Dictionary Entries
Showing 681–700 of 1,758 words
န
နားဝင်ချို
[náwɪ̀ɴɕÒ]
Arakanese:
နားကြားရ ကပင်ာ ချိုသာ နှစ်သက်သည်
Burmese:
နားကြားရ သည်မှာ ချိုသာ နှစ်သက်သည်
English:
be pleasant to the ear
Grammar Note:
ကြိယာ
နားဝပါးဝ
[náwpàးw]
Arakanese:
၁၊ ပုန်းလျှိုး ကွယ်လျှိုး။ တတိန်းချေ ပုန်းဝှက်။ တတိန်းချေ။ ၂၊ လူတိကို အသိ မပီးဘဲ။ မင်းဖြစ်တေကို နားဝပါးဝမျှပင် မကြားလိုက်ရ စွာကို နဝပဝရာ ဇာမာသည်ဟူ၏ (တောင်)
Burmese:
၁၊ ပုန်းလျှိုး ကွယ်လျှိုး။ တိတ်တိတ်ပုန်း။ တိတ်တဆိတ်။ ၂၊ လူများကို အသိ မပေးပဲ။ မင်းဖြစ်သည်ကို နားဝပါးဝမျှပင် မကြားလိုက်ရ သည်ကို နဝပဝရာ ဇာတွင်သည်ဟူ၏ (တောင်)
English:
furtive
Grammar Note:
ကြိယာဝိသေသန
နားဝပါးဝလန်
[náwpàးwlàɴ]
Arakanese:
ဗြုန်းခနဲ ကြောက်ရွံ တုန်လှုပ် ချောက်ချားသောအနိန်နန့်။ ကြောက်ဒူး တုန်ပြီးကေ
Burmese:
ရုတ်တရက် ကြောက်ရွံ တုန်လှုပ် ချောက်ချားသော အားဖြင့်။ ကြောက်ဒူး တုန်လျက်
English:
get cold feet
Grammar Note:
ကြိယာဝိသေသန
နားဝီး
[náwï]
Arakanese:
အသိတရား နည်းရေ။ သဖောမပေါက် ဖြစ်တေ
Burmese:
အသိတရား နည်းသည်။ သဘော မပေါက် ဖြစ်သည်
English:
incomprehension
Grammar Note:
ကြိယာ
နားဝီတိမ်းစေါင်း
[náwítéɪɴsèàɪ́ɴ]
Arakanese:
မသဲမကွဲ။ မကွဲမပြား။ မပြတ်မသား။ မသေမချာ။ အသိတရား ယနာနာ ဖြစ်ဗျာယ်
Burmese:
မသဲမကွဲ။ မကွဲမပြား။ မပြတ်မသား။ မသေမချာ။ အသိတရား ယောင်ချာချာ ဖြစ်လျက်
English:
unclear
Grammar Note:
ကြိယာဝိသေသန
နားဝီနားဝါ
[náwínáwà]
Arakanese:
မသေးမကွဲ။ ကွဲပြား သေချာမှု မဟိဘဲ
Burmese:
မသေးမကွဲ။ ကွဲပြား သေချာမှု မရှိပဲ
English:
unclear
Grammar Note:
ကြိယာဝိသေသန
နားဝဲ
[náwɛ]
Arakanese:
အသိ ယနာနာ ဖြစ်ဗျာယ်။ မသဲမကွဲ။ မပြတ်မသား
Burmese:
အသိ ယောင်ချာချာ ဖြစ်လျက်။ မသဲမကွဲ။ မပြတ်မသား
English:
unclear
Grammar Note:
ကြိယာ
နားသံ
[náθံ]
Arakanese:
နားခေါင်း ထဲမာ အသံလှိုင်း ရိုက်ခတ်ရာ ပါးလွှာသော အမြှေး
Burmese:
နားခေါင်း ထဲတွင် အသံလှိုင်း ရိုက်ခတ်ရာ ပါးလွှာသော အမြှေး
English:
none
Grammar Note:
နာမ်
နားသံနားဝါ
[náθံnáwà]
Arakanese:
၁၊ မသဲမကွဲ။ မပြတ်မသား။ ၂၊ တခွန်း တစမျှ (ကြားသိ လိုက်ရရေ။
Burmese:
၁၊ မသဲမကွဲ။ မပြတ်မသား။ ၂၊ တစ်ခွန်း တစ်စမျှ (ကြားသိ လိုက်ရသည်။
English:
unclear
Grammar Note:
ကြိယာဝိသေသန
နားသံပါးသံ
[náθံpàးθံ]
Arakanese:
၁၊ တစုံ တယောက်သော သူ၏ ပြောဆိုရေ စကားသံ။ အော်သံ။ ၂၊ (ဥပစာ) သတင်းကောင်း
Burmese:
၁၊ တစ်စုံ တစ်ယောက်သော သူ၏ ပြောဆိုသော စကားသံ။ မြည်သံ။ ၂၊ (ဥပစာ) သတင်းကောင်း
English:
good new
Grammar Note:
နာမ်
နာသာ
[nàθà]
Arakanese:
နားထောင်ဖို့အတွက် ဆီလျော်ရေ။ နားထောင်ရ ချိုရေ
Burmese:
