Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 701–720 of 1,758 words

    န

    နားအုံ

    [náʔòʊɴ]
    နားဝ၏ နောက်ဘက် အစိတ် အပိုင်း
    နားရင်း၏ နောက်ဘက် အစိတ် အပိုင်း
    region of the ear
    နာမ်

    နားအူ

    [náʔù]
    နားမား ထဲမာ ဆူညံသော အသံများ ဖြစ်ပေါ်နိန်ရေ
    နားတွင်း ထဲ၌ ဆူညံသော အသံများ ဖြစ်ပေါ်နေသည်
    ring
    ကြိယာ

    နားအူ၂

    [náʔù၂]
    ဆူညံသော အသံပိုင် ဖြစ်ပေါ် နိန်ရေ ရောဂါ
    ဆူညံသော အသံကဲ့သို့ ဖြစ်ပေါ် နေသော ရောဂါ
    ring
    နာမ်

    နိ(နေ့)

    [nì(nḛ)]
    ၁၊ နီထွက် ကပင် နီဝင်ရေ အထိ။ စက် ၂၄ နာရီ ကာလ အပိုင်းအရာ။ ၂၊ မဟောဗေါဓိ အဓိပဓိ ဓီးကျောက်စာမာ နိယ်၊ နိဟု ရီးထိုး ထားရေ။ ညည့်မူနိမှန်း၊ မသိလွန်းသည် (ပဉ္စဘုတ်)။ အခါကိုချိန်၊ နိကိုပိုင်းခြား။ ညနိန်ချိန်ကို၊ အမှိန်လားက (နာရဒ)
    ၁၊ နေထွက် သည်မှ နေဝင်သည် အထိ။ စက် ၂၄ နာရီ ကာလ အပိုင်းအခြား။ ၂၊ မဟောဗေါဓိ အဓိပဓိ ဓီးကျောက်စာတွင် နိယ်၊ နိဟု ရေးထိုး ထားသည်။ ညည့်မူနိမှန်း၊ မသိလွန်းသည် (ပဉ္စဘုတ်)။ အခါကိုချိန်၊ နိကိုပိုင်းခြား။ ညနေချိန်ကို၊ အမှိန်သွားက (နာရဒ)
    whole day
    နာမ်

    နိကုန်

    [nìkòʊɴ]
    ရက်ပြတ် ကုန်ဆုံး လားရေ
    တစ်နေ့လုံး ကုန်ဆုံး သွားသည်
    lapse
    ကြိယာ

    နိကုန်လခန်း

    [nìkòʊɴlkʰáɴ]
    နိလ ကုန်ဆုံးသည့် ထိတောင်
    နေ့လ ကုန်ဆုံးသည့် တိုင်အောင်
    end of month and day
    ကြိယာဝိသေသန

    နိကုန်လခန်း၂

    [nìkòʊɴlkʰáɴ၂]
    (အကျိုးမဟိ) အလဟဿ အချိန်ကို ဖြုန်းသောအနိန်နန့်။ အခြည်းနှီး သတ်သတ်
    (အကျိုးမရှိ) အလဟဿ အချိန်ကို ဖြုန်းသော အားဖြင့်။ အချည်းနှီး သက်သက်
    in vain
    ဥပစာ

    နိကောင်းရက်သာ

    [nìkáʊɴɹɛʔθà]
    ၁၊ ပြဿဒါး အစဟိရေ ရက်ဆိုး ရက်ယုတ် ရို့မှ ကင်းလွတ်သော နိရက်။ ၂၊ မင်္ဂလာ အခါ ကောင်းရေ နိရက်။ နိကောင်းရက်သာ - တနင်းလာ၊ အင်္ဂါနိခါ - ဆိုလှာမေ (တေး)
    ၁၊ ပြဿဒါး စသော ရက်ဆိုး ရက်ယုတ် တို့မှ ကင်းလွတ်သော နေ့ရက်။ ၂၊ မင်္ဂလာ အခါ ကောင်းသော နေ့ရက်။ နိကောင်းရက်သာ - တနင်္လာ၊ အင်္ဂါနိခါ - ဆိုလာမေ (တေး)
    good day
    နာမ်

