Dictionary Entries
Showing 861–880 of 1,758 words
န
နို့ညှာသျှေ
[no̰ɲ̯àʃè]
Arakanese:
နို့စို့သော အချေ ငယ်၏ အထက် ဖြစ်ရေ အချေ
Burmese:
နို့စို့သော ကလေး ငယ်၏ အထက် ဖြစ်သော ကလေး
English:
second youngest
Grammar Note:
နာမ်
နို့တင်
[no̰tɪ̀ɴ]
Arakanese:
တချို့ သူရို့စွာ ကျွဲမ၊ နမမှ နှစ်ကြိမ် နို့ညှစ် တတ်ရေ။ တခေါက် ညှစ်ပြီးကေ နောက် တခေါက်မာ နို့လုံးဝ မထွက်အောင် ပြုလုပ် ထားရေ
Burmese:
အချို့ သူတို့သည် ကျွဲမ၊ နွားမမှ နှစ်ကြိမ် နို့ညှစ် တတ်သည်။ တစ်ကြိမ် ညှစ်ပြီးနောက် နောက် တစ်ကြိမ်တွင် နို့လုံးဝ မထွက်အောင် ပြုလုပ် ထားသည်
English:
none
Grammar Note:
ကြိယာ
နို့တိုက်
[no̰taɪʔ]
Arakanese:
နို့ရည်ကို သောက်စို့ စီရေ။ လှမုတ္တိုရ်မာ၊ ဆိုနှုတ်ခွန်းနှင့်၊ တွန်းဆီးရို့၍၊ နို့ချိုတိုက်ပြန် (ကော်)
Burmese:
နို့ရည်ကို သောက်စို့ စေသည်။ လှမုတ္တိုရ်မှာ၊ ဆိုနှုတ်ခွန်းနှင့်၊ တွန်းဆီးတို့၍၊ နို့ချိုတိုက်ပြန် (ကော်)
English:
nurse
Grammar Note:
ကြိယာ
နို့ထမင်း
[no̰tʰmɪ́ɴ]
Arakanese:
နို့ရည်နှင့် ရော၍ ကြိုချက် ထားရေ ထမင်း
Burmese:
နို့ရည်နှင့် ရော၍ ကျိုချက် ထားသော ထမင်း
English:
milk rice
Grammar Note:
နာမ်
နို့ထိန်း
[no̰tʰéɪɴ]
Arakanese:
၁၊ လူများ သားငယ်ကို အငှား နို့တိုက် ရရေ သားငယ် မိခင်။ ၂၊ အချေကို ထိန်းရသူ
Burmese:
၁၊ သူတစ်ပါး သားငယ်ကို အငှား နို့တိုက် ရသော သားငယ် မိခင်။ ၂၊ ကလေးကို ထိန်းရသူ
English:
childminder
Grammar Note:
နာမ်
နိုးနိုး
[nónó]
Arakanese:
တခုတရီ ဖြစ်ဟန် လက္ခဏာ ဟိကြောင်း၊ မျှော်စပ် စောင့်စားကတ်ောင်းကို ပြသော စကားလုံး။ တရိပ်ကေအိပ်ပျော်၊ စက်တော်ခေါ်လေ၊ မောင်တော်လာနိုး (ဇမ်း)။ တရက်လာလည်း၊ မောင်တော်လာနိုး၊ ကြုတ်တံချိုးလို့ (လွမ်းခြင်း)။ တလကုန်ခန်း၊ တလဆန်းသည်၊ မောင်တော်လာနိုးနိုးနှင့် (
Burmese:
တစ်စုံတစ်ရာ ဖြစ်ဟန် လက္ခဏာ ရှိကြောင်း၊ မျှော်ကိုး စောင့်စားကြောင်းကို ပြသော စကားလုံး။ တရိပ်ကေအိပ်ပျော်၊ စက်တော်ခေါ်လေ၊ မောင်တော်လာနိုး (ဇမ်း)။ တစ်ရက်လာလည်း၊ မောင်တော်လာနိုး၊ ကြုတ်တံချိုးလို့ (လွမ်းခြင်း)။ တလကုန်ခန်း၊ တလဆန်းသည်၊ မောင်တော်လာနိုးနိုးနှင့် (
