Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 721–740 of 1,758 words

    န

    နိချင်းပြီး

    [nìɕɪ́ɴpɹï]
    တရက် အထဲမာ အလုပ် ကိစ္စ အရာမာသောအနိန်နန့်
    တစ်နေ့ အတွင်းတွင် အလုပ် ကိစ္စ ပြီးမြောက်သော အားဖြင့်
    with in a day
    ကြိယာဝိသေသန

    နိချင်းရက်ချင်း

    [nìɕɪ́ɴɹɛʔɕɪ́ɴ]
    တနားချေနန့်။ အဂု။ လောလောဆယ်။ (ကြီးပွား ချမ်းသာရေ။) နန်းနန်းဦးကျော်ရို့ အိမ်သား နိန့်ချင်းရက်ချင်း ချမ်းသာလားခရေ
    ခဏချင်း။ ချက်ချင်း။ လောလောဆယ်။ (ကြီးပွား ချမ်းသာသည်။) နန်းနန်းဦးကျော်ရို့ အိမ်သား နိန့်ချင်းရက်ချင်း ချမ်းသာလားခရေ
    immediately
    ကြိယာဝိသေသန

    နိခြင်း

    [nìkʰɹɪ́ɴ]
    နေမွန်းစောင်း ၁၂ နာရီမှ မွန်းစောင်း တပို (၃ နာရီ) ထိထိတောင်သော အချိန် အပိုင်းအရာ
    နေမွန်းတည့် ၁၂ နာရီမှ မွန်းလွဲ တစ်ပို (၃ နာရီ) ထိတိုင်အောင်သော အချိန် အပိုင်းအခြား
    afternoon
    နာမ်

    နိခြင်းကြောင်တောင်

    [nìkʰɹɪ́ɴt͡ɕàʊɴtàʊɴ]
    နိ့ခင်း ထင်ထင် မြင်သာသော အချိန်
    နေ့လည် ထင်ထင် မြင်သာသော အချိန်
    day
    နာမ်

    နိခြင်းလ ပ

    [nìkʰɹɪ́ɴl p]
    နိခင်း အချိန်။ ထင်သာ မြင်သာသော အချိန်
    နေ့လယ် အချိန်။ ထင်သာ မြင်သာသော အချိန်
    day
    နာမ်

    နိဂုံး

    [nìɡóʊɴ]
    (ကျမ်းဂန် စာပီ ရီးသားရာမာ) အဆုံးသတ် စကား။ အချုပ် စကား။ (ပါ
    (ကျမ်းဂန် စာပေ ရေးသားရာ၌) အဆုံးသတ် စကား။ အချုပ် စကား။ (ပါ
    conclusion
    နာမ်

    နိဂုံး၂

    [nìɡóʊɴ၂]
    ကျေးလက် ကျွန်းရွာ။ (ပါ
    ကျေးလက် တောရွာ။ (ပါ
    hamlet
    နာမ်

    နိဂုံးချုပ်

    [nìɡóʊɴɕoʊʔ]
    ၁၊ ကျမ်းပြီး အချုပ် စကား အဆုံး သတ်ရေ။ ၂၊ သီဆုံးရေ။ ဘဝ တပါးသို့ ပြောင်းလားရေ
    ၁၊ ကျမ်းပြီး အချုပ် စကား အဆုံး သတ်သည်။ ၂၊ သေဆုံးသည်။ ဘဝ တစ်ပါးသို့ ပြောင်းသွားသည်
    conclude
    ကြိယာ

    နိဂ္ဂဟိတ်

    [nìɡə́ɡəheɪʔ]
    ကံ၊ ကိံ၊ ကုံအသံများ ရယောင် အက္ခရာ ထက်မာ တင်သော အပြောက် အစက်။ ဗိန္ဓုပေါက်။ သီးသီးတင်။ (ပါ)
    ကံ၊ ကိံ၊ ကုံအသံများ ရအောင် အက္ခရာ ထက်တွင် တင်သော အပြောက် အစက်။ ဗိန္ဓုပေါက်။ သေးသေးတင်။ (ပါ)
    none
    နာမ်