    နိက္ခမ

    [nìkʰə́kʰam]
    တောထွက်ခြင်း။ အိမ်ထောင် သက်မွီးခြင်း ဘဝမှ ခွါရှောင်၍ ရသေ့ ရဟန်းပြခြင်း
    တောထွက်ခြင်း။ အိမ်ထောင် သက်မွေးခြင်း ဘဝမှ ခွါရှောင်၍ ရသေ့ ရဟန်းပြခြင်း
    eremite
    နာမ်

    နိကျောင်းသား

    [nìt͡ɕáʊɴθá]
    ကျောင်းမာ စားအိပ်ပြီးကေ နိန်ရေ ကျောင်းသား မဟုတ်ရေ ကျောင်းသား
    ကျောင်းတွင် စားအိပ်၍ နေသော ကျောင်းသား မဟုတ်သော ကျောင်းသား
    student
    နာမ်

    နိကြီးရက်ကြီး

    [nìt͡ɕïɹɛʔt͡ɕï]
    ဝါဦး ဝါကျွတ်။ လပြည့် လကွယ် အစဟိရေ နိထူး နိမြတ်
    ဝါဦး ဝါကျွတ်။ လပြည့် လကွယ် စသော နေ့ထူး နေ့မြတ်
    fullmoon day
    နာမ်

    နိခင်း

    [nìkʰɪ́ɴ]
    နေမွန်းစောင်း ၁၂ နာရီမှ မွန်းစောင်း တပို (၃နာရီ) ထိ ထိတောင်သော အချိန် အပိုင်းအရာ
    နေမွန်းတည့် ၁၂ နာရီမှ မွန်းလွဲ တစ်ပို (၃နာရီ) ထိ တိုင်အောင်သော အချိန် အပိုင်းအခြား
    afternoon
    နာမ်

    နိခင်းကြောင်တောင်

    [nìkʰɪ́ɴt͡ɕàʊɴtàʊɴ]
    နိ့ခင်း ထင်ထင် မြင်သာသော အချိန်
    နေ့လည် ထင်ထင် မြင်သာသော အချိန်
    day
    နာမ်

    နိခင်းခေါက်ခေါက်

    [nìkʰɪ́ɴkʰaʊʔkʰaʊʔ]
    နိ့ခင်း ထင်ထင် မြင်သာသော အချိန်
    နေ့လည် ထင်ထင် မြင်သာသော အချိန်
    day
    နာမ်

    နိခင်းလ ပ

    [nìkʰɪ́ɴl p]
    နိခင်း အချိန်။ ထင်သာ မြင်သာသော အချိန်
    နေ့လယ် အချိန်။ ထင်သာ မြင်သာသော အချိန်
    day
    နာမ်

    နိခါ

    [nìkʰà]
    နိအထဲ ကာလ
    နေ့အတွင်း ကာလ
    day
    နာမ်

    နိချင်း

    [nìɕɪ́ɴ]
    တရက် အထဲ
    တစ်နေ့ အတွင်း
    during the day
    ကြိယာဝိသေသန

    နိချင်းညချင်း

    [nìɕɪ́ɴɲɕɪ́ɴ]
    တနားချေနန့်။ အဂု။ လောလောဆယ်။ (ကြီးပွား ချမ်းသာရေ။) စောထွန်းရို့ အိမ်သား နိန့်ချင်း ရက်ချင်း ချမ်းသာလားခရေ
    ခဏချင်း။ ချက်ချင်း။ လောလောဆယ်။ (ကြီးပွား ချမ်းသာသည်။) စောထွန်းရို့ အိမ်သား နိန့်ချင်း ရက်ချင်း ချမ်းသာလားခရေ
    immediately
    ကြိယာဝိသေသန

    နိချင်းပေါက်

    [nìɕɪ́ɴpaʊʔ]
    (မတန့်နားပဲ) တရက် အထဲမာ (ခရီး) ပေါက်ရောက်ရေ
    (မတန့်နားပဲ) တစ်နေ့ အတွင်းတွင် (ခရီး) ပေါက်ရောက်သည်
    with in a day
    ကြိယာ

    နိချင်းပြန်

    [nìɕɪ́ɴpɹàɴ]
    တရက် အထဲမာ (ခရီး) လားပနာ ပြန်လာသနန့်
    တစ်နေ့ အတွင်းတွင် (ခရီး) သွား၍ ပြန်လာသဖြင့်
    one day round trip
    ကြိယာဝိသေသန