Dictionary Entries
Showing 761–780 of 1,758 words
န
နိဒါန်း
[nìdàáɴ]
Arakanese:
ရှေ့ပြေးအဖြစ် ပြောဆိုရေ စကား။ တစုံ တခု ဖြစ်လှာရမှု၏ အကြောင်းရင်းကို ဖေါ်ပြသော စကား
Burmese:
ရှေ့ပြေးအဖြစ် ပြောဆိုသော စကား။ တစ်စုံ တစ်ခု ဖြစ်လာရမှု၏ အကြောင်းရင်းကို ဖေါ်ပြသော စကား
English:
introduction
Grammar Note:
နာမ်
နိနိညည
[nìnìɲɲ]
Arakanese:
အချိန်အခါ မရွီး။ ဇာခါ မလပ်။ နိနိညည၊ ဇာကာလမာ၊ သေမည်ပ ဟု၊ မသိလေစွ (ဓမ္မဒီ)
Burmese:
အချိန်အခါ မရွေး။ ဘယ်အခါ မလပ်။ နိနိညည၊ ဘယ်ကာလတွင်၊ သေမည်ပ ဟု၊ မသိလေစွ (ဓမ္မဒီ)
English:
any time
Grammar Note:
ကြိယာဝိသေသန
နိနောင်း
[nìnáʊɴ]
Arakanese:
ခြီထောက် တဖက် ကာနာသူ သွားပိုင် (နိမ့်တုံ မြင့်တုံ)
Burmese:
ခြေထောက် တစ်ဘက် မသန်စွမ်းသူ သွားသကဲ့သို့ (နိမ့်တုံ မြင့်တုံ)
English:
lame
Grammar Note:
ကြိယာဝိသေသန
နိပုပ်ရက်ပုပ်
[nìpoʊʔɹɛʔpoʊʔ]
Arakanese:
၁၊ ပြဿဒါး အစဟိရေ အလုပ်အမှု မဆောင် ကောင်းရေ နိ။ ၂၊ အခြည်းနှီး၊ အလဟဿ ကုန်ဆုံးသော နိ
Burmese:
၁၊ ပြဿဒါး စသော အလုပ်အမှု မဆောင် ကောင်းသော နေ့။ ၂၊ အချည်းနှီး၊ အလဟဿ ကုန်ဆုံးသော နေ့
English:
none
Grammar Note:
နာမ်
နိပ်
[nìaʔ]
Arakanese:
ဘုန်း ကျက်သရေ အဟိတ် နိမ့်ကျရေ။ ယုတ်ညံ့ရေ။ ဂုဏ်သိန် မှေးမှိန်သည်
Burmese:
ဘုန်း ကျက်သရေ အရှိန်အဝါ နိမ့်ကျသည်။ ယုတ်ညံ့သည်။ ဂုဏ်သိန် မှေးမှိန်သည်
English:
decline-slope
Grammar Note:
ကြိယာ
နိပ်နွမ်း
[nìaʔnʊ̀ɴ]
Arakanese:
ထူးခြား ကောင်းမြတ်သော ဂုဏ် ကျက်သရေ ညံ့ဖျင်းရေ။ ယုတ်ညံ့ရေ။ ညှိုးမှိန်သည်
Burmese:
ထူးခြား ကောင်းမြတ်သော ဂုဏ် ကျက်သရေ ညံ့ဖျင်းသည်။ ယုတ်ညံ့သည်။ ညှိုးမှိန်သည်
English:
decline-slope
Grammar Note:
ကြိယာ
နိပြတ်
[nìpɹaʔ]
Arakanese:
တနီလုံးလုံး (လုပ်ဆောင်ရ သနန့်)
Burmese:
တစ်နေပတ်လုံး (လုပ်ဆောင်ရ သဖြင့်)
English:
the whole day
Grammar Note:
ကြိယာဝိသေသန
နိဖို့ညဖို့
[nìpʰo̰ɲpʰo̰]
Arakanese:
လိုအပ်ရေ့ အခါ ရယောင် အဆင်သင့် သိမ်းဆည်း ထားရေ ဝန်ဝတ္တု
Burmese:
လိုအပ်သည့် အခါ ရအောင် အဆင်သင့် သိမ်းဆည်း ထားသော ပစ္စည်းဝတ္တု
English:
value
Grammar Note:
နာမ်
နိဗ္ဗာန်
[nìb̪a̰ààɴ]
Arakanese:
ပူပင်ခြင်း ကင်းပြီးကေ စစ်စစ်လျင် ငြိမ်းအီး ချမ်းသာခြင်း။ (ပါ
Burmese:
ပူပင်ခြင်း ကင်း၍ စစ်စစ်လျင် ငြိမ်းအေး ချမ်းသာခြင်း။ (ပါ
English:
nirvana
Grammar Note:
နာမ်
နိဗ္ဗာန်ကျောင်း
[nìb̪a̰ààɴt͡ɕáʊɴ]
Arakanese:
ပျံလွန်တော် မူသော ဘုန်းကြီး၏ အလောင်းကို အဆန်း တကြယ်ဖြင့် ထားရာ ကျောင်း
Burmese:
ပျံလွန်တော် မူသော ဘုန်းကြီး၏ အလောင်းကို အဆန်း တကြယ်ဖြင့် ထားရာ ကျောင်း
English:
body of a dead priest is laid in state before cremation
Grammar Note:
နာမ်
နိဗ္ဗာန်ဆော်
[nìb̪a̰ààɴsʰɔ̀]
Arakanese:
ကုသိုလ် ကောင်းမှု ပြုလုပ်ဖို့ ဆော်ဪသူ
Burmese:
ကုသိုလ် ကောင်းမှု ပြုလုပ်ရန် ဆော်ဪသူ
English:
criers for meritorious works
Grammar Note:
နာမ်
နိဗ္ဗူတ
[nìb̪a̰ùt]
Arakanese:
ငြိမ်းအီးခြင်း
Burmese:
ငြိမ်းအေးခြင်း
English:
ease
Grammar Note:
နာမ်
နိမကျန်
[nìmt͡ɕàɴ]
Arakanese:
နိရော ညဥ့်ပါ။ အချိန် မရွီး။ အခါမလပ်။ များစွာဗိုလ်လူ၊ တိုင်းပြည်သူရို့၊ ဆူပူသောင်းလတ်၊ နိမကျန်ကေ၊ တိုင်ပါကတ်လို့ (ဝိဇယ)
Burmese:
နေ့ရော ညပါ။ အချိန် မရွေး။ အခါမလပ်။ များစွာဗိုလ်လူ၊ တိုင်းပြည်သူတို့၊ ဆူပူသောင်းလတ်၊ နိမကျန်ကေ၊ တိုင်ပါကတ်လို့ (ဝိဇယ)
English:
any time
Grammar Note:
ကြိယာဝိသေသန
နိမအားညမအား
[nìmáɲmá]
Arakanese:
ဇာအချိန်အခါ မဆို။ အချိန် နာရီကို တိကျစွာ သတ်မှတ် ထားခြင်း မဟိဘဲ။ မပြတ်မလတ်စီပဲ
Burmese:
မည်သည့် အချိန်အခါ မဆို။ အချိန် နာရီကို တိကျစွာ သတ်မှတ် ထားခြင်း မရှိပဲ။ မပြတ်မလတ်စေပဲ
English:
any time
Grammar Note:
ကြိယာဝိသေသန
နိမိတ်
[nìmeɪʔ]
Arakanese:
၁၊ ပိုင်းခြား ကန့်သတ် ထားရေ နယ်မြီ။ ၂၊ အကောင်းအဆိုး၊ အဖြစ်အပျက် အစဟိစွာ ရို့ကို ကြိုတင် သိစီ နှိုင်ရေ အကြောင်း။ တယောက်မကျန်၊ တိုင်းပြည်သူလေ၊ လူတိန်းဆိတ်ဖို့၊ နိမိတ်မြင်ရေ (ဝိဇယ)။ မြေဓါတ်နိမိတ်၊ တိတ်အကြောင်းကား၊ မကောင်းပြည်မင်း၊ ပျက်ခြင်းဖြစ်တတ် (ပါရာ)
Burmese:
၁၊ ပိုင်းခြား ကန့်သတ် ထားသော နယ်မြေ။ ၂၊ အကောင်းအဆိုး၊ အဖြစ်အပျက် စသည် တို့ကို ကြိုတင် သိစေ နိုင်သော အကြောင်း။ တစ်ယောက်မကျန်၊ တိုင်းပြည်သူလေ၊ လူတိန်းဆိတ်ဖို့၊ နိမိတ်မြင်ရေ (ဝိဇယ)။ မြေဓါတ်နိမိတ်၊ တိတ်အကြောင်းကား၊ မကောင်းပြည်မင်း၊ ပျက်ခြင်းဖြစ်တတ် (ပါရာ)
English:
portent-omen
Grammar Note:
နာမ်
နိမိတ်ကြီးလေးပါး
[nìmeɪʔt͡ɕïlépàး]
Arakanese:
သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဆိုရေ နိမိတ်လေးပါး
Burmese:
သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်လေးပါး
English:
four portent
Grammar Note:
နာမ်
နိမိတ်ပြ
[nìmeɪʔpɹ]
Arakanese:
နောင် တစုံ တရာ ဖြစ်အံ့ မည်ကို တင်ကူးပနာ သိစီနှိုင်ဖို့ မျက်နှာပိုး ပြရေ
Burmese:
နောင် တစ်စုံ တစ်ရာ ဖြစ်လတ္တံ့ မည်ကို တင်ကူး၍ သိစေနိုင်ရန် အရိပ်အကဲ ပြသည်
English:
leading question
Grammar Note:
ကြိယာ
နိမိတ်ဖတ်
[nìmeɪʔpʰaʔ]
Arakanese:
ဖြစ်ပေါ် လာရေ နိမိတ်၏ အဓိပ္ပါယ်ကို ရွီးကောက် တင်ပြရေ
Burmese:
ဖြစ်ပေါ် လာသော နိမိတ်၏ အဓိပ္ပါယ်ကို ရွေးကောက် တင်ပြသည်
English:
interpret omens
Grammar Note:
ကြိယာ
နိမ္မိတဘုရား
[nìm̪a̰m̪a̰ìtbʱoʊɹá]
Arakanese:
မြတ်ဗုဒ္ဓ တက်စား ဖန်ဆင်း ထားရေ ဘုရား ရုပ်ပွားတော်
Burmese:
မြတ်ဗုဒ္ဓ ကိုယ်စား ဖန်ဆင်း ထားသော ဘုရား ရုပ်ပွားတော်
English:
th Buddha
Grammar Note:
နာမ်
နိမ့်
[nèɪɴ့]
Arakanese:
(အရပ်အမင်ာင်း အနိမ့်အမြင့် အစဟိစွာ) ပုပျပ်သော။ မမြင့်သော။ တိုသော
Burmese:
(အရပ်အမောင်း အနိမ့်အမြင့် စသည်) ပုပျပ်သော။ မမြင့်သော။ တိုသော
English:
short
Grammar Note:
နာမဝိသေသန