    နိဂ္ဂဟိတ်၂

    [nìɡə́ɡəheɪʔ၂]
    နှိပ်အပ်ရေ။ (ပါ)
    နှိပ်အပ်သည်။ (ပါ)
    none
    ကြိယာ

    နိစဉ်

    [nìsɪ̀ɴ]
    နေတိုင်း။ တရက် မပြတ်
    နေတိုင်း။ တစ်နေ့ မပြတ်
    everyday
    ကြိယာဝိသေသန

    နိစဉ်မှတ်တမ်း

    [nìsɪ̀ɴm̥aʔtáɴ]
    ပြုလုပ် ဆောင်ရွက်ရန် တိကို နိစိုင် ရီးမှတ် ထားခြင်း
    ပြုလုပ် ဆောင်ရွက်ရန် များကို နေ့စဉ် ရေးမှတ် ထားခြင်း
    diary
    နာမ်

    နိစဉ်ရက်ဆက်

    [nìsɪ̀ɴɹɛʔsʰɛʔ]
    တရက် မပြတ်။ တရက်ပြီး တရက်
    တစ်နေ့ မပြတ်။ တစ်နေ့ပြီး တစ်နေ့
    everyday
    ကြိယာဝိသေသန

    နိစဉ်လဆက်

    [nìsɪ̀ɴlsʰɛʔ]
    နိရော လ ပါ တရက် မပြတ်
    နေ့ရော လ ပါ တစ်နေ့ မပြတ်
    everyday
    ကြိယာဝိသေသန

    နိစာ

    [nìsà]
    နိအခါ စားသောက်ဖို့ အစားအစာ
    နေ့အခါ စားသောက်ရန် အစားအစာ
    lunch
    နာမ်

    နိစား

    [nìsá]
    တရက် အလုပ်လုပ်ခကို တရက် ချင်းပီးရေ စနစ်
    တစ်နေ့ အလုပ်လုပ်ခကို တစ်နေ့ ချင်းပေးသော စနစ်
    daily wages
    နာမ်

    နိစားလ ယူ

    [nìsál jù]
    တနိတာ အတွက် လုပ်ခတိကို တလကုန်မှ ပေါင်းစု၍ ယှင်းပီးသော စနစ်
    တစ်နေ့တာ အတွက် လုပ်ခများကို တစ်လကုန်မှ ပေါင်းစု၍ ရှင်းပေးသော စနစ်
    monthly wages
    နာမ်

    နိစားလိုက်

    [nìsálaɪʔ]
    နိခစား အလုပ် လုပ်ရေ
    နေ့စား အလုပ် လုပ်သည်
    work on daily wages
    ကြိယာ

    နိစိ

    [nìsì]
    ၁၊ နိစိရေ။ အချိန်ကာလ စိရေ။ ၂၊ ကံကုန်ရေ။ သီကေ အကြောင်း ဆိုက်ရေ။ ငါ့မာဖြစ်ပုံ၊ အဂုတုံဝယ်၊ ကံကုန်နိစိ၊ ညွတ်ကွန်ချာမာ၊ လာကာငြိလို့ (ဒွေး)။ ၃၊ သတ်မှတ် ထားရေ ကာလ အပိုင်းအရာ ကုန်ဆုံးသည်
    ၁၊ နေ့စေ့သည်။ အချိန်ကာလ စေ့သည်။ ၂၊ ကံကုန်သည်။ သေရန် အကြောင်း ဆိုက်သည်။ ငါ့မှာဖြစ်ပုံ၊ ယခုတုံဝယ်၊ ကံကုန်နိစိ၊ ညွတ်ကွန်ချာမှာ၊ လာကာငြိလို့ (ဒွေး)။ ၃၊ သတ်မှတ် ထားသော ကာလ အပိုင်းအခြား ကုန်ဆုံးသည်
    die
    ကြိယာ

    နိစိရက်စိ

    [nìsìɹɛʔsì]
    မွီးဖွားရန် အချိန် နိန်ရက် ဆိုက်ရောက် နိန်ရေ အခြီအရဲ
    မွေးဖွားရန် အချိန် နေရက် ဆိုက်ရောက် နေသော အခြေအနေ
    parturient
    နာမ်