Dictionary Entries
Showing 81–100 of 1,758 words
န
နင်ဇာ
[nɪ̀ɴzà]
Arakanese:
(ကိုယ့်က မလိုလား မကြိုက်၍) တဖက်သားအား ကြိမ်းမောင်း ငေါက်ငမ်း ပြောဆိုရေ စကား။ တိရိစ္ဆာန်ညစ်၊ ဘီလူးမိုက်၊ လက်ျာလာလည်း၊ လက်ျာလမ်းကို၊ နင်ဇာဂုပြန်လီ (ဓမ္မက)
Burmese:
(မိမိက မလိုလား မနှစ်သက်၍) တစ်ဖက်သားအား ကြိမ်းမောင်း ငေါက်ငမ်း ပြောဆိုသော စကား။ တိရိစ္ဆာန်ညစ်၊ ဘီလူးမိုက်၊ လက်ျာလာလည်း၊ လက်ျာလမ်းကို၊ နင်ဇာဂုပြန်လီ (ဓမ္မက)
English:
scold
Grammar Note:
ပစ္စည်း
နင်းထူး
[nɪ́ɴtʰùး]
Arakanese:
ခါတိုင်းပိုင် ဖြစ်ရိုးဖြစ်စိုင် အကြောင်း အရာ မဟုတ်ဘဲ၊ အရီးအခင်း၊ အဖြစ်အပျက် အစဟိစွာရို့နန့် ဆက်စပ်ပနာ ဖြစ်ရေ သတင်း၊ စကား
Burmese:
ခါတိုင်းလို ဖြစ်ရိုးဖြစ်စဉ် အကြောင်း အရာ မဟုတ်ပဲ၊ အရေးအခင်း၊ အဖြစ်အပျက် စသည်တို့နှင့် စပ်လျဉ်း၍ ဖြစ်သော သတင်း၊ စကား
English:
new
Grammar Note:
နာမ်
နင်းထွက်
[nɪ́ɴtʰwɛʔ]
Arakanese:
ကောင်း၊ မကောင်း နှစ်မျိုးလုံး မတွက် နာမည်ထင်ရှား ဖြစ်ထွန်း လာရေ
Burmese:
ကောင်း၊ မကောင်း နှစ်မျိုးလုံး မတွက် နာမည်ထင်ရှား ဖြစ်ထွန်း လာသည်
English:
be known as
Grammar Note:
ကြိယာ
နင်းနင်း
[nɪ́ɴnɪ́ɴ]
Arakanese:
နနောင်း။ မလှုပ်မရွေ့ရယောင် ခိုင်မြဲစွာ။ တိုင်ကို နင်းနင်း စိုက်ရေ။ ကြိုးကို နင်းနင်း ကိုင်ထားရေ အစဟိစွာ
Burmese:
မြဲမြံစွာ။ မလှုပ်မရွေ့ရအောင် ခိုင်မြဲစွာ။ တိုင်ကို နင်းနင်း စိုက်သည်။ ကြိုးကို နင်းနင်း ကိုင်ထားသည် စသည်
English:
be stead fast
Grammar Note:
ကြိယာဝိသေသန
နင်နင်ကာရ
[nɪ̀ɴnɪ̀ɴkàɹ]
Arakanese:
သာမန်။ သာမည။ အညတရာ။ နှယ်နှယ်။ မသိကျင်ကေ၊ နင်နင်ကာရ၊ ထင်မှတ်လှလို့ (ထာနု)
Burmese:
သာမန်။ သာမည။ အညတရာ။ နှယ်နှယ်။ မသိကျင်ကေ၊ နင်နင်ကာရ၊ ထင်မှတ်လှလို့ (ထာနု)
English:
normal
Grammar Note:
ကြိယာဝိသေသန
နင်နင်ရရ
[nɪ̀ɴnɪ̀ɴɹɹ]
Arakanese:
နှယ်နှယ်။ သာမန်။ သာမည။ အညတရ။ မေါက်ကတူးပေ၊ ဂေါ်ဒူလောင်းပင်၊ နင်နင်ရရ၊ မဟုတ်လှ၍ ကြီးထမြင့်ကျင်၊ ဆိုင်းဆိုင်းမြင်ရေ (ရခိုင်ကာ။
Burmese:
နှယ်နှယ်။ သာမန်။ သာမည။ အညတရ။ မေါက်ကတူးပေ၊ ဂေါ်ဒူလှေပင်၊ နင်နင်ရရ၊ မဟုတ်လှ၍ ကြီးထမြင့်ကျင်၊ ဆိုင်းဆိုင်းမြင်၏ (ရခိုင်ကာ။
English:
normal
Grammar Note:
ကြိယာဝိသေသန
နင်းနယ်
[nɪ́ɴnɛ̀]
Arakanese:
ကြေမွအောင် ခြေဖြင့် နင်းခြေသည်
Burmese:
ကြေမွအောင် ခြေဖြင့် နင်းခြေသည်
English:
stamp
Grammar Note:
ကြိယာ
နင်းနာမ
[nɪ́ɴnàm]
Arakanese:
၁၊ အပျံ့အနှံ့ ကြားအပ် သိအပ်ရေ အဖြစ်အပျက် အကြောင်းအရာ။ သတင်း။ ၂၊ နာမည်။ နာမ။ သတင်းတေဇာ၊ နင်းအာဏာနှင့်၊ အသူရာမာပြီး၏၊ နတ်မင်းကြီးမာ၊ သ္မီးကြင်ဖက်၊ သမက်ဟိသည်၊ ငါ့သတ္တိကို၊ မသိလီလီာ (ရာမ)။ တန်ခိုးထင်ပေါ်၊ ငါ့ကိုမူလီ၊ သူကြိတ်မင်းဟု၊ နင်းမကျီာ်လှား (ရာမ)
Burmese:
၁၊ အပျံ့အနှံ့ ကြားအပ် သိအပ်သော အဖြစ်အပျက် အကြောင်းအရာ။ သတင်း။ ၂၊ နာမည်။ နာမ။ သတင်းတေဇာ၊ နင်းအာဏာနှင့်၊ အသူရာတွင်ပြီး၏၊ နတ်မင်းကြီးမှာ၊ သ္မီးကြင်ဖက်၊ သမက်ဟိသည်၊ ငါ့သတ္တိကို၊ မသိလေလော (ရာမ)။ တန်ခိုးထင်ပေါ်၊ ငါ့ကိုမူလေ၊ သူကြိတ်မင်းဟု၊ နင်းမကျော်လား (ရာမ)
English:
news
Grammar Note:
နာမ်
နင်းနှိပ်
[nɪ́ɴn̥ìaʔ]
Arakanese:
၁၊ မထအောင်၊ နိမ့်ကျ လားယောင် အထက်က စီးပနာ ဖိရေ။ အင်္ဂါစနီ၊ သွားထွေနင်းနှိပ်၊ ဖြောက်ဆိတ်စီးနင်း (ပါရာ)။ ၂၊ မကြီးပွား ရယောင် နည်းအမျိုးမျိုးဖြင့် ဖိနှိပ် ထားရေ။ နှောင့်ယှက် ထားရေ
Burmese:
၁၊ မထကြွအောင်၊ နိမ့်ကျ သွားအောင် အပေါ်က စီး၍ ဖိသည်။ အင်္ဂါစနေ၊ သွားထွေနင်းနှိပ်၊ ဖြောက်ဆိတ်စီးနင်း (ပါရာ)။ ၂၊ မကြီးပွား ရအောင် နည်းအမျိုးမျိုးဖြင့် ဖိနှိပ် ထားသည်။ နှောင့်ယှက် ထားသည်
English:
oppress
Grammar Note:
ကြိယာ
နင့်ပိုင်
[nɪ̀ɴ့pàɪɴ]
Arakanese:
တူညီရေဟု ခိုင်းနှိုင်း (တွဲဖက်) ပြသော ပမာပြုရေ စကားလုံး။ နင့်ပိုင်မိုက်သူ၊ ကျွန်းဇမ္ဗူမာ၊ တတူမဟိ၊ ကျေးဇုဂုဏ်အင်၊ ခွီးလောက်ပင်လေ၊ နင်မသိကေ (ပန်း)
Burmese:
တူညီသည်ဟု ခိုင်းနှိုင်း (တွဲဖက်) ပြသော ပမာပြုသော စကားလုံး။ နင့်ပိုင်မိုက်သူ၊ ကျွန်းဇမ္ဗူမှာ၊ အတူမဟိ၊ ကျေးဇူးဂုဏ်အင်၊ ခွေးလောက်ပင်လေ၊ နင်မသိကေ (ပန်း)
English:
like
Grammar Note:
ပစ္စည်း
နင်းပျက်
