Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 101–120 of 1,758 words

    န

    နင့်မိ

    [nɪ̀ɴ့mì]
    မဖြစ်နှိုင် မရနှိုင်ရေ အရာ အစဟိစွာရို့မာ သုံးသော စကားလုံး။ ပေါ်ဆန်းမွီး နှစ်သိုက် တရာကျပ် ကျစွာကို၊ ငါးဆယ်ကျပ်နန့် ၊ နင့်ကိုရဖို့လား
    မဖြစ်နိုင် မရနိုင်သည့် အရာ စသည်တို့၌ သုံးသော စကားလုံး။ ပေါ်ဆန်းမွီး တစ်ပြည် တစ်ရာကျပ် ကျစွာကို၊ ငါးဆယ်ကျပ်နန့် ၊ နင့်ကိုရဖို့လား
    none
    ပစ္စည်း

    နင့်မိ၂

    [nɪ̀ɴ့mì၂]
    မတော်တဆ ထိခိုက် မိရေအခါ (နင့်မိဆို၍) ယောင်ယမ်းသည်
    မတော်တဆ ထိခိုက် မိသည့်အခါ (နင့်မိဆို၍) ယောင်ယမ်းသည်
    interjection
    ကြိယာ

    နင့်မိကိုလား

    [nɪ̀ɴ့mìkÒlá]
    တခုတရီ ရရန် အကြောင်း လိုလားမှု နှစ်သက်မှု အစဟိစွာရို့မာ သုံးနှုန်းသော စကားလုံး။ စင်္ကာပူမာ တရက်ကို ဒေါ်လာ တရာစီ လုပ်အားခ ရရေလတ်။ ယင်းပိုင်ဆိုကေ နင့်မိကိုလား လားကတ်မေ။ ရှာဖွတုံဘိ၊ အဿဇိကို၊ ယင်းမာတွံ့က၊ နင့်မိကိုလား၊ ပစပ်ကျယ်ကေ၊ ဘီလူးသားဟု (ကော်)
    တစ်စုံတစ်ရာ ရရန် အကြောင်း လိုလားမှု နှစ်သက်မှု စသည်တို့တွင် သုံးနှုန်းသော စကားလုံး။ စင်္ကာပူမှာ တစ်ရက်ကို ဒေါ်လာ တစ်ရာစီ လုပ်အားခ ရရေလတ်။ ယင်းပိုင်ဆိုကေ နင့်မိကိုလား လားကတ်မေ။ ရှာဖွတုံဘိ၊ အဿဇိကို၊ ယင်းမှာတွံ့က၊ နင့်မိကိုလား၊ ပစပ်ကျယ်ကေ၊ ဘီလူးသားဟု (ကော်)
    want
    ပစ္စည်း

    နင်းရွှင့်

    [nɪ́ɴɹW̯ɪ̀ɴ့]
    ကောင်းသတင်း၊ မကောင်းသတင်း အစဟိစွာရို့ကို ပျံ့နှံ့အောင် လွှင့်သည်
    ကောင်းသတင်း၊ မကောင်းသတင်း စသည်တို့ကို ပျံ့နှံ့အောင် လွှင့်သည်
    broadcast
    ကြိယာ

    နင်လားငါလား

    [nɪ̀ɴláŋàlá]
    တယောက်နှင့် တယောက် အနိုင်လု၍ ပြိုင်ဆိုင် ပြောဆိုမှု ပြုဗျာယ်။ နင်လားငါလား၊ မျက်ပွားပြိုင်ဆိုင်၊ သူနိုင်ငါတင်း၊ အခြင်းများဗျာယ် (လောကီ)
    တစ်ယောက်နှင့် တစ်ယောက် အနိုင်လု၍ ပြိုင်ဆိုင် ပြောဆိုမှု ပြုလျက်။ နင်လားငါလား၊ မျက်ပွားပြိုင်ဆိုင်၊ သူနိုင်ငါတင်း၊ အခြင်းများလျက် (လောကီ)
    compete
    ကြိယာဝိသေသန

    နင့်လောက်

    [nɪ̀ɴ့lɔ́ɛʔ]
    တူညီရေဟု ခိုင်းနှိုင်း (တွဲဖက်) ပြသော ပမာပြုရေ စကားလုံး။ နင့်ပိုင်မိုက်သူ၊ ကျွန်းဇမ္ဗူမာ၊ တတူမဟိ၊ ကျေးဇုဂုဏ်အင်၊ ခွီးလောက်ပင်လေ၊ နင်မသိကေ (ပန်း)။ နင့်လောက်ဆိုးရေ လူ ဇမ္ဗူမာ ယှာလို့ မတွိ.၊ ခွီးလောက်ပင်၊ ကျေးဇုမသိတတ်
    တူညီသည်ဟု ခိုင်းနှိုင်း (တွဲဖက်) ပြသော ပမာပြုသော စကားလုံး။ နင့်ပိုင်မိုက်သူ၊ ကျွန်းဇမ္ဗူမှာ၊ အတူမဟိ၊ ကျေးဇူးဂုဏ်အင်၊ ခွေးလောက်ပင်လေ၊ နင်မသိကေ (ပန်း)။ နင့်လောက်ဆိုးရေ လူ ဇမ္ဗူမှာ ရှာလို့ မတွိ.၊ ခွီးလောက်ပင်၊ ကျေးဇူးမသိတတ်
    as you
    ပစ္စည်း

