Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,101–1,120 of 1,758 words

    န

    နုတ်ထုတ်

    [noʊʔtʰoʊʔ]
    လိုအပ်ရေ တိကို ရွီးချယ် ထုတ်ယူရေ
    လိုအပ်သည် များကို ရွေးချယ် ထုတ်ယူသည်
    pull out
    ကြိယာ

    နုတ်ထွက်

    [noʊʔtʰwɛʔ]
    (ရာထူး ဌာန စစွာကို) စွန့်ပယ်ပနာ ထွက်သည်
    (ရာထူး ဌာန စသည်ကို) စွန့်ပယ်၍ ထွက်သည်
    resign
    ကြိယာ

    နုတ်ပစ်

    [noʊʔpɪʔ]
    (ဥပစာ) ကိုယ်ဝန်။ ပဋိသနေ္ဓ။ နုတ်ပစ်ကိုယ်ဝန်၊ ပဋိသန်လျင်၊ စွဲပြန်တုံမြောက် (ဓမ္မသာ)
    (ဥပစာ) ကိုယ်ဝန်။ ပဋိသနေ္ဓ။ နုတ်ပစ်ကိုယ်ဝန်၊ ပဋိသန်လျင်၊ စွဲပြန်တုံမြောက် (ဓမ္မသာ)
    pregnancy
    နာမ်

    နုတ်ပယ်

    [noʊʔpɛ̀]
    ရာထူး ဌာနမှ ထွက်စီရေ
    ရာထူး ဌာနမှ ထွက်စေသည်
    remove
    ကြိယာ

    နုတ်ယူ

    [noʊʔjù]
    ပြန်ပနာ ထုတ်ယူရေ။ ပြန်ယူရေ။ နုတ်သိမ်းသည်
    ပြန်လည် ထုတ်ယူသည်။ ပြန်ယူသည်။ နုတ်သိမ်းသည်
    take back
    ကြိယာ

    နုထွက်

    [noʊtʰwɛʔ]
    ၁၊ အလွန် နူးညံ့ ချောမြေ့သော။ နုထွတ်ရွှီပျို၊ လှမူလမာ၊ စိုပြေချောညက် (ပန်း)
    ၁၊ အလွန် နူးညံ့ ချောမြေ့သော။ နုထွတ်ရွှေပျို၊ လှနဂိုမှာ၊ စိုပြေချောညက် (ပန်း)
    gentle
    နာမဝိသေသန

    နုံ့ထွတ်

    [no̰ʊɴtʰwaʔ]
    ၁၊ အလွန် ချောမြေ့ နူးညံ့သော။ ၂၊ နူးညံ့ ပျိုမျစ်သော။ ပျိုမျစ် ငယ်ရွယ်သော။ ကပ်တင်မင်းအများရို့၊ စီးလှားငြားအသွယ်သွယ်၊ ဖြူနုံ့ထွက်သည်၊ နတ်ဘုံသူအနွယ်တည်း (ဒေးဝန်း)
    ၁၊ အလွန် ချောမြေ့ နူးညံ့သော။ ၂၊ နူးညံ့ ပျိုမျစ်သော။ ပျိုမျစ် ငယ်ရွယ်သော။ ကပ်တင်မင်းအများတို့၊ စီးသွားငြားအသွယ်သွယ်၊ ဖြူနုံ့ထွက်သည်၊ နတ်ဘုံသူအနွယ်တည်း (ဒေးဝန်း)
    gentle
    နာမဝိသေသန

    နုထွား

    [noʊtʰWà]
    ပျိုပျစ် နူးညံ့သော။ သူဇာသိကြား၊ ပမာလားသို့၊ နုထွားဆင်းရုပ်ဝါတည်း (မြို့သူကြီး)
    ပျိုပျစ် နူးညံ့သော။ သူဇာသိကြား၊ ပမာလားသို့၊ နုထွားဆင်းရုပ်ဝါတည်း (မြို့သူကြီး)
    bit for the age
    နာမဝိသေသန

    နုံနာ

    [nòʊɴnà]
    အသားအရီ ဖြူဖွေးသော အရီးပြား ရောဂါ တမျိုး
    အသားအရေ ဖြူဖွေးသော အရေးပြား ရောဂါ တစ်မျိုး
    leprosy
    နာမ်

    နုနု

    [noʊnoʊ]
    နူးညံ့ ပျိုပျစ်သော
    နူးညံ့ ပျိုပျစ်သော
    gentle
    နာမဝိသေသန

    နုံ့နုံ့

    [no̰ʊɴno̰ʊɴ]
    အလွန် ဖြူဖွေးသော။ သန့်စင်စွာ ဖြူသော
    အလွန် ဖြူဖွေးသော။ သန့်စင်စွာ ဖြူသော
    white
    ကြိယာဝိသေသန

