Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,141–1,160 of 1,758 words

    န

    နုဖွီးဖွီး

    [noʊpʰwïpʰwï]
    ဖြူဆွတ်သော။ သန့်စင်စွာ ဖြူဖွေးသော
    ဖြူဆွတ်သော။ သန့်စင်စွာ ဖြူဖွေးသော
    white
    နာမဝိသေသန

    နုလှပ်လှပ်

    [noʊɬaʔɬaʔ]
    သိမ်မွေ့ ညက်ညောသော။ နုနယ် နူးသော။ ရင်၌နို့သီး၊ နုလှပ်လှပ်မာ၊ တင်းကျမ်းမကန်၊ သားသက်နှံကို၊ ဖွားပြန်ခါမှ (ပဒုမ္မ)
    သိမ်မွေ့ ညက်ညောသော။ နုနယ် ပျော့အိသော။ ရင်၌သားမြတ်၊ နုလှပ်လှပ်မှာ၊ တင်းကျမ်းမကန်၊ သားသက်နှံကို၊ ဖွားပြန်ပြီးမှ (ပဒုမ္မ)
    soft
    နာမဝိသေသန

    နုံ့သရောင်မှည့်

    [no̰ʊɴθɹàʊɴm̥ɛ့̀]
    အချိန် မမှီ မှည့်သည့် သစ်သီး အစဟိစွာ
    အချိန် မမှီ မှည့်သည့် သစ်သီး စသည်
    none
    ကြိယာ

    နူ

    [nù]
    နူသော ရောဂါ
    နူသော ရောဂါ
    leprosy
    ကြိယာ

    နူး

    [nùး]
    (မာကျောရာမှ) ပျောင်းညံ့ လားရေ။ ကြီမွနူးညက်ရေ။ နူး လားရေ
    (မာကျောရာမှ) ပျောင်းညံ့ သွားသည်။ ကြေမွ နူးညက်သည်။ ပျော့အိ သွားသည်
    soft
    ကြိယာ

    နူ၂

    [nù၂]
    နူနာ ရောဂါ ဖြစ်တေ
    နူနာ ရောဂါ ဖြစ်သည်
    leprosy
    ကြိယာ

    နူးညံ့

    [nùးɲံ့]
    ညက်ညော သိမ်မွေ့သော။ ပျော့ပျောင်း အိနစ်သော။ ချောမွိ့ ညက်ညောသော။ သင်ရို့စွာ နူးညံ့သော ကိုယ်လက် ဟိကုန်ရေ (ဓညသစ်)
    ညက်ညော သိမ်မွေ့သော။ ပျော့ပျောင်း အိနစ်သော။ ချောမွေ့ ညက်ညောသော။ သင်တို့သည် နူးညံ့သော ကိုယ်လက် ရှိကုန်၏ (ဓညသစ်)
    soft
    နာမဝိသေသန

    နူးညွတ်

    [nùးɲwaʔ]
    (စိတ်) ညွတ်ပျောင်းရေ။ ပျောင်းပျရေ။ ပျော့ပျောင်း အိနစ်သည်
    (စိတ်) ညွတ်ပျောင်းသည်။ ပျောင်းပျသည်။ ပျော့ပျောင်း အိနစ်သည်
    gentle
    ကြိယာ

    နူးနပ်

    [nùးnaʔ]
    ၁၊ ချော့မွေ့ ပြေပြစ်ရေ။ ပျော့ပျောင်းရေ။ ၂၊ (စကား) ချိုသာရေ။ လိမ္မာရေ။ အထာနပ်ရေ။ ဝန်းရံထပ်ထပ်၊ များထိုထိုကေ၊ ဗိုလ်မှူးမတ်နှင့်၊ နူးနပ်ယောင်သာ၊ ရှင်မင်းသားမာ၊ ပြောခြင်းရာကေ (ဥဒိန္န)
    ၁၊ ချော့မွေ့ ပြေပြစ်သည်။ ပျော့ပျောင်းသည်။ ၂၊ (စကား) ချိုသာသည်။ လိမ္မာသည်။ ပါးနပ်သည်။ ဝန်းရံထပ်ထပ်၊ များထိုထိုကေ၊ ဗိုလ်မှူးမတ်နှင့်၊ နူးနပ်ယောင်သာ၊ ရှင်မင်းသားမှာ၊ ပြောခြင်းရာကေ (ဥဒိန္န)
    gentle
    ကြိယာ

    နူးနပ်၂

    [nùးnaʔ၂]
    ၁၊ အထာနပ် လိမ္မာရေ။ ၂၊ တတ်ကျွမ်းရေ။ ၃၊ သဖောပေါက် နားလည်သည်
    ၁၊ ပါးနပ် လိမ္မာသည်။ ၂၊ ကျွမ်းကျင်သည်။ ၃၊ သဘောပေါက် နားလည်သည်
    understand
    ပစ္စည်း

    နူနာ

    [nùnà]
    အသားအရီ ဖြူဖွေးသော အရီပြား ရောဂါ တမျိုး
    အသားအရေ ဖြူဖွေးသော အရေပြား ရောဂါ တစ်မျိုး
    leprosy
    နာမ်