    နင်းသတင်း

    [nɪ́ɴθtɪ́ɴ]
    ၁၊ အပျံ့အနှံ့ ကြားအပ် သိအပ်ရေ အဖြစ်အပျက် အကြောင်းအရာ။ သတင်း။ ၂၊ နာမည်။ နာမ။ သတင်းတေဇာ၊ နင်းအာဏာနှင့်၊ အသူရာမာပြီး၏၊ နတ်မင်းကြီးမာ၊ သ္မီးကြင်ဖက်၊ သမက်ဟိသည်၊ ငါ့သတ္တိကို၊ မသိလီလီာ (ရာမ)။ တန်ခိုးထင်ပေါ်၊ ငါ့ကိုမူလီ၊ သူကြိတ်မင်းဟု၊ နင်းမကျီာ်လှား (ရာမ)။ သတ
    ၁၊ အပျံ့အနှံ့ ကြားအပ် သိအပ်သော အဖြစ်အပျက် အကြောင်းအရာ။ သတင်း။ ၂၊ နာမည်။ နာမ။ သတင်းတေဇာ၊ နင်းအာဏာနှင့်၊ အသူရာတွင်ပြီး၏၊ နတ်မင်းကြီးမှာ၊ သ္မီးကြင်ဖက်၊ သမက်ဟိသည်၊ ငါ့သတ္တိကို၊ မသိလေလော (ရာမ)။ တန်ခိုးထင်ပေါ်၊ ငါ့ကိုမူလေ၊ သူကြိတ်မင်းဟု၊ နင်းမကျော်လား (ရာမ)။ သတ
    news
    နာမ်

    နင်သီငါသီ

    [nɪ̀ɴθíŋàθí]
    တဦးတဦး အနိုင်လု၍ သူသေငါသေ ဒေါသ ရန်ငြိုး ပြုဗျာယ်
    တစ်ဦးတစ်ဦး အနိုင်လု၍ သူသေငါသေ ဒေါသ ရန်ငြိုး ပြုလျက်
    compete
    ကြိယာဝိသေသန

    နံစ

    [nံs]
    ၁၊ နံချင်းပြိုင်။ ဖီးဖက် အရပ်။ နံပါး။ မရမာသား၊ ဖားကတ်လားသျှေ၊ နာခွတ်မေဘို့၊ ယင်းပိုင်ရွိ.ဟု၊ နံစကိုထိုး၊ အသာရို့လတ် (ထွန်းတိ)
    ၁၊ နံဘေး။ ဘေးဖက် အရပ်။ နံပါး။ မရမာသား၊ ဖားကလားသျှေ၊ နာခွတ်မေဘို့၊ ထိုသို့ရွိ.ဟု၊ နံစကိုထိုး၊ အသာတို့လတ် (ထွန်းတိ)
    side
    နာမ်

    နံစ၂

    [nံs၂]
    ခါးနှင့် အောက်အရိုး စပ်နီသာ နီရာ
    ခါးနှင့် အောက်အရိုး စပ်နေသာ နေရာ
    rib
    နာမ်

    နံစကာ

    [nံskà]
    ခါးနှင့် အောက်အရိုး စပ်နီသာ နီရာ။၂၊ နံဖီးအပါး အရပ်။ ဖီးဖက် အရပ်
    ခါးနှင့် အောက်အရိုး စပ်နေသာ နေရာ။၂၊ အနီးအပါး အရပ်။ ဘေးဘက် အရပ်
    side
    နာမ်

    နံစို

    [nံsÒ]
    မကောင်းရေ အနံ ထွက်ရေ။ မကောင်းရေ အနံကို ခံစားရရေ
    မကောင်းသော အနံ ထွက်သည်။ မကောင်းသော အနံကို ခံစားရသည်
    reek
    ကြိယာ

    နံစောင်း

    [nံsáʊɴ]
    ၁၊ နံချင်းပြိုင်။ ဖီးဖက် အရပ်။ နံပါး။ မရမာသား၊ ဖားကတ်လားသျှေ၊ နာခွတ်မေဘို့၊ ယင်းပိုင်ရွိ.ဟု၊ နံစကိုထိုး၊ အသာရို့လတ် (ထွန်းတိ)
    ၁၊ နံဘေး။ ဘေးဖက် အရပ်။ နံပါး။ မရမာသား၊ ဖားကလားသျှေ၊ နာခွတ်မေဘို့၊ ထိုသို့ရွိ.ဟု၊ နံစကိုထိုး၊ အသာတို့လတ် (ထွန်းတိ)
    side
    နာမ်