English:
signing
Grammar Note:
ပစ္စည်း
နို့ပင်းကပ်
[no̰pɪ́ɴkaʔ]
Arakanese:
အမ သတ္တဝါရို့မာ နို့အုံ ပျိုင်းတွဲပြီးကေ မကျဘဲနန့် စိကေချေ ပေါ်ရုံမျှ ဖြစ်ရေ ရင်သား
Burmese:
အမ သတ္တဝါတို့တွင် နို့အုံ ပျဉ်းတွဲ၍ မကျတော့ပဲ အနည်းငယ် ပေါ်ရုံမျှ ဖြစ်သော ရင်သား
English:
breasts
Grammar Note:
နာမ်
နို့ပျဉ်း
[no̰prɪ́ɴ]
Arakanese:
မမာ့ရို့၏ တွဲလောင်း ကျနီသာ ရင်သား
Burmese:
မိန်းမတို့၏ တွဲလျား ကျနေသာ ရင်သား
English:
breasts
Grammar Note:
နာမ်
နို့ပြတ်
[no̰pɹaʔ]
Arakanese:
မိခင် တစုံ တရာကြောင့် အချိန်မရောက်မီ အချေ နို့မစို့ရ ဖြစ်တေ
Burmese:
မိခင် တစ်စုံ တစ်ရာကြောင့် အချိန်မရောက်မီ ကလေးငယ် နို့မစို့ရ ဖြစ်သည်
English:
none
Grammar Note:
ကြိယာ
နို့ပွီး
[no̰pwï]
Arakanese:
နို့စို့ အချေရို့မာ နို့ကြောင့် ပါးမာ အဖြူကွက် အပွီးများ ဖြစ်တတ်ရေ ပွေးရောဂါ တမျိုး
Burmese:
နို့စို့ ကလေးတို့တွင် နို့ကြောင့် ပါးတွင် အဖြူကွက် အပွေးများ ဖြစ်တတ်သော ပွေးရောဂါ တစ်မျိုး
English:
milk mole
Grammar Note:
နာမ်
နို့ဖိုးဆပ်
[no̰pʰósʰaʔ]
Arakanese:
(ဥပစာ) မိဖရို့ကို သားသမီးရို့က ယုယပြုစု လုပ်ကျွေေးသည်
Burmese:
(ဥပစာ) မိဘတို့ကို သားသမီးတို့က ယုယပြုစု လုပ်ကျွေေးသည်
English:
care for-look after
Grammar Note:
ကြိယာ
နို့ဖိုးပီး
[no̰pʰópï]
Arakanese:
တစုံ တခုသော အကြောင်း ကြောင့် မွီးကင်းစ အချေကို ရဟန်း သံဃာ တိအား လှူဒါန်းလေ့ ဟိကတ်၏။ ယင်းအချေကို ကြီးထွားအောင် မွီးစပ်ရန် အတွက် ဘုန်းကြီးက မိဘအား ပီးရရေ ကြီးငွီ
Burmese:
တစ်စုံ တစ်ခုသော အကြောင်း ကြောင့် မွေးကင်းစ ကလေးကို ရဟန်း သံဃာ များအား လှူဒါန်းလေ့ ရှိကြ၏။ ယင်းကလေးကို ကြီးထွားအောင် မွေးစားရန် အတွက် ဘုန်းကြီးက မိဘအား ပေးရသော ကြေးငွေ
English:
none
Grammar Note:
ကြိယာ
နို့မြတ်သျှေ
[no̰mɹaʔʃè]
Arakanese:
မိခင်၏ နို့ကို လောက်ငှစွာ မသောက်စို့ ရပြီးကေ ချောင်ကျ ခြည့်နန့်သော အချေ
