Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 921–940 of 1,758 words

    န

    နီခိနီခါ

    [níkʰìníkʰà]
    နွီရာသီ အချိန် အခါ။ အချိန် ကာလ
    နွေရာသီ အချိန် အခါ။ အချိန် ကာလ
    summer
    နာမ်

    နီခေါင်းကျိုး

    [níkʰèàɪ́ɴt͡ɕó]
    နေမွန်းစောင်း ၁၂ နာရီမှ အနောက် ဘက်ကို ရွေ့လွန်သည်
    နေမွန်းတည့် ၁၂ နာရီမှ အနောက် ဘက်သို့ ရွေ့လွန်သည်
    late afternoon
    ကြိယာ

    နီခေါင်းကျိုး၂

    [níkʰèàɪ́ɴt͡ɕó၂]
    မွန်းစောင်း၏ နောက်ပိုင်း အချိန်။ မွန်းစောင်း ၁၂ နာရီမှ ၂ နာရီခန့် အချိန်။ မွန်းစောင်းနှင့် ညဇာ အကြား အချိန်
    မွန်းတည့်၏ နောက်ပိုင်း အချိန်။ မွန်းတည့် ၁၂ နာရီမှ ၂ နာရီခန့် အချိန်။ မွန်းတည့်နှင့် ညနေ အကြား အချိန်
    late afternoon
    နာမ်

    နီခေါင်ခေါင်

    [níkʰèàɪ̀ɴkʰèàɪ̀ɴ]
    ကြငြင်းလလင်း တောက်ပူရေ။ နီ၏ အပူဟိန် ပြင်းပြရေ
    နေကျဲကျဲ တောက်ပူသည်။ နေ၏ အပူရှိန် ပြင်းပြသည်
    hot
    ကြိယာ

    နီခါ

    [níkʰà]
    နွေကာလ။ ဂိမာန်နီခါ၊ စီစီသတ်သတ်၊ မားဧရာမာ၊ ရီခန်းငြားကေ၊ များမထွက်လို့ (သာချမ်း)
    နွေကာလ။ ဂိမာန်နီခါ၊ စီစီသက်သက်၊ တွင်းဧရာမှာ၊ ရီခန်းငြားကေ၊ များမထွက်လို့ (သာချမ်း)
    summer
    နာမ်

    နီခါ၂

    [níkʰà၂]
    (စံပျော်) နိန်ရေ အခါ ကာလ။ နန်းရဝေမာ၊ နီခါကာလ၊ ယုန်စန္ဒာလေ၊ ထွန်းပေါ်ပ ကေ၊ လဝန်းမက (ထာနု)
    (စံပျော်) နေသော အခါ ကာလ။ နန်းရဝေမှာ၊ နီခါကာလ၊ ယုန်စန္ဒာလေ၊ ထွန်းပေါ်ပ ကေ၊ လဝန်းမက (ထာနု)
    none
    ပစ္စည်း

    နီချမ်းကျ

    [níɕáɴt͡ɕ]
    ညစာသား ကျရောက်ပနာ နီ၏ ပူပြင်းသော အဟိန် လျော့နည်းသော အချိန် ကာလ။ ညနီစီနီချမ်းကျ၊ ရိအိုးခွက်ပြော့စင်၊ ခါးထစ်တင်၊ မေလျှင်ရီခတ်ကြွ (ဗျာ)
    ညနေဘက် ကျရောက်၍ နေ၏ ပူပြင်းသော အရှိန် လျော့နည်းသော အချိန် ကာလ။ ညနီစီနီချမ်းကျ၊ ရိအိုးခွက်ပြော့စင်၊ ခါးထစ်တင်၊ မေလျှင်ရီခတ်ကြွ (ဗျာ)
    late afternoon
    နာမ်

    နီချိုသွီး

    [níɕÒθwï]
    နီ၏ အပူချိန် ပျောက်၍ ညှင်ညှင် လီအီး တိုက်ခတ်သည်
    နေ၏ အပူချိန် ပျောက်၍ ညင်ညင်သာသာ လေအေး တိုက်ခတ်သည်
    wind blow
    ကြိယာ

    နီခြည်

    [níkʰɹɛ]
    နီ၏ အရောင်ခြည်
    နေ၏ အရောင်ခြည်
    sunlight
    နာမ်

    နီခြည်ပျောက်

    [níkʰɹɛprɔ́ɛʔ]
    နီ၏ အလင်းရောင် ကွယ်ပျောက်သည်
    နေ၏ အလင်းရောင် ပျောက်ကွယ်သည်
    sunset
    ကြိယာ