    နစ်

    [nɪʔ]
    ၁၊ (ညွှန်၊ ရေ အစဟိစွာမာ) မြုပ်ဝင်ရေ။ လောင်းနစ်၊ ညွှန်နစ် စရေ။ ၂၊ နောက်ကို ပြန်ပနာ ဆုတ်ရေ။ တရွေ့တရွေ့ ခုနစ်စဉ် ကြယ်ပိုင် ပင်ဖြစ်ဖြစ်၊ ဓူဝံ ကြယ်ပိုင် ပင်ဖြစ်ဖြစ်၊ အဘိဇိတ နက္ခတ်ပိုင် ပင်ဖြစ်ဖြစ် လျင်ရောက်လီ၍ နစ်ပြန် ခ၏ (ပါရာ)
    ၁၊ (ညွှန်၊ ရေ စသည်တွင်) မြုပ်ဝင်သည်။ လောင်းနစ်၊ ညွှန်နစ် စသည်။ ၂၊ နောက်သို့ ပြန်လည် ဆုတ်သည်။ တစ်ရွေ့တစ်ရွေ့ ခုနစ်စဉ် ကြယ်ကဲ့သို့ လည်းကောင်း၊ ဓူဝံ ကြယ်ကဲ့သို့ လည်းကောင်း၊ အဘိဇိတ နက္ခတ်ကဲ့သို့ လည်းကောင်း လျင်ရောက်လေ၍ နစ်ပြန် ခဲ့၏ (ပါရာ)
    sink
    ကြိယာ

    နစ်နစ်

    [nɪʔnɪʔ]
    ပချဲ့နချဲ့။ ရွီတွက်မှန်လိုက်၊ ဆယ့်ခုနစ်ကို၊ နစ်နစ်ညက်ကြောင်း၊ နှင်းရည်လောင်း၍၊ ကကောင်းကြိတ်ပါ၊ တိုက်သော ခါလည်း (ပဉ္စဘုတ်)
    ပျစ်ပျစ်နှစ်နှစ်။ ရွီတွက်မှန်လိုက်၊ ဆယ့်ခုနစ်ကို၊ နစ်နစ်ညက်ကြောင်း၊ နှင်းရည်လောင်း၍၊ ကောင်းကောင်းကြိတ်ပါ၊ တိုက်သော ခါလည်း (ပဉ္စဘုတ်)
    pungent
    ကြိယာဝိသေသန

    နစ်နစ်ချာချာ

    [nɪʔnɪʔɕàɕà]
    နက်နက်တဖဲ့ချေ။ အသီအချာ။ ခြေခြေ မြစ်မြစ်
    နက်နက်နဲနဲ။ အသေအချာ။ ခြေခြေ မြစ်မြစ်
    deeply
    ကြိယာဝိသေသန

    နစ်နစ်နာနာ

    [nɪʔnɪʔnànà]
    မခံမရပ် နှိုင်ယောင်၊ မခံသာယောင် (ပြောဆိုရေ)
    မခံမရပ် နိုင်အောင်၊ မခံသာအောင် (ပြောဆိုသည်)
    pungent
    ကြိယာဝိသေသန

    နစ်နစ်ပစ်ပစ်

    [nɪʔnɪʔpɪʔpɪʔ]
    ယိုင်ကျေး သိမ်မွေ့သော။ လိမ္မာ ယိုင်ကျေးသော။ အကျင့် စာရိတ္တ ကောင်းမွန်သော
    ယဉ်ကျေး သိမ်မွေ့သော။ လိမ္မာ ယဉ်ကျေးသော။ အကျင့် စာရိတ္တ ကောင်းမွန်သော
    clever
    နာမဝိသေသန

    နစ်နာ

    [nɪʔnà]
    ၁၊ ပျက်စီး ဆုံးယှုံးရေ။ ၂၊ အပြစ် ရောက်ရေ။ ရှင်းရင်းသံဃာ၊ ရဟန္စွာကို၊ နစ်နာပြုထ၊ မကောင်းကြံကေ၊ ကံဒေါသကြောင့် (ပဒ)
    ၁၊ ပျက်စီး ဆုံးရှုံးသည်။ ၂၊ အပြစ် ရောက်သည်။ ရှင်းရင်းသံဃာ၊ ရဟန္တာကို၊ နစ်နာပြုထ၊ မကောင်းကြံကေ၊ ကံဒေါသကြောင့် (ပဒ)
    suffer
    ကြိယာ

    နစ်နာကြေး

    [nɪʔnàt͡ɕé]
    တခုတရီ ဆုံးယှုံး ပျက်စီးမှု အတွက် ပီးရရေ လျော်ကြီးငွီ
    တစ်စုံတစ်ခု ဆုံးရှုံး ပျက်စီးမှု အတွက် ပေးရသော လျော်ကြေးငွေ
    compensation
    နာမ်