Burmese:
မိခင်၏ နို့ကို လုံလောက်စွာ မသောက်စို့ ရ၍ ပိန်ကြုံ ချည့်နဲ့သော ကလေးငယ်
English:
none
Grammar Note:
နာမ်
နို့မြတ်သျှေ၂
[no̰mɹaʔʃè၂]
Arakanese:
မိခင်၏ နို့ကို လောက်ငှစွာ မသောက်စို့ ရပြီးကေ အချေ ချောင်ကျ ခြည့်သည်
Burmese:
မိခင်၏ နို့ကို လုံလောက်စွာ မသောက်စို့ ရ၍ ကလေးငယ် ပိန်ကြုံ ချည့်သည်
English:
none
Grammar Note:
ကြိယာ
နို့ရင်
[no̰ɹɪ̀ɴ]
Arakanese:
သားငယ်ကို နို့မတိုက် ရပြီးကေ ရင်နို့သီးမှ နို့ရည်များ ပြည့်တင်း လာရေ
Burmese:
သားငယ်ကို နို့မတိုက် ရ၍ ရင်သားမြတ်မှ နို့ရည်များ ပြည့်တင်း လာသည်
English:
be full of
Grammar Note:
ကြိယာ
နို့ရည်
[no̰ɹɛ̀]
Arakanese:
သားသမီးကို တိုက်ကျွေးရန် မိခင်၏ ရင်သားနို့မှ ယိုထွက် လာရေ ဖြူဖွေးသော နို့ရည်
Burmese:
သားသမီးကို တိုက်ကျွေးရန် မိခင်၏ ရင်သားနို့မှ ယိုထွက် လာသော ဖြူဖွေးသော နို့ရည်
English:
milk
Grammar Note:
နာမ်
နို့ရည်တည်
[no̰ɹɛ̀tɛ̀]
Arakanese:
စပါးလုံး ထဲက ဆန်လုံး မဖြစ်သိမ့်မီ နို့ရည် ပိုင် စပြီးကေ ဖြစ်ပေါ် လာရေ
Burmese:
စပါးလုံး ထဲမှ ဆန်လုံး မဖြစ်သေးမီ နို့ရည် ကဲ့သို့ စ၍ ဖြစ်ပေါ် လာသည်
English:
none
Grammar Note:
ကြိယာ
နိုးလက်မှောက်လှန်
[nólɛʔm̥ɔ́ɛʔɬàɴ]
Arakanese:
၁၊ တိုင်းခြင်း မဟိဘဲ တုန်လှုပ် ချောက်ချားဗျာယ်။ ၂၊ မငြိမ်မသက် ဖြစ်ရေအနိန်နန့်
Burmese:
၁၊ တည်ငြိမ်ခြင်း မရှိပဲ တုန်လှုပ် ချောက်ချားလျက်။ ၂၊ မငြိမ်မသက် ဖြစ်သော အားဖြင့်
English:
horribly
Grammar Note:
ကြိယာဝိသေသန
နို့သက်ခံ
[no̰θɛʔkʰံ]
Arakanese:
(ဥပစာ) လူတိ၏ ကြိုးပမ်းမှုမှ ထွက်ပေါ် လာရေ့ အခွင့်အရီးကို စောင့်စား ခံယူရေ။ အသက်သာ ခိုသည်
Burmese:
(ဥပစာ) သူတစ်ပါး၏ ကြိုးပမ်းမှုမှ ထွက်ပေါ် လာသည့် အခွင့်အရေးကို စောင့်စား ခံယူသည်။ အသက်သာ ခိုသည်
English:
shirk
Grammar Note:
ကြိယာ
နို့သည်
[no̰θɛ̀]
Arakanese:
နို့ပုံးဖြင့် နို့ရောင်းစားသူ
Burmese:
နို့ပုံးဖြင့် နို့ရောင်းစားသူ
English:
milk seller
Grammar Note:
နာမ်