[nɪ́ɴprɛʔ]
Arakanese:
အမည် သတင်း ဆိုးဝါးသည်
Burmese:
အမည် သတင်း ဆိုးဝါးသည်
English:
lose reputation
Grammar Note:
ကြိယာ
နင်းပြင်း
[nɪ́ɴpɹɪ́ɴ]
Arakanese:
၁၊ အိမ်၌ ခင်းထားရေ ကြမ်းပြင်။ ၂၊ မြီကြီး အပြင်
Burmese:
၁၊ အိမ်၌ ခင်းထားသော ကြမ်းပြင်။ ၂၊ မြေကြီး အပြင်
English:
floor
Grammar Note:
နာမ်
နင်းပြား
[nɪ́ɴpɹá]
Arakanese:
(ဥပစာ) အားနည်း သူရို့ အဖို့ (နည်း အမျိုးမျိုးဖြင့်) အနှိပ်အစက်၊ အဖိအနှိပ်ကို ခံနီရရေ
Burmese:
(ဥပစာ) အားနည်း သူတို့ အဖို့ (နည်း အမျိုးမျိုးဖြင့်) အနှိပ်အစက်၊ အဖိအနှိပ်ကို ခံနေရသည်
English:
oppress
Grammar Note:
နာမ်
နင်းဖတ်စာ
[nɪ́ɴpʰaʔsà]
Arakanese:
မသန့် မရှင်းသော အရာ။ လူ နင်းဖတ်စာမာ အိပ်လို့ ဖြစ်ဖို့လား
Burmese:
မသန့် မရှင်းသော အရာ။ လူ နင်းဖတ်စာမှာ အိပ်လို့ ဖြစ်ဖို့လား
English:
running board
Grammar Note:
နာမ်
နင်းဖျက်
[nɪ́ɴpʰrɛʔ]
Arakanese:
အမည် သတင်းဆိုး ယုတ်အောင် လုပ်ရေ
Burmese:
အမည် သတင်းဆိုး ယုတ်အောင် လုပ်သည်
English:
lose reputation
Grammar Note:
ကြိယာ
နင်းဖြစ်
[nɪ́ɴpʰɹɪʔ]
Arakanese:
အမည် သတင်း ထင်ပေါ်သည်
Burmese:
အမည် သတင်း ထင်ပေါ်သည်
English:
be known as
Grammar Note:
ကြိယာ
နင်းဖြစ်၂
[nɪ́ɴpʰɹɪʔ၂]
Arakanese:
အမည် သတင်း ပေါ်ထင်ရုံမျှ
Burmese:
အမည် သတင်း ပေါ်ထင်ရုံမျှ
English:
be known as
Grammar Note:
ကြိယာဝိသေသန
နင်းမကောင်း
[nɪ́ɴmkáʊɴ]
Arakanese:
မကောင်းရေ သတင်း
Burmese:
မကောင်းသော သတင်း
English:
bad new
Grammar Note:
နာမ်
နင်းမဟောက်တာနင်း
[nɪ́ɴmhɔ́ɛʔtànɪ́ɴ]
Arakanese:
မဟုတ်ကဟုတ်ကတ်၊ အကြောင်း ယုတ္တိ မဟိ၊ မမှန်မကန် လုပ်ကြံပနာ ပြောသော စကား
Burmese:
မဟုတ်မဟတ်၊ အကြောင်း ယုတ္တိ မရှိ၊ မမှန်မကန် လုပ်ကြံ၍ ပြောသော စကား
English:
lie
Grammar Note:
နာမ်
နင်းမဟောက်တာနင်း၂
[nɪ́ɴmhɔ́ɛʔtànɪ́ɴ၂]
Arakanese:
မဟုတ် မမှန်ပဲ မှန်းရမ်း ယိုးစွပ် ပြောဆိုချက်
Burmese:
မဟုတ် မမှန်ပဲ မှန်းရမ်း စွပ်စွဲ ပြောဆိုချက်
English:
lie
Grammar Note:
နာမ်