Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 961–980 of 1,758 words

    န

    နီတတက်

    [níttɛʔ]
    နွီရာသီ ကျရောက် သည်ထိ ထိတောင်
    နွေရာသီ ကျရောက် သည်ထိ တိုင်အောင်
    till summer
    ကြိယာဝိသေသန

    နီတဝင်

    [nítwɪ̀ɴ]
    နီဝင်ရေအထိ ထိတောင်
    နေဝင်သည်အထိ တိုင်အောင်
    till sunset
    ကြိယာဝိသေသန

    နီတာလန်

    [nítàlàɴ]
    အလွန် နီသော အရောင် ဟိရေ
    အလွန် နီသော အရောင် ရှိသော
    reddish
    နာမဝိသေသန

    နီတောင်တင်

    [nítàʊɴtɪ̀ɴ]
    နီဝင်လုနီး အချိန်။ ည ၆ နာရီနီး အချိန်။ နီမင်းကေရာလည်း တောင်တင်ပြီး၊ ခြီလက်ဆီး၊ ငါရို့တသွယ်၊ စက်ရာခွင်မာ၊ မှန်စွာတက်ကတ်မေ (ဓမ္မက)
    နေဝင်လုနီး အချိန်။ ည ၆ နာရီနီး အချိန်။ နီမင်းကေရာလည်း တောင်တင်ပြီး၊ ခြီလက်ဆီး၊ ငါတို့တသွယ်၊ စက်ရာခွင်မှာ၊ မှန်စွာတက်ကတ်မေ (ဓမ္မက)
    sunset
    နာမ်

    နီတွတ်တွတ်

    [nítwaʔtwaʔ]
    ပြောင် နီရဲသော။ နီမြန်းသော။ ၂၊ အရဲကို အထူး ပြုရေ (အဝတ်အစား)။ ရွှီကျင်ခြီကျင်း၊ ရွှီနင်းလည်းဝတ်၊ တွတ်တွတ်နီရွှင်၊ ကိုယ်လုံးဆင်က (ဗုဒ္ဓဝင်)။ သလွန်ဆောင်မာ၊ စိန်ကြောင်ရံကွက်၊ ရွှီဒက်ကျောက်စီ၊ တွတ်တွတ်နီကေ၊ ကာသိန်ထွတ်ဟု၊ သက္ကလပ်ဝတ်လုံ၊ တပိုင်းခြုံလို့ (ကော်)
    ပြောင် နီရဲသော။ နီမြန်းသော။ ၂၊ အနီကို အထူး ပြုသော (အဝတ်အစား)။ ရွှေကျင်ခြီကျင်း၊ ရွှေနင်းလည်းဝတ်၊ တွတ်တွတ်နီရွှင်၊ ကိုယ်လုံးဆင်က (ဗုဒ္ဓဝင်)။ သလွန်ဆောင်မှာ၊ စိန်ကြောင်ရံကွက်၊ ရွှီဒက်ကျောက်စီ၊ တွတ်တွတ်နီကေ၊ ကာသိန်ထွတ်ဟု၊ သက္ကလပ်ဝတ်လုံ၊ တပိုင်းချုံလို့ (ကော်)
    reddish
    နာမဝိသေသန

    နီတွီး

    [nítwï]
    နီရဲသော အရောင်
    နီရဲသော အရောင်
    reddish
    နာမ်

    နီတွီးတွီး

    [nítwïtwï]
    နီရဲသော အရောင် ဟိရေ
    နီရဲသော အရောင် ရှိသော
    reddish
    နာမဝိသေသန

    နီတွဲတွဲ

    [nítwɛtwɛ]
    ၁၊ နီရဲစွာ တောက်ပဗျာယ်။ ၂၊ ဝင်းပြောင် နီရဲစွာ အရောင် အလျှံ တောက်ပသောအနိန်နန့်
    ၁၊ နီရဲစွာ တောက်ပလျက်။ ၂၊ ဝင်းပြောင် နီရဲစွာ အရောင် အလျှံ တောက်ပသော အားဖြင့်
    reddish
    ကြိယာဝိသေသန

    နီတွဲတွဲ၂

    [nítwɛtwɛ၂]
    ၁၊ ဝင်းပြောင် နီရဲသည့် အရောင် ဟိရေ။ ၂၊ အရောင် အလျှံ ထွက်သော။ တောက်လျှံထိန်သည်၊ သိင်္ဂီရဲရဲ၊ နီတွဲတွဲနှင့် (ပဋာ)
    ၁၊ ဝင်းပြောင် နီရဲသည့် အရောင် ရှိသော။ ၂၊ အရောင် အလျှံ ထွက်သော။ တောက်လျှံထိန်သည်၊ သိင်္ဂီရဲရဲ၊ နီတွဲတွဲနှင့် (ပဋာ)
    reddish
    နာမဝိသေသန