နားထောင်ဖို့ရန် ဆီလျော်သည်။ နာကြားရ ချိုသည်
English:
be pleasant to the ear
Grammar Note:
ကြိယာ
နာသာကောင်းထမန်း
[nàθàkáʊɴtʰmáɴ]
Arakanese:
ချမ်းမြေ့သော အာရုံကို ဖြစ်စီသော။ နှစ်သက် ဖွယ်ရာ အခြီအရဲ ဟိရေ
Burmese:
ချမ်းမြေ့သော အာရုံကို ဖြစ်စေသော။ နှစ်သက် ဖွယ်ရာ အခြေအနေ ရှိသော
English:
be pleasant to the ear
Grammar Note:
နာမဝိသေသန
နာသိနာသာ
[nàθìnàθà]
Arakanese:
နားအာရုံကို နှစ်သက် စီရေ။ စိတ်ထဲမာ နှစ်သက် ချမ်းမြေ့စွာ ခံစား ရရေ။ သီးခြင်းသံနှင့်၊ စောင်းသံထပ်အောင်၊ ခတ်ကာတီးလို့၊ နာသိနာသာ၊ ဆိုစွာမာကား (ဂုတ္တိလ)
Burmese:
နားအာရုံကို နှစ်သက် စေသည်။ စိတ်ထဲတွင် နှစ်သက် ချမ်းမြေ့စွာ ခံစား ရသည်။ သီးခြင်းသံနှင့်၊ စောင်းသံထပ်အောင်၊ ခတ်ကာတီးလို့၊ နာသိနာသာ၊ ဆိုသည်မှာကား (ဂုတ္တိလ)
English:
be pleasant to the ear
Grammar Note:
ကြိယာ
နာသောင့်နာသာ
[nàθa̰ʊɴnàθà]
Arakanese:
နားခံသာယောင် ညင်သာစွာ။ သာယာ ညှင်းပျောင်းစွာ
Burmese:
နားခံသာအောင် ညင်သာစွာ။ သာယာ ညှင်းပျောင်းစွာ
English:
be bearable to the ear
Grammar Note:
ကြိယာဝိသေသန
နားသွင်း
[náθwɪ́ɴ]
Arakanese:
သဖောပေါက်အောင် ပြောပြရေ။ နားလည် လက်ခံအောင် ပြောပြရေ။ နားဝင်ယောင် ပြောပြရေ
Burmese:
သဘော ပေါက်အောင် ပြောပြသည်။ နားလည် လက်ခံအောင် ပြောပြသည်။ နားဝင်အောင် ပြောပြသည်
English:
talk round
Grammar Note:
ကြိယာ
နားအီး
[náʔï]
Arakanese:
လိုက်နာရေ။ နာယူ မှတ်သားရေ။ နားထောင်ရေ။ အိုအိုမောင်ကြီးသျှင်၊ မေကုဝဏ်လေ၊ ကျွန့်စကားကို၊ ရွှီနားအီးလော (ဝိဇယ)
Burmese:
နာခံသည်။ နာယူ မှတ်သားသည်။ နားထောင်သည်။ အိုအိုမောင်ကြီး၊ မေကုဝဏ်လေ၊ ကျွန့်စကားကို၊ ရွှေနားအီးလော (ဝိဇယ)
English:
obey an order
Grammar Note:
ကြိယာ
နားအီး၂
[náʔï၂]
Arakanese:
နား ချမ်းသာရေ။ နား သက်သာရာ ရရေ။ စိတ် ချမ်းသာရေ
Burmese:
နား ချမ်းသာသည်။ နား သက်သာရာ ရသည်။ စိတ် ချမ်းသာသည်
English:
be pleasant to the ear
Grammar Note:
ကြိယာ
နားအီး၃
[náʔï၃]
Arakanese:
နားမား ထဲမာ ပြင်းစွာ နာကြင် ကိုက်ခဲသော ဝေဒနာကို ခံစားရရေ
Burmese:
နားတွင်း ထဲ၌ ပြင်းစွာ နာကျင် ကိုက်ခဲသော ဝေဒနာကို ခံစားရသည်
English:
suffer from earache
Grammar Note:
ကြိယာ
နားအီး၄
[náʔï၄]
Arakanese:
နားမား ထဲမာ ပြင်းစွာ နာကြင် ကိုက်ခဲသော ရောဂါ ဝေဒနာ
Burmese:
နားတွင်း ထဲ၌ ပြင်းစွာ နာကျင် ကိုက်ခဲသော ရောဂါ ဝေဒနာ
English:
earache
Grammar Note:
နာမ်
နားအီးပါးအီး
[náʔïpàးʔï]
Arakanese:
အီးငြိမ်း ချမ်းသာစွာ။ စိတ်လက် အီးချမ်း သက်သာစွာ။ ငြိမ်းချမ်း သာယာစွာ
Burmese:
အေးငြိမ်း ချမ်းသာစွာ။ စိတ်လက် အေးချမ်း သက်သာစွာ။ ငြိမ်းချမ်း သာယာစွာ
English:
peaceful
Grammar Note:
ကြိယာဝိသေသန