    နုံးနုံး

    [nóʊɴnóʊɴ]
    ကာလ တောက်လျောက်။ လုံးလုံး။ တညည့်နုံးနုံး မအိပ်နိုင်
    ကာလ တောက်လျောက်။ ပတ်လုံး။ တညည့်နုံးနုံး မအိပ်နိုင်
    whole
    ကြိယာဝိသေသန

    နုနု၂

    [noʊnoʊ၂]
    ဖြူဆွတ်သော
    ဖြူဆွတ်သော
    white
    နာမဝိသေသန

    နုနု၃

    [noʊnoʊ၃]
    ၁၊ အလွန်။ ၂၊ လုံးလုံး။ လုံးဝ။ တက်တက်ပြောင်။ ၃၊ အလျင်း။ ၄၊ ငယ်အောင်၊ ယုတ်နိမ့်အောင်။ (ပဋိသေဓ ကြိယာနှင့် တွဲစပ်ရေအခါ တခုလေ့သင့် မဟိ၊ မဖြစ်၊ မကောင်း၊ မသိ၊ အဖျင်း၊ အညံ့၊ အန၊ အ အ အစဟိစွာအနိန်နန့် မကောင်းရေ အနက် သဘောသာ ထင်ရေ။) နုနု မကောင်းစွာ။ ခေါ်လို့ နုနုမလာ။ ထမင်းနုနု
    ၁၊ အလွန်။ ၂၊ လုံးလုံး။ လုံးဝ။ ကုန်စင်။ ၃၊ အလျင်း။ ၄၊ သေးငယ်အောင်၊ ယုတ်နိမ့်အောင်။ (ပဋိသေဓ ကြိယာနှင့် တွဲစပ်သောအခါ ဘာမှ မရှိ၊ မဖြစ်၊ မကောင်း၊ မသိ၊ အဖျင်း၊ အညံ့၊ အန၊ အ အ စသည်ဖြင့် မကောင်းသော အနက် သဘောသာ ထင်သည်။) နုနု မကောင်းစွာ။ ခေါ်လို့ နုနုမလာ။ ထမင်းနုနု
    absolutly at all (use with negative verbs)
    ကြိယာဝိသေသန

    နုံနုံ့စက်စက်

    [nòʊɴno̰ʊɴsɛʔsɛʔ]
    နုနယ် ပျိုမျစ်သော။ ပျိုမျစ် ငယ်ရွယ်သော
    နုနယ် ပျိုမျစ်သော။ ပျိုမျစ် ငယ်ရွယ်သော
    young
    နာမဝိသေသန

    နုနုစဉ်း

    [noʊnoʊsɪ́ɴ]
    ညက်ညက် ကြေအောင် သေးဖွဲအောင် အမှုန့်မှုန့် ဖြစ်ယောင် သိသိ ကြေအောင် ခုတ်စိုင်းသည်
    ညက်ညက် ကြေအောင် သေးဖွဲအောင် အမှုန့်မှုန့် ဖြစ်အောင် သိသိ ကြေအောင် ခုတ်စဉ်းသည်
    mince
    ကြိယာ

    နုံ့နုံ့ဆွဆွ

    [no̰ʊɴno̰ʊɴsʰwsʰw]
    ၁၊ အရောင် ဖွေးစင်သော။ ဖြူဆွသော။ ၂၊ စင်ကြယ် သန့်ရှင်းသော
    ၁၊ အရောင် ဖွေးစင်သော။ ဖြူဆွသော။ ၂၊ စင်ကြယ် သန့်ရှင်းသော
    white
    နာမဝိသေသန

    နုံ့နုံ့ဆွတ်ဆွတ်

    [no̰ʊɴno̰ʊɴsʰwaʔsʰwaʔ]
    ၁၊ အရောင် ဖွေးစင်သော။ ဖြူဆွသော။ ၂၊ စင်ကြယ် သန့်ရှင်းသော
    ၁၊ အရောင် ဖွေးစင်သော။ ဖြူဆွသော။ ၂၊ စင်ကြယ် သန့်ရှင်းသော
    white
    နာမဝိသေသန

    နုံ့နုံ့ထွက်ထွက်

    [no̰ʊɴno̰ʊɴtʰwɛʔtʰwɛʔ]
    အလွန် ချောမြေ့ နူးညံ့စွာ
    အလွန် ချောမြေ့ နူးညံ့စွာ
    gentle
    ကြိယာဝိသေသန

    နုနုထွတ်ထွတ်

    [noʊnoʊtʰwaʔtʰwaʔ]
    အလွန် နူးညံ့ ချောမြော့စွာ
    အလွန် နူးညံ့ ချောမြော့စွာ
    gentle
    ကြိယာဝိသေသန