    နီခြည်ရုပ်

    [níkʰɹɛɹoʊʔ]
    နီ၏ အလင်းရောင် ကွယ်ပျောက်သည်
    နေ၏ အလင်းရောင် ပျောက်ကွယ်သည်
    sunset
    ကြိယာ

    နီခြည်ရုပ်၂

    [níkʰɹɛɹoʊʔ၂]
    နီ၏ အလင်းရောင် ကွယ်ပျောက်သော အချိန်
    နေ၏ အလင်းရောင် ပျောက်ကွယ်သော အချိန်
    sunset
    နာမ်

    နီခြည်ရောင်

    [níkʰɹɛɹàʊɴ]
    နီ၏ ထွက်ခါနီး ဖြစ်ရေ အရောင်
    နေ၏ ထွက်ခါနီး ဖြစ်သော အရောင်
    sunlight
    နာမ်

    နီခြည်ရှုပ်

    [níkʰɹɛʃoʊʔ]
    နီ၏ အလင်းရောင် တစတစ ကွယ်ပျောက် ခါနီး အချိန်
    နေ၏ အလင်းရောင် တစတစ ပျောက်ကွယ် ခါနီး အချိန်
    sunset
    နာမ်

    နီစပါး

    [níspàး]
    မိုး ကောင်းယား နောက် ဆောင်းနှင့် နွေ မားမာ စိုက်ပျိုးလေ့ ဟိရေ စပါး တမျိုး။ မုရင်း စပါး
    မိုး ကောင်းပြီး နောက် ဆောင်းနှင့် နွေ တွင်းတွင် စိုက်ပျိုးလေ့ ရှိသော စပါး တစ်မျိုး။ မုရင်း စပါး
    barley
    နာမ်

    နီစပ်

    [nísaʔ]
    (လင် မယား အဖြစ်) ပေါင်းသင်း နီထိုင်ရေ။ ထိမ်းမြား စုံဖက်ရေ။ နစပ်ရေ
    (လင် မယား အဖြစ်) ပေါင်းသင်း နေထိုင်သည်။ လက်ထပ် ထိမ်းမြားသည်။ ပေးစားသည်
    marry
    ကြိယာ

    နီးစပ်

    [nïsaʔ]
    ၁၊ တခုခု ဖြစ်နိုင်စရာ၊ ရနိုင်စရာ အကြောင်း ဟိရေ။ ၂၊ (ဆွီမျိုး) ရင်းချာ ဖြစ်တေ။ ခင်မင် ကျွမ်းဝင်ရေ။ ၃၊ မကွာဝီး မလှမ်းမကမ်း ဖြစ်တေ
    ၁၊ တစ်ခုခု ဖြစ်နိုင်စရာ၊ ရနိုင်စရာ အကြောင်း ရှိသည်။ ၂၊ (ဆွေမျိုး) ရင်းချာ ဖြစ်သည်။ ခင်မင် ကျွမ်းဝင်သည်။ ၃၊ မကွာဝေး မလှမ်းမကမ်း ဖြစ်သည်
    be likely
    ကြိယာ

    နီစရာမဟိထိုင်စရာမဟိ

    [nísɹàmhìtʰàɪɴsɹàmhì]
    (အရပ်) နီထိုင်စရာ အိုးအိမ် အဆောက်အဦး အစဟိစွာ မဟိရေ၏ အဖြစ်
    (အရပ်) နေထိုင်စရာ အိုးအိမ် အဆောက်အဦး စသည် မရှိသည်၏ အဖြစ်
    homeless
    နာမ်

    နီစာ

    [nísà]
    နွေအခါ စားသောက် ဖို့အတွက် စပါး ဆန်ရီ အစဟိစွာ
    နွေအခါ စားသောက် ဖို့ရန် စပါး ဆန်ရီ စသည်
    ration of summer
    နာမ်

    နီစား

    [nísá]
    (လင်မယား အဖြစ်) ပေါင်းသင်း နီထိုင်ရေ။ ထိမ်းမြား စုံဖက်ရေ။ နစပ်ရေ။ ဖုသျှနက္ခတ်နှင့် နိူင်းသော နိ၌ကား မယား မနီခြီရေ (ပါရာ)
    (လင်မယား အဖြစ်) ပေါင်းသင်း နေထိုင်သည်။ လက်ထပ် ထိမ်းမြားသည်။ ပေးစားသည်။ ဖုသျှနက္ခတ်နှင့် ယှဉ်သော နေ့၌ကား မယား မနီစားကောင်း (ပါရာ)
    marry
    ကြိယာ