Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 621–640 of 1,758 words

    န

    နာမည်ဆွီး

    [nàmɛ̀sʰwï]
    မကောင်းရေ သတင်း ထွက်သူ
    မကောင်းသော သတင်း ထွက်သူ
    notoriety
    နာမ်

    နာမည်တုယောင်

    [nàmɛ̀toʊjàʊɴ]
    တုပ ဝါ၍ ခံယူသော အမည် နာမ
    တုပ လိမ်လည်၍ ခံယူသော အမည် နာမ
    alias
    နာမ်

    နာမည်ထင်

    [nàmɛ̀tʰɪ̀ɴ]
    နာမည် သတင်း ထင်ရှား ပေါ်လွင်သည်
    နာမည် သတင်း ထင်ရှား ပေါ်လွင်သည်
    famous
    ကြိယာ

    နာမည်ထွက်

    [nàmɛ̀tʰwɛʔ]
    အမည် သတင်း ထင်ရှား ပျံ့နှံ့သည်
    အမည် သတင်း ထင်ရှား ပျံ့နှံ့သည်
    famous
    ကြိယာ

    နာမည်ပေါ်

    [nàmɛ̀pɔ̀]
    အမည် သတင်း ထင်ရှား ပျံ့နှံ့သည်
    အမည် သတင်း ထင်ရှား ပျံ့နှံ့သည်
    famous
    ကြိယာ

    နာမည်ပျက်

    [nàmɛ̀prɛʔ]
    အမည် သတင်း မကောင်း ဆိုးဝါး ဖြစ်တေ
    အမည် သတင်း မကောင်း ဆိုးဝါး ဖြစ်သည်
    notoriety
    ကြိယာ

    နာမည်ပျောက်

    [nàmɛ̀prɔ́ɛʔ]
    အမည် သတင်းကို ကြားခြင်း အာရုံမှ ကွယ်လားရေ။ ရွတ်မြောက်သည်
    အမည် သတင်းကို ကြားခြင်း အာရုံမှ ကွယ်သွားသည်။ လွတ်ကင်းသည်
    be free from
    ကြိယာ

    နာမည်ပြောင်း

    [nàmɛ̀pɹáʊɴ]
    (မူလ) အောင်လှစိန် အမည်ကို ဖျောက်၍ စောထွန်း အမည် မာစေ ခရေ
    (မူလ) အောင်လှစိန် အမည်ကို ဖျောက်၍ စောထွန်း အမည် တွင်စေ ခဲ့သည်
    change name
    ကြိယာ

    နာမည်ဖျက်

    [nàmɛ̀pʰrɛʔ]
    နာမည် သတင်း မကောင်း၊ ဆိုးယုတ်အောင် လုပ်ရေ
    နာမည် သတင်း မကောင်း၊ ဆိုးယုတ်အောင် လုပ်သည်
    traduce
    ကြိယာ

    နာမည်ဖျောက်

    [nàmɛ̀pʰrɔ́ɛʔ]
    မူရင်း အမည်ကို ပျောက်ပျက် စီပနာ အမည်သစ် တခု မာစီခရေ
    မူရင်း အမည်ကို ပျောက်ပျက် စေ၍ အမည်သစ် တခု တွင်စေခဲ့သည်
    change name
    ကြိယာ

    နာမည်ဖြစ်

    [nàmɛ̀pʰɹɪʔ]
    နာမည် သတင်းကောင်း ပေါ်ထင်ရေ
    နာမည် သတင်းကောင်း ပေါ်ထင်သည်
    famous
    ကြိယာ

    နာမည်မှည့်

    [nàmɛ̀m̥ɛ့̀]
    နာမည် ပီးရေ
    နာမည် ပေးသည်
    name
    ကြိယာ

    နာမည်ယူ

    [nàmɛ̀jù]
    ကျော်ဇော ထင်ရှားသော အမည်ကို ရယူရေ
    ကျော်ဇော ထင်ရှားသော အမည်ကို ရယူသည်
    take good name
    ကြိယာ

    နာမည်ရ

    [nàmɛ̀ɹ]
    အမည် နာမကောင်း သတင်း ကျော်ဇောသည်
    အမည် နာမကောင်း သတင်း ကျော်ဇောသည်
    famous
    ကြိယာ

    နာမည်ရင်း

    [nàmɛ̀ɹɪ́ɴ]
    မူလ ဖြစ်ရေ အမည်
    မူလ ဖြစ်သော အမည်
    name
    နာမ်

    နာမသတင်း

    [nàmθtɪ́ɴ]
    ပျံ့နှံ့ထင်ရှား ကျော်ဇောခြင်း ဟိရေ။ နာမသတင်း၊ ကောင်းခြင်း ကြော်ငြာ၊ နှံ့သိကျော်ပြီးကေ (ထွန်းတိ)
    ပျံ့နှံ့ထင်ရှား ကျော်ဇောခြင်း ရှိသော။ နာမသတင်း၊ ကောင်းခြင်း ကြော်ငြာ၊ နှံ့သိကျော်၍ (ထွန်းတိ)
    famous
    နာမဝိသေသန

    နားမသာပါးမသာ

    [námθàpàးmθà]
    မကြားကောင်း မနာသာကောင်း အောင် ရိုင်းစိုင်း ယုတ်ညံ့သော စကား
    မကြားကောင်း မနာသာကောင်း အောင် ရိုင်းစိုင်း ယုတ်ညံ့သော စကား
    cacophony
    နာမ်

    နာမ်

    [nààɴ]
    ၁၊ (သဒ္ဒါဘက်ဆိုင်ရာ) သက်ဟိ၊ သက်မဲ့ ရို့၏ အမည်။ ၂၊ ရုပ်တရားကို ပယ်ထားပနာ မှတ်သားတတ်၊ ခံစားတတ်၊ သိမြင်တတ်ရေ တရား
    ၁၊ (သဒ္ဒါဘက်ဆိုင်ရာ) သက်ရှိ၊ သက်မဲ့ တို့၏ အမည်။ ၂၊ ရုပ်တရားကို ပယ်ထား၍ မှတ်သားတတ်၊ ခံစားတတ်၊ သိမြင်တတ်သော တရား
    noun
    နာမ်

    နာမ်စား

    [nààɴsá]
    (သဒ္ဒါဘက်ဆိုင်ရာ) နာမ၏ အရာမာ ဖ အသုံး ပြုရေ စကားလုံး
    (သဒ္ဒါဘက်ဆိုင်ရာ) နာမ၏ အရာတွင် လဲလှယ် အသုံး ပြုသော စကားလုံး
    pronoun
    နာမ်

    နားယဉ်

    [nájɪ̀ɴ]
    ကြားနာရ ဖန်များတွက်နန့် ရိုးနိန်ရေ
    ကြားနာရ ဖန်များ၍ ရိုးနေသည်
    be used to hearing
    ကြိယာ