Dictionary Entries
Showing 661–680 of 1,758 words
န
နာရီဝက်
[nàɹíwɛʔ]
Arakanese:
တနာရီ၏ ထက်ဝက်သော ကာလ အပိုင်းအရာ
Burmese:
တစ်နာရီ၏ ထက်ဝက်သော ကာလ အပိုင်းအခြား
English:
half an hour
Grammar Note:
နာမ်
နာရေး
[nàɹé]
Arakanese:
အသုဘကိစ္စ။ သေမှုကိစ္စ
Burmese:
အသုဘကိစ္စ။ သေမှုကိစ္စ
English:
sorrow or death
Grammar Note:
နာမ်
နားရွက်ကြီး
[náɹwɛʔt͡ɕï]
Arakanese:
ဟိနီာက် ဆင်ခြင် သုံးသပ်နိုင်စွမ်း မြင့်မားရေ။ အမြော် အမြင် ကြီးရေ
Burmese:
ရှေ့နောက် ဆင်ခြင် သုံးသပ်နိုင်စွမ်း မြင့်မားသည်။ အမြော် အမြင် ကြီးသည်
English:
be visionary
Grammar Note:
ကြိယာ
နားရှက်
[náʃɛʔ]
Arakanese:
ကြားသိ ရပြီးကေ တိုလို့ယိုလို့ ဖြစ်တေ
Burmese:
ကြားသိ ရ၍ မဝံ့မရဲ ဖြစ်သည်
English:
timidly to hear
Grammar Note:
ကြိယာ
နားရှက်၂
[náʃɛʔ၂]
Arakanese:
နား မကြားဝံ့ မနာသာဝံ့၊ နား မခံသာယောင် ယုတ်ညံ့ ရိုင်းစိုင်းသောအနိန်နန့်
Burmese:
နား မကြားဝံ့ မနာသာဝံ့၊ နား မခံသာအောင် ယုတ်ညံ့ ရိုင်းစိုင်းသော အားဖြင့်
English:
timidly
Grammar Note:
ကြိယာဝိသေသန
နားရှင်
[náʃɪ̀ɴ]
Arakanese:
နားကြား လွယ်ရေ။ အလျင်ကြား လွယ်ရေ
Burmese:
နားကြား လွယ်သည်။ အလျင်ကြား လွယ်သည်
English:
easy to hear
Grammar Note:
ကြိယာ
နားလည်
[nálɛ̀]
Arakanese:
သဖောပေါက်ရေ။ သိမြင်သည်
Burmese:
သဘော ပေါက်သည်။ သိမြင်သည်
English:
understand
Grammar Note:
ကြိယာ
နားလည်ပါးတင်
[nálɛ̀pàးtɪ̀ɴ]
Arakanese:
သိမှတ် နှိုင်ရေ အရွယ်။ အသိဉာဏ် ပွားတိုး နှိုင်ရေ အရွယ်။ သဖောပေါက် နားလည် နှိုင်ရေ အရွယ်
Burmese:
သိမှတ် နိုင်သော အရွယ်။ အသိဉာဏ် ပွားတိုး နိုင်သော အရွယ်။ သဘောပေါက် နားလည် နိုင်သော အရွယ်
English:
none
Grammar Note:
နာမ်
နားလည်မှု
[nálɛ̀m̥oʊ]
Arakanese:
၁၊ တိုက်ရိုက် မဟုတ်ဘဲ အရိပ်ကျလောင်းာက်ရီနည်းနန့်။ ၂၊ လူမှုရီးမာ အကောင်း အဆိုး အလျောက်
Burmese:
၁၊ တိုက်ရိုက် မဟုတ်ပဲ သွယ်ဝိုက်သော နည်းဖြင့်။ ၂၊ လူမှုရေးတွင် အကောင်း အဆိုး အလျောက်
English:
understanding
Grammar Note:
ကြိယာဝိသေသန
နာလန်ထ
[nàlàɴtʰ]
Arakanese:
တာရှည် နာဖျားရာမှ ပြန်ပနာ နေကောင်း လာရေ။ မြတ်စွာ ဘုရားသည် နာလန်ထပနာ မကြာခင် ကျောင်းမှ ထွက်တော်မူပြီးကေ (ဓါတုဝင်)
