Dictionary Entries
Showing 61–80 of 1,758 words
န
န့ငယ်ပါးစပ်ပိတ်
[n့ŋɛ̀pàးsaʔpeɪʔ]
Arakanese:
န့ အက္ခရာကို ပတ်ရစ် မိအောင် ပတုံး၏ အောက်ခြီ ပိုင်းကို ပတ်ဝိုင်း ပြုပြီး ပတုံးဖျားကို (န့ငယ်၏) ပစ ထဲကို ထည့်သွင်း၍ ရီးသား ထားရေ န့အက္ခရာ။ (နတ်ကောင်းမများ ပွဲချမည့် နီရာမာ ယင်းပိုင် ရီးသားပါက နတ်ပွဲ ချပနာ မရ ဟူ၏။
Burmese:
န့ အက္ခရာကို ပတ်ရစ် မိအောင် အမြီး၏ အောက်ခြေ ပိုင်းကို ပတ်ဝိုင်း ပြုပြီး အမြီးဖျားကို (န့ငယ်၏) ပါးစပ် ထဲသို့ ထည့်သွင်း၍ ရေးသား ထားသော န့အက္ခရာ။ (နတ်ကတော်များ ပွဲချမည့် နေရာတွင် ယင်းသို့ ရေးသားပါက နတ်ပွဲ ချ၍ မရ ဟူ၏။
English:
th of Arakanese consonant
Grammar Note:
နာမ်
န့ငယ်မတုံးဆွဲ
[n့ŋɛ̀mtóʊɴsʰwɛ]
Arakanese:
သူတိ ရီးသား ပြီးစွာကို တတ်ဟန် ဆောင်ပနာ (အသာယူရန်၊ မော်ကြွားလိုရေ သဘောနန့်) ပြုပျင် ရီးရေ
Burmese:
သူများ ရေးသား ပြီးသည်ကို တတ်ဟန် ဆောင်၍ (အသာယူရန်၊ မော်ကြွားလိုသည့် သဘောဖြင့်) ပြုပြင် ရေးသည်
English:
copy
Grammar Note:
ကြိယာ
နင်
[nɪ̀ɴ]
Arakanese:
ကိုယ့်က တတူ ပြောဆို နီသူကို ညွှန်ပြသော စကားလုံး။ (ကိုယ့်ထက် ငယ်သူကို ဖြစ်စီ၊ ရွယ်တူကိုဖြစ်စီ၊ နင်၊ မင်း၊ အဝေ အစဟိစွာနန့် သုံးလီ့ ဟိရေ။ ) တေမိကရ၊ နင်အဂယင့်လေ၊ ပြုလေရကေ (ကော်)။ ကျေးဇုဂုဏ်အင်၊ ခွီးလောက်ပင်လေ၊ နင်မသိကေ၊ တေမိကရ (ပန်း)
Burmese:
မိမိက အတူ ပြောဆို နေသူကို ညွှန်ပြသော စကားလုံး။ (မိမိထက် ငယ်သူကို ဖြစ်စေ၊ ရွယ်တူကိုဖြစ်စေ၊ နင်၊ မင်း၊ အဝေ စသည်ဖြင့် သုံးလေ့ ရှိသည်။ ) တေမိကရ၊ နင်တကယ်လေ၊ ပြုလေရကေ (ကော်)။ ကျေးဇူးဂုဏ်အင်၊ ခွေးလောက်ပင်လေ၊ နင်မသိကေ၊ တေမိကရ (ပန်း)
English:
you
Grammar Note:
နာမ်စား
နင့်
[nɪ̀ɴ့]
Arakanese:
၁၊ (စိတ်နှလုံး) မသာမယာ ဖြစ်တေ။ ၂၊ ကြောင့်ကြ စိုးရိမ်မှု ဖြစ်တေ။ မောင်လှ ခရီးမာ ကြာနီလီရေ အတွက်နန့်၊ စိတ်နင့်ပြီးကေ၊ မသာမယာ ဖြစ်နီရေ
Burmese:
၁၊ (စိတ်နှလုံး) မသာမယာ ဖြစ်သည်။ ၂၊ ကြောင့်ကြ စိုးရိမ်မှု ဖြစ်သည်။ မောင်လှ ခရီးမှာ ကြာနီလီရေ အတွက်နန့်၊ စိတ်နင့်ပြီးကေ၊ မသာမယာ ဖြစ်နီရေ
English:
be anxious
Grammar Note:
ကြိယာ
နင်း
[nɪ́ɴ]
Arakanese:
၁၊ တစုံ တခုသော အထဲကို ဖေါက်ဝင် လားရေ။ စန္ဒာလထက်၊ သို့ပက်မယွင်း၊ အင်္ဂါနင်းသော်၊ မကောင်းထင်ရှား၊ တိုင်းကားမိုးမြေ၊ နိန်ရေ့မင်းရို့၊ ပျက်ခြင်းကန်စွာ (ပါရာ)။ ၂၊ အညောင်း ပြေအောင် ကိုယ်ပေါ် တက်ပနာ ခြေဖြင့် ဖိနှိပ် ပီးရေ။ ၃၊ တစုံ တခုသော အထက်ကို မ
Burmese:
၁၊ တစ်စုံ တစ်ခုသော အတွင်းသို့ ဖေါက်ဝင် သွားသည်။ စန္ဒာလထက်၊ သို့ပက်မယွင်း၊ အင်္ဂါနင်းသော်၊ မကောင်းထင်ရှား၊ တိုင်းကားမိုးမြေ၊ နေသည့်မင်းတို့၊ ပျက်ခြင်းမှန်စွာ (ပါရာ)။ ၂၊ အညောင်း ပြေအောင် ကိုယ်ပေါ် တက်၍ ခြေဖြင့် ဖိနှိပ် ပေးသည်။ ၃၊ တစ်စုံ တစ်ခုသော အပေါ်သို့ မ
English:
step on
Grammar Note:
ကြိယာ
နင့်၂
[nɪ̀ɴ့၂]
Arakanese:
ကြီးသူက ငယ်သူကို ဖြစ်စီ ရွယ်တူကို ဖြစ်စီ သုံးသော စကားလုံး။ စိတ်ဟိစိတ်ထင်၊ နင့်စိတ်မာလေ၊ ချင်သမျှနှင့် (ပန်း)
Burmese:
ကြီးသူက ငယ်သူကို ဖြစ်စေ ရွယ်တူကို ဖြစ်စေ သုံးသော စကားလုံး။ စိတ်ဟိစိတ်ထင်၊ နင့်စိတ်တွင်လေ၊ ချင်သမျှနှင့် (ပန်း)
English:
you
Grammar Note:
နာမ်စား
နင်း၂
[nɪ́ɴ၂]
Arakanese:
၁၊ အပျံ့အနှံ့ ကြားအပ် သိအပ်ရေ အဖြစ်အပျက် အကြောင်းအရာ။ သတင်း။ ၂၊ နာမည်။ နာမ။ သတင်းတေဇာ၊ နင်းအာဏာနှင့်၊ အသူရာမာပြီး၏၊ နတ်မင်းကြီးမာ၊ သ္မီးကြင်ဖက်၊ သမက်ဟိသည်၊ ငါ့သတ္တိကို၊ မသိလီလီာ (ရာမ)။ တန်ခိုးထင်ပေါ်၊ ငါ့ကိုမူလီ၊ သူကြိတ်မင်းဟု၊ နင်းမကျီာ်လှား (ရာမ)
Burmese:
၁၊ အပျံ့အနှံ့ ကြားအပ် သိအပ်သော အဖြစ်အပျက် အကြောင်းအရာ။ သတင်း။ ၂၊ နာမည်။ နာမ။ သတင်းတေဇာ၊ နင်းအာဏာနှင့်၊ အသူရာတွင်ပြီး၏၊ နတ်မင်းကြီးမှာ၊ သ္မီးကြင်ဖက်၊ သမက်ဟိသည်၊ ငါ့သတ္တိကို၊ မသိလေလော (ရာမ)။ တန်ခိုးထင်ပေါ်၊ ငါ့ကိုမူလေ၊ သူကြိတ်မင်းဟု၊ နင်းမကျော်လား (ရာမ)
English:
none
Grammar Note:
နာမ်
နင့်ကီးနင့်ကန်
[nɪ̀ɴ့kïnɪ̀ɴ့kàɴ]
Arakanese:
မခံမရပ် နှိုင်ယောင် မခံသာယောင် (ပြောဆိုရေ။
Burmese:
မခံမရပ် နိုင်အောင် မခံသာအောင် (ပြောဆိုသည်။
English:
scold
Grammar Note:
ကြိယာဝိသေသန
နင်းကောင်း
[nɪ́ɴkáʊɴ]
Arakanese:
ကောင်းရေ သတင်း။ ထင်ရှား ကျော်ဇောခြင်း
Burmese:
ကောင်းသော သတင်း။ ထင်ရှား ကျော်ဇောခြင်း
English:
good new
Grammar Note:
နာမ်
နင်းကောင်း၂
[nɪ́ɴkáʊɴ၂]
Arakanese:
နာမည်ကောင်း၊ သတင်းကောင်းရေ။ ထင်ရှား ကျော်ဇောသည်
Burmese:
နာမည်ကောင်း၊ သတင်းကောင်းသည်။ ထင်ရှား ကျော်ဇောသည်
English:
famous
Grammar Note:
ကြိယာ
နင်းကျော်
[nɪ́ɴt͡ɕɔ̀]
Arakanese:
နာမည် ကျော်ဇောသော။ သတင်း ကောင်းရေ။ ချစ်တေချစ်တေမောင်ချစ်တေ၊ လှရေလှရေ၊ နင်းကျော်ရေ၊ နာမည်ထား သတင်းကြား (တေး)
Burmese:
နာမည် ကျော်ဇောသော။ သတင်း ကောင်းသော။ ချစ်တေချစ်တေမောင်ချစ်တေ၊ လှရေလှရေ၊ နင်းကျော်ရေ၊ နာမည်ထား သတင်းကြား (တေး)
English:
famous
Grammar Note:
နာမဝိသေသန
နင်းကြား
[nɪ́ɴt͡ɕá]
Arakanese:
ကိုယ့် ကိုယ်တိုင် မဟုတ်ဘဲ တဆင့်ခံ ကြားရ သိရရေ အကြောင်းအရာ
Burmese:
မိမိ ကိုယ်တိုင် မဟုတ်ပဲ တစ်ဆင့်ခံ ကြားရ သိရသော အကြောင်းအရာ
English:
hearsay
Grammar Note:
နာမ်
နင်းကြီး
[nɪ́ɴt͡ɕï]
Arakanese:
၁၊ ပျံ့နှံ့ ထင်ရှား ကျော်ဇောသော။ ၂၊ နာမည် ကြီးရေ
Burmese:
၁၊ ပျံ့နှံ့ ထင်ရှား ကျော်ဇောသော။ ၂၊ နာမည် ကြီးသော
English:
famous
Grammar Note:
နာမဝိသေသန
နင်းကြီး၂
[nɪ́ɴt͡ɕï၂]
Arakanese:
ထင်ရှား ကျော်ဇောသော ပုဂ္ဂိုလ်
Burmese:
ထင်ရှား ကျော်ဇောသော ပုဂ္ဂိုလ်
English:
popular
Grammar Note:
နာမ်
နင်းခံ
[nɪ́ɴkʰံ]
Arakanese:
နာမည် တခုခုကို ရယူရေ
Burmese:
နာမည် တစ်ခုခုကို ရယူသည်
English:
take good name
Grammar Note:
နာမ်
နင်းခံ၂
[nɪ́ɴkʰံ၂]
Arakanese:
အမည်ကို ခံယူရုံ လောက်ရာ
Burmese:
အမည်ကို ခံယူရုံ လောက်သာ
English:
take good name
Grammar Note:
ကြိယာဝိသေသန
နင်းခနဲ
[nɪ́ɴkʰnɛ]
Arakanese:
ဗြုန်းခနဲ။ အသံတသံ မြည်လိုက် ရုံမျှသော အချိန် ကာလ အထဲ။ ကကောင်းလျင် သွက်လက်စွာ
Burmese:
ရုတ်တရက်။ အသံတစ်သံ မြည်လိုက် ရုံမျှသော အချိန် ကာလ အတွင်း။ လျင်မြန် သွက်လက်စွာ
English:
suddenly
Grammar Note:
ကြိယာဝိသေသန
နင်းခြီရာ
[nɪ́ɴkʰɹìɹà]
Arakanese:
နာမည်ဆိုး ခံရရေ။ မကောင်းသတင်း လွှင့်သည်
Burmese:
နာမည်ဆိုး ခံရသည်။ မကောင်းသတင်း လွှင့်သည်
English:
notoriety
Grammar Note:
ကြိယာ
နင်းဆိုး
[nɪ́ɴsʰó]
Arakanese:
မကောင်းသတင်း ထွက်သည်
Burmese:
မကောင်းသတင်း ထွက်သည်
English:
notoriety
Grammar Note:
ကြိယာ
နင်းဆိုး၂
[nɪ́ɴsʰó၂]
Arakanese:
မကောင်းရေ သတင်း
Burmese:
မကောင်းသော သတင်း
English:
bad new
Grammar Note:
နာမ်