    နီထန်းတဖျား(မ)

    [nítʰáɴtpʰrá(m)]
    (န- နီဝါးတဖျား ရှု။
    (န- နီဝါးတဖျား ရှု။
    none
    နာမ်

    နီထားတကျ

    [nítʰátt͡ɕ]
    နီသားတကျ။ အရဲမှန် အထိုင်မှန် ဖြစ်ဗျာယ်။
    နေသားတကျ။ အနေမှန် အထိုင်မှန် ဖြစ်လျက်။
    ကြိယာဝိသေသန

    နီထိုင်ရာ

    [nítʰàɪɴɹà]
    နီထိုင်စရာ အရပ်။ တည်ဟိရာ ဌာန
    နေထိုင်စရာ အရပ်။ တည်ရှိရာ ဌာန
    live
    နာမ်

    နီထီးဆောင်း

    [nítʰïsʰáʊɴ]
    နီဝန်း ပတ်ပတ် လည်မာ (ပန်းနုရောင်၊ အဝါရောင်၊ အဖြူရောင် အစဟိစွာ) အရောင် အမျိုးမျိုးဖြင့် အရောင်အဝန်း ထင်ရေ။ လမာနီကြည်၊ စိစည်တကြောင်း၊ နီထီးဆောင်းဗျာယ်၊ အလျှံတက်ပနာ၊ ရိပ်စက်လှည့်ပြန် (ပါရာ)
    နေဝန်း ပတ်ပတ် လည်တွင် (ပန်းနုရောင်၊ အဝါရောင်၊ အဖြူရောင် စသည်) အရောင် အမျိုးမျိုးဖြင့် အရောင်အဝန်း ထင်သည်။ လမှာနေကြည်၊ စိစည်တကြောင်း၊ နီထီးဆောင်းလျက်၊ အလျှံတက်၍၊ ရိပ်စက်လှည့်ပြန် (ပါရာ)
    wear a halo
    ကြိယာ

    နီထွက်

    [nítʰwɛʔ]
    အဟိ ဥပဒေ တောင်စွန်းမှ နီဝန်း ပေါ်လှာရေ။ စနီဖီလာကား နီထွက်သင့်၏ (ပါရာ)
    အရှေ့ ဥပဒေ တောင်စွန်းမှ နေဝန်း ပေါ်လာသည်။ စနေဖီလာကား နီထွက်သင့်၏ (ပါရာ)
    sun rise
    ကြိယာ

    နီထွက်၂

    [nítʰwɛʔ၂]
    နီထွက် လာရေ အခိုက်အတန့်
    နေထွက် လာသော အခိုက်အတန့်
    sun rise
    နာမ်

    နီထွက်ပြူ

    [nítʰwɛʔpɹù]
    နီထွက်ခါ အစဟိရေ အချိန်
    နေထွက်ခါ စသော အချိန်
    sun rise
    နာမ်

    နီနီ

    [níní]
    နီရဲသော အရောင်
    နီရဲသော အရောင်
    reddish
    နာမ်

    နီးနီး

    [nïnï]
    အချိန် ကာလအနိန်နန့် ခရီး မကွာမလှမ်း ဖြစ်တေ
    အချိန် ကာလ အားဖြင့် ခရီး မကွာမလှမ်း ဖြစ်သည်
    close
    ကြိယာ

    နီနီ၂

    [níní၂]
    နီရဲသော အရောင် ဟိရေ။ သွီးနီနီနှင့်၊ ဤထင်းချောင်းကို၊ ဝမ်းခေါင်းကရေ၊ သားရင်သွီးသို့၊ မွီးပါရေလို့ (ပဒုမ္မ)
    နီရဲသော အရောင် ရှိသော။ သွီးနီနီနှင့်၊ ဤထင်းချောင်းကို၊ ဝမ်းခေါင်းကသည်၊ သားရင်သွီးသို့၊ မွီးပါသည်ဟု (ပဒုမ္မ)
    reddish
    နာမဝိသေသန

    နီးနီး၂

    [nïnï၂]
    အရာဝတ္တု တခုနှင့် နှိုင်းနိူင်း ရာမာ သုံးရရေ စကားလုံး။ ကန်းကျင် သစ်တုံးကြီး တယောက်ဖက် နီးနီးလောက် ကြီးရေ
    အရာဝတ္တု တစ်ခုနှင့် နှိုင်းယှဉ် ရာတွင် သုံးရသော စကားလုံး။ ကညင် သစ်တုံးကြီး တစ်ယောက်ဖက် နီးနီးလောက် ကြီးရေ
    nearly
    ပစ္စည်း