    နူးနူးနပ်နပ်

    [nùးnùးnaʔnaʔ]
    ၁၊ လိမ္မာ အထာနပ်သော။ တတ်ကျွမ်း လိမ္မာသော။ ၂၊ သဖောပေါက် နားလည်သော
    ၁၊ လိမ္မာ ပါးနပ်သော။ ကျွမ်းကျင် လိမ္မာသော။ ၂၊ သဘောပေါက် နားလည်သော
    understand
    နာမဝိသေသန

    နေတက်တပွာ

    [nètɛʔtpwà]
    မိုးထ ၆ နာရီမှ နိ့ခင်း ၁၂ နာရီ၏ ၄ ပုံ တပုံ ဖြစ်ရေ အချိန် သကြဇ်-၉၅၈ခု၊ တပို့တွဲလဆန်း ဒဒရက် ပုတဟူ နီတက်ပွာ အချိန်မာ သျှစ်သောင်း ဘုရား အနားထွတ် အနေ္ဓါ်မာ လယ်ကို လှူသေ (အံတော်သိမ်)
    နံနက် ၆ နာရီမှ နေ့လည် ၁၂ နာရီ၏ ၄ ပုံ တစ်ပုံ ဖြစ်သော အချိန် သကြဇ်-၉၅၈ခု၊ တပို့တွဲလဆန်း ဒဒရက် ပုတဟူ နေတက်ပွာ အချိန်တွင် သျှစ်သောင်း ဘုရား အနားနှိုက် အနေ္ဓါ်တွင် လယ်ကို လှူသေ (အံတော်သိမ်)
    morning
    နာမ်

    နော

    [nɔ́]
    ကိုးဂဏန်း။ (ပါ
    ကိုးဂဏန်း။ (ပါ
    nine
    နာမ်

    နောက်

    [nɔ́ɛʔ]
    ၁၊ စိတ်နှလုံး ညော ဖြစ်ရေ။ ၂၊ အမှုန် အမွှား အညစ် အကြီး ရို့ကြောင့် ရေသည် ကြည်လင်ခြင်း မဟိ ဖြစ်ရေ
    ၁၊ စိတ်နှလုံး မရွှင်မပျ ဖြစ်သော။ ၂၊ အမှုန် အမွှား အညစ် အကြေး တို့ကြောင့် ရေသည် ကြည်လင်ခြင်း မရှိ ဖြစ်သော
    turbidity
    နာမဝိသေသန

    နောက်၂

    [nɔ́ɛʔ၂]
    ၁၊ ကျောပြင်။ ၂၊ လာမည့် အခါ ကာလ။ (နောက်လ၊ နောက်နှစ် စရေ။) ၃၊ ကျောဖက်အရပ်။ မင်းကန်ပုလီ၊ ကျွန်းငပြီကို၊ နောက်ဆီပယ်လွန်ထားပနာ (မြို့သူကြီး)
    ၁၊ ကျောပြင်။ ၂၊ လာမည့် အခါ ကာလ။ (နောက်လ၊ နောက်နှစ် စသည်။) ၃၊ ကျောဖက်အရပ်။ မင်းကန်ပုလီ၊ ကျွန်းငပြီကို၊ နောက်ဆီပယ်လွန်ထား၍ (မြို့သူကြီး)
    back
    နာမ်

    နောက်က

    [nɔ́ɛʔk]
    အလျင် ရောက်သော သူ၏ နောက်မာ ဖြစ်တေ
    အလျင် ရောက်သော သူ၏ နောက်တွင် ဖြစ်သည်
    after
    ကြိယာ

    နောက်ကုန်း

    [nɔ́ɛʔkóʊɴ]
    နောက်ကုန်း။ ကျောက်ကုန်း။ မှက်ခြင်ယင်လီ - နီပူများ၊ ကိုက်ထိုးနာကြင်၊ နောက်ကုန်းပြင်၊ ကိုက်လျင်မလွတ် (ဓမ္မက)။ နောက်ကုန်းအရီကိုပစ်၊ ရင်သားကိုပစ်၊ နဖူးလက်စမ်း၊ မလွတ်စီကေ့ (သိုက်)
    ကျောကုန်း။ ကျောက်ကုန်း။ မှက်ခြင်ယင်လီ - နီပူများ၊ ကိုက်ထိုးနာကျင်၊ နောက်ကုန်းပြင်၊ ကိုက်လျင်မလွတ် (ဓမ္မက)။ နောက်ကုန်းအရီကိုပစ်၊ ရင်သားကိုပစ်၊ နဖူးလက်စမ်း၊ မလွတ်စီကေ့ (သိုက်)
    back
    နာမ်

    နောက်ကျ

    [nɔ́ɛʔt͡ɕ]
    အချိန် နှောင်းရေ။ အလျင်၏ နောက်မာ ဖြစ်တေ
    အချိန် နှောင်းသည်။ အလျင်၏ နောက်တွင် ဖြစ်သည်
    late
    ကြိယာ

    နောက်ကျန်

    [nɔ́ɛʔt͡ɕàɴ]
    သူတိနှင့် တတူ မလိုက်လားပဲ နောက်မာ ကျန်နီခရေ
    သူများနှင့် အတူ မလိုက်သွားပဲ နောက်တွင် ကျန်နေခဲ့သည်
    stay behind
    ကြိယာ