Burmese:
ကြာရှည်စွာ နာဖျားရာမှ ပြန်လည် နေကောင်း လာသည်။ မြတ်စွာ ဘုရားသည် နာလန်ထ၍ မကြာမီ ကျောင်းမှ ထွက်တော်မူ၍ (ဓါတုဝင်)
English:
convalesce
Grammar Note:
ကြိယာ
နာလန်ထ၂
[nàlàɴtʰ၂]
Arakanese:
တာရှည် နာဖျား ရာမှ ပြန်ပနာ နေကောင်း လာသူ
Burmese:
ကြာရှည်စွာ နာဖျား ရာမှ ပြန်လည် နေကောင်း လာသူ
English:
convalesce
Grammar Note:
နာမ်
နာလန်ထူ
[nàlàɴtʰù]
Arakanese:
စီးပွားရီး ကျဆုံး လားရာမှ စိကေချေ စီးပွားရီး တိုးတက် အောင်မြင်လာရေ
Burmese:
စီးပွားရေး ကျဆုံး သွားရာမှ အနည်းငယ် စီးပွားရေး တိုးတက် အောင်မြင်လာသည်
English:
recover
Grammar Note:
ကြိယာ
နာလာ
[nàlà]
Arakanese:
ရီစီးမြောင်း။ ရီမြောင်း
Burmese:
ရေစီးမြောင်း။ ရေမြောင်း
English:
drain
Grammar Note:
နာမ်
နာလာအင်း
[nàlàʔɪ́ɴ]
Arakanese:
နက်ရေ ရီမြောင်း အင်း
Burmese:
နက်သော ရေမြောင်း အင်း
English:
drain
Grammar Note:
နာမ်
နာလို
[nàlÒ]
Arakanese:
(တဦး တယောက် နေစွာကို) နှစ်သက်ရေ။ သဖောကျရေ။ လိုလားသည်
Burmese:
(တစ်ဦး တစ်ယောက် နေသည်ကို) နှစ်သက်သည်။ သဘော ကျသည်။ လိုလားသည်
English:
like
Grammar Note:
ကြိယာ
နာလိုခံခက်
[nàlÒkʰံkʰɛʔ]
Arakanese:
မခံချိ မခံသာ ဖြစ်ပြီးကေ ဝမ်းထဲမာ ကျိတ်မိတ်ပြီး အောင်းနီရရေ။ နာလိုခံခက်၊ မာန်ပါ (ပုံ)
Burmese:
မခံချိ မခံသာ ဖြစ်ပြီး ဝမ်းထဲတွင် ကျိတ်မိတ်ပြီး အောင်းနေရသည်။ နာလိုခံခက်၊ ဒေါသထွက် (ပုံ)
English:
feel impotent with rage
Grammar Note:
ကြိယာ
နားလီး
[nálï]
Arakanese:
နားမကြား ဖြစ်တေ
Burmese:
နားမကြား ဖြစ်သည်
English:
deaf
Grammar Note:
ကြိယာ
နားလွယ်
[nálwɛ̀]
Arakanese:
အသိ မြန်ရေ။ သဖောပေါက် လွယ်ရေ။ တတ်လွယ် သိလွယ်ရေ
Burmese:
အသိ မြန်သည်။ သဘောပေါက် လွယ်သည်။ တတ်လွယ် သိလွယ်သည်
English:
easy to understand
Grammar Note:
ကြိယာ
နားလှည့်ပါးလှည့်
[náɬɛ့̀pàးɬɛ့̀]
Arakanese:
ဝါ လှည့်ဖြား ပြောဆိုဗျာယ်
Burmese:
လိမ်လည် လှည့်ဖြား ပြောဆိုလျက်
English:
lie
Grammar Note:
ကြိယာဝိသေသန
နားဝင်
[náwɪ̀ɴ]
Arakanese:
၁၊ သဖောပေါက် နားလည်ရေ။ ၂၊ သဖောကျနှစ်သက်သည်
Burmese:
၁၊ သဘောပေါက် နားလည်သည်။ ၂၊ သဘောကျ နှစ်သက်သည်
English:
understand
Grammar Note:
ကြိယာ