားပြည်ယို

    [nápɹɛjÒ]
    နားမားမှ ပြည်ယိုသော အနာ
    နားတွင်းမှ ပြည်ယိုသော အနာ
    none
    နာမ်

    နားပွင့်ပန်း

    [nápwɪ̀ɴ့páɴ]
    ပန်းပွင့် ပုံသဏ္ဍာန် ပြုလုပ် ထားရေ နားဝတ် တန်ဆာ တမျိုး
    ပန်းပွင့် ပုံသဏ္ဍာန် ပြုလုပ် ထားသော နားဝတ် တန်ဆာ တစ်မျိုး
    earring
    နာမ်

    နားဖီ

    [nápʰí]
    နားတောင်း ပန်ဆင်ရာ နားပေါက်
    နားတောင်း ပန်ဆင်ရာ နားပေါက်
    ear hole
    နာမ်

    နားဖေါက်

    [nápʰaʊʔ]
    မမာ့နှင့် ယောက်ျား အိမ်ထောင် ပြုဖို့ စီစပ်ကြောင်း လမ်းဆက်သွယ်သည်
    မိန်းမနှင့် ယောက်ျား အိမ်ထောင် ပြုရန် စေ့စပ်ကြောင်း လမ်းဆက်သွယ်သည်
    engage
    ကြိယာ

    နားဖေါက်၂

    [nápʰaʊʔ၂]
    နားတောင်း ဝတ်ဆင်ရန် နားပျိုင်းမာ အပေါက် ဖေါက်သည်
    နားတောင်း ဝတ်ဆင်ရန် နားပျဉ်းတွင် အပေါက် ဖေါက်သည်
    perforate
    ကြိယာ

    နားဖါကော်

    [nápʰàkɔ̀]
    နားဖါချီးကို ကော်ထုတ် ယူသော ကိရိယာ။ နဖါကခရာဝ
    နားဖါချေးကို ကော်ထုတ် ယူသော ကိရိယာ။ နဖါကလော်
    instrument for removing earwax
    နာမ်

    နားဖါချီး

    [nápʰàɕï]
    နားထဲမာ ဖြစ်ပေါ် နိန်ရေ အညစ်အကြီး။ နားဖါချီး
    နားထဲတွင် ဖြစ်ပေါ် နေသော အညစ်အကြေး။ နားဖါချေး
    earwax
    နာမ်

    နားဖါချီးထွတ်

    [nápʰàɕïtʰwaʔ]
    နားဖါချီးကို ကော်ထုတ် ယူသော ကိရိယာ။ နဖါကခရာဝ
    နားဖါချေးကို ကော်ထုတ် ယူသော ကိရိယာ။ နဖါကလော်
    instrument for removing earwax
    နာမ်

    နားဗံ

    [nábံ]
    နားမာ ဝတ်ဆင်သော နားဝတ် တန်ဆာ တမျိုး
    နားတွင် ဝတ်ဆင်သော နားဝတ် တန်ဆာ တစ်မျိုး
    earring
    နာမ်